← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁)

အနာဂတ်ကမ္ဘာ၏ကလပ်

ကောင်းယွမ် ချက်ချင်းပင် နားလည်သွားလေ၏။

ဝါသနာပါရာရှိသော သူများသည် သူတို့၏ အကြိုက်ကို ဖြည့်ဆည်းပေးပါက လွယ်ကူစွာ အလိုလိုက်နိုင်ပေ သည်။ ထို့ပြင် သေချာစွာ လုပ်ဆောင်ပါက သူတို့ဘက်မှ ပြန်လည်ဒုက္ခပေးရန် ခဲယဉ်းလှသည်။

၎င်းသည် အကျိုးစီးပွားတူညီသူများ၏ အသိုင်းအဝိုင်းသက်သက်သာ ဖြစ်ပါက အကျိုးစီးပွား ကြီးမားလာသော အခါ ပြဿနာများ အလွယ်တကူ ဖြစ်ပေါ်လာနိုင်ပေသည်။

ကောင်းယွမ်သည် ဟွမ်ဖူရှန်းကို ပို၍ လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးဟု မြင်လာခဲ့ပြီး သူမသည် သူ့အနီးသို့ ချဉ်း ကပ်ရန် တစ်စုံတစ်ဦးက စေလွှတ်လိုက်သူများလားဟုပင် တစ်ခဏမျှ တွေးတောမိသွားလေသည်။

ထိုအတွေး ခေါင်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ကောင်းယွမ် ပြုံးလိုက်မိလေ၏။ မဖြစ်နိုင်ပေ။ သူသည် ဤကမ္ဘာသို့ ရောက်ရှိခါစသာ ရှိသေးရာ မည်သူက သူ့ကို သတိပြုမိနိုင်မည်နည်း။

ဟွမ်ဖူရှန်းနှင့် မတွေ့ဆုံမီက ကောင်းယွမ်သည် ချင်းမူကုထန်း၊ လဲ့ချင်းမေတို့နှင့်သာ အဆက်အသွယ် ရှိခဲ့ဖူးသည်။ သူတို့နှစ်ဦးစလုံးတွင် အစီအစဉ်များ ချမှတ်ရန် အချိန်ရှိမည် မဟုတ်ပေ။

"အစ်မကြီးရှန်း ချင်ကန်းက ဘယ်လို ဝါသနာမျိုး ရှိတာလဲ..."

ဤရာထူးအထိ ရောက်ရှိလာသူတစ်ဦးသည် ဥစ္စာဓနကို လောဘတကြီး လိုချင်မည်မဟုတ်သလို ကာမဂုဏ် ကိုလည်း မက်မောမည် မဟုတ်သည်မှာ သေချာပေသည်။

"သူဌေး ချင်ကန်းရဲ့ ဝါသနာတွေက သာမန်လူတွေနဲ့ မတူဘူး သူက ပန်းတွေကို အလွန်အမင်း ရူးသွပ်တယ်… ကြားရသလောက်တော့ သူ့ရဲ့ စံအိမ်ကြီးထဲမှာ ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းအိုးပေါင်း ရာချီရှိပြီး နေ့တိုင်း သူ ကိုယ်တိုင် ပြုစုပျိုးထောင်ပေးနေတယ်လို့ ပြောကြတယ်..."

ကောင်းယွမ် အနည်းငယ် စိတ်ရှုပ်ထွေးသွားလေ၏။

ပန်းအိုးပေါင်း ရာချီဆိုသည်မှာ များပြားလှသလော။

"အစ်မကြီးရှန်း တန်ဖိုးကြီးတယ်ဆိုတာက ဘယ်လိုမျိုးလဲ..."

"ဒီလိုပြောရမယ် သူ့အပင်တွေထဲမှာ အညံ့ဆုံးက ငွေနွယ်ပင်ပဲ လေလံပွဲမှာ ငွေနွယ်ပင် တစ်အိုးတည်းကိုတောင် သန်းတစ်ရာအထိ ဈေးရနိုင်တယ်..."

ကောင်းယွမ် အံ့အားသင့်သွားလေသည်။

*တကယ်ကြီး ငွေနွယ်ပင် ဖြစ်နေတာလား…။

လက်တွေ့ကမ္ဘာတွင်မူ ဤအရာများသည် တစ်အိုးလျှင် ငါးယွမ်သာကျသင့်ပြီး လိုသလောက် ဝယ်ယူနိုင် ပေသည်။

"ငွေနွယ်ပင်က တကယ်ပဲ အဲဒီလောက် ဈေးကြီးတာလား ငွေနွယ်ပင်ဆိုတာ အပေါဆုံးနဲ့ ဈေးအသက်သာဆုံး ပန်းမဟုတ်ဘူးလား..."

ကောင်းယွမ်က ရုတ်တရက် ထုတ်ပြောလိုက်လေသည်။

ဟွမ်ဖူရှန်း၏ မျက်နှာထား တောင့်တင်းသွားလေ၏။

"အို ကျွန်မ မေ့သွားတယ် ရှင်လည်း ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲလေ ဒါပေမဲ့ အခုချိန်မှာ စိမ်းလန်း တဲ့ အပင်တွေက အရမ်းရှားပါးနေပြီ ပန်းစိုက်တဲ့ မြေဆီလွှာဆိုတာလည်း ရွှေလိုပဲ တန်ဖိုးရှိလှတယ်..."

"ရေစိုက်ပျိုးရေးနည်းပညာက ခက်ခဲလို့လား..."

ကောင်းယွမ်က သံသယဖြင့် မေးလိုက်သည်။

"အင်း သူဌေး သမိုင်းစာအုပ်တွေထဲမှာတော့ မှတ်တမ်းတင်ထားတယ် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက လူတွေက အဲဒီလို ယုံကြည်ခဲ့ကြပေမဲ့ မြေနေရာ အများအပြား ဆုံးရှုံးသွားပြီးနောက်ပိုင်း ရေစိုက်ပျိုးရေးက လူသားတွေကို ရှင်သန်စေနိုင်မယ်လို့ ထင်ခဲ့ကြတယ်… ဒါပေမဲ့..."

"ရေစိုက်ပျိုးရေးနဲ့ စိုက်ပျိုးပြီးနောက် အဲဒီအပင်တွေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယိုယွင်းလာပြီး နောက် ဆုံးမှာ လုံးဝ ညှိုးနွမ်းသွားကြတယ်… အခုတော့ အပင်အများစုက မျိုးသုဉ်းသွားပြီ တစ်မြို့လုံးလည်း မီးခိုး ရောင်လွှမ်းနေတယ်… အောက်ဆီဂျင် ပမာဏကို ထိန်းချုပ်ဖို့ အခု လေထုကို ဖက်ဒရယ်အစိုးရက ဖန်တီးပြုပြင် ထားရတယ်..."

"သိပ္ပံပညာရှင်တွေက မယိုယွင်းနိုင်တဲ့ အပင်မျိုးစိတ်တွေကို သုတေသနလုပ်နေကြတယ်… ဒါပေမဲ့ ကံမကောင်း စွာနဲ့ပဲ ဘယ်အပင်မှ ရေစိုက်ပျိုးရေးနဲ့ နှစ်တစ်ရာကျော် ရှင်သန်နိုင်ခြင်း မရှိဘူး နှစ်တစ်ရာဆိုတာ ကျိန်စာတစ်ခု လိုပဲ သာမန်အပင်တွေဆိုရင် ရေစိုက်ပျိုးရေးနဲ့ ဆယ်နှစ်လောက်ကြာတာနဲ့ ညှိုးနွမ်းလာကြတယ်..."

ကောင်းယွမ် နားလည်သွားလေသည်။

လက်တွေ့ကမ္ဘာတွင် ရေစိုက်ပျိုးရေး ရှိသော်လည်း ၎င်းသည် ရေတိုလုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပြီး မျိုးစေ့များကို မြေကြီးထဲတွင်သာ စိုက်ပျိုးကြသဖြင့် လူအများက ဤပြဿနာကို သတိမပြုမိခဲ့ကြခြင်း ဖြစ်ပေသည်။

အနာဂတ်ကမ္ဘာသည် မျိုးဆက်ပေါင်းများစွာ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်။

ရေစိုက်ပျိုးရေးသည် လုံးဝ မဖြစ်နိုင်ကြောင်း သမိုင်းက သက်သေပြခဲ့လေသည်။ မြေဆီလွှာမရှိသော အပင်များ သည် အမြစ်မရှိသော ဗေဒါပင်များနှင့် တူညီပြီး အစောပိုင်းဖြစ်စေ၊ နောက်ပိုင်းဖြစ်စေ ပျက်စီးသွားရန် ကံဖန်တီး ထားခြင်း ဖြစ်ပေသည်။

"ကောင်းပြီ ကျွန်တော် နားလည်ပြီ..."

ဤကမ္ဘာတွင် အပင်များ အဘယ်ကြောင့် ဤမျှ ဈေးကြီးရကြောင်း ကောင်းယွမ် နောက်ဆုံးတွင် နားလည်သွား လေ၏။

"သူဌေး ရှင်သာ ပန်းတချို့နဲ့ မြေဆီလွှာကို ရနိုင်မယ်ဆိုရင် ချင်ကန်းကို ဆွဲဆောင်နိုင်လိမ့်မယ်..."

ကောင်းယွမ် ပြုံးလိုက်လေသည်။ ဤအရာက ဘာမျှ မဟုတ်ပေ။

"အစ်မကြီးရှန်း အဲဒီကလပ်ရဲ့ ဧည့်ခန်းမကို အပူပိုင်း မိုးသစ်တောတစ်ခုလို အလှဆင်ထားမယ် ပြီးတော့ အထပ် တိုင်းကို သမိုင်းစာအုပ်တွေထဲက ပုံတွေအတိုင်း တောနက် ကန္တာရ နှင်းတောင် မြက်ခင်းပြင် စတဲ့ မတူညီတဲ့ မြင်ကွင်းတွေနဲ့ အလှဆင်ထားမယ် ကျွန်တော်တို့ မြင်ကွင်းဆယ်ခုလောက် ဖန်တီးကြရအောင်..."

ဟွမ်ဖူရှန်း အံ့အားသင့်သွားလေ၏။

"အို သူဌေး ရှင်က သစ်ပင်အတုတွေကို သုံးမလို့လား အဲဒါ သိပ်ပြီးတော့ကောင်းတဲ့အကြံ မဟုတ်ဘူးထင်တယ် အပင်အတုတွေက ဒီထိပ်တန်း ဧည့်သည်တွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး… အပင်အစစ်တွေကို သုံးတာက ပိုကောင်းလိမ့်မယ် နည်းနည်းပဲ ရှိပါစေ အစစ်ဖြစ်နေသရွေ့ သူတို့ သေချာပေါက်..."

ဟွမ်ဖူရှန်း စကားပြောနေဆဲ တစ်ဝက်တွင် ကောင်းယွမ်က ဖြတ်ပြောလိုက်လေသည်။

"ဘယ်သူက အပင်အတုတွေ သုံးမယ်လို့ ပြောလဲ… ကျွန်တော် အပင်အစစ်တွေကိုပဲ သုံးမှာ ကျွန်တော်က အပင် မျိုးစိတ် ထောင်ပေါင်းများစွာနဲ့ သဲတန်ချိန် ထောင်ပေါင်းများစွာကို အသုံးပြုပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အလွန်ခံ့ညားတဲ့ ဂေဟစနစ်ကလပ်ကို တည်ဆောက်မှာ… ကောင်းပြီ ကျွန်တော့်ကို အဲဒီလို လာမကြည့်နဲ့တော့ သွားလုပ်လိုက်တော့..."

...

ကောင်းယွမ်သည် အနာဂတ်ကမ္ဘာမှ သူ၏ ခြံဝင်းနောက်ဘက်သို့ ပြန်လာခဲ့လေသည်။

ဤအချိန်၌ ကျန်းပိုင်ရီသည် သူ၏ ဖုန်းကို ပွတ်ဆွဲကြည့်နေလေ၏။

ကောင်းယွမ်က လျှောက်သွားလိုက်ပြီး မေးလိုက်သည်။

"လောင်ကျန်း မင်း ဘာတွေ အလုပ်များနေတာလဲ စီစဉ်တာတွေ ပြီးပြီလား..."

"အခုတလော အွန်လိုင်းပေါ်က လူတွေက အရူးတွေချည်းပဲ သူတို့အားလုံးက ငါးရံ့နက် နည်းပညာကုမ္ပဏီကို ကျိန်ဆဲနေကြတယ် ဒီပို့စ်ကို ကြည့်စမ်း သူတို့က ငါတို့ကို လူလိမ်တွေတဲ့..."

ကောင်းယွမ်သည် ဒန်းဒန်း ကမ်းပေးသော လက်ဖက်ရည်ကို လက်ခံရယူကာ တစ်ငုံ သောက်လိုက်ပြီးနောက် ပြောလိုက်၏။

"လောင်ကျန်း အင်တာနက်သုံးတဲ့လူတွေအကြောင်း မင်း ဘာသိလို့လဲ သူတို့အားလုံးက အခွင့်အရေးသမား တွေချည်းပဲ အခုခေတ်မှာ ဇာတ်လမ်းတွေက ဟိုဘက်လှည့် ဒီဘက်လှည့် ဖြစ်နေတဲ့ ကိစ္စတွေ အများကြီး မရှိဘူးလား..."

"အဲဒါတော့ ဟုတ်တယ် အမည်းဖြစ်ဖြစ် အနီဖြစ်ဖြစ် အနီက အနီပါပဲ ငါးရံ့နက် နည်းပညာကုမ္ပဏီက မှတ်ပုံတင် ပြီးတာနဲ့ ချက်ချင်းကို နာမည်ကြီးနေပြီ အဲဒါ ကောင်းပါတယ် တည်းဖြတ်စက်ကိုသာ အကောင်အထည်ဖော် နိုင်ရင် ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ဂုဏ်သတင်းက ပြန်လည်ကောင်းမွန်လာမှာပဲ ဒါနဲ့ လောင်ကောင်း ရှဝေ ကုမ္ပဏီရဲ့ သတင်းစာရှင်းလင်းပွဲကို ချင်းတာနျန်က မင်းကို ဖိတ်ထားတယ် မင်း မဖြစ်မနေ လာရမယ်လို့လည်း ပြောတယ် မင်းက ဇာတ်လိုက်ပဲကိုး..."

"လုံကျင်းမြို့ကို သွားရမှာလား..."

ကောင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"ပြဿနာမရှိဘူး ဒါနဲ့ လောင်ကျန်း အစီအစဉ်ဆွဲတဲ့ကိစ္စကို သေချာဂရုစိုက်ဦး ငါတို့ မကြာခင် စတင်တော့မှာ..."

"အစီအစဉ်က ပြဿနာမရှိပါဘူး… ဒါပေမဲ့ မင်းလုပ်ခိုင်းတဲ့ ဖောက်သည်တွေအတွက် အက်ပလီကေးရှင်းက ငါ တစ်ညလုံး မအိပ်ဘဲ လုပ်တာတောင် နည်းနည်းလေးပဲ ရေးနိုင်သေးတယ်..."

ကောင်းယွမ် ရယ်မောလိုက်လေ၏။

"မင်း လူငှားလို့ မရဘူးလား..."

ကျန်းပိုင်ရီက မျက်လုံးလှန်ကြည့်လိုက်လေသည်။

"လူငှားမယ် ဟုတ်လား မင်းဆီမှာ အပ်တစ်ချောင်း အပ်ချည်တစ်မျှင်တောင် မရှိဘဲနဲ့ ဘယ်သူက လာမှာလဲ ပြီး တော့ သူတို့က ဘယ်မှာ နေရမှာလဲ..."

ကောင်းယွမ် ဆွံ့အသွားလေသည်။

"လောင်ကျန်း မင်း တကယ်ပဲ အရူးလား လင်းကျိုးမြို့မှာ ငါတို့ အဆောက်အအုံတစ်ခု ရှိတယ်မဟုတ်ဘူးလား အဲဒါကို သုံးလေ သွားပြီး လူတွေကို ခေါ်လိုက် ပေကျင်းနဲ့ ရှန်ဟိုင်းက ထိပ်တန်း အရည်အချင်းရှိသူတွေကို ခေါ်လိုက် လစာကို နှစ်ဆပေးလိုက်..."

ကျန်းပိုင်ရီ မော့ကြည့်လိုက်လေ၏။

"အဲဒီ အဆောက်အအုံက အခု သုံးလို့ ရနေပြီလား..."

"ပေါက်ကရတွေ အဲဒါတွေကို မျိုးပွားဖို့ သိမ်းထားရမှာလား… မြန်မြန်လုပ်စမ်း… မင်းက အခု ငါးရံ့နက် နည်း ပညာကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌပဲ… မင်းရဲ့ အရင်က ရဲရင့်မှုတွေ ဘယ်ရောက်သွားပြီလဲ..."

ကျန်းပိုင်ရီသည် သူ၏ ကီးဘုတ်ကို အောက်သို့ ဆောင့်ချလိုက်လေသည်။

"မင်းပြောတာ မှန်တယ် ငါ အရင်ဆုံး အလှဆင်ဖို့အတွက် ကုမ္ပဏီတစ်ခု ရှာရမယ် လင်းမေ ငါတို့ အတူတူ သွားကြမလား..."

လင်းမေသည် ကျန်းပိုင်ရီကို သတိထားကာ ကြည့်လိုက်ပြီး ခေါင်းရမ်းလိုက်၏။

"ကျွန်မ မလိုက်ချင်ဘူး..."

"မင်းက ငါတို့ရဲ့ ဒီဇိုင်းဒါရိုက်တာလေ အထဲက အလှဆင်မယ့်ပုံစံနဲ့ တခြားဟာတွေကို ဆုံးဖြတ်ဖို့ သွားကူညီ ပေးလိုက်ပါ..."

လင်းမေက ခိုင်မာစွာ ခေါင်းရမ်းလိုက်လေသည်။

"ကျွန်မ ဘယ်မှမသွားဘူး မုကျားကျေးရွာမှာပဲ နေမယ်..."

"မင်း ငါ့ကို မယုံဘူးလား..."

ကျန်းပိုင်ရီက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မေးလိုက်သည်။

"အင်း..."

"ဟမ်..."

ကျန်းပိုင်ရီ ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားလေ၏။

လင်းမေက ထပ်ပြောလိုက်လေသည်။

"ရှင့်ကို မယုံတာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး ကျွန်မ တကယ် ထွက်သွားလို့ မရလို့ပါ… အမေ့ ကျန်းမာရေးက သိပ်မကောင်းဘူး ဒီမှာနေရင် ကျွန်မ အချိန်မရွေး သွားပြုစုပေးလို့ ရတယ်… လင်းကျိုးမြို့ကို သွားရင် ပြန်လာဖို့က သိပ်အဆင်မပြေဘူးလေ..."

ကျန်းပိုင်ရီ တစ်စုံတစ်ရာ ဆက်ပြောချင်နေသေးသည်။

ကောင်းယွမ်က သူ့ကို လှမ်းကန်လိုက်လေ၏။

"လောင်ကျန်း အချိန်ဆွဲမနေနဲ့တော့ ဒန်းဒန်းနဲ့ မိန်မိန်တို့ကို ခေါ်သွားလိုက်..."

ကျန်းပိုင်ရီ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားလေသည်။

"အဲဒါ သိပ်ကောင်းတာပဲ သွားကြစို့..."

လင်းမေက ကောင်းယွမ်ကို ကြည့်လိုက်၏။

"အစ်ကိုယွမ် ကျွန်မ ကျန်းပိုင်ရီကို မကြိုက်ဘူး..."

"သူက အဲဒီလိုပါပဲ တကယ်တော့ သူက လူကောင်းတစ်ယောက်ပါ… ဒါပေမဲ့ မင်းလုပ်တာ မှန်ပါတယ်… သူ့ကို သိပ်အကပ်မခံနဲ့… အခုတလော မင်း ဘယ်လိုနေလဲ..."

"ကံကောင်းစွာနဲ့ပဲ ကျွန်မ ငါးရံ့နက် နည်းပညာကုမ္ပဏီအတွက် အမှတ်တံဆိပ် အနာဂတ် ဌာနချုပ်အတွက် ယဉ်ကျေးမှုနံရံ ရုံးသုံးပစ္စည်းတွေနဲ့ တခြား ကုန်ပစ္စည်းတွေအတွက် အမြင်အာရုံပိုင်းဆိုင်ရာ အထောက်အထား စနစ်တွေကို ဒီဇိုင်းဆွဲပြီးသွားပြီ ကြည့်ကြည့်ပါဦး..."

ကောင်းယွမ်သည် လင်းမေ၏ ဘေးတွင် ထိုင်လိုက်ပြီး သူမ၏ ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ ပုံများကို တစ်ပုံ ချင်းစီ ကြည့်ရှုလိုက်လေသည်။

သူမ၏ လေးနက်မှုကို သူ ခံစားသိရှိနိုင်ပေသည်။

"အရမ်းကောင်းတယ်… ဒါတွေကို ကျန်းပိုင်ရီဆီ ပို့လိုက်… လင်းကျိုးမြို့ကုမ္ပဏီက အခုလောလောဆယ် ဒါတွေ ကို သုံးလို့ရတယ်… ကုမ္ပဏီဌာနချုပ် တည်ဆောက်ပြီးရင် ငါတို့ ဒါတွေကို ပြန်သုံးမယ်..."

"တကယ်လား အစ်ကိုယွမ်..."

လင်းမေ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားလေ၏။ ယခင်က သူမ ဒီဇိုင်နာတစ်ဦးအဖြစ် အလုပ်လုပ်စဉ်က မူကြမ်းများကို အကြိမ်ပေါင်းများစွာ ပြင်ဆင်ရခြင်းမှာ ပုံမှန်ကိစ္စတစ်ခု ဖြစ်ခဲ့သည် မဟုတ် ပါလော။

"သေချာတာပေါ့ ဒါနဲ့ ငါ မင်းကို အဝတ်အစားတစ်စုံ ပေးမယ်..."

"အာ မလိုပါဘူး အစ်ကိုယွမ်..."

လင်းမေက ရှက်သွေးဖြာစွာဖြင့် ပြောလိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး ဒါက ကုမ္ပဏီရဲ့ အကျိုးခံစားခွင့်တစ်ခုပါ အပူချိန်ထိန်းအဝတ်အစားလေ..."

"ဟင် အပူချိန်ထိန်းအဝတ်အစား... အစ်ကိုယွမ် အဲဒါကို ဘယ်ကနေ ဝယ်လာတာလဲ..."

လင်းမေက အံ့သြစွာဖြင့် မေးလိုက်၏။

"ဝယ်တာလား မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ဒါက ငါတို့ ကုမ္ပဏီရဲ့ ထုတ်ကုန်သေးသေးလေးတစ်ခုပါ..."

မိနစ်အနည်းငယ်ကြာပြီးနောက် စက်ရုပ် ရူရူက အမျိုးသမီးဝတ် ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်သော အပူချိန် ထိန်းအဝတ်အစား တစ်စုံကို ယူဆောင်လာပေးလေသည်။ အနာဂတ်ကမ္ဘာတွင် အစိုးရမှ အခမဲ့ ထောက်ပံ့ပေး သော အပူချိန်ထိန်းအဝတ်အစားများသည် ခန္ဓာကိုယ်ပုံစံ အမျိုးမျိုးနှင့် ကိုက်ညီစေရန် ပြုလုပ်ထားပြီး အလွန် ချောင်ချိလေသည်။ သို့သော် ဤအပူချိန်ထိန်းအဝတ်အစားအသုတ်ကို လင်းနန်ဝူ၏ ဆိုင်မှ ရောင်းချခဲ့ခြင်းဖြစ်ရာ ပုံစံအမျိုးမျိုး ရှိလေသည်။

"သွားလဲဝတ်ပြီးတော့ ဘယ်လိုနေလဲ ခံစားကြည့်လိုက်..."

All Chapters