← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅)

စမ်းသပ်ရန်မလိုအပ်ခြင်း

ချန်ကျိုးကဲသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကို ထပ်မံရမ်းခါလိုက်လေသည်။

"မဖြစ်နိုင်ဘူး... ငါတို့ ဒီနေရာမှာတင် ရပ်တန့်လိုက်သင့်တယ်လို့ ထင်တယ်... ဘာပဲဖြစ်ဖြစ် နောက်တစ်ဆင့်က ဝေဖာစမ်းသပ်မှုပဲလေ... အဲဒါက အရမ်းရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ... တကယ်လို့များ..."

"တကယ်လို့များ ဘာဖြစ်လဲ..."

လဲ့ကျန်းကျွင်းက မေးလိုက်လေသည်။

ထိုအချိန်၌ပင် ကျိုးလဲ့သည် စင်မြင့်ထက်တွင် မိုက်ခရိုဖုန်းကို ကိုင်ထားလျက် ပရိသတ်များအား ပြောလိုက်လေ သည်။

"စံသတ်မှတ်ချက် လုပ်ငန်းစဉ်များအရဆိုလျှင် နောက်တစ်ဆင့်က ဝေဖာစမ်းသပ်မှုဖြစ်ပါတယ်... သို့သော်လည်း ဒီလုပ်ငန်းစဉ်က အချိန်ကုန်လွန်းလှပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်နဲ့ ဒီဇိုင်းပိုင်းအပေါ်မှာလည်း အလွန်အမင်း ယုံကြည်မှုရှိတာကြောင့် အထွေထွေမန်နေဂျာ ကောင်းနှင့် ကျွန်တော် ဒီလုပ်ငန်းစဉ်ကို ကျော်ပြီးတော့ ထုပ်ပိုးခြင်းအဆင့်သို့ တန်းသွားဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ်..."

ချန်ကျိုးကဲသည် လဲ့ကျန်းကျွင်းအား ရှုပ်ထွေးလှသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

"တကယ်ပဲ... သူတို့က စမ်းသပ်ဖို့ ရည်ရွယ်မထားတာများလား..."

လဲ့ကျန်းကျွင်းမှာ ဆွံ့အသွားရလေသည်။

"ဒါက သူတို့ထုတ်ကုန်အပေါ် သူတို့ အပြည့်အဝ ယုံကြည်မှုရှိတယ်ဆိုတာကို ပြသနေတာပဲ... အင်တာရဲ့ ချစ်ပ်ပြားတွေတောင်မှ မစမ်းသပ်ဘဲ မနေရဲကြဘူး..."

ကောင်းယွမ်သည် စင်မြင့်ထက်တွင် ခေါင်းညိတ်ပြလိုက်လေသည်။

"ငါးရံ့နက် အိတ်စ် (၀၁) တည်းဖြတ်စက်က အထွက်နှုန်း (၉၉.၉၉) ရာခိုင်နှုန်းအထိ ရှိတယ်... ဒါကြောင့် စမ်းသပ် မှု မလုပ်တာက သိပ်ပြီး ကြီးမားတဲ့ သက်ရောက်မှုမျိုး ရှိလာမှာ မဟုတ်ဘူး..."

ပရိသတ်များကြားမှ ဆူညံသော အသံများ ထွက်ပေါ်လာလေသည်။

ဤသည်မှာ အတော်လေး ကြွားလုံးထုတ်လိုက်ခြင်းပင် ဖြစ်ပေသည်။ ဆက်လက်၍ ၎င်းတို့၏ စွမ်းဆောင်ရည်ကို ကြည့်ရှုရပေမည်။

ချစ်ပ်ပြားကို အလျင်အမြန်ပင် ထုပ်ပိုးလိုက်ကြလေသည်။

ကျိုးလဲ့သည် တည်းဖြတ်စက်၏ အခြားတစ်ဖက်မှ အချောသတ်ထုတ်ကုန်ကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။

ပထမဆုံးအသုတ်တွင် ဆယ်ခု ပါဝင်လေသည်။

ကျိုးလဲ့က ပထမဆုံး ချစ်ပ်ပြားကို ထုတ်ယူလိုက်၏။

"ဒီချစ်ပ်ပြားက ခေတ်သစ်တစ်ခုကို ဖန်တီးနိုင်တဲ့ အရေးပါမှု ရှိပါတယ်... ပုံမှန်အားဖြင့်ဆိုလျှင် ထုပ်ပိုးပြီးနောက် ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တွေကို ဖယ်ရှားဖို့အတွက် စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်... သို့ပေ မယ့်လည်း အထွေထွေမန်နေဂျာ ကောင်း ပြောခဲ့သလိုပဲ အထွက်နှုန်းက ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းအထိ ရှိတဲ့ အတွက် အခုလုပ်မယ့် စမ်းသပ်မှုတွေက ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တွေကို ရှာဖွေဖို့မဟုတ်ဘဲ စွမ်းဆောင်ရည် ကို စမ်းသပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်..."

"ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ဒီနေရာမှာ ချစ်ပ်ပြား ဆယ်ခု ရှိတယ်... ကျွန်တော့်လက်ထဲက တစ်ခုကိုတော့ စမ်းသပ်ပြီးတာနဲ့ ရှဝေ ဌာနချုပ်က ဂုဏ်ပြုခန်းမဆောင်မှာ ထားရှိသွားမှာ ဖြစ်တယ်... ကျန်တဲ့ ကိုးခုကိုတော့ ဒီနေရာက လုပ်ဖော်ကိုင်ဖက်တွေကို ပေးနိုင်ပါတယ်..."

ထိုသို့ပြောရင်း ကျိုးလဲ့သည် လီချင်းချွမ်အား ချစ်ပ်ပြား၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန် ညွှန်ကြားလိုက်လေ သည်။

စမ်းသပ်မှု ရလဒ်များသည် ကြီးမားသော မျက်နှာပြင်ပေါ်တွင် အလျင်အမြန်ပင် ပေါ်လာလေသည်။

ကျိုးလဲ့က ကိုယ်တိုင် မိတ်ဆက်ပေးလိုက်လေသည်။

"ဒါဟာ ချင်လုံ အေ (၉၀၀၀+) ကို ပထမဆုံးအကြိမ် စမ်းသပ်ခြင်း ဖြစ်ပါတယ်... အကြောင်းတစ်ခုခုကြောင့် ဒီဇိုင်းဆွဲပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ စွမ်းဆောင်ရည် စမ်းသပ်မှုတွေ မလုပ်ခဲ့ဘူး... ဒါပေမယ့်လည်း အေ (၉၀၀၀) ရဲ့ အချက်အလက်တွေက ရှိနေပြီးဖြစ်တာကြောင့် ခင်ဗျားတို့အနေနဲ့ အေ (၉၀၀၀+) ရဲ့ စွမ်းဆောင်ရည် ကို မြင်တွေ့နိုင်ပါတယ်..."

"ချင်လုံ အေ (၉၀၀၀+) မှာ ထရန်စစ္စတာ ဘီလီယံ (၂၀) ဒသမ (၁) ကို ပေါင်းစပ်ထည့်သွင်းထားပြီး ကမ္ဘာပေါ် မှာ အစုလိုက်အပြုံလိုက် ထုတ်လုပ်တဲ့ ဘယ်ချစ်ပ်ပြားမှာမဆို ထရန်စစ္စတာ အများဆုံးပါဝင်တဲ့ ချစ်ပ်ပြားဖြစ် ပါတယ်... ၅ စွမ်းဆောင်ရည်နှင့် AI လုပ်ဆောင်နိုင်စွမ်းပိုင်းမှာ ချင်လုံ အေ (၉၀၀၀+) က စျေးကွက်အတွင်းမှာရှိ တဲ့ အဓိက ချစ်ပ်ပြားများထက် နှစ်ဆကျော် ပိုမိုကောင်းမွန်ပါတယ်..."

ထိုအချိန်တွင် ကြီးမားသော မျက်နှာပြင်ပေါ်ရှိ အချက်အလက်များက ကျိုးလဲ့အား စိတ်လှုပ်ရှားမှုများ ပြည့်နှက် သွားစေလေသည်။

ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

ရှဝေမှ လူများအားလုံး လက်သီးများကို ဆုပ်ထားလိုက်ကြ၏။ တည်းဖြတ်စက် ရှိနေပြီဖြစ်ရာ တစ်ကမ္ဘာလုံးက ရှဝေအတွက် ထုတ်လုပ်မှုများကို ရပ်တန့်လိုက်လျှင်ရော ဘာဖြစ်သနည်း။

ပရိသတ်များကြားတွင် ထိုင်နေသော ရန်ယွမ်ကျီမှာ မျက်ရည်များပင် ကျလာလေသည်။

"အောင်မြင်သွားခဲ့ပြီ..."

ကောင်းယွမ်သည် ကျိုးလဲ့၏ စိတ်လှုပ်ရှားမှုကို ခံစားမိသော်လည်း သူကိုယ်တိုင်မှာမူ လုံးဝ တည်ငြိမ်နေလေ သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ပိုမိုအဆင့်မြင့်သော အရာများကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ လေယာဉ်ပျံကို မြင်ဖူး သူတစ်ဦးအတွက် ဝါးရဟတ်လေးတစ်စင်းကို အံ့သြရန် ခက်ခဲသကဲ့သို့ပင် ဖြစ်သည်။

အနာဂတ်တွင် ဤကဲ့သို့သော ချစ်ပ်ပြားမျိုးသည် အမှိုက်သရိုက်သာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ရှဝေသည် ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း ဒေါသများကို အမှန်တကယ်ပင် မြိုသိပ်ထား ခဲ့ရပြီး ယခုအခါတွင်မူ နောက်ဆုံး၌ ထိုအရာများကို ပေါက်ကွဲထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း ကောင်းယွမ် သိထား လေသည်။

ကျိုးလဲ့သည် ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်သွားစေရန် ထိန်းချုပ်လိုက်၏။

"ချင်လုံ အေ (၉၀၀၀) သည် ရှဝေချစ်ပ်ပြားများ၏ နောက်ဆုံးလက်ရာဖြစ်လာပြီးတော့ အနည်းဆုံး ငါးနှစ်အ တွင်း နောက်ထပ် တိုးတက်မှုများ ပြုလုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော်တို့ တစ်ချိန်က ထင်မှတ်ခဲ့ကြတယ်... သို့ပေမယ့်လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီနဲ့ ရှဝေ မဟာဗျူဟာဌာနမှ သုတေသီများက နည်းပညာပိုင်းမှာ နိုင်ငံတကာ အဆင့်မြင့်စံနှုန်းများကို ကျော်လွန်ပြီးတော့ မျိုးဆက်သစ် တည်းဖြတ်စက်ကို ဒီလောက် လျင်လျင် မြန်မြန် တီထွင်နိုင်လိမ့်မည်ဟု ကျွန်တော် မမျှော်လင့်ထားခဲ့ပါဘူး..."

"ချင်လုံ အေ (၉၀၀၀+) ရဲ့ အောင်မြင်မှုက ရှဝေနှင့် ငါးရံ့နက် နည်းပညာကုမ္ပဏီတို့ဟာ ဆီမီးကွန်ဒတ်တာလော ကမှာ ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်လာမယ်ဆိုတာကို ကိုယ်စားပြုနေပါတယ်... အနာဂတ်မှာ ချစ်ပ်ပြားတွေကို ပိုမိုပြီး ဒီဇိုင်းထုတ်သွားမှာဖြစ်ပါတယ်... ချစ်ပ်ပြားတွေဟာ ခေတ်သစ်နည်းပညာ ထုတ်ကုန်တွေရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းများ ဖြစ်ပါတယ်... ချစ်ပ်ပြားစွမ်းဆောင်ရည် တိုးတက်လာမှုက 5G ကို မလွဲမသွေ အတောင်ပံ တပ်ပေးနိုင်မှာဖြစ်ပြီး... အနာဂတ် 6G အတွက်ကိုတောင် ခိုင်မာတဲ့ အထောက်အပံ့များကို ပေးစွမ်းနိုင်မှာ ဖြစ်ပါ တယ်..."

...

ကျိုးလဲ့သည် စကားများစွာ ပြောကြားခဲ့သော်လည်း ပရိသတ်များထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ငြီးငွေ့နေပုံ မပေါ်ပေ။ သူတို့အားလုံးသည် သူ၏ စိတ်လှုပ်ရှားမှုကို ခံစားနိုင်ကြလေသည်။

စင်မြင့်အောက်တွင် ချန်ကျိုးကဲနှင့် လဲ့ကျန်းကျွင်းတို့ နှစ်ဦးစလုံးအား ဝန်ထမ်းများက အေ (၉၀၀၀+) ချစ်ပ်ပြား တစ်ခုစီ ပေးအပ်ခဲ့လေသည်။

ချန်ကျိုးကဲ၏ ခံစားချက်များမှာ ရှုပ်ထွေးနေလေသည်။

သူသည် တစ်ခဏတာ စိတ်လှုပ်ရှားခဲ့ရပြီး နောက်တစ်ခဏတွင်မူ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားခဲ့ ရသည်။

ချစ်ပ်ပြားတစ်ခုကို မျက်မြင်ကိုယ်တွေ့ ထုတ်လုပ်နေသည်ကို မြင်တွေ့ရခြင်းက အလွန်တရာ ကြီးမားသော သက်ရောက်မှု ရှိလှပေသည်။

ချန်ကျိုးကဲ၏ ဘေးတွင် ရပ်နေသော လဲ့ကျန်းကျွင်း၏ စိတ်ထဲတွင်မူ လုံးဝကွဲပြားခြားနားသော အတွေးတစ်ခု ရှိနေလေသည်။ သူသည် တာ့မီနည်းပညာကုမ္ပဏီမှ နောက်ထပ် အဆင့်မြင့်စမတ်ဖုန်းကို မည်သို့ ဒီဇိုင်းဆွဲရမည် ကို စတင်စီစဉ်နေပြီ ဖြစ်သည်။ ၎င်းသည်လည်း ရှဝေ၏ ချင်လုံ အေ(၉၀၀၀+) ချစ်ပ်ပြားကို အသုံးပြုသင့် သလား။

ပွဲနေရာတွင် ချစ်ပ်ပြားထုတ်လုပ်နေသည့် မြင်ကွင်းမှာ အလွန်အမင်း အထင်ကြီးလောက်စရာ ကောင်းလှပေ သည်။

ကျိုးလဲ့နှင့် ကောင်းယွမ်တို့ စင်ပေါ်မှ ဆင်းသွားခဲ့ပြီဖြစ်သော်လည်း မည်သူကမျှ သတိမထားမိကြပေ။

ခန်းကွမ်သည် ရှေ့သို့ ထွက်လာပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်လေသည်။

"အားလုံးပဲ အံ့သြသွားကြတယ်မလားခင်ဗျာ... ကျွန်တော်လည်း ထပ်တူပါပဲ။ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့သာ မမြင်ခဲ့ရဘူးဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ တည်းဖြတ်စက်နည်းပညာက ဒီလောက်တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ ဒီလိုအဆင့်တစ်ခုအထိ ရောက်လာနိုင်မယ်ဆိုတာကို ကျွန်တော် သေချာပေါက် ယုံကြည်မိမှာ မဟုတ် ပါဘူး။ ကျေးဇူးတင်ပါတယ် ရှဝေ... ကျေးဇူးတင်ပါတယ် ငါးရံ့နက် နည်းပညာကုမ္ပဏီ…"

"ဆက်လက်ပြီးတော့ မီဒီယာ အမေးအဖြေ အစီအစဉ် ဖြစ်ပါတယ်။ မီဒီယာမှ မိတ်ဆွေများခင်ဗျား... အချိန် ကန့်သတ်ချက် ရှိနေတဲ့အတွက်ကြောင့် ဥက္ကဋ္ဌကျိုးနဲ့ ဥက္ကဋ္ဌချန်တို့ဟာ မီဒီယာ သုံးခုရဲ့ အင်တာဗျူးကိုပဲ လက်ခံ ဖြေကြားပေးမှာဖြစ်ပြီး မီဒီယာတစ်ခုချင်းစီအတွက် မေးခွန်း သုံးခုစီပဲ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်..."

"ဥက္ကဋ္ဌကျိုးခင်ဗျာ... အခု အစီအစဉ်ကတော့ ဥက္ကဋ္ဌရဲ့ လက်ထဲမှာ ရှိနေပြီဖြစ်ပါတယ်။ ဘယ်မီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေကြားချင်လဲဆိုတာကို ဥက္ကဋ္ဌကိုယ်တိုင် ရွေးချယ်ပေးနိုင်ပါတယ်ခင်ဗျာ..."

ထိုအချိန်တွင် ကျိုးလဲ့မှာ တည်ငြိမ်သွားခဲ့ပြီဖြစ်ကာ သူ၏ ကုလားထိုင်ပေါ်တွင် ထိုင်လျက် ပါဝင်ရန် စိတ်အား ထက်သန်နေကြသော ရာနှင့်ချီသည့် မီဒီယာများကို ကြည့်ရှုနေလေသည်။

သူသည် ရှနိုင်ငံ နေ့စဉ်သတင်းစာ၏ အမှတ်တံဆိပ် ပါရှိသော သတင်းစာဆီသို့ လက်ညှိုးထိုးပြလိုက်၏။

"ဒါဆိုရင် ရှနိုင်ငံ နေ့စဉ်သတင်းစာနဲ့ စလိုက်ကြရအောင်..."

လူငယ် အမျိုးသမီး သတင်းထောက်တစ်ဦးသည် ဝမ်းမြောက်ဝမ်းသာ အမူအရာဖြင့် ပြေးလာလေသည်။

"ဥက္ကဋ္ဌကျိုး... ငါးရံ့နက် အိတ်စ် (၀၁) တည်းဖြတ်စက်ကို တီထွင်ဖို့ အချိန်ဘယ်လောက် ကြာခဲ့သလဲဆိုတာကို မေးခွင့်ပြုပါ..."

ကျိုးလဲ့က ကောင်းယွမ်အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လှည့်ကာ ပြောလိုက်လေသည်။

"တည်းဖြတ်စက်ကို ငါးရံ့နက် နည်းပညာကုမ္ပဏီက တီထွင်ခဲ့တာဖြစ်လို့ ဤကိစ္စနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌကောင်း ကိုပဲ မေးသင့်ပါတယ်..."

မိုက်ခရိုဖုန်းသည် ကောင်းယွမ်ထံသို့ ချိန်ရွယ်သွားခဲ့လေသည်။

ဤသည်မှာ ငါးရံ့နက် နည်းပညာကုမ္ပဏီအား ကြော်ငြာရန်အတွက် ကျိုးလဲ့က သူ့ကို အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်ကြောင်း ကောင်းယွမ် သိထားလေသည်။

"ငါးရံ့နက် နည်းပညာကုမ္ပဏီက ကုမ္ပဏီအသစ်တစ်ခုဆိုပေမဲ့... ကျွန်တော်တို့ရဲ့ အဓိကအဖွဲ့သားတွေက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက နည်းပညာပိုင်းဆိုင်ရာ သုတေသနတွေကို စတင်လုပ်ဆောင်ခဲ့ကြတာပါ။ ဒီလို သုတေသနနဲ့ တီထွင်ဆန်းသစ်မှု လုပ်ငန်းစဉ်တွေက တကယ်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ တစ်လ လောက်ကတင် ကျွန်တော့်ရဲ့ ယွမ်ဖန်းအုပ်စုက ဒေဝါလီခံလိုက်ရတဲ့အထိ ဖြစ်ခဲ့တာလေ...။ ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ပဲ ကျွန်တော်တို့တွေ အခက်အခဲနဲ့ ဖိအားအားလုံးကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့လို့... နောက်ဆုံးမှာ တော့ ဒီတည်းဖြတ်စက်ကို မျှော်မှန်းထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်..."

"ဥက္ကဋ္ဌကောင်း... ငါးရံ့နက် နည်းပညာကုမ္ပဏီအနေနဲ့ တည်းဖြတ်စက်တွေကို တခြားကုမ္ပဏီတွေကို ရောင်းချ သွားမှာလားရှင်..."

ဤမေးခွန်းက ပွဲတက်ရောက်လာကြသော စက်မှုလုပ်ငန်းခေါင်းဆောင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့ပြီး ကောင်းယွမ် ဘာတွေးနေသည်ကို သူတို့အားလုံး သိချင်နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ပူးပေါင်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုဖြစ်သော်ငြား ဆုံးဖြတ်ချက်ချရန် အခွင့်အာဏာသည် ငါးရံ့နက် နည်းပညာကုမ္ပဏီတွင်သာ ရှိသည်မှာ ရှင်းလင်းနေသောကြောင့်ပင် ဖြစ်သည်။

"အင်း... ထုတ်လုပ်မှု စွမ်းရည်က ကန့်သတ်ချက်ရှိနေတဲ့အတွက် လောလောဆယ်မှာတော့ ပြောရခက်ပါတယ်... ရှဝေက ကျွန်တော်တို့ရဲ့ မိတ်ဖက်ဖြစ်တာကြောင့် ရှဝေကို ဦးစားပေး ထောက်ပံ့ပေးဖို့ လိုအပ်တယ်လေ..."

ကောင်းယွမ်က ပြောလိုက်လေသည်။

ဤစကားသည် ရောင်းချမည်ဟု ညွှန်ပြနေခြင်း မဟုတ်သကဲ့သို့ မရောင်းချဟု ငြင်းဆန်နေခြင်းလည်း မဟုတ် ပေ။ အခြေအနေကို တိုက်စစ်ရော ခံစစ်အတွက်ပါ လမ်းဖွင့်ပေးထားလေသည်။

ကောင်းယွမ်၏ စကားများကြောင့် ကျိုးလဲ့မှာ ကျေနပ်သွားခဲ့လေသည်။

ဤသည်မှာ သူ့အတွက် ကောင်းယွမ်၏ ကတိကဝတ်တစ်ခု ထပ်မံရရှိလိုက်ခြင်းပင် ဖြစ်သည်။ သူတို့အနေဖြင့် စက်ရုံတည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့လျှင်ပင် အနာဂတ်၌ တည်းဖြတ်စက်များ ထောက်ပံ့ရာ တွင် ရှဝေအား ဦးစားပေးသွားမည် ဖြစ်ပေသည်။

မေးခွန်းသုံးခုကို ဖြေကြားပြီးနောက်...၊

ရှနိုင်ငံ နေ့စဉ်သတင်းစာမှ သတင်းထောက်မှာ လုံခြုံရေးဝန်ထမ်းများ၏ အစောင့်အရှောက်ဖြင့် ပြန်လည်ထွက် ခွာသွားခဲ့ပြီးနောက် ကောင်းယွမ်သည် နန်ကော် အပတ်စဉ်ဂျာနယ်ကို ရွေးချယ်လိုက်လေသည်။

သတင်းထောက်မှာ အလွန် ယဉ်ကျေးသိမ်မွေ့ပုံရသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်လေသည်။

သို့သော်လည်း ပထမဆုံးမေးခွန်းကပင် ပွဲနေရာ၏ လေထုကို အနည်းငယ် ထူးဆန်းသွားစေလေသည်။

"ဥက္ကဋ္ဌကောင်း... ဒီလိုမေးလိုက်တာက ကျွန်တော့်ဘက်က အနည်းငယ် ရိုင်းပြရာကျကောင်း ကျနိုင်ပေမယ့် တည်းဖြတ်စက်အတွက် နည်းပညာက အနောက်နိုင်ငံတွေဆီကနေ ခိုးယူထားတာမဟုတ်ဘဲ ခင်ဗျားတို့ရဲ့ သုတေသနအဖွဲ့ဆီကနေ ထွက်ပေါ်လာတာဖြစ်ကြောင်း ဘယ်လို အာမခံနိုင်မလဲခင်ဗျာ..."

All Chapters