← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆)

မင်းက ကောင်းယွမ်ကို လေးစားနေတာလား

ကောင်းယွမ်သည် တစ်ခဏမျှ မှင်သက်သွားလေ၏။

"စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပဲ... ငါလည်း မေးချင်တယ်... မင်းက မင်းအမေနဲ့ အဖေကနေ မွေးလာတာ ဆိုတာ ဘယ်လိုလုပ် သေချာနိုင်မှာလဲ... တခြားယောကျ်ားတစ်ယောက်ဆီက ငှားလာတဲ့ ကလေးမဟုတ်ဘူး ဆိုတာကော..."

ကောင်းယွမ် ဖြေဆိုပြီးနောက် ပရိသတ်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

အချို့လူများသည် စိတ်သက်သာရာရသွားသော်လည်း အချို့ကမူ ကောင်းယွမ်သည် လူအများရှေ့တွင် ဤမျှ ရိုင်းစိုင်းစွာ ပြောဆိုရလောက်အောင် အမူအကျင့် ကင်းမဲ့သည်ဟု ထင်မြင်ကြလေသည်။ နန်ကော် အပတ်စဉ် ဂျာနယ်မှ သတင်းထောက်၏ မေးခွန်းသည် အနည်းငယ် ရုတ်တရက်ဆန်သော်လည်း အချို့သော အင်တာနက် အသုံးပြုသူများသည် ဤခံစားချက်ကို သဘောတူကြသည်မှာ အမှန်ပင်ဖြစ်၏။

သို့ရာတွင် ကောင်းယွမ်ကမူ ဂရုမစိုက်ပေ။ သူသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နာမည်ကြီး အနုပညာ ရှင်တစ်ဦး မဟုတ်ပေ။ အခြားသူများက သူ့ကို မေးခွန်းထုတ်လာသောအခါ သူသည် ကျိန်းသေပေါက် ပြန်လည် တိုက်ခိုက်မည်သာ ဖြစ်လေသည်။

နန်ကော် အပတ်စဉ်ဂျာနယ်မှ သတင်းထောက်သည် မျက်နှာတစ်ခုလုံး နီရဲသွားပြီး မိမိကိုယ်ကိုယ် ထပ်မံ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်မှာ သိသာထင်ရှားလှပေသည်။ သူ၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာသည် ဒေါသတကြီး အမူအရာအဖြစ်သို့ ပြောင်းလဲသွားလေ၏။

"ဥက္ကဋ္ဌကောင်း... ခင်ဗျားက ဒီလောက်အောက်တန်းကျတဲ့ စိတ်ဓာတ်ရှိတဲ့သူမျိုး ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်

လုံးဝ မထင်ထားခဲ့ဘူး..."

"မင်းက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး... မင်းမှာ မေးစရာ မေးခွန်းတွေ ရှိသေးလား... မရှိတော့ဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ..."

နန်ကော် အပတ်စဉ်ဂျာနယ်မှ သတင်းထောက်သည် လှည့်ထွက်သွားချင်သော်လည်း သူက မထွက်သွားချင်သေး ပေ။

"ရှိသေးတယ်... ဒုတိယမေးခွန်း... ဥက္ကဋ္ဌကောင်း... အဲဒီချစ်ပ်ပြားတွေက တကယ်ပဲ ဒီနေရာမှာ ထုတ်လုပ်ခဲ့တာ လား ဒါမှမဟုတ် နိုင်ငံခြားကနေ ဝယ်လာပြီး တံဆိပ်ခွာထားတာလား... ဘာလို့လဲဆိုတော့ ခင်ဗျားက ဝေဖာစမ်း သပ်မှုကိုတောင် မလုပ်ခဲ့ဘူးဆိုတော့ ကြိုတင်ပြင်ဆင်ထားတာက သိသာလွန်းနေတယ်..."

ကောင်းယွမ်က ပြုံးလိုက်လေသည်။ ဟောင်းနွမ်းနေသော လှည့်ကွက်များနှင့် အတူတူပင်ဖြစ်သော အငြိုး အတေးများပင် ဖြစ်၏။

"ရဲဘော် သတင်းထောက်... ဒီနေရာက ကျွမ်းကျင်ပညာရှင်တွေက မင်းလိုပဲ ဘာမှမသိဘူးလို့ ထင်နေတာလား... သူတို့က အသစ်ထုတ်ထားတာလား ကြိုတင်ပြင်ဆင်ထားတာလားဆိုတာကို မခွဲခြားတတ်ဘူးလို့ ထင်နေတာ လား... ငါ သိချင်တာလေးတစ်ခု ရှိတယ်... မင်း အိမ်ပြန်ရောက်တဲ့အခါ မင်းမိန်းမက တစ်ယောက်တည်း ရှိနေ ရင် သူက တကယ်ပဲ တစ်ယောက်တည်း ရှိနေတာလား ဒါမှမဟုတ် တခြားယောကျ်ားတစ်ယောက်က မင်းအိမ် ကနေ ခုလေးတင် ထွက်သွားတာလား..."

"ခင်ဗျား..."

"ကောင်းပြီ... စိတ်မဆိုးပါနဲ့... ဒေါသထွက်တာက ကျန်းမာရေးအတွက် မကောင်းဘူးလေ... ဟုတ်တယ်မလား... ကောင်းပြီ... နောက်တစ်ယောက်..."

နန်ကော် အပတ်စဉ်ဂျာနယ်မှ သတင်းထောက်က အံကြိတ်လျက် ပြောလိုက်၏။

"ကျွန်တော့်မှာ နောက်ဆုံး မေးခွန်းတစ်ခု ရှိသေးတယ်... ခင်ဗျားက အင်တာနက်လုပ်ငန်းက လာတာဆိုတော့ သဘောတရားတွေနဲ့ ကစားပြီး ပုံပြင်တွေ ပြောပြဖို့ တော်တယ်... အခုအချိန်မှာ တည်းဖြတ်စက်က တစ်လုံးပဲ ရှိသေးပြီး သူ့ရဲ့ စစ်မှန်မှုကိုလည်း မသိရသေးဘူး... စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အတွက် အရေးကြီးဆုံး အရည်အချင်းက ဘာလို့ ထင်လဲ... ရိုးသားမှုလား ဒါမှမဟုတ် လှည့်စားမှုလား..."

ဤလူသည် သူ၏ဆီသို့ တမင်သက်သက် ရောက်လာခြင်းဖြစ်ကြောင်း ကောင်းယွမ် ခံစားလိုက်ရလေသည်။ အမှန်တကယ်တော့ ကောင်းယွမ်သည် သူ၏ ဂုဏ်သတင်းကို ဂရုမစိုက်ပေ။ ထုတ်ကုန်တစ်ခု ကောင်းမွန်နေပါက လူတို့သည် သဘာဝအလျောက်ပင် သဘောကျလာကြမည် ဖြစ်သည်။ သူက သတင်းထောက်ကို ကြည့်လိုက် လေ၏။

"မင်းရဲ့ နာမည်ကို သိခွင့်ရမလား..."

"ချန်မု..."

"ကောင်းပြီ... ချန်မု... ငါ မင်းကို ပြောပြမယ်... စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့... အရေးအကြီးဆုံးက ထုတ်ကုန်ပဲ... ဒါပေမဲ့ လူတွေအတွက်ကတော့ အရေးအကြီးဆုံးက လူလိုပြောတတ်ဖို့ပဲ... မင်း နားလည်လား..."

ချန်မုနှင့် ကောင်းယွမ်တို့သည် အချင်းချင်း သဘောထားကွဲလွဲနေပုံရလေသည်။

"ငါးရံ့နက် နည်းပညာကုမ္ပဏီက ကုမ္ပဏီအသစ်တစ်ခုပါ... ပြီးတော့ လွန်ခဲ့တဲ့ လအနည်းငယ်က ရေနဲ့မောင်းနှင် နိုင်တဲ့ စွမ်းအင်သစ်သုံး ယာဉ်တစ်စီးကို ထုတ်လုပ်ထားတယ်လို့ ဆိုတဲ့ အခြားကုမ္ပဏီအသစ်တစ်ခုလည်း ရှိခဲ့ ဖူးတယ်... ဘာဖြစ်သွားလဲ... ထောက်ပံ့ကြေးတွေ၊ ချေးငွေတွေနဲ့ မူဝါဒ အကျိုးခံစားခွင့်တွေ အားလုံးကို ရပြီး တဲ့နောက်မှာ ဒေဝါလီခံသွားခဲ့တယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီလိုပဲ သူတို့နှစ်ခုစလုံးမှာ ထုတ်ကုန်တွေ ရှိခဲ့ တယ်..."

"ငါက အစိုးရဆီကနေ ပိုက်ဆံတစ်ပြားမှ မယူထားဘူး... မင်းက ရှဝေက ခေါင်းဆောင်တွေရဲ့ ဦးနှောက်ထဲမှာ တစ်ခုခု မှားယွင်းနေတယ်လို့ ထင်လို့ အဲဒီလို ပြောနေတာလား..."

"ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး... ရှဝေက ကုမ္ပဏီကြီးတစ်ခုပါ... ဒါပေမဲ့ ဥက္ကဋ္ဌကောင်း... ခင်ဗျားက လွန်ခဲ့တဲ့ တစ်လကမှ ဒေဝါလီခံသွားခဲ့တာလေ... အခုတော့ ခင်ဗျားက ရှေ့ကို ထွက်လာဖို့ အလျင်စလို ဖြစ်နေ ပြီ... မီဒီယာအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ကိစ္စရပ်တွေကို ကြီးကြပ်ဖို့ တာဝန်ရှိတယ်... "

"ထုတ်ကုန်အရည်အသွေးရဲ့ စံပြပုဂ္ဂိုလ်က ကောင်းယွမ်လို့ အမည်ရတဲ့ အခြားသူတစ်ယောက် ဖြစ်သင့်တယ်လို့ ကျွန်တော် ယုံကြည်တယ်... ရှန်းနန်ရေဘေးက ကယ်ဆယ်ရေးလုပ်သားတွေ ဝတ်ဆင်ထားတဲ့ အပူချိန်ထိန်းအဝတ်အစားဆိုတာ တကယ့်ကို ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုပဲ... "

"အဲဒီ အပူချိန်ထိန်းအဝတ်အစားတွေကို လှူဒါန်းခဲ့တဲ့သူကလည်း ကောင်းယွမ်လို့ အမည်ရကြောင်း သက်ဆိုင်ရာ လမ်းကြောင်းတွေကနေတစ်ဆင့် ကျွန်တော် သိခဲ့ရတယ်... သူ့ရဲ့ ထုတ်ကုန်တွေကို သဘောတရားတွေနဲ့ ကစားဖို့ ဒါမှမဟုတ် ပိုက်ဆံရှာဖို့ မဟုတ်ဘဲ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ပထမဆုံး အသုံးပြုခဲ့တာဖြစ်နေ တယ်..."

ကောင်းယွမ်က ရယ်မောလိုက်လေသည်။ ဤလူသည် ကူညီရန် ရောက်လာခြင်းများလား။ အစပိုင်းတွင် ကောင်းယွမ်သည် အပူချိန်ထိန်းအဝတ်အစားကို အလွန်အကျွံ မြှင့်တင်ရန် အစီအစဉ် မရှိခဲ့ပေ။

စိတ်ဝင်စားစရာကောင်းသည်မှာ အပူချိန်ထိန်းအဝတ်အစား၏ ရေပန်းစားမှုသည် မကြာသေးမီက မြင့်တက် လျက်ရှိနေ၏။ သူသည် ဤအခွင့်အရေးကို အသုံးချ၍ အပူချိန်ထိန်းအဝတ်အစား အချို့ကို ရောင်းချရန်နှင့် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အမှတ်တံဆိပ်ကို လူသိများလာစေရန် မြှင့်တင်ရန် တွေးတောနေခဲ့ခြင်း ဖြစ် လေသည်။

ချန်မုသည် ယခုအခါ စကားဝိုင်းကို ဤဦးတည်ချက်ဆီသို့ ပို့ဆောင်ရန် အစပြုနေခြင်းဖြစ်ရာ ၎င်းသည် ကြီးမား သော အကူအညီတစ်ခုပင် ဖြစ်ပေသည်။

"မင်းက ကောင်းယွမ်ကို အရမ်း လေးစားနေတာလား..."

"ဟုတ်တယ်... ဒါပေမဲ့ ခင်ဗျားကို မဟုတ်ဘူး... အပူချိန်ထိန်းအဝတ်အစားကို လှူဒါန်းခဲ့တဲ့ ကောင်းယွမ်ကို ပြောတာ... ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်သားတွေဆီက တုံ့ပြန်ချက်တွေအရ အပူချိန်ထိန်းအဝတ်အစား က တကယ့်ကို ခေတ်မီဆန်းသစ်တဲ့ နည်းပညာပဲ... "

"အဲ့ဒါတွေက အပူချိန်နဲ့ စိုထိုင်းဆကို ပုံမှန်ထိန်းသိမ်းပေးပြီး ရေစိုခံကာ ခြစ်ရာခံနိုင်ရည်လည်း ရှိတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ တာဝန်တွေကို လုံလုံခြုံခြုံနဲ့ သက်သောင့်သက်သာ ပြီးမြောက်နိုင် စေတယ်... အဲ့ဒီ ကောင်းယွမ်ကမှ တကယ့် စီးပွားရေးလုပ်ငန်းရှင် အစစ်ပဲ..."

"အဲ့ဒီကောင်းယွမ်က တကယ်တော့ ငါကိုယ်တိုင်ဖြစ်နေတယ်လို့ကော မင်း တစ်ခါလေးများ စဉ်းစားဖူးသ လား…"

ချန်မုက သူ့ကို မထီမဲ့မြင်ဟန်ဖြင့် ကြည့်လိုက်၏။

"ခင်ဗျား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ခင်ဗျားက ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေကို နှစ်သက်တဲ့ အမူအကျင့် မကောင်းတဲ့ အခွင့်အရေးသမားတစ်ယောက်ထက် မပိုဘူး... ခင်ဗျားက ခုလေးတင် ဒေဝါလီခံထားရတာဆိုတော့ အဲဒီလို အဆင့်မြင့်ထုတ်ကုန်မျိုးကို တီထွင်ဖို့ အချိန်မရှိတာ သေချာတယ်... ခင်ဗျား ဘယ်လိုလုပ်လိုက်လဲဆိုတာ ကို ကျွန်တော် မသိပေမဲ့ ဒါက သေချာပေါက် ခင်ဗျားဘာသာ လုပ်ခဲ့တဲ့အရာ မဟုတ်ဘူး..."

ထိုအချိန်၌ ကျိုးလဲ့သည် မျက်မှောင်ကြုတ်သွားပြီး နန်ကော် အပတ်စဉ်ဂျာနယ်မှ သတင်းထောက်ကို ထွက်သွား စေရန် လုံခြုံရေးဝန်ထမ်းများအား အချက်ပြလိုက်လေသည်။ သို့ရာတွင် ကောင်းယွမ်က သူ၏လက်ကို ဝှေ့ယမ်း လိုက်ကာ အနားသို့ ရောက်လာသော လုံခြုံရေးဝန်ထမ်းများကို တားဆီးလိုက်၏။

"နောက်နေတာလား... ငါက ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့လူတစ်ယောက်ကို လိုအပ်နေတာ... "

ဤကိစ္စသည် သူ၏ တံခါးဝသို့ ရောက်လာပြီး သူ့ကို ဒုက္ခပေးနေခြင်း ဖြစ်ရာ အကယ်၍ သူ့ကို နှင်ထုတ်လိုက် ပါက သူ ဘာလုပ်ရမည်နည်း။

"မင်းမှာ နားမရှိတာ ဖြစ်နိုင်ပေမဲ့ မင်းက ဘက်လိုက်နေတယ်... ငါ အရင်ကလည်း ပြောခဲ့ပြီးပြီ... ဒီစီမံကိန်းကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စတင်တီထွင်ခဲ့တာလို့... ပြီးတော့ ငါက နည်းပညာရှင်တစ်ယောက် မဟုတ်ဘူးလို့ လည်း ပြောခဲ့တယ်... ဂုဏ်ပြုမှုတွေက ငါ့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အတွက်ပဲ... ပြီးတော့ မင်းပြော ခဲ့တဲ့ အပူချိန်ထိန်းအဝတ်အစားဆိုတာကလည်း ငါတို့ရဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီက မကြာခင်မှာ ဖြန့်ချိမယ့် ထုတ်ကုန်အသစ်တစ်ခုပဲ... "

"ပထမအသုတ်ကို ကယ်ဆယ်ရေးလုပ်သားတွေအတွက် ဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသဆီကို ပို့ပေးခဲ့ပြီး ငါးရံ့နက် နည်းပညာကုမ္ပဏီက ဒုတိယအသုတ်ဖြစ်တဲ့ အပူချိန်ထိန်းအဝတ်အစားတွေကို မကြာခင်မှာ လှူဒါန်း သွားဦးမှာပါ... ငါတို့ရဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို ရေထဲမှာ ရေကူးနေရအောင် မထားနိုင်ဘူးလေ..."

ကောင်းယွမ်၏ စကားများကြောင့် တက်ရောက်လာသော မီဒီယာများကို စိတ်လှုပ်ရှားသွားစေလေသည်။

*ကောင်းပြီ... ဒီနေ့ ခရီးစဉ်က တကယ့်ကို တန်ပါတယ်လေ။ ချစ်ပ်ပြားထုတ်လုပ်မှုကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရပြီး တည်းဖြတ်စက်ကို တွေ့ခဲ့ရရုံသာမက တစ်ခုဝယ်တစ်ခုလက်ဆောင် အစီအစဉ်ကိုပါ ရလိုက်သေးတယ်…*

မကြာသေးမီက ခေတ်စားနေသော အပူချိန်ထိန်းအဝတ်အစားသည် အမှန်တကယ်တော့ ငါးရံ့နက် နည်းပညာ ကုမ္ပဏီမှ ထုတ်ကုန်အသစ်တစ်ခု ဖြစ်နေပေသည်။

ဤသတင်းစာရှင်းလင်းပွဲတွင် တစ်ခုဝယ်တစ်ခုလက်ဆောင် အစီအစဉ်လည်း ပါဝင်နေလေသည်။ အစပိုင်းတွင် တည်းဖြတ်စက်များသာ ရှိမည်ဟု ထင်ထားခဲ့သော်လည်း အပူချိန်ထိန်းအဝတ်အစားများပါ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ချန်မုသည် လုံးဝ မှင်သက်သွားလေတော့သည်။

*ဘယ်လိုလုပ် တစ်ယောက်တည်း ဖြစ်နေနိုင်မှာလဲ…*

အကယ်၍ အပူချိန်ထိန်းအဝတ်အစားများ ရှိနေပါက တည်းဖြတ်စက်များကို သုတေသနလုပ်ရန် အဘယ်ကြောင့် ဒုက္ခခံနေမည်နည်း။

သို့ရာတွင် ဤအခြေအနေ၌ ကောင်းယွမ်က လိမ်ညာ၍ မရနိုင်သည်မှာ သိသာထင်ရှားလှပေသည်။ အကြောင်း မှာ အပူချိန်ထိန်းအဝတ်အစားကဲ့သို့သောအရာများသည် အသုံးမဝင်တော့သည့်အတွက် လိမ်ညာခြင်းသည် ငွေကို လွှင့်ပစ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ချန်မု၏ အမူအရာသည် ပြောင်းလဲသွားကာ ရှုပ်ထွေးလာလေသည်။ သူသည် ကောင်းယွမ်၏ လှောင်ပြောင်နေ သော အမူအရာကို ရုတ်တရက် သတိပြုမိသွားပြီး ဆူညံပွက်လောရိုက်မှုတစ်ခု ဖန်တီးရာတွင် သူနှင့် ပူးပေါင်း လိုက်မိပြီဖြစ်ကြောင်း ချက်ချင်း နားလည်သွားလေ၏။

*ဒီသတင်းက မကြာခင်မှာ အင်တာနက်တစ်ခွင်လုံး ပျံ့နှံ့သွားတော့မှာပဲ...။ ငါကတော့... ဒီလို အုတ်အော်သောင်း နင်း ဖြစ်နေကြတဲ့ကြားထဲမှာ ဘာမှမဟုတ်တဲ့ လူတစ်ယောက် ဖြစ်ကျန်ခဲ့ပြီပေါ့...*

ပါးရိုက်ခံရရုံသာမက ပိုက်ဆံလည်း မရလိုက်ပေ...

သူသည် ဤနေရာတွင် ဆက်၍ မနေချင်တော့ပေ။ မျက်နှာပျက်ရခြင်းကို လက်ခံနိုင်သော်လည်း မျက်နှာပျက်ရ ခြင်းအတွက် အကျိုးဆက်များ ရှိသင့်ပြီး ယခုတစ်ကြိမ်တွင် သူသည် မျက်နှာပျက်ရရုံသာမက သူ၏ငွေများကိုပါ ဆုံးရှုံးလိုက်ရလေသည်။

*တကယ့်ကို ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီးပါလား…*

သူသည် လှည့်၍ သူ့ဘာသာ ထွက်သွားလေတော့သည်။

သူသည် စိတ်လှုပ်ရှားနေသော လုပ်ဖော်ကိုင်ဖက်များကြားတွင် အလွန် အထီးကျန်နေပုံရလေ၏။

ကောင်းယွမ်သည် လုံးဝ ကျေနပ်သွားလေသည်။ အပူချိန်ထိန်းအဝတ်အစားသည် နောက်ဆုံးအခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး အနာဂတ်တွင် သေချာပေါက် ပေါက်ကွဲလာမည်သာ ဖြစ်၏။

'အနာဂတ်ဖုန်း' စျေးကွက်ထဲသို့ မရောက်မီ စျေးကွက်ကို ဖွင့်လှစ်ရန်အတွက် အပူချိန်ထိန်းအဝတ်အစားကို အသုံးပြုခြင်းသည် ကောင်းမွန်သော အကြံဉာဏ်တစ်ခု ဖြစ်လေသည်။ အနာဂတ်ကမ္ဘာတွင် အပူချိန်ထိန်းအဝတ် အစားသည် အလွန် စျေးပေါပေသည်။ ကောင်းယွမ်အနေဖြင့် အပူချိန်ထိန်းအဝတ်အစားကို ရောင်းချရန် တိုက်ရိုက်ဝယ်ယူဖို့ ရွေးချယ်နိုင်သလို သူကိုယ်တိုင် ထုတ်လုပ်ရန် ထုတ်လုပ်မှုလိုင်းတစ်ခုကိုလည်း ဝယ်ယူနိုင် ပေသည်။

အပူချိန်ထိန်းအဝတ်အစား... အကယ်၍ သင်က ဒုက္ခရောက်သည်ဟု မထင်ပါက ၎င်းကို သေသည်အထိ ဝတ်ဆင်ထားနိုင်ပေသည်။

သင် သေဆုံးသွားလျှင်တောင်မှ ပူပြင်းသော နွေရာသီတွင် လတ်ဆတ်နေစေရန်အတွက် ၎င်းကို ဝတ်ဆင်ထား နိုင်သေးသည်။

ကြီးကျယ်ခမ်းနားသော စီးပွားရေးအင်ပါယာကြီးတစ်ခုသည် အပူချိန်ထိန်းအဝတ်အစားမှ စတင်၍ ရွက်လွှင့် လာလေပြီဖြစ်ချေ၏။

အမှန်တကယ်တော့ စီးပွားရေးလောကကို စကားလုံး ငါးလုံးတည်းဖြင့် အကျဉ်းချုံးနိုင်လေသည်... အဝတ်အ စား၊ အစားအစာ၊ နေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဖျော်ဖြေရေးပင် ဖြစ်၏။

အပူချိန်ထိန်းအဝတ်အစားသည် ကျွန်ုပ်တို့၏ ဝတ်စားဆင်ယင်ပုံကို တိုက်ရိုက် တော်လှန်ပြောင်းလဲပစ်မည် ဖြစ်သည်။ အနာဂတ်တွင် အပူချိန်ထိန်းအဝတ်အစား ပုံစံအမျိုးမျိုးကို စတင်မိတ်ဆက်သွားမည်ဖြစ်ပြီး ၎င်းသည် အထည်အလိပ်လုပ်ငန်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်သော်လည်း အသက်အန္တရာယ်ရှိလောက်အောင်တော့ ဆိုးရွားမည် မဟုတ်ပေ။

ထို့အပြင် ဤလှူဒါန်းမှုက နိုင်ငံတစ်ဝန်းရှိ မီးသတ်သမားများအတွက် အပူချိန်ထိန်းအဝတ်အစားများကို စိတ်ကြိုက်ဖန်တီးပေးရန် စီစဉ်ထားကြောင်း ကောင်းယွမ်ကို သတိရစေခဲ့လေသည်။

All Chapters