အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈)
လူငယ်တွေဆိုတာ တွေးခေါ်မြော်မြင်မှု မြန်ဆန်ကြတယ်လေ
ကောင်းယွမ်သည် မူလက အနာဂတ်ဖုန်းကို မိတ်ဆက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်လေ၏။ သို့သော် အပူချိန်ထိန်း အဝတ်အစားက မမျှော်လင့်ဘဲ လူကြိုက်များသွားပြီးနောက် လူတို့ကို ပိုမိုသက်သောင့်သက်သာရှိစေသည့် မည် သည့်အရာမဆို ပို၍ဆွဲဆောင်မှုရှိကြောင်းကို ကောင်းယွမ် သဘောပေါက်သွားလေသည်။
ထို့ကြောင့် ကောင်းယွမ်သည် ဝက်မွေးမြူရေး ပစ္စည်းသုံးမျိုးတွဲကို အရင်ဆုံး မိတ်ဆက်ရန် စီစဉ်လိုက်လေသည်။
ဤဝက်မွေးမြူရေး ပစ္စည်းသုံးမျိုးတွဲတွင် အပူချိန်ထိန်းအဝတ်အစား၊ ဂိမ်းဆော့ခေါင်းစွပ်နှင့် အာဟာရအနှစ်တို့ ပါဝင်လေသည်။
ဤဝက်မွေးမြူရေး ပစ္စည်းသုံးမျိုးတွဲက အဆင်းရဲဆုံးလူများကိုပင် သက်သောင့်သက်သာ နေထိုင်နိုင်စေရန် သေချာပေါက် စွမ်းဆောင်ပေးနိုင်လေသည်။
အပူချိန်ထိန်းအဝတ်အစားနှင့် အာဟာရအနှစ်တို့သည် လူများကို အသက်ရှင်ရပ်တည်နိုင်ရန် ကူညီပေးနိုင်ပြီး ဂိမ်းထဲရှိ အိပ်မက်ခေါင်းစွပ်မှာမူ အောက်ခြေလူတန်းစားများ၏ ရင်ထဲမှ နာကြည်းချက်များကို ဖယ်ရှားပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
ဤခေါင်းစွပ်တွင် ဂိမ်းစနစ်နှင့် အိပ်မက်စနစ်ဟူ၍ စနစ်နှစ်မျိုး ပါရှိလေသည်။
အကယ်၍ ဂိမ်းစနစ်ကို ရွေးချယ်လိုက်ပါက မျက်စိမှိတ်လိုက်ရုံဖြင့် ဂိမ်းမျက်နှာပြင်ဆီသို့ ဝင်ရောက်သွားနိုင်ပေ သည်။ ဤဂိမ်းများကို အောက်ခြေလူတန်းစားများအတွက် တရားဝင် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ထိုနေရာ၌ သူတို့သည် ကြီးစိုးနိုင်ကာ တစ်ဦးတည်းသော ဘုရင်တစ်ပါးအဖြစ် စိုးစံနိုင်လေသည်။
ခံစားမှုအာရုံမှာလည်း အလွန်ကောင်းမွန်လှရာ ဤဂိမ်းဆော့ခေါင်းစွပ်များသည် ဦးနှောက်အတွင်း၌ အထိအတွေ့၊ အနံ့နှင့် အခြားသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ခံစားမှုများကိုပါ တုပဖန်တီးပေးနိုင်စွမ်း ရှိပေသည်။ လူများကို ဂိမ်း ကစားနေသည်ဟု မခံစားရစေဘဲ အစစ်အမှန်ကမ္ဘာထဲသို့ ရောက်နေသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။
အိပ်မက်စနစ်ကမူ ပို၍ပင် အံ့သြဖွယ်ကောင်းလှပေသည်။ ခေါင်းစွပ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လူများကို လျင်မြန်စွာ အိပ်ပျော်သွားစေလေသည်။ ထိုအလင်းတန်းသည် အိပ်ပျော်နေစဉ်အတွင်း ဦးနှောက်၏ တိကျသော အစိတ်အပိုင်းများကို လှုံ့ဆော်ပေးကာ လူများကို အိပ်မက်ကမ္ဘာဆီသို့ ဝင်ရောက်သွားစေ၏။
ဂိမ်းများတွင် ဇာတ်ဝင်ခန်း ကန့်သတ်ချက်များ ရှိသော်လည်း အိပ်မက်မက်ခြင်းကမူ အတားအဆီးမရှိပေ။ မည် သည့်အိပ်မက်မျိုးကိုမဆို မက်နိုင်လေသည်။ လူအများစုသည် သာယာသော အိပ်မက်တစ်ခုမှ နိုးထလာသောအ ခါ အလွန်မြန်မြန် နိုးလာခဲ့သောကြောင့် နှမြောတသ ဖြစ်တတ်ကြလေသည်။
အကယ်၍ အိပ်မက်ဂိမ်းခေါင်းစွပ်သာ ရှိနေပါက အလွန်တရာ အံ့မခန်း ဖြစ်သွားပေမည်။ မျက်စိမှိတ်ထားလိုက်ရုံ ဖြင့် အိပ်မက်များကို ဆက်တိုက် မက်နေနိုင်မည် မဟုတ်ပါလား။
လူ့အသိုင်းအဝိုင်း၏ အောက်ခြေရှိ လူများတွင် အစစ်အမှန်ဘဝ၌ မျှော်လင့်ချက် မရှိကြသော်လည်း သူတို့၏ အိပ်မက်များထဲတွင်မူ တားဆီးမရနိုင်သော လှပသည့် အိပ်မက်များကို စိတ်ကြိုက်ခံစားနိုင်မည့် သူတို့ပိုင်ဆိုင် သော ကမ္ဘာလေးတစ်ခု ဖြစ်လာပေမည်။
အိပ်မက်များနှင့် ဂိမ်းများသည် ဆင်းရဲနွမ်းပါးသူများ မျှော်လင့်ချက် ကင်းမဲ့နေချိန်၌ပင် ပုန်ကန်ထကြွခြင်းမှ တားဆီးပေးနိုင်လေသည်။
ကောင်းယွမ်သည် ဤဝက်မွေးမြူရေး ပစ္စည်းသုံးမျိုးတွဲကို အလွန်ပင် စွဲလန်းနေခဲ့လေသည်။ အကယ်၍ ၎င်းကို အမေရိကန် သို့မဟုတ် ဂျပန်ကဲ့သို့သော နိုင်ငံများသို့ အောင်မြင်စွာ ဈေးကွက်ဖြန့်ချိနိုင်ပါက ဂျပန်နိုင်ငံတွင် ပြင်း ထန်သော ပြည်တွင်းပဋိပက္ခများ ရှိနေပြီး လူငယ်များမှာ အလွန်တရာ ဆင်းရဲဒုက္ခရောက်နေကြရာ သူတို့အား ပျော်ရွှင်စွာ ဝက်ဖြစ်ခွင့် ပေးလိုက်နိုင်ပေမည်။
သူတို့သည်လည်း အလွန်ပင် ကျေးဇူးတင်ကြမည်မှာ သေချာလေသည်။ ဂိမ်းဆော့ခေါင်းစွပ်၊ အပူချိန်ထိန်းအ ဝတ်အစားနှင့် ဈေးပေါသော အာဟာရအနှစ်တို့ဖြင့် ထိုလူများသည် ပျော်ရွှင်စွာဖြင့် အသုံးမကျသော ကပ်ပါး ကောင်များအဖြစ် ရှင်သန်သွားနိုင်ပေမည်။
ကောင်းယွမ်သည် စဉ်းစားလေလေ ပို၍ အဓိပ္ပာယ်ရှိလေလေ ဖြစ်လာ၏။ သူသည် ငယ်ရွယ်လွန်းနေသေးသည်။ စားဝတ်နေရေးနှင့် သွားလာရေးအပြင် စားသောက်ပျော်ပါးခြင်းတို့မှာ လူသားတို့၏ အခြေခံ လိုအပ်ချက်များ ဖြစ်လေသည်။
အာဟာရအနှစ်က စားသောက်မှုပြဿနာကို ဖြေရှင်းပေးနိုင်ပြီး အပူချိန်ထိန်းအဝတ်အစားက အဝတ်အထည်နှင့် နေထိုင်မှုပြဿနာများကို ဖြေရှင်းပေးနိုင်လေသည်။ အပူချိန်ထိန်းအဝတ်အစား ရှိနေသမျှ ကာလပတ်လုံး မည် သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ကိစ္စမရှိပေ။
ဂိမ်းအိပ်မက်ခေါင်းစွပ်က ဖျော်ဖြေရေးနှင့် အတိုင်းအတာတစ်ခုအထိ စားသောက်မှုအာရုံကို ဖြည့်ဆည်းပေး နိုင်လေသည်။ ထိုလူများတွင် ဤပစ္စည်းသုံးမျိုး ရှိနေသဖြင့် သူတို့အတွက် ခရီးသွားလာရန်ပင် မလိုအပ် တော့ပေ။
ထို့ကြောင့် ဝက်မွေးမြူရေးအတွက် မရှိမဖြစ်လိုအပ်သော ဤပစ္စည်းသုံးမျိုးသည် လူအများစု၏ အိပ်မက်များကို အမှန်တကယ် အကောင်အထည်ဖော်ပေးနိုင်သောအရာများ ဖြစ်ပေသည်။
ကောင်းယွမ်သည် ရှနိုင်ငံ၏ မိတ်ဖက်နိုင်ငံများရှိ လူငယ်များ ပိုမိုပျော်ရွှင်သောဘဝကို ရရှိစေရန် ဝက်မွေးမြူရေး ပစ္စည်းသုံးမျိုးတွဲကို မြှင့်တင်ဖြန့်ချိချင်နေလေသည်။
ရှနိုင်ငံအတွင်း၌မူ ဂိမ်းအိပ်မက်ခေါင်းစွပ်ကို မိတ်ဆက်ရန် ကောင်းယွမ်၌ အစီအစဉ်မရှိပေ။ ဖျော်ဖြေရေးအတွက် နည်းလမ်းများစွာ ရှိနှင့်ပြီးဖြစ်ရာ အခြားတစ်ခုကို ထပ်မံဖြည့်စွက်ရန် မလိုအပ်တော့ချေ။
သူတို့၏ ကြီးမားလှသော အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ အမြင်ရှိရန်ဖြစ်ရာ မည်သည့် အွန်လိုင်းအရောင်း အဝယ်ပလက်ဖောင်းတွင်မှ ပါဝင်မည်မဟုတ်ပေ။
အနာဂတ်တွင် သူ၏ ထုတ်ကုန်များ ကန့်သတ်မခံရစေရန် ကောင်းယွမ်သည် သူ၏ ကိုယ်ပိုင်ဂေဟစနစ်ကို တည်ဆောက်ရမည် ဖြစ်သည်။
ထို့နောက် ကောင်းယွမ်က ကျန်းပိုင်ရီနှင့် အခြားသူများကို အလုပ်ဆက်လုပ်ရန် ပြောလိုက်လေသည်။
သူသည် ကျန်းပိုင်ရီ၏ ကားကိုမောင်းကာ လင်းကျိုးမြို့သို့ ပြန်လာခဲ့ပြီး နောက်ထပ်ကားအနည်းငယ် ထပ်ဝယ်ရန် ကျန်းပိုင်ရီကို ပြောခဲ့၏။
ကားတစ်စီးရှိခြင်းက အသွားအပြန် ခရီးသွားရာတွင် ပို၍ အဆင်ပြေချောမွေ့စေလေသည်။
ကောင်းယွမ်တစ်ယောက် မုကျားကျေးရွာသို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင်။
ကျင်းဟိုင်ခရိုင်မြို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာန၌ ပိုင်မော့ယွီသည် အစီရင်ခံစာတစ်စောင်ကို ကိုင်ဆောင်လျက် ဌာနမှူး၏ ရုံးခန်းအပြင်ဘက်တွင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလေသည်။
ပိုင်မော့ယွီသည် ကောင်းယွမ်က သူမကို လိမ်မည်မဟုတ်ဟု ယုံကြည်သော်လည်း အကျိုးအကြောင်းဆင်ခြင် မှုအရ ရင်းနှီးမြှုပ်နှံရန် ဘီလီယံနှစ်ဆယ် ထုတ်ပေးနိုင်စွမ်း ကောင်းယွမ်၌ အမှန်တကယ် မရှိကြောင်း သိနေပေ သည်။ ယခုမှ စီးပွားရေးပျက်ထားသော လူငယ်တစ်ဦးအနေဖြင့် အကြွေးကင်းရှင်းနေခြင်းကပင် အံ့သြဖွယ် ကောင်းလှပေပြီ။
သူတို့တွင် ရင်းနှီးမြှုပ်နှံရန် ငွေကြေး မည်သို့များ ရှိနိုင်မည်နည်း။
ပိုင်မော့ယွီက သူမ၏ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်၏။ သူမသည် အန္တရာယ်တစ်ခုကို ရင်ဆိုင်နေရကြောင်း သိထားလေသည်။ ဒါရိုက်တာ လီကို ကျော်လွန်ကာ ဌာနမှူးထံ တိုက်ရိုက်သွားခြင်းက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဒါရိုက်တာ လီကို စော်ကားရာရောက်ပေလိမ့်မည်။ အထူးသဖြင့် မအောင်မြင်ပါက သူမသည် အပြည့်အဝ ဖယ်ကျဉ်ခံရနိုင်ချေ ရှိလေသည်။
မည်သို့ပင်ဆိုစေကာမူ ပိုင်မော့ယွီသည် ထပ်မံကြိုးစားကြည့်ချင်နေဆဲဖြစ်သည်။ မနေ့ကမှ ဒါရိုက်တာ လီ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံထားရရာ သူမကိုယ်တိုင် တင်ပြလျှင်ပင် ဒါရိုက်တာ လီက သေချာပေါက် ခွင့်ပြုပေး မည် မဟုတ်ပေ။ ထို့ကြောင့် ပိုင်မော့ယွီသည် ဌာနမှူးကိုသာ စမ်း၍ မေးကြည့်ချင်နေလေသည်။
ထိုသို့ တုံ့ဆိုင်းနေစဉ်မှာပင် တံခါးပွင့်လာပြီး ဒါရိုက်တာ လီသည် ဌာနမှူး၏ ရုံးခန်းထဲမှ ထွက်လာကာ တံခါးဝ၌ တုံ့ဆိုင်းနေသော ပိုင်မော့ယွီကို မြင်သွားလေသည်။
သူက ချက်ချင်းပင် ပြုံးလျက် ပြောလိုက်လေသည်။
"ရှောင်ပိုင် မင်းက ဘာလုပ်နေတာလဲ ငါလည်း မင်းကို လိုက်ရှာမလို့ပဲ..."
"အို ဒါရိုက်တာ လိုအပ်တာများ ရှိလို့လား..."
"ဟေး မင်းရဲ့ ကျောင်းနေဖက်သူငယ်ချင်းဟောင်း ကောင်းယွမ် မင်းကို ဆက်သွယ်လာသေးလား..."
ဒါရိုက်တာ လီသည် ယုန်ဖြူလေးကို စိုက်ကြည့်နေသော တောခွေးကြီးတစ်ကောင်ကဲ့သို့ ပြုံးဖြီးနေလေသည်။ သူ့ အား ဌာနမှူး၏ ရုံးခန်းထဲသို့ ခေါ်ယူကာ ကိစ္စတစ်ခု ပြောပြထားခြင်း ဖြစ်သည်။ ပိုင်မော့ယွီ၏ ကျောင်းနေဖက် သူငယ်ချင်းဟောင်း ကောင်းယွမ်သည် တည်းဖြတ်စက်တစ်ခုကို တီထွင်ခဲ့ပြီး ချင်ကျင်းရှ၏ သတင်းစာရှင်းလင်း ပွဲတွင် ပေါ်ထွက်လာခဲ့ကာ ရုံးခန်းအဖြစ် အသုံးပြုရန် လင်းကျိုးမြို့၌ အဆောက်အအုံတစ်လုံးပင် ဝယ်ယူခဲ့ ကြောင်း ပြောပြခဲ့ခြင်း ဖြစ်ပေသည်။
ဌာနမှူးသည် ပိုင်မော့ယွီ အလုပ်တွင် မတရားခံရပြီး ကောင်းယွမ်အပေါ် အမျက်ထွက်ခဲ့သောကြောင့် ကောင်းယွမ် က ကျင်းဟိုင်အပေါ် စိတ်ပျက်သွားကာ ထိုနေရာတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်မရှိတော့မည်ကို စိုးရိမ်နေလေ သည်။ ထို့ကြောင့် ဌာနမှူးက မည်သည့်နည်းလမ်းကိုသုံး၍ဖြစ်စေ ကောင်းယွမ်ကို ပြန်ခေါ်လာရန် ဒါရိုက်တာ လီကို ခိုင်းစေခဲ့ခြင်း ဖြစ်၏။
ဒါရိုက်တာ လီသည် ကောင်းယွမ်ကို လုံးဝ မသိပေ။ ပိုင်မော့ယွီကိုသာ သိလေသည်။ ထို့ကြောင့် သူသည် ပိုင်မော့ယွီမှတစ်ဆင့် ကြိုးပမ်းရန် လိုအပ်နေသေး၏။
ဒါရိုက်တာ လီ၏ အမူအရာများ ထူးဆန်းနေကြောင်း ပိုင်မော့ယွီ အာရုံခံမိလိုက်လေသည်။
"မဆက်သွယ်လာသေးပါဘူး..."
ဤစကားကို ကြားသောအခါ ဒါရိုက်တာ လီမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း ထပ်မံပြုံးလိုက်ပြန်ကာ..၊
"ရှောင်ပိုင် မင်းနဲ့ ကောင်းယွမ်တို့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာတော့ မဟုတ်ဘူးမလား… ငါကြားတာ တော့ မင်းတို့က ကျောင်းနေဖက်သူငယ်ချင်းဟောင်းတွေဆို သူကလည်း အိမ်ထောင်မကျသေးဘူးလေ..."
ပိုင်မော့ယွီ အံ့သြသွားလေသည်။
"ဒါရိုက်တာ ဘာကိုဆိုလိုတာလဲ ကျွန်မ နားမလည်ဘူး..."
ဒါရိုက်တာ လီက ကြင်နာစွာ ပြုံးလျက် ပြောလိုက်၏။
"ရှောင်ပိုင် ငါက မင်းကို တူမလေးတစ်ယောက်လို သဘောထားတာပါ… ငါ့ကို ဖုံးကွယ်မထားမနေပါနဲ့…. မင်းနဲ့ ကောင်းယွမ် တို့က ချစ်သူတွေများလား..."
ပိုင်မော့ယွီသည် ရယ်ချင်စိတ်ကိုရော စိတ်ပျက်မှုကိုပါ ခံစားလိုက်ရလေသည်။
"ဒါရိုက်တာ တကယ်မဟုတ်ပါဘူးဆို..."
"တကယ်မဟုတ်ဘူးလား..."
"တကယ်မဟုတ်ပါဘူး..."
ဒါရိုက်တာ လီက အနည်းငယ် နှမြောတသဟန်ဖြင့် ပြောလိုက်၏။
"နှမြောစရာကောင်းလိုက်တာ..."
"ရှင်..."
"ဘာမှမဟုတ်ပါဘူး ရှောင်ပိုင် မင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနမှာ အလုပ်လုပ်နေတာ ဘယ်နှနှစ်ရှိပြီလဲ..."
"သုံးနှစ်မြောက်ပါ..."
"သုံးနှစ်မြောက်ဆိုတော့ မင်းရဲ့ အရည်အချင်းတွေကို လုံလုံလောက်လောက် သွေးသင်ပေးနိုင်ခဲ့ပြီပဲ မင်း မုကျား ကျေးရွာရဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီရင်ခံစာကို ရေးလိုက်ပါ အကယ်၍ ခွင့်ပြုချက်ရပြီဆိုရင် ကဏ္ဍစုံကို မင်းက တာဝန်ယူရလိမ့်မယ်… ရုံးက ဒုတိယညွှန်ကြားရေးမှူး ဝေလည်း အငြိမ်းစားယူတော့မှာ မဟုတ်လား ငါ ဌာနမှူးနဲ့ တိုင်ပင်ပြီးတော့ ဒီနေရာကို ဆက်ခံဖို့ ပိုငယ်ရွယ်တဲ့သူတစ်ယောက်ကို ရှာသင့်တယ်လို့ ထင်တယ်… လူငယ်တွေဆိုတာ တွေးခေါ်မြော်မြင်မှု မြန်ဆန်ပြီး ထက်မြက်ကြတယ်လေ ရှောင်ပိုင် မင်း ဒီတာဝန်ကို ထမ်း ဆောင်နိုင်မယ်လို့ ထင်လား..."
ပိုင်မော့ယွီ အနည်းငယ် ရှုပ်ထွေးသွားလေသည်။
*ဒါရိုက်တာ လီက ဘာလုပ်ချင်နေတာလဲ။ ငါ့ကို ရာထူးတိုး ပေးချင်ကြောင်း အရိပ်အမြွက်ပြနေတာလား…*
*မကြာသေးခင်ကမှ ငါ့ကို အသေအလဲ ဆဲဆိုနေခဲ့ပြီး အခုကျမှ တာဝန်ယူစေချင်နေတာလား… ဒုတိယညွှန်ကြား ရေးမှူး ရာထူးနဲ့တောင် သွေးဆောင်ဖြားယောင်းနေသေးတယ်… ဘာတွေဖြစ်နေတာလဲ…*
သို့သော်လည်း ပိုင်မော့ယွီသည် အများကြီး စဉ်းစားနေရန် အချိန်မရှိသဖြင့် သူမ၏ စာရွက်စာတမ်းများကို ကမ်းပေးလိုက်လေသည်။
"ဒါရိုက်တာ ကျွန်မ တကယ်တော့ မုကျားကျေးရွာ အစီရင်ခံစာကို ရေးပြီးသွားပြီ ကျေးဇူးပြုပြီး ကြည့်ပေး ပါဦး..."
"ရေးပြီးသွားပြီလား… ရှောင်ပိုင် မင်း တကယ်ပဲ အတွေ့အကြုံတွေ ရလာခဲ့တာပဲ… ကောင်းပြီ ငါ အရင်ဆုံး ကြည့်လိုက်မယ်… တကယ်လို့ ကောင်းယွမ် မင်းကို ဆက်သွယ်လာရင် ချက်ချင်း သတင်းပို့ရမယ်နော်… ကောင်းယွမ်မှာ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း ပြောပြရမယ်… ကောင်းယွမ် ပြန်လာရင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးဌာနကို ဖိတ်ခေါ်လိုက်ပါ..."
တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်းကို ပိုင်မော့ယွီ သဘောပေါက်သွားလေတော့သည်။
ထိုသို့မဟုတ်ပါက ခေါင်းဆောင်မှုအပြောင်းအလဲသည် ဤမျှလောက်အထိ သိသိသာသာ ပြောင်းလဲသွားမည် မဟုတ်ချေ။