အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀)
လုံကျင်းမြို့၏ ညရှုခင်း
အလွန်တရာ အံ့မခန်းဖြစ်ဖွယ် ကောင်းလှပေသည်။
ကောင်းယွမ်သည် ချင်ကျင်းမြို့အား ညမအိပ်သော မြို့တစ်မြို့အဖြစ် မူလက ထင်မှတ်ထားခဲ့သော်လည်း အနာဂတ်ကမ္ဘာရှိ လုံကျင်းမြို့ကို မြင်တွေ့လိုက်ရသောအခါမှသာ စစ်မှန်သော ညမအိပ်သည့်မြို့ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။
အလွန်ကြီးမားသော အလင်းတန်းကြီးတစ်ခုသည် အထက်မှနေ၍ ထိုးကျလာလေသည်။ ဤအရာသည် အထက် မှ ဖြတ်သန်းသွားသော အနိမ့်ပျံယာဉ်ပျံများအတွက် လမ်းကြောင်းကို လင်းထိန်စေသည့် လုံကျင်းမြို့၏ ဆည်းဆာအလင်းရောင်ပင် ဖြစ်လေသည်။
မိုးမျှော်အဆောက်အအုံကြီးများသည် အလင်းတိုင်ကြီးများနှင့် တူညီနေလေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်ခန်းများတွင် နေရောင်ခြည်တုစနစ်များ တပ်ဆင်ထားသဖြင့် လူသွားလမ်း တစ်လျှောက် လမ်းလျှောက်နေသည့်တိုင် နေ့နှင့်ညကို ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ကမ္ဘာကူးတံခါးအပြင်ဘက်ရှိ မြေကွက်သည် ပြီးစီးလုနီးပါး ဖြစ်နေလေပြီ။
ကောင်းယွမ်သည် ဂိုဒေါင်ထဲမှ ယခုလေးတင် ထွက်လာခဲ့ပြီး ဤကမ္ဘာလောက၏ ဆောက်လုပ်ရေး နည်းပညာများနှင့် အမြန်နှုန်းတို့ကို အလွန်အမင်း အံ့အားသင့်နေမိလေသည်။
သုံးရက်ဟူသော အချိန်တိုလေးအတွင်း အဓိကအဆောက်အအုံသာမက အတွင်းပိုင်းအလှဆင်ခြင်းများ၊ အခြားသော အသုံးအဆောင်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများကိုပါ အလွန်တရာ ဂရုတစိုက်ဖြင့် ပြီးမြောက် အောင် လုပ်ဆောင်ထားလေသည်။
ကောင်းယွမ်သည် ထိုကဲ့သို့သော နည်းပညာမျိုး လက်ရှိကမ္ဘာတွင်လည်း ရှိစေချင်ကြောင်း တွေးတောကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
ထိုသို့သာဆိုလျှင် သူတို့၏ စက်မှုဇုန်သည် အများဆုံး တစ်ပတ်အတွင်း ပြီးစီးနိုင်မည် ဖြစ်လေသည်။ အစောတ လျင် ဆောက်လုပ်ပြီးစီးပါက ပို၍စောစော ရောင်းချနိုင်မည် ဖြစ်ပေသည်။
ကောင်းယွမ်သည် ညရှုခင်းကို ငေးမောကြည့်ရှုနေလေသည်။
ရုတ်တရက် တစ်စုံတစ်ဦးက သူ၏ပခုံးကို လာရောက်ပုတ်ခဲ့လေသည်။ ကောင်းယွမ်က နောက်သို့ လှည့်မကြည့် ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
"နန်ဝူ ဆောင့်ကြောင့်ထိုင်မနေနဲ့ မတ်တပ်ရပ်လိုက်..."
"အို သူဌေးက ကျွန်မမှန်း ဘယ်လိုသိတာလဲ..."
လင်းနန်ဝူ၏ အသံသည် နောက်ကျောဘက်မှ ထွက်ပေါ်လာလေသည်။
ကောင်းယွမ်သည် မျက်နှာစူပုပ်နေသော မိန်းကလေးကို ကြည့်လိုက်လေသည်။
"မင်းနဲ့ မင်းအမေကလွဲရင် ဒီနေရာက လူတိုင်းက စက်ရုပ်တွေချည်းပဲလေ မင်းအမေက ငါ့ကို ရိုက်မယ်လို့ ထင် နေတာလား ဒါမှမဟုတ် စက်ရုပ်တွေက ရိုက်မယ်လို့ ထင်နေတာလား..."
"တစ်ခြားလူတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လာတာဆိုရင်ကော..."
လင်းနန်ဝူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။
“ဘယ်သူတွေလာမှာလဲ…”
"အင်း သက်ဆိုင်ရာ ဌာနတွေကပေါ့..."
"သက်ဆိုင်ရာ ဌာနတွေက ငါ့ပခုံးကို လာပုတ်စရာ အကြောင်းမှ မရှိတာ..."
ကောင်းယွမ်သည် မတ်တပ်ရပ်လိုက်ပြီး အသစ်ဆောက်လုပ်ထားသော ကလပ်အတွင်းသို့ ဝင်ရောက်သွား လေသည်။
ဟွမ်ဖူရှန်းသည် အလုပ်များနေစဉ် ကောင်းယွမ်ကို မြင်တွေ့လိုက်ရလေသည်။
"သူဌေး ရောက်လာပြီပဲ ကြည့်ပါဦး ဒါတွေက မြင်ကွင်းဆယ်ခုအတွက် ဒီဇိုင်းပုံစံတွေပါ..."
ကောင်းယွမ်သည် ဟွမ်ဖူရှန်း၏ လက်ပတ်ပေါ်တွင် ပေါ်နေသော ပုံရိပ်များကို ကြည့်ရှုလိုက်လေသည်။ ပုံရိပ် တစ်ခုစီတိုင်းသည် သုံးဖက်မြင် ပုံရိပ်ယောင်များ ဖြစ်ရာ အကျိုးသက်ရောက်မှုကို ချက်ချင်းပင် သိသာထင်ရှား စေလေသည်။
သို့ရာတွင် ကောင်းယွမ်က မျက်မှောင်ကြုတ်လိုက်၏။
"ဘာလို့ အပင်တွေက ဒီလောက် နည်းနေရတာလဲ ငါတို့ စစ်မှန်တဲ့ အပူပိုင်းမိုးသစ်တောတစ်ခုကို ဖန်တီးဖို့ လို အပ်တယ်..."
"သူဌေး ဒါက အများကြီး ဖြစ်နေပါပြီ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက မိုးသစ်တောဆိုတာ ဒီပုံစံပါပဲ..."
ကောင်းယွမ်မှာ အံ့ဩမှင်တက်သွားလေသည်။
"သူဌေး ဒီလောက်နဲ့တင် ကုန်ကျစရိတ်တွေက အလွန်အမင်း မြင့်မားနေပါပြီ အပင်တွေ ထပ်ထည့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး..."
ကောင်းယွမ်သည် သက်ပြင်းချလိုက်မိ၏။ အလွန် မျက်စိပွင့်လင်းသွားစေသော ကိစ္စပင် ဖြစ်လေသည်။
အနာဂတ်ကမ္ဘာမှ လူများသည် စစ်မှန်သော မိုးသစ်တောဆိုသည်မှာ မည်သို့ရှိကြောင်းကို လုံးဝ သိရှိကြမည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ပုံများကို မြင်တွေ့ခဲ့ရလျှင်ပင် ၎င်းတို့သည် လူသားများ ဖန်တီးထားသော သစ်ပင်များဖြစ်သည်ဟု ထင်မှတ်ကြပေလိမ့်မည်။
"ကောင်းပါပြီ အစ်မကြီးရှန်း ဒီဇိုင်းပုံစံတွေအတွက် စိတ်ပူနေစရာ မလိုတော့ပါဘူး ဒီဇိုင်းဆွဲဖို့ လူတစ်ယောက်ကို ကျွန်တော် ရှာလိုက်ပါ့မယ်..."
ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ပြန်သွားပြီး ဤနေရာအတွက် ဒီဇိုင်းဆွဲပေးမည့် ကုမ္ပဏီတစ်ခုကို ရှာဖွေရန် စီစဉ်လိုက်လေသည်။ ထို့နောက် စက်ရုပ်အား ခေါ်ဆောင်သွားကာ လိုအပ်သော အရာအားလုံးကို သယ်ဆောင် လာစေပြီး ထိုစက်ရုပ်ကိုပင် အားလုံးကို ပြင်ဆင်စီစဉ်ခိုင်းရန် စဉ်းစားလိုက်လေ၏။
"ကောင်းပါပြီ သူဌေး ဒါနဲ့ ကျွန်မတို့ ကလပ်ရဲ့ နာမည်က ဘာများလဲ..."
ကောင်းယွမ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"(၂၀၂၄) လို့ပဲ ထင်တယ်..."
"(၂၀၂၄) ကလပ် ဟုတ်လား..."
ဟွမ်ဖူရှန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။ အဘယ်ကြောင့် ဤမျှ ထူးဆန်းသော နာမည်ကို ပေးရသနည်း။
"(၂၀၂၄) လို့ပဲ ခေါ်ကြရအောင် ဘာစကားလုံးမှ မလိုဘူး ဂဏန်းလေးလုံးတည်းပဲ လူတွေကို (၂၀၂၄) ခုနှစ်တုန်းက ကမ္ဘာကြီး ဘယ်လိုရှိခဲ့သလဲဆိုတာကို ခံစားသိရှိစေချင်တယ်..."
ဟွမ်ဖူရှန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူမ၏ သူဌေး ဘာတွေ တွေးတောနေသနည်းဟု စဉ်းစားနေမိလေ သည်။
ယခုက ၃၀၂၄ ခုနှစ် ဖြစ်နေပြီဖြစ်ရာ ၂၀၂၄ ဟု နာမည်ပေးခြင်းက ဘာများ အဓိပ္ပာယ်ရှိမည်နည်း။ လွန်ခဲ့သော နှစ်တစ်ထောင်က ကမ္ဘာကြီးကို အောက်မေ့သတိရစေရန်အတွက်လား။
သို့သော်လည်း ကောင်းယွမ်က သူဌေးဖြစ်နေပေသည်။
ဟွမ်ဖူရှန်းသည် ကလပ်တစ်ခုလုံး၏ အလှဆင်ခြင်းများကို စတင်ဒီဇိုင်းဆွဲရန် ဒီဇိုင်းဆွဲစက်ရုပ် တစ်ရုပ်ကို ချက် ချင်းပင် သွားရောက်ရှာဖွေလေတော့သည်။
ဟွမ်ဖူရှန်း အလုပ်များနေသည်ကို မြင်သောအခါ ကောင်းယွမ်သည် လင်းနန်ဝူကိုပါ ကူညီပေးရန် တောင်းဆို လိုက်ပြီးနောက် လုံကျင်းမြို့၏ လမ်းမများပေါ်သို့ တစ်ကိုယ်တည်း လမ်းလျှောက်ထွက်လာခဲ့လေသည်။
အနာဂတ်ကမ္ဘာ၏ လုံခြုံရေးသည် အလွန်ကောင်းမွန်လှပြီး ကမ္ဘာတစ်ဝန်းလုံးတွင် ကြီးမားသော ပြဿနာရပ်များ ဖြစ်ပွားမှုမှာ အလွန်တရာ နည်းပါးလှပေသည်။ အကြောင်းမှာ ထိုသို့ဖြစ်ရန် အကြောင်းပြချက် မရှိသော ကြောင့်ပင် ဖြစ်လေသည်။
လူ့အဖွဲ့အစည်း၏ အောက်ခြေလူတန်းစားများသည် ပညာသင်ယူရန်ပင် မလိုအပ်ပေ။ သူတို့ထဲမှ အများစုမှာ ဆန့်ကျင်တော်လှန်လိုသည့် အသိစိတ်ပင် မရှိကြပေ။ ဟွမ်ဖူရှန်းနှင့် သူမ၏ သမီးကဲ့သို့သော လူများမှာ အလွန် တရာ ရှားပါးလှပေသည်။
အောက်ခြေလူတန်းစား အများစုသည် သူတို့၏ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင်သာ နေထိုင်ကြပြီး အပျော်အပါး များတွင် နစ်မွန်းကာ အိပ်မက်ထဲတွင်သာ ကမ္ဘာကြီးကို အုပ်စိုးနေကြသည်ဖြစ်စေ၊ သို့မဟုတ် ဗီဒီယိုဂိမ်းများထဲ တွင်သာ လွှမ်းမိုးခြယ်လှယ်နေကြသည်ဖြစ်စေ ပြုလုပ်နေကြလေသည်။
သူတို့သည် အစားအသောက်နှင့် အဝတ်အစားအတွက် ပူပန်စရာ မလိုဘဲ အပြင်ဘက်မှ ခွေးများကပင် သူတို့ ထက် ပို၍ သိနားလည်ကြပေသေးသည်။
လူဆိုသည်မှာ ထိုကဲ့သို့ပင် ဖြစ်လေသည်။ သူတို့ သိနားလည်မှု နည်းပါးလေလေ ပို၍ ပျော်ရွှင်ရလေလေပင် ဖြစ်၏။
အာဟာရအနှစ်၏ အရသာသည် အလွန်ဆိုးရွားလှသော်လည်း စစ်မှန်သော အရသာရှိသည့် အစားအစာများကို တစ်ခါမျှ မမြည်းစမ်းဖူးသောကြောင့် နှိုင်းယှဉ်စရာ မရှိပေ။ ထို့ကြောင့် လောကရှိ အစားအစာအားလုံးသည် ထို ကဲ့သို့ပင် ဖြစ်သည်ဟု သူတို့ ထင်မှတ်ထားကြလေသည်။
အပူချိန်ထိန်းအဝတ်အစားသည် သက်သောင့်သက်သာရှိသော အပူချိန်ကို အာမခံပေးနိုင်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက သူတို့၏ နေထိုင်မှု အစီအစဉ်အားလုံးကို စီစဉ်ပေးထားလေသည်။
အထက်သို့ တက်လှမ်းနိုင်သည့် အခွင့်အရေး မရှိခြင်းမှလွဲ၍ ကျန်သည့်အရာအားလုံးမှာ ကောင်းမွန်နေလေ သည်။
ကောင်းယွမ်သည် သူတို့၏ နေရာတွင် ဝင်ရောက်ခံစားကာ တွေးတောကြည့်လိုက်မိ၏။ အကယ်၍ သူသာ အနာဂတ်ကမ္ဘာမှ အောက်ခြေလူတန်းစား တစ်ယောက်ဖြစ်ခဲ့လျှင် သူလည်း အခြား မည်သည့် အတွေးအမြင်မျှ ရှိမည် မဟုတ်ပေ။
အထက်တန်းလွှာများသည် ကန့်သတ်ထားသော သဘာဝအရင်းအမြစ်များကို ခံစားစံစားကြလေသည်။
သနားစရာအကောင်းဆုံးမှာ အလယ်အလတ် လူတန်းစားများပင် ဖြစ်လေသည်။ သူတို့သည် အထက်တန်းသို့ တက်လှမ်းရန် ရည်မှန်းထားကြသော်လည်း ရှေ့ဆက်ရန်မှာ အလွန်အမင်း ခက်ခဲလှပေသည်။ နောက်သို့ ဆုတ်ခွာ မည်ဆိုပါကလည်း အောက်ခြေသို့ ကျဆင်းသွားမည် ဖြစ်လေသည်။ သို့သော်လည်း အလယ်အလတ် လူတန်း စားများသည် ပျော်ရွှင်နေသော ဝက်များဖြစ်ရန် ဆန္ဒမရှိကြပေ။
ကောင်းယွမ်သည် အနာဂတ်ကမ္ဘာ၏ မြင်ကွင်းကို ငေးကြည့်ရင်း လုံကျင်းမြို့၏ လမ်းမများတစ်လျှောက် လမ်း လျှောက်နေခဲ့လေသည်။
သူသည် အိတ်ကပ်ထဲမှ စီးကရက်အစစ် တစ်လိပ်ကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ပြီး မီးခြစ်ဖြင့် မီးညှိလိုက် လေသည်။
သူက တစ်ဖွာမျှ ဖွာရှိုက်လိုက်ပြီးနောက် သူ၏ပတ်ဝန်းကျင်ရှိ လူတိုင်းက သူ့အား စိုက်ကြည့်နေကြသည်ကို ရုတ်တရက် သတိပြုမိလိုက်လေသည်။ သူသည် ရုတ်တရက်ပင် အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သွားခဲ့ လေပြီ။
အနာဂတ်ကမ္ဘာတွင် အောက်ခြေလူတန်းစား အများစုသည် အပြင်သို့ ထွက်ခဲလှပေသည်။ အကြောင်းမှာ အပြင် ဘက်တွင် စိတ်ဝင်စားစရာကောင်းသည့် အရာ မရှိသောကြောင့်ပင် ဖြစ်လေသည်။
ဈေးဝယ်ထွက်နေကြသူ အားလုံးနီးပါးမှာ အလယ်အလတ် လူတန်းစားများ ဖြစ်ကြလေသည်။
ဤအလယ်အလတ် လူတန်းစားများသည် စီးကရက်များအကြောင်းကို ကြားသာကြားဖူးကြသော်လည်း မည်သည့်အခါမျှ မြင်တွေ့ဖူးခြင်းမရှိကြပေ။
ကောင်းယွမ်က မီးခိုးငွေ့တစ်ချို့ကို မှုတ်ထုတ်လိုက်သောအခါ သူ့အနီးဆုံးရှိ လူများသည် အသက်ကို ပြင်းပြင်း ရှူသွင်းလာကြပြီးနောက်... ကြည်နူးသာယာနေသည့် အမူအရာများဖြင့် ကြည့်ရှုလာကြလေသည်။
"ဒါက စီးကရက်ရဲ့ အရသာပဲလား အရမ်းကို ထူးခြားတာပဲ..."
"အနံ့က သိပ်တော့ မကောင်းပါလား..."
"ဟေး အပေါ်ထပ်ကလူ ခင်ဗျား အဲဒါကို မြင်လိုက်လား အဲဒါက အပူချိန်ထိန်းအဝတ်အစား မဟုတ်ဘူး ဓာတုမျှင် လည်း မဟုတ်ဘူး ချည်နဲ့ ပိတ်ချောတွေနဲ့ လုပ်ထားတာ... ဒီအဝတ်အစားမျိုးက လေဝင်လေထွက်ကောင်းပြီး သဘာဝရဲ့ အနံ့အသက်ကို ခံစားလို့ရတယ်..."
ကောင်းယွမ်၏ လုပ်ရပ်သည် ရည်ရွယ်ချက်မရှိခဲ့သော်လည်း ဤမျှလောက် ကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ် စေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူသည် ရယ်ချင်စိတ်နှင့် စိတ်ပျက်မှု အနည်းငယ် ဖြစ်သွားခဲ့လေသည်။ ညရှုခင်းကို ဆက်လက် ခံစားနေရန် မလိုအပ်တော့သဖြင့် ပြန်သွားရန်သာ ဆုံးဖြတ်လိုက်လေသည်။
အချိန်လည်း နှောင်းနေလေပြီ။
သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းအပြီးတွင် လူတစ်ယောက်က သူ၏လမ်းကို ပိတ်ဆို့လိုက်လေသည်။ ကျပ်ထုပ်နေသော အပူချိန်ထိန်းအဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
"ဘာကိစ္စများ ရှိလို့လဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ကျွန်မ တစ်ဖွာလောက် သောက်လို့ရမလား ဒါမှမဟုတ် ရှင် ကျွန်မမျက်နှာကို မီးခိုးတွေ မှုတ်ထုတ်ပေးလို့ ရမလား..."
ကောင်းယွမ်သည် ဤကဲ့သို့သော တောင်းဆိုမှုကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူသာ လက်ရှိကမ္ဘာတွင် ထိုသို့ပြုလုပ်ခဲ့ပါက ရိုက်နှက်ခံရကာ သေသွားနိုင်ပေသည်။ လမ်းပေါ်တွင် ဆေးလိပ်သောက်လျှင်ပင် လူများက သူ့အား ယဉ်ကျေးမှု မရှိသူဟု ပြောဆိုကြပေလိမ့်မည်။
သို့သော် ဤနေရာတွင်မူ သူသည် မမျှော်လင့်ဘဲ အများအကျိုးဆောင် သံတမန်တစ်ဦး ဖြစ်လာခဲ့လေသည်။
"ရော့ တစ်လိပ် ယူလိုက်..."
ကောင်းယွမ်သည် အသစ်တစ်လိပ်ကို ဆွဲထုတ်ကာ လှမ်းပစ်ပေးလိုက်လေသည်။
ထိုအမျိုးသမီးသည် အလွန်တရာ ဖျတ်လတ်လှပေသည်။ ပစ်လိုက်မှုမှာ အနည်းငယ် လွဲချော်သွားသော်လည်း သူမသည် လက်မနှင့် လက်ညှိုးကို အသုံးပြုကာ တည်ငြိမ်စွာပင် ဖမ်းဆုပ်နိုင်ခဲ့လေသည်။
သူမသည် စီးကရက်ကို နှာခေါင်းနားသို့ တေ့ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။
"အင်း... အနံ့လေးက မွှေးနေတာပဲ..."
ကောင်းယွမ်က ခေါင်းခါယမ်းလိုက်၏။
"ရူးနေတာပဲ..."
သူသည် ဆေးလိပ် ဆက်သောက်ချင်စိတ်ပင် မရှိတော့ပေ။ သူ သောက်လက်စ စီးကရက်ကို ကောင်းယွမ်က ခေါက်ပစ်လိုက်ရာ မြေပြင်ပေါ်သို့ လိမ္မော်ရောင် ကွေးညွတ်မျဉ်းကြောင်းလေး တစ်ကြောင်း ရေးဆွဲကာ ကျဆင်း သွားလေသည်။
ထို့နောက် ကောင်းယွမ် အံ့ဩသွားစေသည့်အရာမှာ လူအများအပြားသည် သူလွှင့်ပစ်လိုက်သော စီးကရက်တို လေးဆီသို့ အပြေးအလွှား သွားရောက်ကြခြင်းပင် ဖြစ်လေသည်။
"ငါ့ဟာ..."
"ငါ့ဟာပဲ ငါက အနီးဆုံးမှာ ရှိနေတာ..."
"သောက်ရူးတွေ ဘယ်သူအရင်ရရ သူပိုင်တာပဲ..."
စက္ကန့်ဆယ်ကျော်ခန့် ကြည့်ရှုပြီးနောက် ကောင်းယွမ်သည် ခေါင်းခါယမ်းလိုက်လေသည်။
"ဘယ်လောက်တောင် သနားစရာကောင်းတဲ့ ဘဝတွေလဲ..."
အနည်းဆုံး တန်ဖိုး သန်းဆယ်ချီ၍ ရှိကြသော ဤအလယ်အလတ် လူတန်းစားများသည် စီးကရက်တိုလေး တစ်ခုအတွက် အမှန်တကယ်ပင် လုယက်နေကြခြင်းက အံ့ဩဖွယ်ရာပင် ဖြစ်လေသည်။
ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် အကယ်၍ သူသာ ဤအလယ်အလတ် လူတန်းစားများကို လက်ရှိကမ္ဘာ၏ (၉၉၆) ဟုခေါ်သော စစ်မှန်သည့် အလုပ်ခွင်ကို တွေ့ကြုံခံစားခွင့် ပေးလိုက်မည်ဆိုပါက သူတို့သည် အလွန် အမင်း ကျေးဇူးတင်ကြပေလိမ့်မည်။
ကောင်းယွမ်သည် '၂၀၂၄' ဆီသို့ လျှောက်သွားလေသည်။
တံခါးဝသို့ ရောက်သောအခါ သူသည် ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ ကျပ်ထုပ်နေသော အပူချိန် ထိန်းအဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် သူ့နောက်သို့ လိုက်လာနေဆဲဖြစ်သည်ကို မြင်တွေ့လိုက် ရလေသည်။