← Chapters

အခန်း ၉၈၁

Vol. 51 Ch. 981

အခန်း ၉၈၁

Vol. 51 Ch. 981

အခန်း ၉၈၁။ အသက်တို

ယခုအချိန်တွင် ဟွမ်အာ၏တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေလျက်။ သူမခမျာ ရွေးချယ်စရာမရှိတဲ့အဆုံး အမှန်အတိုင်းပြောပြလိုက်ရတော့သည်။

သူမရဲ့နှလုံးသားက အစောကတည်းက တစ်ပိုင်းသေနေပြီးလေပြီ။ သူမပြန်ရောက်ပြီးနောက် အဆုံးသတ်ကောင်းမှာမဟုတ်မှန်း သိနေသည်။

တခြားအရာအားလုံးဘေးဖယ်ထားလျှင်တောင် သူမကအမှန်တရားကိုဖုံးကွယ်ထားခဲ့သည့်အတွက် မင်းသမီးကသည်းခံလိမ့်မည်မဟုတ်။ ထိုကြောင့် ယခုအချိန်မှာ အမှန်အတိုင်းပြောလိုက်ရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။ နောက်ပြီး ဆရာက အင်မတန်အံ့ဩစရာကောင်း၏။ ဒီလိုကိစ္စကိုတောင် စုံစမ်းစစ်ဆေးနိုင်စွမ်းရှိသည်။

ဤကဲ့သို့‌သော အံ့ဖွယ်စွမ်းရည်က သူမအားပိုပြီးကြောက်ရွံ့စေသည်။

“ဒီအစေခံက သခင်မလေးကို ထိခိုက်အောင်လုပ်ချင်တဲ့ရည်ရွယ်ချက်မရှိခဲ့ပါဘူး..”

ဟွမ်အာက တရှုံ့ရှုံ့ငို၏။

“နင်တို့အဲ့နေက သွားခဲ့တဲ့နေရာကိုခေါ်သွားပေး၊ အဲ့နေရာကိုမရှာနိုင်ဘူးဆိုရင် နင်ပြောတဲ့ ပေါင်ယိဆိုတဲ့သူကိုရှာရလိမ့်မယ်၊ နင်က အမှားလုပ်ထားမှတော့ ပြန်ပြင်နိုင်ဖို့ကြိုးစားသင့်တယ်၊ နင့်အတွက်လည်း လိပ်ပြာလုံရတာပေါ့”

ဤအစေခံ၏အသက်အား ကာကွယ်ပေးနိုင်မည်ဟု ရှဲ့ချောင်လည်း အာမမခံနိုင်။

ဟွမ်အာသည် သူမ၏အစေခံမဟုတ်။ ဒါ့အပြင် မရည်ရွယ်တဲ့လုပ်ရပ်ကြောင့် ကျောက်ကျားလင်ကိုပါ မြို့ပြင်ကိုထွက်စေသည်အထိဖြစ်ခဲ့၏။ ‌သို့သော်လည်း နောက်ပိုင်း၌ ကျင့်ကျူရဲ့ခရီးစဉ်အား ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားခဲ့တာဖြစ်နေသည်။

အစေခံတစ်ယောက်အတွက် အရေးကြီးဆုံးအရာက သစ္စာရှိမှုပင်။

သူမ၌ သစ္စာစောင့်သိမှုမရှိတော့တာမလို့ မင်းသမီး၏အိမ်‌တော်က သူမကိုဆက်ခေါ်ထားလိမ့်မည်မဟုတ်တော့။ သူမကိုရောင်းစားပစ်မလား သတ်ပစ်မလားဆိုတာကတော့ ပြောဖို့ခက်ပေသည်။

သူမက ဟွမ်အာကိုကယ်ပေးဖို့ အကောင်းဆိုးကြိုးစားခဲ့လျှင် နောက်ပိုင်းမင်းသမီးသိသွားလျှင်တောင် သက်ညှာထောက်ထားမှုတချို့တော့ ရှိ

လိမ့်မည်ပေ။

ဟွမ်အာလည်း မငြင်းဆန်ရဲတာကြောင့် လိမ်လိမ်မာမာနှင့်သဘောတူလိုက်သည်။

မြို့ထဲကနေမထွက်ခင် ရှဲ့ချောင်က အရင်ဆုံးထိုမသန့်ရှင်းသည့်အမျိုးသမီးဆိုသူကို သွားရှာခဲ့သည်။

အမျိုးသမီးသည် ရှဲ့ချောင်၏မြင်းလှည်းကိုမြင်လိုက်ကတည်းက ထိတ်လန့်တကြားဖြစ်နေလေပြီ။ ရှဲ့ချောင်ပါးစပ်ကနေ သူမလျို့ဝှက်စွာလုပ်ခဲ့သည့်ကိစ္စအား ထုတ်ပြောသည့်အခါ သူမမျက်နှာက ပိုပြီးနီရဲသွားတော့သည်။

“ကျွန်မ မလုပ်တော့ပါဘူး၊ ကျွန်မနောက်ဆို ထပ်မလုပ်တော့ပါဘူး၊ ကျွန်မအမှားကိုသိပါပြီ၊ ကျွန်မကို အပြစ်မပေးပါနဲ့နော်..”

အမျိုးသမီးသည် အကြောက်လွန်ပြီး ငိုမိတော့မည်အထိ။

ကျောက်ရွှမ်ကျင်း၏ နောက်လိုက်အစောင့်တစ်ယောက်၏ လက်ချက်ပင်။

အစောင့်သည် အင်မတန်ရဲရင့်ကာ ခါးတွင်လည်းတံဆိပ်ပြားတစ်ခုနှင့် ဓားတစ်ချောင်းရှိသည်။ သာမန်လူတစ်ယောက်မဟုတ်မှန်းသိသာပေ၏။

သူမ ဘယ်လိုလုပ်ပြီးလိမ်ရဲတော့မှာလဲ?

ထိုအမျိုးသမီး ရေတွင်းထဲကိုတံတွေးထွေးရသည့် အကြောင်းပြချက်က...ပိုလို့တောင် ယုတ္တိရှိမနေ။

သူမရဲ့အိမ်၌ ရေတွင်းတစ်တွင်းရှိ၍ ရေခတ်ရန်အတွက် အပြင်ကရေတွင်းကိုသွားစရာမလိုပေ။ သို့သော်လည်း ဘေးအိမ်တွင် ရေတွင်းမရှိ။ ထို

အိမ်နီးချင်း၏ စကားများက အနည်းငယ်ကြမ်းတမ်းလှသည်။ ပုံမှန်အားဖြင့် ပြောကြသည်က သူမရဲ့မိသားစုက ချမ်းသာပြီးအဆင့်အတန်းရှိခဲ့ပေမဲ့ ယခုတော့ သူမရဲ့ကလေးက အသုံးမကျတော့၍ သူတို့ကိုလည်း ပြန်ပြီးမချေပနိုင်။ ဒါတင်မက သူတို့ကအမှန်တရားကိုပြောနေကြတာဖြစ်လို့ ၎င်းကသူမကို စိတ်ထိခိုက်စေသည်။

သူမရဲ့ကလေးက ဝနေ၍ လျှော့စားသင့်တယ်ဟုသာ ဆက်တိုက်ပြောနေတတ်သည့် အိမ်နှီးချင်းလည်းရှိ၏။

သူမရဲ့ကလေးက ဝလွန်းသဖြင့် မိန်းမတစ်ယောက်တောင် ယူနိုင်လိမ့်မည်မဟုတ်ကြောင်း၊ အသက်တောင်တိုဦးမည်ဟုပါ ပြောသေးလေသည်။

ဘယ်လောက်ရက်စက်လိုက်တဲ့စကားတွေလဲ..?!

သူမဒေါသထွက်သဖြင့် ထိုလုပ်ရပ်ကို

တိတ်တဆိတ်လုပ်ခဲ့ခြင်းဖြစ်သည်။ သူမတံတွေးထွေးထားသည့်ရေကို ထိုလူတွေနေ့တိုင်းသောက်နေတာကိုမြင်တိုင်း သူမကျေနပ်မိသည်။

ရှဲ့ချောင် တံခါးဝမှာရှိနေစဉ် သူမဤမိသားစုက ကလေးကိုတွေ့လိုက်ရသည်။

သူက.. အတော်လေးဝ၏။

ချမ်းသာခြင်းက ကောင်းမွန်ပြီး တခြားသူတွေကိုအနှောင့်အယှက်မဖြစ်စေပေ။ လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် အကျိုးမရှိစေရုံသာ။ နောက်ပြီး အိမ်နီးချင်းများက ဤကလေးလေးအရွယ်ရောက်လာတာကိုကြည့်လာခဲ့ကြသူများဖြစ်နိုင်ပြီး ဤအမေက အရာအားလုံးကိုလစ်လျူရှုထားတာကို တွေ့မြင်နေရတာဖြစ်လောက်သည်။သူတို့လည်း သူမရဲ့မိသားစုကိုစိုးရိမ်သည့်အတွက် ပွင့်ပွင့်လင်းလင်းပြောပြခဲ့ရတာပင်။

ဤအမျိုးသမီးသည် အကြံပေးစကားများစွာကိုနားထောင်ခဲ့ရလောက်၏။

သို့သော် သူမကစိတ်ထဲမထားခဲ့၍ ရှဲ့ချောင်လည်း လေကုန်ခံပြီးပြောမနေတော့ပေ။

ဤပြဿနာအားဖြေရှင်းပြီးသွားသည့်နောက် အခုချိန်ထိမမှောင်သေးတာကိုအခွင့်ကောင်းယူပြီး ရှဲ့ချောင် မြို့ပြင်ကိုထွက်လာခဲ့သည်။

နေရာသည် သိပ်ပြီးမဝေးလှ။ မြို့ပြင်ဘက်ရှိ ရွာလေးတစ်ရွာဖြစ်သည်။ လမ်းမဘေး၌ ပေါင်းပင်များရှိနေသည့် လျှောက်လမ်းငယ်လေးတစ်ခုသာရှိသည်။ ရွာထဲ၌ လူဦးရေးကျို့တို့ကျဲတဲလောက်သာရှိလို့ ဖြတ်သွားဖြတ်လာလုပ်သည့်လူလည်းနည်းပေသည်။ ဒါကြောင့် ထိုအချိန်တုန်းက ပေါင်

ယိဆိုတဲ့သူ ကျင့်ကျူအပေါ်ကျူးလွန်ရဲပြီး လမ်းသွားလမ်းလာများသိသွားမှာမစိုးရိမ်တာ မထူးဆန်းတော့ပေ။

•••••

All Chapters