အခန်း ၉၈၂
Vol. 51 Ch. 982
အခန်း ၉၈၂။သက်ရှိဝိဉာဉ်
ဤလူသွားလမ်းတွင် လူသိပ်ပြီးမရှိလှ။ လမ်းတစ်ဝက်အရောက်၌ ဟွမ်အာသည် လမ်းဆုံတစ်ခုအားညွှန်ပြပြီး အတွင်းဘက်သို့ကွေ့လိုက်၏။
“ပေါင်ယိကအကျင့်မကောင်းဘူး၊ ဟိုးအရင်ကတည်းက ဒီရွာကနေနှင်ထုတ်ခံထားရတာ၊ ပိုက်ဆံရှာဖို့ နည်းလမ်းရှာတွေ့သွားပြီး ဒီနားလေးမှာအိမ်တစ်လုံးဆောက်ခဲ့တာလေ..”
ရှဲ့ချောင်စိတ်ပျက်မိသွားသည်။
ပေါင်ယိကမကောင်းတဲ့သူမှန်းသိရဲ့သားနဲ့တောင် ကျင့်ကျူကို ဒီနေရာဆီခေါ်လာရဲသေးတယ်!
အပြင်ဘက်တွင် လူနည်းစုလောက်သာရှိကာ တချို့နေရာရှိပေါင်းပင်များသည် လူ့အရပ်ထက်ပင်ရှည်သေးသည်။ အထဲမှာတစ်ခုခုသာလုပ်ခဲ့
မယ်ဆိုလျှင်တောင် လမ်းသွားလမ်းလာများမြင်နိုင်မည်မဟုတ်ပေ!
လမ်းဆုံဆီသို့ ခြေလှမ်းအနည်းငယ်မျှလျှောက်သွားပြီး ရပ်လိုက်ကြ၏။
“ဒီနေရာ။ ပေါင်ယိရောက်လာတာနဲ့ အိမ်မရောက်ခင်ဒီနေရာမှာတွေ့ဖြစ်ခဲ့တာ၊ ကျွန်မတို့မြင်းလှည်းပေါ်ကနေဆင်းပြီး သူ့နဲခဏလောက်စကားပြောဖြစ်သေးတယ်၊ နောက်တော့ လူယုတ်မာစိတ်ဝင်ပြီး ပြစ်မှုကျူးလွန်ဖို့လုပ်တော့တာပဲ”
ဟွမ်အာက ပြောနေရင်းနှင့် အောက်နားရှိကျောက်ခဲတစ်တုံးကို ညွှန်ပြလျက်
“ဒီကျောက်တုံးက ကျွန်မနဲ့သခင်မလေး သူ့ကိုထုပစ်ဖို့သုံးခဲ့တဲ့ဟာဖြစ်လောက်တယ်…”
အနှီလူဟာ ထုရိုက်ခံရပြီးသေသွားလောက်ပြီဟုထင်တာကြောင့် သခင်မလေးက ကြောက်လန်နေ
ခဲ့တာဖြစ်လောက်သည်။
သို့သော် နောက်ပိုင်း၌ ပေါင်ယိသည်သူမဆီထပ်လာရှာကာ သမားတော်နှင့်ပြဖို့အတွက်ဆိုပြီး ငွေတောင်းခဲ့သည်။
ထိုအချိန် သခင်မလေးသည် ကယောင်ကတမ်းဖြစ်လို့နေလေပြီ။
ပေါင်ယိအသက်ရှင်နေသေးသည်ဟု တိတ်တဆိတ်ပြောပြခဲ့ပေမဲ့လည်း သခင်မလေးက ပြန်လည်ကောင်းမွန်လာခြင်းမရှိခဲ့။
ရှဲ့ချောင် ဘေးပတ်ပတ်လည်လိုက်ကြည့်လိုက်သည်။
နောက်ဆုံးတော့ သစ်ပင်တစ်ပင်အောက်၌ သက်ရှိဝိဉာဉ်ကိုတွေ့လိုက်ရသည်။
သက်ရှိဝိဉာဉ်သည် ကွေးကွေးလေးနေနေကာ ခိုက်ခိုက်တုန်နေလျက်။ ရှဲ့ချောင်လျှောက်သွားခဲ့ရာ ကျောက်ကျားလင်၏ သက်ရှိဝိဉာဉ်ဘေး၌ နားကပ်တစ်စုံကိုတွေ့လိုက်ရသည်။ ၎င်းသည် အင်မတန်လှပကာ ကြွေကြနေသည့်သစ်ရွက်တို့ဖြင့် ဖုံးလို့နေသည်။
သူမလက်ဆန့်၍ ကောက်ယူလိုက်၏။
“အဲ့တာ ကျွန်မတို့သခင်မလေးဟာ!”
ဟွမ်အာက အလျင်စလိုပြော၍
“အဲ့တုန်းကသခင်မလေးက ဆံထိုးတစ်ချောင်းခိုးခံလိုက်ရသေးတယ်၊ ဒါပေမဲ့ ကြောက်အားလန့်အားနဲ့ဆိုတော့ နားကပ်ပျောက်နေတာကိုသတိမထားမိလိုက်ဘူး”
သက်ရှိဝိဉာဉ်သည် နားကပ်အား စူးစိုက်၍ကြည့်
နေပြီး ရှဲ့ချောင်ကောက်ယူတာကိုမြင်သည့်အခါ အင်မတန်စိတ်လှုပ်ရှားနေသည်။
ရှဲ့ချောင်က ခဏလောက်စဉ်းစားလိုက်ပြီး
သက်ရှိဝိဉာဉ်အား “ပေါင်ယိရဲ့ခန္ဓာကိုယ်ကို တွေ့သွားမှာကြောက်နေတာမလား၊ အာဏာပိုင်တွေစစ်ဆေးတဲ့အချိန်ကျရင် သူတို့တွေနားကပ်ကိုရှာတွေ့သွားပြီး နင့်ကိုလာရှာမှာကိုလေ”
ကျောက်ကျားလင် မှင်တက်နေမိ၏။
သူမ အနည်းငယ်ဇဝေဇဝါဖြစ်နေသည်။ နောက်ပြီး သူမရဲ့ဝိဉာဉ်က အပြည့်အစုံမဟုတ်သည့်အတွက် သူမမှာစွဲလန်းမှုတချို့ရှိပေမဲ့ အသိဉာဏ်တော့သိပ်မရှိ။
အလန့်တကြားဖြစ်နေသည့်အပြင်ကို ထိုစကားလုံးများအား ကြားလိုက်ရတာကြောင့်
စကားပင်မပြောနိုင်တော့။
ကျင့်ကျူသည် နားကပ်ပျောက်သွားမှန်းသိပြီး ကြောက်လန့်သွားတာကြောင့် သူမရဲ့ဝိဉာဉ်က ခန္ဓာကိုယ်ကနေထွက်သွားတာဖြစ်လောက်မည်ဟု ရှဲ့ချောင်ခန့်မှန်းလိုက်သည်။ သွားပြန်ယူဖို့ကလည်း သတ္တိမရှိသဖြင့် သူမရဲ့ဝိဉာဉ်ထွက်သွားပြီး “အခင်းဖြစ်ရာနေရာ”ကိုသွားဖို့ တွေးမိသွားလောက်သည်။
သို့သော် သူမ မထင်ထားခဲ့သည်က ပေါင်ယိမသေခဲ့တဲ့အပြင် သူမရဲ့ဝိဉာဉ်ကပါ ပြန်မသွားနိုင်တော့ဟု။
သူမသည် နားကပ်အပေါ်စွဲလမ်းစိတ်ရှိနေ၍ သူမရဲ့သက်ရှိဝိဉာဉ်က ပြန်မသွားနိုင်ခဲ့ပေ။
သူမကို အခုချိန်မှာတစ်ခုခုသွားပြောလည်း အသုံးမဝင်မှန်း ရှဲ့ချောင်သိသည်။
သူမက ဝိဉာဉ်အားဖြည့် နံ့သာတိုင်ကိုမီးထွန်းပြီး ဘေးဖယ်ထားလိုက်၏။
သက်ရှိဝိဉာဉ်သည် အချိန်အကြာကြီး အပြင်ဘက်မှာလျှောက်သွားနေခဲ့တာကြောင့် အင်မတန်အားနည်းနေသည်။ အချိန်မရွေးပျောက်ကွယ်သွားတော့မည့်အတိုင်းပင်။
ကျောက်ကျားလင်း၏ သက်ရှိဝိဉာဉ်က သူမခန္ဓာကိုယ်ဆီပြန်ရောက်သွားတဲ့အချိန် လူကလည်း ပိုပြီးအားနည်းလာလောက်သည်ဟု ရှဲ့ချောင်ခန့်မှန်းမိသည်။ အရင်ကလောက် ကျန်းမာဖို့မဖြစ်နိုင်တော့ပေ။
သူမနှင့် ထိုက်တန်ပေသည်။
ဒီလို အသက်ငယ်ငယ်ရွယ်ရွယ်လေးနှင့် တခြားသူ
ရဲ့သွေးထိုးလှုံ့ဆော်စကားကိုနားယောင်ပြီး လူတစ်ယောက်ရဲ့ ကံကြမ္မာကိုပြောင်းလဲပစ်ဖို့ ဆရာသွားရှာခဲ့သည်!
ကံကောင်းစွာဖြင့် သူမ မအောင်မြင်ခဲ့၍သာ။ မဟုတ်ပါက သူမသာစုန်းမတစ်ယောက်နှင့်တွေ့လျှင် သခင်မယင်းက ကံဆိုးသူဖြစ်သွားလိမ့်မည်ပေ။
“ပြီးသွားပြီလား”
ကျောက်ရွှမ်ကျင်းမေး၏။
ယနေ့တာဝန်က နည်းနည်းဝေးပေမဲ့ ခက်ခဲသည်တော့မဟုတ်။
ရှဲ့ချောင်သည် လောကနှစ်ခုလုံးကိုကျွမ်းကျင်သူဖြစ်၍ တော်သေးသည်။ မဟုတ်လျှင် ဘယ်သူက
များ ဒီလိုနေရာကိုရှာတွေ့မှာလဲ?
“အဲဒီ.. ပေါင်ယိဆိုတဲ့သူ..” ရှဲ့ချောင်က ကျောက်ရွှမ်ကျင်းကိုကြည့်၍
“သူ့ကိုဘယ်လိုဖြေရှင်းသင့်လဲ”
သူသည် နေ့ခင်းကြောင်တောင်အချိန်ကြီး၌ အင်မတန်ဆိုးရွားလှသည့် ဒုစရိုက်မှုကိုကျူးလွန်းခဲ့သည်။ သူ့ကိုသာ မဖမ်းဆီးဘဲထားထားလျှင် တခြားသူများကို အန္တရာယ်ပေးလိမ့်မည်။
သို့သော် သခင်မလေးတစ်ယောက်၏အမှုက ပြန့်သွားလို့ကောင်းသည့် သတင်းမဟုတ်။ သို့မဟုတ်ပါက မင်းသားရုန်လင်းအိမ်တော်က သူမနှင့် အိမ်ရှေ့စံမင်းသားကိုမျက်မုန်းကျိုးနေလိမ့်မည်ပေ..
•••••