← Chapters

အခန်း ၉၈၃

Vol. 51 Ch. 983

အခန်း ၉၈၃

Vol. 51 Ch. 983

အခန်း ၉၈၃။ လက်ရာကောင်းများ

ဤပြဿာနာ၏ပြင်းထန်မှုကို ကျောက်ရွှမ်ကျင်းသိသည်။ ကျောက်ကျားလင်သည် အထက်စီးဆန်ကာ အနည်းငယ်အကျင့်မကောင်းသူဆိုပေမဲ့ ဤကိစ္စက မင်းသားရုန်လင်း၏ ဂုဏ်သိက္ခာနှင့်လည်း ဆက်စပ်နေသည်။

မင်းသားရုန်လင်းအိမ်တော်၌ နောက်ထပ်ကျင့်ကျူတစ်ပါးရှိသေးသည်။ သူမက အတော်လေးလိမ္မာရေးခြားရှိ၏။ အစ်မဖြစ်သူသာ တစ်ခုခုဖြစ်သွားခဲ့သော် သူမ၏ဂုဏ်သတင်းသည်လည်း ကျဆင်းရလိမ့်မည်။ ဒါ့အပြင် သူမကသူ့ရဲ့ဝမ်းကွဲလည်းဖြစ်သလို တော်ဝင်မိသားစုဝင်တစ်ယောက်လည်းဖြစ်နေ၏။

မညှာမတာလုပ်ပစ်လို့မကောင်းပေ။

“ဒီကိစ္စကိုနောက်မှ ဦးရီးတော်ရုန်လင်းကိုပြောပြလိုက်မယ်၊ ဘယ်လိုဖြေရှင်းရမလဲ သူဆုံးဖြတ်မှာပါ”

ကျောက်ရွှမ်ကျင်းသည် အခုနောက်ပိုင်းလူတွေကို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ခြင်းမျိုးမလုပ်တော့ပေ။

အတိတ်တုန်းက သူဟာ အထီးကျန်ပြီး မသန်မစွမ်းဖြစ်ခဲ့ရ၏။ အိမ်ရှေ့စံမင်းသားနေရာကနေ နှုတ်ထွက်ဖို့အထိတောင်လုပ်ခဲ့ပေမဲ့ ခွင့်ပြုချက်မရခဲ့ချေ။

ထိုလူတွေ နေ့ရက်တိုင်းလိုလို သူ့ကိုပဲပစ်မှတ်ထားနေသည်ကို မြင်နေရ၍ စိတ်ထဲမပျော်မရွှင်ဖြစ်ရသည်။ ထို့ကြောင့် တချို့ကိစ္စတွေလုပ်တဲ့အခါ အကြင်နာတရားမဲ့လာခဲ့၏။

သို့သော် နောင်တစ်ချိန်မှာ ရှဲ့ချောင်က သူ့မိသားစုဆီလက်ထပ်ပြီး ဝင်ရောက်လာတော့မှာဖြစ်သည်။

သူ့ကိုယ်သူ နည်းနည်းပိုပြီးထိန်းချုပ်သင့်ကာ အကြောင်းအရင်းမရှိဘဲ ရန်သူတွေများလာအောင်လုပ်လို့မဖြစ်တော့။

ယွီရှန်းက သူမနောက်ကနေလိုက်လာ‌နေဆဲ။ သူမသည် တစ်လမ်းလုံးတိတ်ဆိတ်နေကာ ရှဲ့ချောင်အား လေးစားသည့်မျက်လုံးတို့ဖြင့်သာ ကြည့်နေခဲ့သည်။

ယခု ပြဿနာကိုဖြေရှင်းပြီးသွားပြီဖြစ်လို့ သူမလည်းစိတ်သက်သာရာရသွားသည်။ သူမက ကြားဖြတ်၍ “ဆရာပြောတော့ ကျင့်ကျူက ဆရာတစ်ယောက်ကိုရှာနေတာဆို၊ အဲဒီဆရာက ဆရာမလောက်ဖြောင့်မတ်တဲ့ပုံလည်းမပေါ်ဘူး၊ ဟုတ်

တယ်မလား”

“ပြီးတော့.. ပေါင်ယိလိုလူမျိုးကိုတောင် လမ်းညွှန်ပြပြီး ငွေရှာနိုင်အောင်လုပ်ပေးသေးတယ်၊ သူ့မှာ တပည့်မရှိတာသေချာတယ်၊ လူကောင်းတစ်ယောက်မဟုတ်လောက်ဘူး”

ယွီရှန်းကထပ်ပြောလိုက်၏။

“သူ့လည်း သူ့အကြောင်းပြချက်နဲ့သူရှိမှာပါ”

ကျောက်ရွှမ်ကျင်းက ခေါင်းညိတ်သည်။

“ဒီတာအိုဆရာလျိုမင်ဆိုတဲ့သူကို တစ်ခါမှမကြားဖူးဘူး၊ နောက်တစ်ခါ ယွီရွှီဘုရားကျောင်းက ဆရာကြီးယွမ်ချန်းကျစ်နဲ့တွေ့တော့မှပဲ မေးကြည့်လိုက်တော့မယ်၊ မြို့တော်ထဲက သူနဲ့အလုပ်တူတဲ့သူတော်တော်များကိုသိလောက်တယ်၊ တစ်ခုနှစ်ခုလောက်တော့သိမှာပါ”

ရှဲ့ချောင် ပြန်ဖြေသည်။

ဤကိစ္စသာ အဆင်မပြေခဲ့လျှင် အပြင်မှာအိပ်ရတော့မည်ဟု ရှဲ့ချောင်ထင်ခဲ့၏။ သို့သော် အခုတော့ သူမမြို့ထဲပြန်လျှင်တောင် မြို့တံခါးပိတ်လောက်မှာမဟုတ်သေးပေ။

သူမချက်ချင်း ထွက်ခွာလာခဲ့၏။

မြို့ထဲပြန်ရောက်သည်နှင့် ကျောက်ရွှမ်ကျင်းက တော်ဝင်ကျောင်းတော်ဆီပြန်သွားသည်။

ရှဲ့ချောင်သူ့ကို နည်းနည်းတော့မနာလိုဖြစ်မိသည်။

အိမ်ရှေ့စံမင်းသားတစ်ပါးအနေဖြင့် ပုံမှန်ဆိုလျှင် တိုင်းပြည်၏ အခြေခံအုတ်မြစ်ကိုထိခိုက်စေမည့် မတော်တဆမှုများမှကာကွယ်ရန် နန်းမြို့တော်ထဲမှာသာ နေရသည်။

သို့သော် ကျောက်ရွှမ်ကျင်းကတော့ 'ဥပဒေမလိုက်နာသူ’ ဆိုတဲ့အထိ နေချင်သလိုနေနေသူဖြစ်၏။ အချိန်ကုန်ဖို့အတွက် မှုခင်းစီရင်ရေးဌာနမှာ တစ်ခုခုလုပ်စရာရှာတတ်ပြီး ဝောာ်ဝင်ကျောင်းတော်မှာ အခြေချနေတတ်သည်။ တကယ်ကို အေးအေးလူလူပင်။

ဧကရာဇ်၏ အလိုလိုက်မှု ချစ်မြတ်နိုးမှုအရကြည့်လျှင် အဆုံး၌ ဘုရင်တစ်ပါးဖြစ်မလာလျှင်တောင် ၎င်းကသူမလုပ်ချင်လို့သာဖြစ်နိုင်သည်။

လူတိုင်း ပြန်သွားကြသော်လည်း ရှဲ့ချောင်ကတော့ ငြိမ်းငြိမ်းချမ်းချမ်း မအိပ်စက်နိုင်သေးချေ။

အရေးကြီးကိစ္စကို ဖြေရှင်းရဦးမည်။

ပိုင်လိမိသားစုဝင်များသည် သူမအား ကြမ္မာဥယျဉ်တွင်စောင့်နေကြ၏။ အရေးကြီးကိစ္စဖြစ်သဖြင့် အချိန်မဆွဲရဲပေ။

မုန့်ကျားပေါင်ကနေပြန်ရောက်ပြီးကတည်းက အိမ်ပြန်ပြီးမောင်နှများနှင့်သွားတွေ့ဖို့တောင် အချိန်မရှိခဲ့။ ဘဝသည် ခက်ခဲလှကာ သူမအတွက်ရှင်သန်ဖို့ခက်ပေသည်။

ကျိပိုင်လိသည် သူမ၏နေရာအား သူ့အိမ်သူယာလို သဘောထားပြီးနေနေလေသည်။

မနက်အစော သူမ မထွက်သွားခင်က သူ့အတွက်စာအုပ်နည်းနည်းလောက်ကို တကူးတကမီးရှို့ပေးခဲ့သေးသည်။ အနှီပုဂ္ဂိုလ်က လက်တင်ကုလားထိုင်မှာထိုင်ရင်း လက်ဖက်ရည်လေးသောက် စာအုပ်လေးဖတ်ရင်း အပူအပင်မဲ့စွာနေ

နေလေသည်။ သူ့မျိုးဆက်များကို ပျောက်ဆုံးထားသည်နှင့်တောင်မတူ။

“ဆရာမ ပြန်ရောက်ပြီလား”

ကျိပိုင်လိက သူမကိုတွေ့တဲ့အခါ နှုတ်ဆက်ဖို့မမေ့။

“ဆရာမမှာ တခြား‌စာအုပ်ကောင်းလေးတွေရှိသေးလား၊ ဒီစာအုပ်တွေက သိပ်မကောင်းဘူး၊ ဒီစာအုပ်ကိုရေးတဲ့သူက ကျုပ်မိသားစုက ကလေးတွေနဲ့တောင် ယှဉ်မရဘူး”

ရှဲ့ချောင် ပြောစရာစကားပျောက်သွားရသည်။

ယှဉ်လို့မရတာက ပုံမှန်ပဲလေ!

အတိတ်တုန်းက ပိုင်လိမိသားစုသည် မိသားစုကြီး

တစ်ခုဖြစ်ခဲ့၏။ နှစ်ပေါင်းများစွာ ကြွယ်ဝမှုနှင့်ဗဟုသုတများကို စုဆောင်းခဲ့သည်။ ထို့ကြောင့် မိသားစုထဲမှသူများက အသုံးမကျဘူးဆိုလျှင်တောင် သာမန်လူများထက် စာဖတ်ခြင်းအရာမှာ ပိုကောင်းသည့်သူများပင်။

ထိုအချိန်တုန်းကဆို နန်းတွင်းရုံးတော်မှာတောင်မှ ပိုင်လိမိသားစုဝင်များစွာရှိသည်။

ဒါကြောင့်လည်း ပိုင်လိမိသားစုသုတ်သင်ခံရသည့်အခါ စတင်ပုန်ကန်ကြသည့်လူများရှိခဲ့ခြင်းဖြစ်သည်။

“မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ လက်ရာကောင်းလေးဘာလေးမရှိဘူးလား၊ အဲဒါတွေကိုမီးရှို့ပြီး ငါ့ရဲ့အသိပညာတွေကို ကျယ်ပြန့်စေလိုက်စမ်းပါ ဟုတ်ပြီလား” ကျိပိုင်လိထပ်ပြောလိုက်သည်။

•••••

All Chapters