← Chapters

အခန်း ၉၈၆

Vol. 51 Ch. 986

အခန်း ၉၈၆

Vol. 51 Ch. 986

အခန်း ၉၈၆။ငွေအိတ်လောက်ကတော့ ဘာလုပ်မှာလဲ

ရှဲ့ချောင်သည် သူမအတွက် ဘယ်အရာကကောင်းသလဲဆိုတာကို မသိသူမဟုတ်။

ကျိပိုင်လိကိုယ်တိုင်က သင်ပြပေးမည်ဟု ပြောလာသည့်အတွက် သူမအနေနဲ့ဣ‌န္ဒြေတစ်ခွဲသားဖြင့် နေနေစရာမလိုပေ။

သူမက ချက်ချင်းဆိုသလို ဦးညွတ်၍

“ကျေးဇူးပါ ဆရာကြီးကျိပိုင်လိ၊ ကျွန်မကြိုးစားပြီးသင်ယူမှာပါ”

နောက်မှ သူမရဲ့ဆရာကိုတော့ အကြောင်းကြားရဦးမည်ပင်။

သူမဆရာသည် သူမက လောကနှစ်ခုလုံးနှင့်ဆက်သွယ်နိုင်မှန်းသိထားသည်။ သူမသာ နာမည်

ကျော် ကျိပိုင်လိနှင့်တွေ့ခဲ့ကြောင်းကြားလို့ကတော့ သူမထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေလောက်သည်။ သို့သော် ကျိပိုင်လိသည် ဤလောကထဲ၌ ကြာကြာနေလို့မသင့်၍ သူမက ၁၂၀ ရာခိုင်နှုန်းလောက် အားထည့်သင့်ယူရလိမ့်မည်။ သူမ သင်ယူနိုင်လျှင် ပိုကြိုစားပြီးသင်ယူရမည်။ ဤနည်းဖြင့် သူမကိုယ်သူမလည်း စိတ်မပျက်စေရသလို ကျိပိုင်လိရဲ့ စေတနာကောင်းကိုလည်း ပျက်စေလိမ့်မည်မဟုတ်ပေ။

အိမ်မှာရှိသမျှ ဆေးအားလုံးယူလာရမလိုတောင် ရှဲ့ချောင်ထင်မိသွားသည်။

ကျိပိုင်လိသည် သူမအားနှစ်သိမ့်ပေးနေတာနှင့်တောင်တူ၏။ ရှဲ့ချောင်အား ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ပြပြီး

“ငါသေသွားတာ ဒီလောက်ကြာနေတာတောင် အသက်ရှင်နေတဲ့လူတစ်ယောက်ကို သင်ပြပေးနိုင်

ဦးမယ်လို့ မထင်ထားဘူး၊ မင်းနဲ့ငါက တကယ်ကိုရေစက်ပါတဲ့ပုံပဲ”

လောကနှစ်ခုလုံးနှင့် ဆက်သွယ်နိုင်သည့်စွမ်းရည်က အံ့ဩစရာကောင်းသည်။

ဆရာမမော့သည် ဤအရည်အချင်းကိုအားကိုးပြီး အကျိုးအမြတ်တချို့ရနိုင်မှန်း ကျိပိုင်လိလည်းသိသည်။ သို့သော် အလားတူးစွာပင် တချိူ့အရာများကိုတော့ သူမ လက်လျှော့ရလိမ့်မည်။ လောကကြီးထဲက ရှိရှိသမျှ မကောင်းဆိုးဝါးဝိဉာဉ်တိုင်းက သူ့လိုမျိုး ကျိုးကြောင်းသင့်ပြီး ကြည့်ကောင်းနေတာမဟုတ်။

ယနေ့တောင်မှ သူကြမ္မာဥယျာဉ်ထဲမှာ စာဖတ်နေစဉ် အပြင်ဘက်က လွင့်မျောနေသည့် အရုပ်ဆိုးဆိုး ညစ်တီးညစ်ပတ် မကောင်းဆိုးဝါးဝိဉာဉ်နှစ်ကောင်ကို တွေ့လိုက်ရသေးသည်။

ထိုသို့သောအရာတွေကိုနေ့ရက်တိုင်းတွေ့မြင်နေရသည့် သခင်မလေးတစ်ယောက်အဖို့ မရူးသွားတာ ဤကလေးမက သတ္တိရှိနေ၍သာဖြစ်သည်။

ရှဲ့ချောင်က ဘာမှသိပ်မပြော။ သူမရဲ့ပန်းချီကို ဘေးဖယ်ထားလိုက်သည်။

ထို့နောက် အရိုးစုတ်တံကိုယူထုတ်လိုက်၏။

အရိုးသေးသေးလေးကိုကြည့်နေသည့် ကျိပိုင်လိ၏ မျက်နှာထားက ခါတိုင်းလိုပင်။

“တခြားဟာတွေပြောမနေပါနဲ့တော့၊ ဒီစုတ်တံက တကယ်မဆိုးဘူး၊ ဆရာမမော့ ငါတို့အခုဘာလုပ်ဖို့လိုလဲ”

“အရိုးကိုအရင်ဖယ်လိုက်မယ်၊ တခြားဟာတွေ

လည်း ပြင်ဆင်ဖို့လိုသေးတယ် အချိန်တိုအတွင်းတော့ပြီးမှာမဟုတ်တာသေချာတယ်”

ရှဲ့ချောင် ပြောလိုက်၏။

“ကိစ္စမရှိဘူး၊ ငါ့ရဲ့မျိုးဆက်တွေလုံးဝမရှိတော့ဘူးဆိုရင်လည်း ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးလေ၊ အချိန်အကြာကြီးနေလာခဲ့ပြီးနောက်ပိုင်း ငါလည်းဆင်ခြင်လာနိုင်တာပဲကို”

ကျိပိုင်လိသည် အပူအပင်ကင်းနေသည့်ပုံပင်။

သို့သော်လည်း ၎င်းကစကားလှအောင်ပြောနေခြင်းသာ။

ကျိပိုင်လိ၏ မျိုးဆက်တွေအားလုံးသေကုန်ပြီးမှန်း ရှဲ့ချောင်နားလည်သည်။ မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်လာပြီး ဖျက်ဆီးခံလိုက်ရတာဆိုလျှင် သူတို့လည်း မတရားသလိုခံစားရမည်ပင်။ အငြိုးကြီးဝိဉာဉ်တောင် ဖြစ်လာနိုင်သေးသည်။

သူမ ထိုအရိုးသေးတစ်ချောင်းကိုယူထုတ်လိုက်၏။

ထို့နောက် ကျိပိုင်လိအား အရိုးပိုင်ရှင်၏မွေးဖွားရာလက္ခဏာများကို မေးလိုက်သည်။

ရှဲ့ချောင်သည် ထိုအရိုးအားအမှုန့်ဖြစ်အောင်ကျိတ်ခြေပြီးနောက် အဆောင်ရေပန်းကန်းထဲသို့ လောင်းထည့်လိုက်သည်။ သူမလက်ကိုမြှောက်၍ ဂါထာမန္တန်တစ်ခုရွတ်လိုက်၏။ သူမရဲ့ဘေးမှာ သစ်သားရုပ်ပုံတစ်ခုကိုထားထားသည်။

ချီစွမ်းအင်တစ်ခု ပန်းကန်လုံးထဲကနေ လွင့်မျောထွက်လာပြီး မွေးဖွားလက္ခဏာများရေးထားသည့် သစ်သားရုပ်ပုံထဲဝင်သွား၏။ သို့သော် ချီစွမ်းအင်က ဖျော့လွန်းတာကြောင့် မတည်ငြိမ်မှာစိုးရိမ်နေမိသည်။ ထို့ကြောင့် သူမတင်ပျဉ်ခွေထိုင်

ကာ မန္တန်အားအဆက်မပြတ်ရွတ်နေရသည်။

သူမ၏ နှုတ်ခမ်းအရောင်ပင် အနည်းငယ်ဖျော့သွားသည်။

ကျိပိုင်လိသည်လည်း ဘေးနားမှာတစ်ချိန်လုံးမတ်တပ်ရပ်နေသည်။ ညသန်းခေါင်အချိန်၌ ကျိပိုင်လိ၏မိသားစုဝင်တချို့က လေကောင်းလေသန့်ရှုဖို့ထွက်လာကြရာ ထိုမြင်ကွင်းကိုမြင်သွားကြ၏။

သူတို့ရဲ့ခံစားချက်တို့ ရှုပ်ထွေးသွားကြသည်။

“ဒီဆရာမရဲ့ ခန္ဓာကိုယ်ကကျန်းမာတဲ့ပုံမပေါ်ဘူး၊ ဒီလိုမျိုးရွတ်နေလို့ အဆင်ပြေပါ့မလား၊ ငါတို့မိသားစုရဲ့ ဒုက္ခသေးသေးလေးအတွက်နဲ့ ကိုယ့်အသက်ကိုယ်လက်မလျှော့ပါနဲ့လား”

“ဒါပေမဲ့ လူဘယ်နှယောက်ကများ လောကနှစ်ခု

လုံးနဲ့ဆက်သွယ်နိုင်တာမလို့လဲ၊ ယင်းယန်မျက်လုံးရှိတဲ့သူတောင် သူ့လိုမျိုးအရည်အချင်းရှိတာမဟုတ်ဘူး၊ ဒါကြောင့် သူ့ကိုအခက်တွေ့အောင်လုပ်ဖို့ကလွဲပြီးမရှိဘူး”

ယွီရွှီဘုရားကျောင်းတွင်လည်း အစွမ်းထက်သည့် တာအိုဆရာများရှိသည်။

သို့သော် သူတို့သည်အသက်ကြီးမှသာ ‌ကောင်းကင်ဘုံမျက်လုံးကိုရရှိထားတာဖြစ်ပြီး ဆရာမမော့လိုအချိန်မရွေးနေရာမရွေး ဆက်သွယ်နိုင်နေခြင်းမျိုးမဟုတ်။

“သူ့ကိုသေချာလေးကျေးဇူးတင်ရမယ်၊ ဒါနဲ့ ငါအပြင်ဘက်မှာသွားနေတုန်း လူတစ်ယောက်ရဲ့ ပိုက်ဆံအိတ်တောထဲမှာပစ်ထားတာတွေ့လိုက်တယ်၊ ဘယ်သူကမှ‌မတွေ့သေးတော့ ပိုက်ဆံအိတ်ကအဲ့နေရာမှာပဲရှိလောက်ဦးမှာ၊ နောက်မှ ကျေးဇူးဆပ်တဲ့အနေနဲ့ ပြောပြရမယ်”

“ငါတို့ရဲ့ ဘိုးဘေးက သူ့ကိုရတနာသေတ္တာနေရာကိုတောင် ပြောပြပြီးပြီ.. မင်းရဲ့ငွေအိတ်လောက်ကတော့ ဘာလုပ်မှာလဲ”

•••••

All Chapters