အခန်း ၉၈၇
Vol. 51 Ch. 987
အခန်း ၉၈၇။ အရေပြားကွာကျသွားပြန်ပြီ
ပိုင်လိမိသားစုမှဝိဉာဉ်များသည် ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြ၏။
နောက်တစ်နေ့ နေ့လည်ရောက်ခါနီးလောက်တွင်မှ ရှဲ့ချောင်ရပ်လိုက်သည်။ ရှဲ့ချောင်မတ်တပ်ထရပ်ချိန်တွင် သူမ၏ေခါင်းကိုခါပြီး နဖူးအား ဇဝေဇဝါဖြစ်စွာနှင့်သုတ်လိုက်၏။
မိတ်ကပ်အပိုင်းအစကြီးတစ်ခုကွာကျလာသည်။
ကျိပိုင်လိသာမက တခြားသူတွေပါ ထိတ်လန့်သွားကြသည်။
အရေပြား ကွာကျသွားတာလား?
“သူ့မျက်နှာက အတုကြီးလား?!”
တချို့သော မကောင်းဆိုးဝါးဝိဉာဉ်များက မှတ်ချက်ပြုကြ၏။
“ကြောက်စရာကြီး၊ သူက တာအိုဆရာတစ်ယောက်လေ၊ မဟုတ်မှလွဲရော သူက စွမ်းအင်အဆီအနှစ်တွေစုပ်ယူပြီး အသားအရေကိုတစ်သက်လုံးငယ်ရွယ်နေအောင် ပြောင်းနေတဲ့ မကောင်းဆိုးဝါးများလား”
ကျိပိုင်လိသည် အသုံးမကျသည့်မြေးဖြစ်သူအား မျက်လုံးလှိမ့်ပြလေသည်။
“ရိုးရိုးရှင်းရှင်း ရုပ်ဖျက်တာလေးတစ်ခုလောက်ကို၊ ဘာတွေများ အလန့်တကြားဖြစ်နေတာလဲ”
“ဘိုးဘေးပြောတာ မှန်ပါတယ်..”
မကောင်းဆိုးဝါးဝိဉာဉ်များက နာခံစွာ ခေါင်းညိတ်ကြသည်။
သူတို့အားလုံး ဗီရိုဘေးနားသို့ ခိုးကြောင်ခိုးဝှက်ဝင်ပုန်းကြကာ အသံများက ခြင်အသံပမာ ဖျော့တော့နေ၏။
ထိုအရေပြားသည် အများကြီးကွာကျသွားတာဖြစ်၏။
ရှဲ့ချောင်လည်း သတိထားမိသဖြင့် ရေတစ်ဇုံလုံယူခိုင်းလိုက်ပြီး ခပ်သုပ်သုပ်မျက်နှာသစ်လိုက်သည်။
မျက်နှာပေါ်က မိတ်ကပ်အားလုံးဆေးကြောပြီး၍ နောက်တစ်ခါထပ်လိမ်းရဦးမည်။
သူမဘေးမှာရှိနေသည့် မကောင်းဆိုးဝါးဝိဉာဉ်များကိုတော့ ရှဲ့ချောင်ဂရုစိုက်မနေ။ ဒါတင်မက သူတို့က သူမရဲ့သရုပ်မှန်ကိုသိသူများဖြစ်၏။ သူတို့
သာ သူမအကြောင်း တကယ်သိချင်နေတာဆိုလျှင် သူမက ဖုံးကွယ်ထားချင်လျှင်တောင် ဖုံးကွယ်ထားလို့မရနိုင်ပေ။
“မင်း- မင်းက ငယ်ငယ်လေးပဲရှိသေးတာပဲ?”
ကျိပိုင်လိ၏ အိုမင်းနေသည့်မျက်နှာက တုန်ယင်နေလေသည်။
"ဟုတ်တယ်၊ ကျွန်မက ငယ်ငယ်လေးပဲရှိသေးတာလေ ၊ ကျွန်မတာအိုဆရာတစ်ယောက်အဖြစ် ဟန်ဆောင်တော့ တခြားသူတွေက ကျွန်မရဲ့အရည်အချင်းကိုမယုံကြဘူး၊ ဒီတော့ ကျွန်မရဲ့ပုံပန်းသွင်ပြင်ကိုပြောင်းရတော့တာပေ့ါ" ရှဲ့ချောင်က အမှန်အတိုင်းပြောပြလိုက်သည်။
ကျိပိုင်လိနှလုံးသားထဲ နာကျင်သွားရသည်။
“မင်းရဲ့ အသက်ငယ်ငယ်လေးနဲ့တောင် ဒီလိုပန်းချီမျိုးဆွဲနိုင်နေရဲ့သားနဲ့ ဒါကိုပဲပိုပြီး အာရုံစိုက်သင့်
တာပေါ့၊ မင်းရဲ့ ကွန်ဖြူးရှပ်ဝါဒဆရာနဲ့.. ဓမ္မတရားကိုလေ့လာလို့ ဘာထူးမှာလဲ..?”
သူ့သားစုမှာ ဒီလိုပါရမီရှင်ကလေးတစ်ယောက်ရှိလို့ကတော့ သင်ယူဖို့ကလွဲပြီး တခြားအရာတွေမှာအာရုံစိုက်ခိုင်းလိမ့်မည်မဟုတ်ပေ!
တခြားအရာတွေက အချိန်ဖြုန်းခြင်းသက်သက်သာဖြစ်လိမ့်မည်။
မကျေမနပ်ဖြစ်နေသူမှာ ကျိပိုင်လိတစ်ယောက်တည်းမဟုတ်။ ပိုင်လိမိသားစုက တခြားမိသားစုဝင်တွေကတောင် ရှဲ့ချောင်အား အားမရသည့်အကြည့်ဖြင့်ကြည့်နေကသည်။
“ကျွန်မရဲ့အဓိကတာဝန်က မကောင်းဆိုးဝါးဝိဉာဉ်တွေကိုစောင့်ရှောက်ဖို့ ဒုတိယဝါသနာကမှ စာဖတ်
တာ” ရှဲ့ချောင်က အလေးပေးပြောလိုက်သည်။
ဒု- ဒုတိယ?!
ပိုင်လိမ်မိသားစုဝင်အားလုံး ဒေါသထွက်ကုန်လေသည်။
ဒီလောကကြီးထဲမှာ သာမန်အဆင့်အတန်းက တပည့်တွေဘယ်လောက်တောင်မှ အခက်အခဲနဲ့ရင်ဆိုင်နေရလဲ။ စာသင်ဖို့ အခွင့်အရေးရှိတယ်ဆိုရင် လှေကားပေါ်တက်နိုင်ဖို့ အကောင်းဆုံးကြိုးစားသင့်တယ်!
သူမက သခင်မလေးတစ်ယောက်ပဲဆိုပေမဲ့ သူမရဲ့ကိုယ်ပိုင်အရည်အချင်းကိုအားကိုးပြီး မျိုးဆက်တစ်ခုရဲ့ ပါရမီရှင် အမျိုးသမီးဖြစ်လာနိုင်တာပဲမဟုတ်လား? သမိုင်းမှာ အချိန်အကြာကြီးကျော်ကြားခဲ့တဲ့ မြင့်မြတ်တဲ့အမျိုးသမီးမရှိခဲ့ဖူး
တာလည်းမဟုတ်!
နှမြောစရာကောင်းလိုက်တာ.. နှမြောစရာကောင်းလိုက်တာ!
မကောင်းဆိုးဝါးဝိဉာဉ်တစ်အုပ်လုံး မျက်လုံးထဲ၌ မီးတောက်နေကြသည် ။
သို့သော် ရှဲ့ချောင်ကတော့ သူမရဲ့မိတ်ကပ်အား အေးအေးလူလူပြန်လိမ်းပြီး မီးခိုးရောင်တာအိုဝတ်စုံကိုဝတ်ဆင်လိုက်သည်။ ထို့နောက် မနေ့ကခေါ်လာခဲ့သည့် သက်ရှိဝိဉာဉ်ကိုခေါ်၍ ကြမ္မာဥယျာဉ်ကနေထွက်လာလေသည်။
တစ်ညလုံးမအိပ်ထားရသေးသဖြင့် သူမ၏ခြေလှမ်းတို့က အနည်းငယ်ယိုင်တိုင်တိုင်ဖြစ်နေသည်။ ကံကောင်းစွာဖြင့် မြင်းလှည်းထဲဝင်ပြီးနောက် မင်းသားရုန်လင်း၏ အိမ်တော်နှင့်ဝေး
သေးတာကြောင့် ကြားထဲမှာတစ်ရေးလောက်အိပ်လို့ရသေးသည်။
“ဘိုးဘေးရယ်..သူသာ ကျုပ်ကလေးဆိုလို့ကတော့.. သူ့ခြေထောက်တွေကိုရိုက်ချိုးပစ်ဦးမှာ၊ စာလေ့လာတဲ့နေရာမှာအဟန့်အတားဖြစ်မှာထက် အိမ်မှာပိတ်ပြီး ဘယ်မှမသွားခိုင်းပဲထားနေခိုင်းမှာ”
“သူကြောင့်သာမဟုတ်ရင်.. ဘယ်သူကမှ မင်းရဲ့ဆွေမျိုးတွေကို ကူရှာပေးမှာမဟုတ်ဘူး”
ကျိပိုင်လိက နောက်ဆုံးတော့သက်ပြင်းချလိုက်၏။
လူတိုင်းမှာ ကိုယ်ပိုင်ကံတရားရှိသလို လူတိုင်းက ကိုယ့်သီအိုရီနဲ့ကိုယ်ရှိသည်။
ဤသခင်မလေးသည် အင်မတန်ခေါင်းမာသူဖြစ်၏။
သူမသည် တာအိုဆရာဖြစ်ချင်နေတာဖြစ်လို့ ဘယ်သူကမှ သူမကိုတားနိုင်မည့်အကြောင်းရင်းမရှိ။ သူလည်း ခေါင်းမာသည့် လူအိူကြီးတစ်ယောက်မဟုတ်တာမို့ လူငယ်တွေရဲ့အတွေးကိုသာ လက်ခံဖို့ ကြိုးစားနေရသည်။
“သခင်မလေးက ကူညီပြီးသွားရင် အစွမ်းအစမရှိတဲ့သူတွေကိုအရင်ပို့ပစ်မှာ၊ အစွမ်းအစရှိတဲ့သူတွေကနေရစ်ပြီး သူ့ကိုကောင်းကောင်းသင်ပြပေး”
ကျိပိုင်လိက ထပ်ပြောသည်။
သူသဘောကျရသည့် တပည့်တစ်ယောက်နှင့်တွေ့ရဖို့ဆိုတာ မလွယ်ကူလှ။ ပါရမီရှင်တပည့်တစ်ယောက်နှင့် ဆုံနိုင်ဖို့ဆို ပိုလို့တောင်ရှားသေးသည်။
•••••