အခန်း ၉၈၈
Vol. 51 Ch. 988
အခန်း ၉၈၈။ နောက်ထပ်ဒုက္ခတစ်ခု
မင်းသားရုန်လင်းအိမ်တော်သို့ သွားရာလမ်းတွင် ရှဲ့ချောင် ခဏတာ အိပ်ပျော်သွားခဲ့ပေမဲ့ လန်းဆန်းလာစေဖို့အထိ အကူအညီမဖြစ်၊ လူတစ်ကိုယ်လုံး နုံးချည့်နေဆဲပင်။
ဟွမ်အာဟုခေါ်သည့် အေစခံမိန်းကလေးအား မနေ့ကတည်းက အိမ်တော်ဆီပြန်ပို့ထားပြီလေပြီ။ မင်းသမီးကြီးလည်း ဖြစ်ကြောင်းကုန်စဉ်အား သိသွားခဲ့သည်။
သူမက ဒေါသထွက်လွန်းသဖြင့် ထိုအစေခံအားအား ဆွဲထုတ်ခိုင်းပြီး အချက်နှစ်ဆယ်ရိုက်စေခဲ့၏။
သူမ၏သမီးသာ အသက်ရှင်နေဦးမည်ဆိုလျှင်
အမှန်တရားကိုဖုံးကကွယ်ထားသည့် ဤအစေခံ၏ အသက်အား ချမ်းသာပေးလို့ရသေးသည်။ သို့သော် သူမသမီးသာသေသွားခဲ့လျှင်တော့.. သူမ သည်းခံလိမ့်မည်မဟုတ်ပေ!
တစ်ညလုံး ဝေဒနာခံစားရပြီးနောက် ယနေ့ဆရာမော့ကိုတွေ့လိုက်ရချိန်တွင် မင်းသမီးကြီး၏ နှလုံးသားထဲတုန်လှုပ်သွားပြီး ရတက်မအေးဖြစ်သွားရသည်။
“ဆရာမ ဘာဖြစ်လို့လဲ”
မင်းသမီးကြီးက ဂရုတစိုက်မေးလိုက်၏။
“ဘာမှမဖြစ်ပါဘူး၊ မနေ့ညက တစ်ညလုံးအလုပ်ရှုပ်နေတော့ လူကမလန်းဘူးဖြစ်နေတာ”
ရှဲ့ချောင်၏ အသံတို့က အနည်းငယ်အက်ရှရှဖြစ်ပြီး အားနည်းနေသည်။
မင်းသမီးကြီးက သက်ပြင်းချ၍
“ဆရာမလည်း ကြိုးစားခဲ့ရတာပဲ၊ အိမ်တော်ထဲမှာ ဂျင်ဆင်းကောင်းနည်းနည်းရှိတယ်၊ ခဏနေ ယူလာပေးမယ်လေ၊ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဦးမှပေါ့”
ရှဲ့ချောင်က ရပ်မနေဘဲ ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
မင်းသားရုန်လင်းအိမ်တော်ရှိ တောင်ပေါ်ဂျင်ဆင်းပင်များသည် ရှားပါးပြီးအရည်အသွေးလည်းမြင့်သည်။ သိမ်းထားပြီး ဆေးဝါးဖော်စပ်လို့ကောင်းပေသည်။
သူမအနေနဲ့ ငွေလျှော့ယူလိုက်ရုံပင်။
ကျောက်ကျားလင်ခမျာ ယနေ့ထိ စိတ်ဖောက်ပြန်နေဆဲပင်။သူမအား ကြိုးတုပ်ထားတာကြောင့် ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများစွာရှိလို့နေသည်။ အင်မတန် သနားစရာကောင်းလှသည်။
သူမသာ သာမန်ဆယ်ကျောက်သက်အရွယ်
မိန်းကလေးတစ်ယောက်ဆိုလျှင်..
ကံမကောင်းချင်တော့.. ဤမိန်းကလေးက အလိုလိုက်ခံထားရ၍ ပျက်ဆီးနေသည်။
ရှဲ့ချောင် သူမရဲ့သက်ရှ်ိဝိဉာဉ်ကိုလွှတ်ပေးလိုက်၏။
မန္တန်ရွတ်လိုက်ချိန်တွင် သက်ရှိဝိဉာဉ်က ကျောက်ကျားလင်၏ ခန္ဓာကိုယ်ထဲပြန်ဝင်သွားသည်။ ရုတ်ချည်းဆိုသလိုပင် သူမရဲ့ လှုပ်ရှားမှုတို့ရပ်တန့်
သွား၏။ သူမ အနည်းငယ်ဇဝေဇဝါဖြစ်နေပြီး ကြောက်ရွံ့နေသည်။
သူမက ဟိုဟိုဒီဒီလှည့်ကြည့်ရင်း မင်းသမီးကြီးကိုမြင်သွား၏။
“အမေ!”
“သမီး လူတစ်ယောက်ကိုသတ်မိသွားတယ်၊ လူတစ်ယောက်ကို သတ်ခဲ့မိတယ်.. သမီးအရမ်းကြောက်တယ်..”
ကျောက်ကျားလင်က အသံကုန်အော်ဟစ်လေသည်။
ထိုအော်ဟစ်မှုကြောင့် မင်းသမီးကြီးခမျာ ဝမ်းသးလွန်းပြီးငိုပါငိုမိသည်။ သူမက အပြေးအလွှားလာပြီး
“ဘာမှမဖြစ်ဘူးနော်၊ ကလေး! အဲ့ဒီလူမသေဘူး!
သမီးရဲ့အမှားမဟုတ်ဘူး၊ သူက လူဆိုးတစ်ယောက် မကောင်းတဲ့သူတစ်ယောက် သမီးလုပ်ခဲ့တာတော်တယ်၊ သမီးက မှန်ကန်တဲ့လုပ်ရပ်လိုလုပ်ခဲ့တာ”
သူမ မမှားခဲ့ပေ။
ကျောက်ကျားလင်သည် အစကမကောင်းသည့်အတွေးဝင်ခဲ့ပေမဲ့ သေချာစဉ်းစားကြည့်ပြီးနောက် တကယ်မလုပ်ခဲ့ပေ။
ထိုပေါင်ယိဆိုသူက သူမထက်ပင် ပိုယုတ်မာသေးသည်။
“သမီး အရမ်းကြောက်တယ်.. အမေ.. သူသမီးကိုအနိုင်ကျင့်တယ်. သူက..”
ကျောက်ကျားလင်မှာ ဘယ်လိုလုပ်ပြီးအထက်စီး
ဆန်တဲ့ပုံရှိနေနိုင်တော့မှာလဲ?
မင်းသမီးကြီးက လူခေါ်၍ကြိုးများကိုဖြေခိုင်းကာ သူမရဲ့သမီးကို နှစ်သိမ့်ပေးလိုက်၏။
ကျောက်ကျားလင်၏ နှလုံးသားမှာ ပြင်းထန်သည့်ဝေဒနာကိုခံစားခဲ့ရတာဖြစ်၍ သူမကိုထားမသွားရက်ပေ။
ရှဲ့ချောင်က သာမန်ကျောက်စိမ်းဆွဲပြားတစ်ခုကို ကမ်းပေးလိုက်၏။
“ဒီဟာက ဝိဉာဉ်ကိုအားပြည့်စေတယ်၊
၄၉ ရက်ဆွဲထားလိုက်”
“ကျေးဇူးတင်ပါတယ် ဆရာမ”
မင်းသမီးကြီးက သူမအား အမြန်ကျေးဇူးတင်လိုက်သည်။
“နောက်ပြီး..”
ရှဲ့ချောင်က ကျောက်ကျားလင်ကိုတစ်ချက်
ကြည့်၍
“သူ့မှာ နောက်ထပ်ဒုက္ခတစ်ခုကျန်သေးတယ်”
“ဆရာမ.. ကျေးဇူးပြုပြီး ကျွန်မကိုအလင်းပြပါဦး”
မင်းသမီးကြီးခမျာ နှလုံးခုန်မြန်သွားရသည်။
“စိတ်မပူပါနဲ့၊ မင်းသမီးရဲ့သမီးမှာက ချမ်းသားပြီးမြင့်မြတ်တဲ့ကံဇာတာရှိတယ်၊ ယေဘုယျကျကျပြောရရင် သူက ငယ်ရွယ်တဲ့အမျိုးသားကောင်းတစ်ယောက်နဲ့ လက်ထပ်ပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံးကို တည်ငြိမ်အေးချမ်းတဲ့ဘဝမှာနေသွားလို့ရတယ်၊ ဒါပေမဲ့ သူ့ကိုယ်ပေါ်မှာ ကံဆိုးမှုတချို့က ရှိနေတုန်းပဲ၊ တချို့အရာတွေကို လက်လွှတ်ရလိ့မ်မယ်၊ ဒေါသထွက်လို့မဖြစ်ဘူး၊ သူရဲ့ဝိဉာဉ် ခန္ဓာကိုယ်ကနေထွက်သွားကတည်းက စိတ်လွတ်သွားတာဆိုတော့ သူ့မှာနာကြည်းချက်တွေရှိဖို့ လွယ်သွားတယ်၊ နာကြည်းချက်တွေရှိနေလို့ကတော့ ကံတရားကဘယ်လောက်ကောင်းကောင်း ကယ်တင်နိုင်မှာ
မဟုတ်ဘူး” ရှဲ့ချောင်ဆက်ပြောပြသည်။
မင်းသမီးကြီးက ထိုစကားများကြောင့် သူမသမီးအား စိုးရိမ်တကြီးကြည့်ကာ
“လင်အာ ကြားတယ်မလား၊ ဒီတခေါက်က သမီးကိုကယ်ပေးခဲ့တဲ့ ဆရာမကျေးဇူးကြောင့်၊ မဟုတ်ရင် သမီးရဲ့တစ်ဘတလုံး အရူးတစ်ယောက်လိုနေသွားရမှာ!”
ကျောက်ကျားလင်၏မျက်လုံးတို့က မှုန်မှိုင်းနေ၏။
“အပြင်ကလူတွေက သမီးကိုယောကျာ်းတစ်ယောက်ကြောင့် အချစ်နာကျတယ်ဆိုပြီး ပြောကြတယ်၊ သေချာစဉ်းစားကြည့် အဲ့လိုစကားတွေနားထောင်ရတာ သမီးဘယ်လိုနေလဲ”
မင်းသမီးကြီးသည် သူမသမီးအား အလိုမလိုက်
တော့။ သူမရဲ့သမီး ဒီလိုတွေပြုမူနေရသည့် အဓိကအကြောင်းရင်းက သူမဟာ ငယ်ငယ်လေးကတည်းက အနားကလူတွေရဲ့ အလိုလိုက်အကြိုက်ဆောင်ပေးခြင်းကိုခံလာရတာကြောင့်ဖြစ်၏။ ဘယ်လို ထိုးနှက်ချက်မျိုးမှ မခံစားရဖူးပေ။
ယခုတော့ သူမအား နည်းနည်းလောက်ဆူပုကြိမ်းမောင်းရလည်း ကိစ္စမရှိ၊ ဒါမှသာ သူမအနေနဲ့တချို့အရာတွေကို သဘောပေါက်နိုင်မည်ပေ။
••••