အခန်း ၉၈၉
Vol. 51 Ch. 989
အခန်း ၉၈၉။ နောက်တစ်ခါထပ်မလုပ်ရဲတော့
မင်းသမီးကြီး၏ စကားများကိုကြားပြီးနောက် ကျောက်ကျားလင်၏မျက်နှာမှာ ဖြူဖျော့သွားရသည်။
“အမေ သူတို့ကသမီးကို အဲလိုကြီးပြောကြတာလား”
အချစ်နာကျတယ်?
သိက္ခာတော့ကျပါပြီ!
“ပြောကြမှာပဲမဟုတ်ဘူးလား၊ သမီးက ဖိတ်စာတောင်မရှိဘဲနဲ့ သူများရဲ့မင်္ဂလာဆောင်ကိုသွားခဲ့တာလေ၊ ပြန်လာတော့ကျတော့ နေမကောင်းဖြစ်ရော၊ ဘယ်သူကများ အဲ့ဒီလိုမတွေးဘဲနေမှာလဲ”
“သမီး ဘယ်သူ့ကိုမှအပြစ်သွားတင်လို့မရဘူး၊ အမေက သမီးကို ချစ်တယ်ဆိုပေမဲ့ ဒီတစ်ခါတော့ သမီးမှားတယ်၊ ကြားတယ်မလား ဆရာပြောတာကို၊ သမီးရဲ့နှလုံးသားထဲမှာသာ အငြိုးတရားဆုပ်ကိုင်ထားရင် .. နောင်တစ်ချိန်မှာ ဘေးဒုက္ခကြီးတစ်ခု ရောက်လာလိမ့်မယ်တဲ့လေ”
မင်းသမီးကြီးကသူမအား အတတ်နိုင်ဆုံးကြိုးစား၍ ဖြောင်းဖြရှာသည်။
ကျောက်ကျားလင်သည် တကယ်ကိုကြောက်ရွံ့နေ၏။
သူမငယ်ငယ်လေးကတည်းက တစ်ခါမှကြီးမားသည့် ထိုးနှက်ချက်မျိုးမခံခဲ့ရဖူးပေ။
သူမသည် မင်းကြီးဆီကသာမက မိဖုရားကြီးဆီကပါ ချစ်မြတ်နိုးခံရသူဖြစ်ပြီး သူတို့၏ မွေးစားသမီးတစ်ယောက်လိုတောင်ဖြစ်နေသည်။
နန်းတော်ထဲကမင်းသမီးတောင် သူမလောက် တင့်တယ်ခြင်းမရှိ။
သူမအနားမှာရှိသည့်လူတိုင်းက သူမကို ထောက်ပံ့ပေးကြသည်။
သူမကိုအမြဲတမ်းထောက်ပံ့ပေးခဲ့သည့်သူတွေက သူမကိုဘယ်လိုမြင်ကြမလဲဆိုတာ တွေးတောင်မတွေးရဲပေ။
သူမကို လှောင်ရယ်နေကြမှာ.. ဟုတ်တယ်မလား?
ကျောက်ကျားလင်မှာ စဉ်းစားကြည့်လေ အသက်ရှင်ချင်စိတ်မရှိတော့လေပေ။
“အမေ သမီးကိုသေခွင့်ပေးလိုက်ပါတော့”
မင်းသမီးကြီးခမျာ ထိတ်လန့်သွားရသည်။
ရှဲ့ချောင်ကတော့ ဂရုမစိုက်ဟန်ဖြင့်;
“ဟုတ်ပြီး ဒီအညတရဆရာက နင့်ရဲ့သက်ရှိဝိဉာဉ်ကိုပြန်ခေါ်သွားလိုက်မယ်၊ အချိန်အကြာကြီး လျှောက်သွားနေခဲ့တာဆိုတော့ ဝိဉာဉ်ကအားနည်းနေပြီ၊ အသက်မရှင်ချင်ဘူးဆိုရင် ငရဲကိုပဲသွားလိုက်လေ”
ရှဲ့ချောင်က ပြောရင်းဆိုရင်းနှင့် တစ်ခုခုလုပ်တော့မည့်ပုံပင်။
“မဖြစ်ဘူး!”
ကျောက်ကျားလင် လန့်ဖြတ်သွားသည်။
ဒီတာအိုဆရာမက ဘာလို့အရမ်းကြောက်စရာကောင်းနေရတာလဲ?
သူ-သူမက အမေ့ကိုသူမအပေါ် သံယောဇဉ်ထား
ပြီး ဖြေရှင်းနည်း ကူစဉ်းစားပေးစေချင်ရုံလေး.. တကယ်ကြီးအသက်မရှင်ချင်တော့တာမှမဟုတ်တာ!
“သေချင်တာလား မသေချင်တာလား၊ မင်းသမီး ကျွန်မလိုအညတရဆရာအတွက် ဒီလိုမျိုးရိုးရာပေးဖို့က လွယ်တာမဟုတ်ဘူးရယ်၊ သူ့ကိုမြန်မြန်လေးသေခိုင်းလိုက်ပါလား၊ ကျွန်မလည်း ငွေရှာရပိုလွယ်တာပေါ့”
ရှဲ့ချောင်က အရှက်မဲ့စွာပြောလေသည်။
ကျောက်ကျားလင်သည် မင်းသမီးကြီး၏ရင်ခွင်ထဲ ပုန်းလို့နေကာ မျက်ရည်များက အတားအဆီးမရှိကျဆင်းလို့နေ၏။
မင်းသမီးကြီးသည် ရှဲ့ချောင်အားဆူပူကြိမ်းမောင်းခြင်းမပြုခဲ့။ ဆရာမစကားများက သူမသမီးကိုစိတ်ငြိမ်စေမှန်း သိပေသည်။
“လင်အာ သမီးရဲ့အဆင့်အတန်းနဲ့ ဘယ်သူကများ သမီးကိုလှောင်ရဲမှာလဲ၊ ကိုယ့်ကိုကိုယ် အရှက်ရအောင်မလုပ်သ၍ ဘယ်သူကမှ သမီးခေါင်းပေါ်တက်နင်းရဲမှာမဟုတ်ဘူး၊ သမီးစိတ်ထဲရှက်နေသေးရင် တခြားရွာတစ်ရွာကိုသွားပြီး တစ်နှစ်လောက်အနားယူလိုက်လေ၊ တစ်နှစ်လောက်ဆိုရင်တော့ အဲဒီလူတွေလည်း ဒီကိစ္စကိုမေ့သွားလောက်ပါပြီ၊ အချိန်ကျရင် မင်းကြီးကိုပြောပြီး သမီးနဲ့သင့်တော်တဲ့ခင်ပွန်းတစ်ယောက်ကိုရှာပေးဖို့ ပြောမယ်လေ” မင်းသမီးက ဆက်ပြောလေသည်။
“ဒါပေမဲ့. သမီး အဲဒီစာသင်သားအပေါ်လုပ်ခဲ့တာက…”
မင်းသမီးသည် ထိုပြဿနာအား ပိုပြီးစိတ်ပူ၏။
တကယ်တော့.. သူမနှလုံးသားထဲမှာ ဒေါသထွက်
မိနေဆဲပင်။ သူမရဲ့သမီးက သခင်မဝမ်၏ကံတရားကို ပြောင်းပစ်ချင်ခဲ့၏။
“မသွားဘူး”
ကျောက်ကျားလင်က ချက်ချင်းခေါင်းခါသည်။
“ကျင့်ကျူသိလား၊ ကံကြမ္မာကတစ်ပတ်လည်ပြီး ဝဋ်ဆိုတဲ့အရာက ဘယ်တုန်းကမှမကောင်းခဲ့ဘူးဆိုတာကို”
ရှဲ့ချောင်က ပြုံး၍
“မင်းသမီးက ကောင်းတဲ့အရာတွေ လုပ်လေ့ရှိတဲ့သူဆိုရင်တော့ အထက်စီးပဲဆန်ဆန် အလိုလိုက်ပဲခံရခံရ ကိစ္စမရှိဘူး၊ ဒါပေမဲ့ ကိုယ့်ရဲ့စကားက လွန်လွန်ကြူးကြူးဖြစ်သွားပြီဆိုရင်တော့ ကျင့်ကျူရဲ့အိမ်ထောင်ရေးကို ထိခိုက်လိမ့်မယ်၊ မကောင်းတဲ့စိတ်တွေဝင်ပြီး တစ်ပါးသူကိုထိခိုက်စေချင်တယ်ဆို အသက်ရှင်နေတုန်း ဝဋ်ပြန်မလည်ဘူးဆိုရင်တောင် သေသွားပြီးနောက်ပိုင်းပြန်ခံရမှာပဲ” ရှဲ့ချောင် မလိမ်ညာခဲ့ပေ။
ဤမိန်းကလေးအား နောက်ပြန်လှည့်ဖို့အချိန်ရှိသေးစဉ်မှာ ဖြောင်းဖြတာ သို့မဟုတ် ခြိမ်းခြောက်တာက ကောင်းတဲ့အရာဖြစ်၏ သို့မဟုတ်လျှင် ဒီတစ်ခေါက်က တစ်ခြားသူကိုထိခိုက်အောင်မလုပ်ခဲ့ဘူဆိုလျှင်တောင် နောက်တစ်ခါဆိုရင်ရော…။
နောင်တစ်ချိန် သူမလမ်းမှာတစ်ယောက်ယောက်က လာပိတ်နေတယ်ဆိုရင် ကန်ထုတ်ပစ်ဦးမှာပဲလား။
ကျောက်ကျားလင်သည် အတိတ်တုန်းက ယခုလိုအရာများကို မယုံကြည်ခဲ့။
သို့သော် အခုတော့ သူမယုံကြည်နေလေပြီ။
ဤကြောက်စရာကောင်းသည့်တာအိုဆရာမပြော
သည့် စကားများက နားဝင်ဆိုးလှသော်လည်း ထိုစကားများကိုကြားရချိန်တွင် နွေးထွေးမှုကိုခံစားရပြီး ဤတာအိုဆရာက သူမ ကောင်းဖို့အတွက်လုပ်နေခြင်းဖြစ်မှန်းခံစားမိသည်။ တကယ်ထူးဆန်းပေသည်…
ကျောက်ကျားလင်၏ သက်ရှိဝိဉာဉ်လွင့်မျောနေချိန်တွင် လမ်းပြပြန်ခေါ်လာပေးသူက ရှဲ့ချောင်ဖြစ်၏။
သူမအနေနှင့် ရှဲ့ချောင်၏ဘေးမှာတစ်ညတာလောက်သာ နေခဲ့ရသော်လည်း ၎င်းက သက်ရှိဝိဉာဉ်အား လုံလောက်သည့်လုံခြုံမှုမငွေ့အသက်ကိုပေးစွမ်းခဲ့သည်။
အခုလို သက်ရှိဝိဉာဉ်က ခန္ဓာကိုယ်ထဲပြန်ရောက်သွားချိန်၌ ဤခံစားချက်မျိုးက ပုံမှန်သာဖြစ်ပြီး ကျောက်ကျားလင် ရှင်းရှင်းလင်းလင်းခံစားမိသည်။။
“ကျွန်မနောက်ဆို ဘယ်သူကိုမှထိခိုက်အောင်မလုပ်တော့ပါဘူး”
ကျောက်ကျားလင်သည် ဂရုတစိုက်ခေါင်းညိတ်လိုက်၏။
ရှဲ့ချောင်ဒေါသထွက်သွားမှာကြောက်နေသည့်အတိုင်းပင်။
“ကောင်းပြီ”
ရှဲ့ချောင်ပြုံး၍
“တခြားအရာတွေအတွက် ဘာမှစိတ်မပူနဲ့၊ တစ်ချိန်ချိန်မှာ ကပ်ဘေးသေးသေးလေးနဲ့ကြုံတွေ့ရင်တောင်မှ ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်မှာ”
•••••