အခန်း ၉၉၀
Vol. 51 Ch. 990
အခန်း ၉၉၀။ ကျေးဇူးတင်လက်ဆောင်
ကျင့်ကျူ၌ နောက်ထပ်ဘေးဒုက္ခတစ်ခုရှိလာဦးမည်ဆိုသည့် ရှဲ့ချောင်၏စကားများက အမှန်ပင်။
အချစ်နှင့်ပတ်သက်ပြီးဖြစ်လာမည့် ကံဆိုးခြင်းတစ်ခုဆိုသည့်တိုင် ကြီးကြီးမားမားတော့မဟုတ်ပေ။ အဓိကက သူမအနေနှင့် စိတ်အေးအေးထားသင့်ပြီး ဇွဲနပဲကြီးလွန်းမနေဖို့သာလိုသည်။
လူတစ်ယောက်သည် အရာရာတိုင်းမှာဇွဲကောင်းပြန်လျှင်လည်း ဆင်ခြင်တုံတရားပျောက်ဆုံးသွားတတ်၏။ သူတို့၏ ဆင်ခြင်နိုင်စွမ်းက ထွက်ပြေးသွားမည်ဖြစ်ပြီး လိုက်ဖမ်းလျှင်တောင် ဖမ်းနိုင်လိမ့်မည်မဟုတ်။
လူတစ်ယောက်၏ဘဝ၌ ကံဆိုးမိုးမှောင်ကျမှုနှင့်
အတိဒုက္ခမျိုးစုံရှိသည်။ တချို့သော မူလဝန်းကျင်နှင့် ကံဆိုးမှုမျိုးက အလွယ်တကူပြောင်းလဲပစ်လို့မရတတ်ပေ။ ဥပမာ သူမအစ်ကိုကြီးရဲ့ အထီးကျန်ကံဇာတာမျိုး။ သို့သော် ကျောက်ကျားလင်၏ လက်ရှိအခြေနေက မွေးပြီးနောက်ပိုင်းမှ ပေါ်လာခြင်းဖြစ်လို့ ရှောင်ရှားဖို့လွယ်ပေသည်။
သူမ စိုးရိမ်သည်က ကျောက်ကျားလင်သည် တစ်ချိန်တုန်းက သုန့်ယိယွင်လိုမျိုး သူမရဲ့အကြံပေးစကားကိုနားမထောင်ဘဲ အချိန်လင့်ခါမှ ရွေးချယ်စရာမရှိဖြစ်သွားမည်ကိုပင်။
သို့သော် ယခုတော့ ကျောက်ကျားလင်၏ထိတ်လန့်စရာအဖြစ်အပျက်က အကျိုးရှိသွားပုံရသည်။ အနည်းဆုံးတော့ သူမ ကြောက်တတ်သွားသည်။ သူမရဲ့ အထိအခိုက်လွယ်တဲ့ဘဝအတွက်လေးပဲဖြစ်ဖြစ် နောင်တစ်ချိန်မှာ ပိုပြီး
ပူပင်တတ်ကာ ဂရုစိုက်တတ်လာလိမ့်မည်။ မဆင်မခြင်ပြုမူရဲမည်မဟုတ်။
ကျောက်ကျားလင်သည် ကြောက်ရွံ့ခြင်းဆိုသည့်အရာအား အမှန်အကန်သိသွားခဲ့လေပြီ။
စိတ်လွတ်နေခဲ့သည် ထိုနေ့များက သူမဘာတွေလုပ်ခဲ့မိလဲ မသိသော်လည်း ကြောက်ရွံ့မှုနှင့် အလန့်တကြားဖြစ်ရသည့် ခံစားချက်တို့ကို ပြန်အမှတ်ရမိသည်။
ဒါတင်မက သူမ၏နှလုံးသားထဲတွင် ဗလာကျင်းနေသည်မှာ အားကိုးမရှိသည့်ရေမှော်ပင်အလား။ ထိုသို့သော စိတ်ခံစားချက်ကြီး ကြောက်စရာကောင်းလှသည်။
စာသင်သား..ဖုန့်ယင်းယင်း
သူမအမေသာ ဆရာမမော့ကိုပြောပြခဲ့တာမဟုတ်လျှင်.. ထိုအဖြစ်အပျက်တွေကို ပြန်မှတ်မိလိမ့်မည်မဟုတ်…
“ကျင့်ကျူလည်း အဆင်ပြေနေပြီဆိုတော့ ကျွန်မဘာမှလုပ်စရာမရှိတော့ဘူး”
ရှဲ့ချောင်က ပြုံး၍ပြောလိုက်သည်။
မင်းသမီးကြီးက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချရင်း
“ဆရာမလည်း ပင်ပန်းသွားပါပြီ၊ ခက်တာက ကျွန်မသမီး ဘာစားသင့်လဲ ဘာသောက်သင့်လဲကို မသိတော့…"
“သူ့ကိုကြည့်ပေးဖို့အတွက် သမားတော်တစ်ယောက်သာရှာလိုက်ပါ၊ သမားတော်ပြောတာမှန်သမျှ စားလို့ရတယ်..”
“ကောင်းပါပြီ” မင်းသမီးကြီးကခေါင်းညိတ်ပြပြီး သူမသမီးအား နှစ်သိမ့်ပေးသည်။ ထို့နောက် အစေခံအသစ်လေးအား သူမသမီးကိုအဖော်ပြုခိုင်းထားပြီး သူမက ဆရာ့ကိုလိုက်ပို့ပေးသည်။
အဓိကက ကျေးဇူးတင်လက်ဆောင်ပေးဖို့ပင်။
မင်းသားရုန်းလင်အိမ်တော်သည် တကယ်ကို တခမ်းတနားဖြစ်လွန်း၏။
နှစ်တစ်ရာသက်တမ်းရှိ တောင်ဂျင်ဆင်းနှစ်စုံ၊ ငှက်သိုက်တချို့၊ အရည်အသွေးမြင့် ကုန်ခြောက်ပစ္စည်းများနှင့် ငွေစငါးထောင်။
“ကျေးဇူးတင်ပါတယ် ဆရာမ၊ ဒီလက်ဆောင်တွေကိုလက်ခံဖို့ မျှော်လင့်ပါတယ်”
မင်းသမီးကြီးက အင်မတန်ရက်ရောလေသည်။
ယခုလိုအများကြီးကို ယူလို့မကောင်းပေ။ သို့သော်လည်း ဤကဲ့သို့သော အရည်အသွေးမြင့်ဂျင်ဆင်းမျိုးကို အပြင်မှာဝယ်ဖို့ဆိုတာ ခက်ပေ၏။ ထို့အပြင် အရွယ်အစားလည်းကြီးသည်။ လတ်တလောတွင် သူမလည်း ဆေးလုံးများစွာလိုနေသည့်အတွက် လက်ခံထားလိုက်သည်။ ပိုက်ဆံကိုတော့ ငွေစ၂၀၀၀ ပြန်ပေးလိုက်သည်။
“သက်ရှိဝိဉာဉ်ရှာရုံလေးပဲကို၊ ဒီလောက်ဆိုလုံလောက်ပါပြီ”
ရှဲ့ချောင် ပြောလိုက်သည်။
“အခုလို ဝေးလံခေါင်ဖျားတဲ့နေရာဆီကနေ သမီး
လေးကိုရှာတွေ့နိုင်တာ လောကနှစ်ခုလုံးနဲ့ဆက်သွယ်နိုင်တဲ့ ဆရာမကြောင့်မှန်း ဟွမ်အာဆီကနေ ကြားပြီးသွားပြီ၊ တခြားသူသာဆို ဒီလောက်မြန်မြန်ရှာတွေ့မှာတဲ့လား၊ မင်းသားရုန်လင်းအိမ်တော်ရဲ့ ဂုဏ်သတင်းက မကောင်းဘူးဆိုပေမဲ့ ကျွန်မတို့မိသားစုက ချမ်းသာပါတယ်၊ ဒီပစ္စည်းလောက်ကတော့ ကျွန်မတို့အဖိုးတန်သမီးလေးနဲ့ ယှဉ်လို့မရဘူး၊ မင်းသားနင်ပေ့တို့နဲ့ သွားပြိုင်နေရင်က မကောင်းတာမလို့ ဒီလောက်လေးပဲပေးရတာ၊ ငွေစ တစ်သောင်းနှစ်သောင်း ဆိုရင်ဝောာင် ပေးဖို့ဆန္ဒရှိတယ်”
“များလွန်းနေပါပြီ၊ ငွေစသုံးထောင်နဲ့ ဒီတောင်ဂျင်ဆင်းတွေနဲ့ကို လုံလောက်တယ်၊ မင်းသမီးစိတ်ထဲအားမရဘူးဆိုရင် ကျန်တဲ့ငွေတွေကို ကုသိုလ်ကောင်းမှုလုပ်ဖို့ သုံးလိုက်လေ၊ မင်းသမီးလည်း ကံကြမ္မာကောင်းကိုစုဆောင်းပြီးသားဖြစ်သလို သားသမီးမြေးမြစ်တွေအတွက်လည်း အကျိူးရှိတာပေ့ါ”
ရှဲ့ချောင်က ငြင်းနေဆဲဖြစ်လို့ မင်းသမီးကြီးလည်းထပ်ပြီးဖြောင်းဖြမနေတော့ပေ။
“ဆရာမပြောတာနားထောင်မှာပါ”
မင်းသမီးကြီးက အင်မတန်တည်ကြည်နေ၏။
ပစ္စည်းများအား ရှဲ့ချောင်၏ မြင်းလှည်းပေါ်သို့တင်လိုက်သည်။ လက်ဆောင်များအား ပြန်ထားပြီးသည့်နောက် ရှဲ့ချောင်သည် သစ်သားရုပ်က်ိုယူကာ ပိုင်လိမိသားစု၏ ဝိဉာဉ်ကိုရှာဖို့ထွက်လာခဲ့သည်။
သို့သော် ဂါထာအကြိမ်တချို့ရွတ်၍ တွက်ချက်မှုနည်းနည်းထပ်လုပ်ကြည့်ပြီးနောက် မကောင်းဆိုးဝါးဝိဉာဉ်သည် တောင်ပိုင်းအရပ်မှာရှိနေကြောင်းကိုသာ အတည်ပြုလိုက်နိုင်သည်။ တစ်နေ့လည်ခင်းလုံးစောင့်ဆိုင်းနေတာတောင် ဝိဉာဉ်လွင့်မျောလာတာကို မမြင်ခဲ့ရပေ။
ထူးဆန်းနေ၏။
တည်နေရာကို အာရုံခံလို့ရနေခြင်းက မကောင်းဆိုးဝါးဝိဉာဉ်သည် ထိုနေရာတွင်သာရှိနေဆဲဖြစ်ပြီး ပျောက်ကွယ်မသွားသေးကြောင်း ဆိုလိုသည်။
မကောင်းဆိုးဝါးဝိဉာဉ်က အကျဉ်းချခံထားရတာများလား?
ရှဲ့ချောင်သည် အချိန်ကြာတဲ့အထိ ဝိဉာဉ်ကိုရှာမတွေ့ခဲ့တာကြောင့် သူမဘာမှဆက်မလုပ်ခဲ့။ သူမလည်း ပင်ပန်းနေပြီဖြစ်လို့ ဒီတစ်ညတော့အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့မှ သစ်သားရုပ်ကိုယူသွားရမည်။ သူမသာ အနီးနားရောက်သွားနိုင်လျှင် သစ်သားရုပ်ဆီကနေ ကျိန်းသေပေါက် မြင်ရလိ့မ်မည်ပေ။
••••••