အခန်း ၉၉၁
Vol. 51 Ch. 991
အခန်း ၉၉၁။ပိုင်စိုးပိုင်နင်းဆန်သည့် ရန်လိုမှု
ရှဲ့ချောင်သည် ကျိပိုင်လိအား အခြေနေကိုရှင်းပြထားပြီဖြစ်၏။ ကျိပိုင်လိလည်း ခက်ခဲမှန်းသိနေသည့်အတွက် သူမကို အလျင်မလိုစေခဲ့ပေ။
သူမအား အလောတကြီးလုပ်ရန်အတွက်တိုက်တွန်းလို့လည်း အသုံးမဝင်လှ။
ဤဆရာသည် အချောင်ခိုပျင်းရိနေမည့်သူမျိုးမဟုတ်။ သူမခမျာ ကောင်းကောင်းမအိပ်နိုင်ရမှန်း မြင်ရသည့်အခါ ကျိပိုင်လိလည်း သူမ၏ရည်အချင်းကိုတန်ဖိုးထားချင်သည်။ သူမအား စိတ်ပူနေလွန်းခြင်းမျိူးတောင် မဖြစ်စေချင်။ သူ့သဘောထားက ကောင်းလှပေသည်။
သို့သော် ရှဲ့ချောင်စိတ်ထဲ၌ စိတ်အေးလက်အေးနေလို့မဖြစ်ရသည့် အကြောင်းတစ်ခုရှိနေ၏။
စဉ်းစားကြည့်ပြီးနောက် အနောက်တောင်ပိုင်းဒေသတွင် သံသယဖြစ်စရာကောင်းသည့်သူများ အထူးသဖြင့် ဆရာယောင်တချို့ ပေါ်လာခြင်းမျိုးရှိမရှိအား စစ်ဆေးရန်အတွက် ကျောက်ရွှမ်ကျင်းကိုအကူအညီတောင်းလိုက်သည်။ သူတို့က တာအိုဆရာလား ဘုန်းတော်ကြီလား အရင်ဆုံးနားလည်သည်က အကောင်းဆုံးဖြစ်၏။
အထူးဓမ္မတူရိယာတချို့ သို့မဟုတ် သင်္ချိုင်းနေရာမျိုးရှိနေခြင်းဆိုလျှင် သေဆုံးသူများ၏ဝိဉာဉ်များက ချုပ်နှောင်ထားခံရခြင်း ဖြစ်နိုင်ချေရှိသည်။
သို့သော် တစ်လောက သူမအားလူတစ်ယောက်ပေးခဲ့သည့် ဘူးတစ်ဘူးအကြောင်း ရှဲ့ချောင်မတွေးမိဘဲ မနေနိုင်ခဲ့။
ယခုထိ ဖွင့်မကြည့်ရသေးသော်လည်း အထဲ၌ကောင်းသည့်အရာရှိမနေနိုင်မှန်း သိထားပြီးသားပင်။ အခက်တွေ့နေသည်က သူမဘယ်အချိန်တုန်းကများ အနှီသူကို ရန်သူဖြစ်အောင်လုပ်ခဲ့မိလဲမသိသလို တစ်ဖက်လူသည်အမှောင်ထဲမှာပုန်းနေခြင်းဖြစ်လို့ ထိုလူ့ရန်ကနေ မကာကွယ်နိုင်မှာကြောက်နေမိ၏။
ရှဲ့ချောင်သည် အနောက်တောင်ပိုင်းရှိ လမ်းမများနှင့်လမ်းကြားများဆီ မကြာခဏဆိုသလို သွားလေ့ရှိသော်လည်း မြို့တော်သည်အင်မတန်ကြီးလွန်းသည်မို့ တစ်ရက်နှစ်ရက်အတွင်း အကုန်လည်ပတ်ပြီးနိုင်လိမ့်မည်မဟုတ်။
ထိုအချိန် ရှဲ့အိမ်တော်၌ ရှဲ့ဖင်းကန်းသည် ယွီရှန်းအား တည်တင်းနေတဲ့မျက်နှာထားဖြင့် စိုက်ကြည့်နေသည်မှာ သဲကြီးမဲကြီးထပျံတော့မည့်အလား။ ထိုနေရာမှာ တခြားသူသာဆိုလျှင် ကြောက်ဒူးတုန်ပြီး ဖြူဖျော့နေလောက်လေပြီ။ သို့သော် ယွီရှန်း
သည် အဟန့်ကောင်းသူဖြစ်သလို အကြောက်အလန့်ကင်းမဲ့သူတစ်ယောက်ဖြစ်၏။
“တစ်လကို ငွေဆယ်စကနည်းတယ်ဆိုရင်ပြော၊ သခင်ကြီးကို နောက်ထပ်ဆယ်စထပ်တိုးပေးခိုင်းပြီး သူ့ရဲ့လစဉ်အသုံးစရိတ်ကိုလျှော့ခိုင်းလိုက်မယ်!”
ရှဲ့ဖင်းကန်းက မျက်မှောင်ကြုတ်လျက်
“ ဘာကိစ္စရှိရှိ မင်းမထွက်သွားရဘူး”
ယွီရှန်းက ထွက်သွားဖို့ဆိုရခြင်းမှာ ရှဲ့ဖင်းကန်းနှင့် ညှိနှိုင်းချင်၍ဖြစ်သည်။
သူမသာ တာအိုဆရာအား မကြာမကြာကာကွယ်စောင့်ကြပ်ပေးချင်လို့ဟူ၍ ပြောလိုက်လျှင် ရှဲ့မိသားစုက အပြတ်အသက်ငြင်းမည်မှန်း သူမသိသည်။
သူက အရာအားလုံးကောင်းနေပေမဲ့ ချွင်းချက်တစ်ခုတော့ရှိသည်- ပိုင်စိုးပိုင်နင်းဆန်သည့် ရန်လိုမှု။
သူကြိုက်သည့်အရာက ကြက်ခြေထောက်တစ်ချောင်းဆိုလျှင်တောင် ဘယ်သူကမှသူ့ဆီကနေ ယူသွားလို့မရပေ!
ထိုစဉ် သူမ၏အရည်အချင်းက ရှဲ့ဖင်းကန်းတန်ဖိုးထားသည့် ကြက်ခြေထောက်ဖြစ်နေလေသည်။
သူမအား ဟိုလူဆိုးကောင်လေး ရှဲ့ဖင်းဟွိုက်အနားတွင်သာ တစ်နေ့ကို၁၂နာရီလောက် လှည့်ပတ်နေစေချင်ကာ အပြင်၌ ဆယ့်ငါးမိနစ်လောက်တောင် အချိန်မဖြုန်းစေလိုပေ။
“ကျွန်မက ငွေကိုဂရုစိုက်တာမဟုတ်ဘူး၊ကျွန်မမှာ စားစရာသောက်စရာရှိတာနဲ့တင် လုံလောက်နေပြီ၊ ဆရာက ကျွန်မကိုအကူအညီပေးထားတာမလို့ ဘယ်လိုပြန်ဆပ်ရမလဲ စဉ်းစားနေတာ၊ တကယ်လို့ အကြီးဆုံးရှဲ့သခင်လေးက ကျွန်မကိုမသွားစေချင်ဘူးဆိုလည်း ရတယ်၊ ဒါပေမဲ့ လတိုင်း ‘မ’ ရက်တွေမှာ ဆရာ့ကိုအဖော်ပြုပြီး ကာကွယ်ပေးရလိမ့်မယ်”
ယွီရှန်းက ထပ်ပြောလေသည်။
ရှဲ့ဖင်းကန်းက အေးတိအေးစက်ရယ်လိုက်၏။
“ဆိုတော့ အစကတည်းကမင်းရဲ့အကြံကဒီလိုပေါ့၊ ငါ့ကိုအရူးများထင်နေလား”
ရှဲ့ဖင်းကန်းသည် သူမအားမျက်လုံးလှိမ့်ပြကာ
“မင်းပြောနေတဲ့ဆရာက ဘယ်လိုမျိုးမလို့မလဲ၊ ငါ့ကိုပြော၊
ငါတစ်ယောက်ယောက်ကို ဈေးမြင့်မြင့်နဲ့ငှားလိုက်ရုံပေါ့၊ မင်းရဲ့ဝမ်းကွဲဆီမှာ အနားယူသွားတဲ့
အစောင့်တွေအများကြီးရယ်၊ မျိုးရိုးမြင့်တဲ့သူတွေကို သုံးလို့မရပေမဲ့ သာမန်နောက်ခံမိသားစုလောက်ကလာတဲ့သူလည်းရှိမှာပဲ၊
သူတို့လည်း လုပ်ပေးရတာကျေနပ်နေလောက်တယ်”
“တိုက်ဆိုင်လိုက်ဝာာ၊ ရှဲ့သခင်လေးဆီကနေ ဆရာ့အကြောင်းပြောတာကြားဖူးတယ်၊ ဆရာမော့လေ?”
ယွီရှန်းက ခပ်မြန်မြန်ပြောလိုက်၏။
“သူက တကယ့်ပညာရှင်တစ်ယောက်”
“ဆရာမမော့လား”
ရှဲ့ဖင်းကန်းက ဆွံ့အသွားရပြီး ထို့နောက် ကျယ်လောင်စွာအော်ရယ်လေသည်။
“ဒါဆိုရင်တော့ သွားစရာမလိုတော့ဘူး၊ ဆရာက သိပ်စွမ်းတဲ့သူ၊ အန္တရာယ်ရှိတယ်ဆိုရင်တောင် မင်းကိုဘာလို့လိုမှာလဲ၊ ငါတို့လို ကိုယ်ခံပညာရှင်တွေက သူ့လိုထက်မြက်တာမဟုတ်ဘူး၊ ငါတို့သာ သူ့နောက်လိုက်ရင် အနှောင့်အယှက်ပဲဖြစ်မှာ၊
ဒါပေမဲ့ ဆရာက အကူအညီတောင်းတာမျိုးဆိုရင်တော့ မင်းကိုခေါ်လိုက်မယ်လေ၊ ဘယ်လိုလဲ”
ရှဲ့ဖင်းကန်းက ပိုလို့တောင် စိတ်အေးသွားရသည်။
ဆရာမမော့သည့် နားလည်ရခက်သလို ခန့်မှန်းရခက်သည့်သူတစ်ယောက်၊ သူ့နောက်ကနေ လူတွေလိုက်နေတာလုံးဝကြိုက်မှာမဟုတ်။
ယွီရှန်းမှာ အနည်းငယ်စိတ်ဓာတ်ကျသွားရပြီး အားမရှိသလိုဖြစ်သွားရသည်။
ရှဲ့ဖင်းကန်းမြင်သည့်အခါ အားနာသွားပြီး
“မင်းကို အပြင်မထွက်စေချင်လို့မဟုတ်ပါဘူး၊ မင်းရဲ့ဝမ်းကွဲကိုက စိတ်ရှုပ်စရာကောင်းနေတာ၊ မင်းကိုမျက်စိဒေါက်ထောက်ကြည့်ခိုင်းထားပြီး ယောကျာ်းတစ်ယောက်လို အပြင်မထွက်စေနဲ့တဲ့လေ။ မဟုတ်ရင် ငါက မင်းကိုမှုခင်းစစ်ဆေးရေး
ဌာနမှာ အလုပ်လုပ်ဖို့တောင် ထောက်ခံပေးဦးမှာ!”
•••••