အခန်း ၉၉၂
Vol. 51 Ch. 992
အခန်း ၉၉၂။ ရင်းနှီးနေသည့်သူ
ရှဲဖင်းကန်၏စကားများမှာ ယဉ်ကျေးခြင်းမရှိသော်လည်း စိတ်ရင်းအမှန်များဖြစ်သည်။
မှုခင်းစီရင်ရေးဌာန၌ ခန့်ထားနိုင်သည့်လူဦးရေမှာ ကန့်သတ်ထားခြင်းမရှိ။ ယွီရှန်းသာ အရည်အချင်းရှိပါက သူမ တာဝန်ထမ်းဆောင်နိုင်လိမ့်မည်။ သို့သော် ရာထူးမြင့်အရာရှိတစ်ဦးတော့ ဖြစ်နိုင်မည်မဟုတ်ဘဲ စုံစမ်းစစ်ဆေးသူတစ်ယောက်သာ ဖြစ်နိုင်သည်။
ယွီရှန်း၏ အရည်အချင်းနှင့်ဆိုလျှင် အငယ်တန်းကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်နိုင်သော်လည်း သူမ လုပ်နိုင်တာဘာမှမရှိ။
“ဒါတွေအကုန် မင်းရဲ့ဝမ်းကွဲအပြစ်ပဲ၊ တစ်နေကုန် အချိန်ဆွဲပြီး ငါ့ပဲမေးနေတာ၊ မင်း
ကောင်းကောင်းစားရဲ့လား စည်းကမ်းတွေကို ကောင်းကောင်းသင်ယူရဲ့လား၊ မင်းသာ ဆရာနဲ့အတူတူရှိနေမှန်းသိလို့ကတော့ တစ်ခုခုပြောမှာပဲ၊ ငါသူနဲ့ မရှင်းချင်ဘူး”
ရှဲ့ဖင်းကန်းက ကျို့ဝေ့ကျုံးအားဖိအားပေးလေသည်။
“ဝမ်းကွဲက ကျွန်မကိုတင်းကျပ်တာတော့အမှန်ပဲ”
ယွီရှန်းလည်း ထိုသို့တွေးသဖြင့် ခေါင်းညိတ်၏။
ရှဲ့ဖင်းကန်းက ခေါင်းညိတ်၍
“မင်း ဆရာမ ဆိုင်ဆီမကြာမကြာသွားလို့ရတယ်၊ ပြဿနာမရှိဘူး”
သူမသာ ဆရာမနှင့်အတူတူထွက်ပြေးသွားတာမဟုတ်သ၍ အဆင်ပြေသည်။
လတိုင်း သူမရဲ့အချိန်တစ်ဝက်ကိုပေးမည်ဆိုတာကတော့… သူမက တစ်ဝက်ကဆရာမအပိုင် တစ်ဝက်ကသူ့အပိုင်ဖြစ်သွားရမကျဘူးလား?
၎င်းက မကောင်းပေ။ သူ့အကျင့်စရိုက်နှင့် စိတ်သည် တဲ့တိုးဆန်ပြီး အခြားသူများဆီကနေ သဘောကျခံရတတ်သည်မဟုတ်။ ဆရာမသည် အင်မတန်အစွမ်းထက်၏။ သူတို့သာ အတူတူအချိန်ကုန်ဆုံးတာများလာလျှင် ယွီရှန်းက ကျိန်းသေပေါက် ပြန်လာချင်စိတ်ရှိမှာမဟုတ်ပေ။
ယွီရှန်းသည် သဘောထားကြီးသူဖြစ်၍ ရှဲ့ဖင်းကန်း သူမကိုတားနေခြင်းအား စိတ်ထဲမထားခဲ့ချေ။
ထို့အပြင် သူမက ရှဲ့မိသားစုနှင့်အရင် သဘောတူညီချက်ထားခဲ့ခြင်းဖြစ်သလို ရှဲ့မိသားစုက
သူမ၏အလုပ်ရှင်ဖြစ်နသည်။ သူမမှာ အခြားအတွေးရှိလို့မကောင်းလှ။
“ဒါဆို အခုဆရာမကိုသွားရှာလို့ရလား၊ ဆရာမဘာကြိုက်တတ်လဲ အစ်ကိုရှဲ့သိလား၊ အရင်တုန်းက သူ့ကိုကျေးဇူးမတင်ခဲ့ရဘူး အခုတော့ ပိုက်ဆံလည်းစုမိထားပြီဆိုတော့ ပစ္စည်းလေးတစ်ခုလောက်ဝယ်ပေးရတာလောက်ကတော့ ပြဿာနာမရှိဘူး”
ယွီရှန်းကထပ်ပြောသည်။
တကယ်တော့ သူမဝမ်းကွဲကလည်း သူမကိုငွေစတစ်ရာလောက်ပေးထားသေးသည်။
သူမအနေနှင့်ငွေမလိုချင်ပေ။
သူမဝမ်းကွဲ၏ မိသားစုနှင့်ဆက်ဆံရေးမှာ ပြောရလောက်အောင် ကောင်းနေသည်မဟုတ်။ သူ့ခမျာ
နေ့ရက်တိုင်းကြိုးစားပမ်းစားလုပ်ပြီးမှ ဤငွေများကိုရှာထားရတာဖြစ်သည်။ သူသည် လက်မထပ်ရသေးသည့်အတွက် ငွေကိုကိုယ်တိုင်သိမ်းထားတာပိုကောင်းပေသည်။
ရှဲ့မိသားစုသည်လည်း သူမအပေါ် မမျှမတဆက်ဆံခြင်းမျိုးမရှိ။
“ဆရာမက ထူးထူးဆန်းဆန်းပစ္စည်းတွေသဘောကျတယ်၊ ငါသိသလောက်ဆို သူ့မှာငါ့ညီမနဲ့အတူတူမွေးထားတဲ့ ကြက်ဖတစ်ကောင်ရှိတယ်၊ အဲကြက်ဖက ပိုးကောင်မွှားကောင်တွေစားရတာ အရမ်းကြိုက်တာ၊ ဆရာမကလည်း ကြက်ဖကိုအရမ်းချစ်တာလေ”
“ကောင်းပြီ! ဒါဆို ပိုးကောင်ခြောက်တွေသွားဝယ်လိုက်ဦးမယ်၊ ကျေးဇူးပါ အစ်ကိုကြီး”
ယွီရှန်းက လက်နှစ်ဖက်ထပ်ကာ ကျေးဇူးတင်လိုက်ပြီး မြန်မြန်ဆန်ဆန်ထွက်သွား၏။
လေတစ်ချက်ဝှေ့လိုက်သည့်အလား ဖြတ်ခနဲပျောက်ကွယ်သွားလေသည်။
သူမသည် အမြဲတမ်းလိုလိုပွင့်လင့်သူတစ်ယောက်ဖြစ်ကာ သူမကိုရိုင်းသည်ဟု ရှဲ့ဖင်းကန်းမထင်။ ပေါင်းသင်းဆက်ဆံရလွယ်သည်ဟုတောင် သူခံစားရသည်။ ပွင့်လင့်ပြီး မခြယ်လှယ်တတ်တဲ့သူ!
သူမနဲ့စကားပြောရတာ အရမ်းစိတ်ချမ်းသာတယ်!
ပိုးကောင်ခြောက်များကို ရှာရသည်မှာ ခက်ခဲလှ၏။
ယွီရှန်းထွက်လာပြီးနောက် လျှောက်ပတ်သွားကာ အချိန်အကြာကြီးလိုက်ရှာခဲ့သော်ငြား သူမ လိုချင်တာကိုရှာမတွေ့သေးပေ။
သည့်အပြင် သူမ လေးနာရီလောက်တောင်ပင်ပင်ပန်းပန်းရှာဖွေထားရ၏။ အနားယူရန် ထိုင်ချလိုက်ချိန် သူမရှေ့မှာ လူတစ်ယောက်ပေါ်လာလေသည်။
သူမ ထိုလူကိုအရင်ကမြင်ဖူးသည်။
“ငါနင့်ကို မှတ်မိပြီ”
ကျို့သခင်မလေးသည် ယွီရှန်းကိုကြည့်ရင်း
“အရင်တစ်ခေါက်က ရှဲ့သခင်မလေးရယ် သခင်မယင်း ရယ်နဲ့အတူတူပါလာတာလေ၊ အဲ့တုန်းက ရင်းနှီးနေပါတယ်လို့ထင်နေတာ..”
“ငါတော့ နင့်ကိုမမြင်ဖူးဘူး၊ လူမှားနေပြီ”
ယွီရှန်းသည် သူမကိုယ်သူမသတ္တိမွေးပြီး ပြောလိုက်ကာ မျက်လုံးတို့က တဖျက်ဖျက်ခပ်လို့နေလျက်။
“ လိမ်နေတာ၊” ကျို့သခင်မလေးက မျက်မှောင်ကြုတ်သွားကာ
“ငါနင့်ကို ကျိန်းသေပေါက်မြင်ဖူးတယ်၊ နင်-နင်”
သူမ၏စကားတောင်မဆုံးသေး။ ယွီရှန်းလည်း မှာထားသည့်ဟင်ပွဲများကို ဆက်မစားရဲတော့ဘဲ ငွေစတချို့ ချခဲ့ကာ ခပ်သုတ်သုတ်ထွက်သွားလေသည်။
ဤသခင်မလေးကို ရင်းနှီးနေ၏။
မြို့တော်ထဲ၌ လူများများစားစားကို သူမ မမှတ်မိသေး။ ရှဲ့မိသားစုကလွဲလျှင် ဝမ်မိသားစုသာရှိသည်။ ခန့်မှန်းကြည့်ရမယ်ဆို ကျို့မိသားစုက ဖြစ်လောက်သည်။
သို့သော် အနှီလူက သူမဝမ်းကွဲရဲ့ ညီမလား ဝမ်းကွဲလား မမှတ်မိပေ။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက တစ်ခါလောက်သာ သွားလည်ဖူးသည်။အချိန်ကြာပြီဖြစ်သည့်အတွက် သူမ၏ရုပ်ရည်သွင်ပြင်ပါ ပြောင်းလဲသွားသည်။ သူမကိုမှတ်မိဖို့က မဖြစ်နိုင်ပေ။ သို့သော် ထိုသခင်မလေးကသူမကို မှတ်မိသွားမှာ ကြောက်နေမိသည်။ သူမသာ ကျို့မိသားစုဆီ အကြောင်းကြားလိုက်လျှင် ဒုက္ခရောက်လိမ့်မည်ပေ!
ယွီရှန်းထွက်သွားပြီးနောက် ကျို့သခင်မလေးက သူမခေါင်းကိုပုတ်ရင်း
“ငါသူ့ကို တွေ့ဖူးတာသေချာပါတယ်. ဘာလို့မမှတ်မိရတာလဲ..”
“ချောင်အာ နင်ရော သူ့ကိုသိလား”
ကျို့သခင်မလေးက သူမဘေးတွင်ရှိနေသောအစေခံဆီလှည့်၍ မေးလေသည်..
•••••