အခန်း ၉၉၃
Vol. 51 Ch. 993
အခန်း ၉၉၃။ ထွက်သွားရမည်
အစေခံသည် တွေဝေလို့နေလျက်။
“သခင်မလေး၊ ခုနကတစ်ယောက်ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲနော် သူက…”
“အို့.. ဟုတ်သားပဲ ပထမသခင်မမောင်ရဲ့ သမီး..”
“သခင်မလေး၊ သူက သုန့်အန်းက ဦးလေးမိသားစုရဲ့ ဝမ်းကွဲမလား” အစေခံမိန်းကလေးသည် သခင်မလေးထက် အသက်နည်းနည်းပိုကြီးသူဖြစ်၏။ ဤဝမ်းကွဲလာလည်သည့်အချိန်က အိမ်တော်မှာရှိသူတိုင်း သူမကိုသဘောကျကြသဖြင့် သူမကိုမှတ်မိနေကြသည်။ သို့သော် အချိန်ကြာခဲ့ပြီဖြစ်၍ သူမ၏ပုံပန်းသဏ္ဍာန်လည်း ပြောင်းသွားလောက်ပြီဖြစ်ရာ သိပ်တော့မသေချာပေ။
“သူပဲ!”
ကျို့သခင်မလေး၏ မျက်လုံးတို့ အရောင်လက်သွားပြီး
“ငါထထင်သားပဲ၊ အရင်တစ်ခေါက်တွေ့ကတည်းက ရင်းနှီးနေပါတယ်မှတ်တာ၊ ဒါပေမဲ့ သူ့ကိုမမှတ်မိလို့”
“ဒါနဲ့ သူက ဘာလို့ဒီမှာရှိနေတာလဲ”
အစေခံမလေးက မေးလိုက်၏။
“ငါသိတယ်၊ ငါ့အမေဆီကနေကြားထားတာ ငါတို့မိသားစုက သုန့်အန်းမိသားစုဆီကနေ စာတစ်စောင်ရထားတယ်လေ၊ ပြောထားတာတော့ သူတို့က ဝမ်းကွဲအတွက် မင်္ဂလာပွဲစီစဉ်ပေးမလို့လုပ်နေတာကို သူကထွက်ပြေးသွားလို့တဲ့၊ သူက သိပ်ရဲတင်းတယ်လို့တော့ ငါ့အမေကပြောတာပဲ၊ အိမ်ပြန်လာပြီးလက်ထပ်ဖို့စောင့်နေကြတာ၊ သူ့ကိုတိုက်တွန်းတဲ့စာတွေအများကြီးပို့ခဲ့ပေမဲ့ အဖွား
က သူ့ကိုရှာမတွေ့ဘူး၊ ငါတို့ရဲ့လက်တစ်ကမ်းမှာတင်ရှိနေလိမ့်မယ်လို့ မထင်ထားဘူး!”
ကျို့သခင်မလေးကပြုံးလိုက်၏။
သုန့်အန်းမိသားစုက ယွီရှန်းအတွက် ဘယ်လိုမင်္ဂလာပွဲမျိုးစီစဉ်ပေးခဲ့သလဲ သူမမသိ။
သို့သော် ဤကိစ္စကြောင့် သူမ၏အဖွား အခက်တွေ့နေမှန်းတော့သိသည်။ သူမသာ ဝမ်းကွဲကိုတွေ့ခဲ့ကြောင်း ပြောလိုက်လျှင် အဖွားက သူမကိုကျိန်းသေပေါက် ဆုချမည်ပင်။
“သခင်မလေး၊ ဒီကိစ္စကို သခင်မကြီးဆီပြောပြမှာလား”
ချောင်အာက အနည်းငယ်စိုးရိမ်နေသည်။
“ဒါပေါ့” ကျို့သခင်မလေးက ချက်ချင်းပြန်ဖြေလေသည်။
“ဒါပေမဲ့၊ သခင်မလေးတို့က အမျိုးဝေးတယ်လေ၊ ဝမ်းကွဲလို့ခေါ်တယ်ဆိုပေမဲ့ သူက ပထမသခင်မရဲ့ ဆွေမျိုး၊ သူတို့ကိုအကြောင်းမကြားဘဲ သခင်မကြီးဆီတန်းပြောလိုက်ရင်က ပထမသခင်မကို ဆန့်ကျင်ရာရောက်သွားမှာစိုးလို့၊ တခြားဟာတွေထည့်မစဉ်းစားရင်တောင် ပထမသခင်မက စိတ်မပျော်လောက်ဘူး”
ချောင်အာပြောသည့် ပထမသခင်မဆိုသူက ယွီရှန်း၏အဒေါ်ဖြစ်လောက်သည်။
ပထမသခင်မသည် ပထမသခင်ကြီး၏ ကိုယ်လုပ်တော်တစ်ယောက်ပင်။
သူမက ကျို့ဝေ့ကျုံးကိုသာ မွေးခဲ့ပြီး အိမ်တော်မှာဆို တတိယအဆင့်သာရှိ၏။
သူ့မှာ အခြားညီအစ်ကိုနှစ်ယောက်ရှိသော်လည်း နှစ်ယောက်စလုံးက တရားဝင်ဇနီးဆီကနေ မွေးလာသူများဖြစ်သည်။
ဤအချက်ကြောင့် ကျို့မိသားစုသည် ပထမသခင်မကိုသဘောမကျကြပေ။ သူမ၌ မိသားစု၏ပိုင်ဆိုင်မှုများကို တိုက်ခိုက်ချင်သည့်ရည်ရွယ်ချက်ရှိမှာ ကြောက်နေကြသည်။ ထို့ကြောင့် သခင်လေးနှစ်ယောက်ကိုသာ ဂရုစိုက်ပြီး ကျို့ဝေ့ကျုံးကိုတော့ ဂရုမစိုက်ကြပေ။
ထိုနှစ်က ကျို့မိသားစုကနေ အိမ်ရှေ့စံမင်းသားကိုကာကွယ်ရန်အတွက် ကလေးများစွာကိုစေလွှတ်ခဲ့သော်လည်း ကျို့ဝေ့ကျုံးသာ အရွေးချယ်ခံခဲ့ရသည်။
အိမ်တော်ရှိ သူ့အဆင့်အတန်းက ကသိကအောက်
ဖြစ်နေခြင်းကြောင့်ဖြစ်နိုင်၏။ အိမ်ရှေ့စံမင်းသားက သူနှင့်ရင်းနှီးနေသည့်တိုင် ကျို့မိသားစုအား အလွန်မျက်နှာသာပေးနေစရာမလိုခဲ့ပေ။ အမှန်မှာ အိမ်ရှေ့စံမင်းသားက ကျို့ဝေ့ကျုံးအပေါ်ကောင်းကောင်းဆက်ဆံလေ၊ ကျို့မိသားစုက ဤတတိယသခင်လေးအားပိုပြီး ကြောက်ရွံ့လေဖြစ်ကာ ပထမသခင်မအား အေးတိအေးစက်မဆက်ဆံရဲပေ။ မိခင်ဖြစ်သူကို ကောင်းမွန်တဲ့ဘဝမှာ နေနိုင်စေရန်အတွက် ကျို့ဝေ့ကျုံးသည် သေချာပေါက်သစ္စာစောင့်သိရလိမ့်မည်။
ကျို့သခင်မလေးသည်လည်း အစေခံ၏စကားများကိုကြားပြီးနောက် ချီတုံချတုံဖြစ်သွားရသည်။
“ဒါပေမဲ့ အကြောင်းရင်းတချို့ကြောင့် ယွီမိသားစုရဲ့ဝမ်းကွဲက အိမထောင်မပြုနိုင်တော့ရင်ရော၊ သူက မြို့တော်အထိထွက်ပြေးလာတာ၊ အိမ်ထောင်ချပေးခံရတာကနေလွတ်ချင်လို့သက်သက်ပဲတော့မဟုတ်လောက်ဘူးလေ၊ ဟုတ်
တယ်မလား။ သူ့အဒေါ်ပထမသခင်မဆီလာပြီး အကူအညီလာတောင်းတာပဲနေမှာ။"
“ငါသာ သခင်မကြီးကိုပြောပြလိုက်ရင် သူ့ကိုချက်ချင်းတော့ ပြန်မပို့လောက်ဘူး၊ အိမ်မှာခဏတဖြုတ်နေဖို့တော့ ခေါ်ထားလောက်တယ်၊ အချိန်ကျပြီဆိုတော့မှ သူ့အတွေးကို ပထမသခင်မဆီပြောပြလို့ရတာပဲ၊ ငါ ဒီကိစ္စကိုဝင်မစွက်ဖက်ပါဘူး”
“ပြီးတော့ သူဘယ်မှာရှိနေလဲတောင် ပထမသခင်မကသိချင်မှသိမှာ! ငါသူ့ကိုရှာတွေ့သွားလို့ စိတ်ထဲမသက်မသာဖြစ်သွားရင်တောင် ငါ့ကိုအပေါ်ယံတော့ ကျေးဇူးတင်ရဦးမှာပဲလေ၊ သူ့ဆီမှာ တတိယဝမ်းကွဲတစ်ယောက်တည်းရှိတဲ့ဟာ ငါကဘာကြောက်ရမှာလဲ”
ကျို့သခင်မလေးက ထိုသို့တွေးလိုက်သဖြင့် နည်းနည်းတော့ စိတ်သက်သာရာရသွားသည်။
သူမက မြင်းလှည်းပေါ်ချက်ချင်းတက်ကာ အိမ်ပြန်သွားခဲ့သည်။
တစ်ဖက်တွင်လည်း ယွီရှန်းတစ်ယောက် သူမခေါင်းအား သည်းကြီးမဲကြီးကုတ်ထားသည်မှာ သရဲတစ်ကောင်တွေ့မြင်ထားရသည့်အလား။
သူမ၏ဆံပင်တို့ ဖရိုဖရဲဖြစ်နေလေသည်။
“အစ်ကိုရှဲ့…” ယွီရှန်းခမျာ စိတ်သောကရောက်နေပုံပင်။ အိမ်ဝောာ်ထဲဝင်လာပြီးနောက် သက်ပြင်းချရင်း
"သွားပြီ၊ ကျွန်မဒီနေ့ ကျို့မိသားစုကဝမ်းကွဲနဲ့တွေ့လာတယ်၊ သူမှတ်မိသွားမှာ ကြောက်တယ်၊ ငါ့ကိုအရင်တစ်ခေါက်က ရှဲ့သခင်မလေးရယ် သခင်မယင်းရယ်နဲ့အတူတူ မြင်ဖူးထားတော့ မေးမြန်းကြည့်ပြီးသွားရင် ငါဒီမှာရှိတယ်ဆိုတာ သိသွားမှာပဲ၊ အဲ့ကျရင် ကျို့မိသားစုက ငါ့ကိုလာခေါ်တော့မှာ"
ကျို့မိသားစုကသာ သူမကိုလာခေါ်လျှင် သူမ တကယ်ထွက်သွားရမှာပင်။
သူမက မြို့တော်မှာရှိသည့်တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။ သူမသာ မသွားလျှင် အရိုအသေမဲ့ပြီး မသိတတ်သူတစ်ယောက်အဖြစ် နာမည်တပ်ခံရလိမ့်မည်။
သူမကို ခေါ်ထားပေးသည့် ရှဲ့မိသားစုကတောင်.. အပြစ်တင်ခံရလိမ့်မည်..
•••••