← Chapters

အခန်း ၉၉၄

Vol. 51 Ch. 994

အခန်း ၉၉၄

Vol. 51 Ch. 994

အခန်း ၉၉၄။ အရ

ယွီရှန်းသည် အင်မတန်စိတ်ဆိုးနေ၏။ ဤကျို့မိသားစုက ဝမ်းကွဲသည် ဉာဏ်ကောင်းလိမ့်မည်ဟု သူမမထင်။ နှစ်များစွာကြာပြီးသည့်တိုင် သူမကိုရင်းနှီးနေသည်ဟု ထင်နေဆဲ။

ရှဲ့ဖင်းကန်းအား မျက်နှာချင်းဆိုင်နေရသည်ဖြစ်၍ သူမစိတ်ထဲ အပြစ်ရှိစိတ်ဖြစ်မိသည်။

“တကယ်လို့ ကျို့မိသားစုဘက်က ငါ့ကိုထိန်းချုပ်ချင်တာဆိုရင် အစ်ကိုရှဲ့အနေနဲ့ ဝင်စွက်ဖက်လို့မကောင်းဘူး၊ ဒီတစ်ခေါက်က ငါကတိမတည်မိတာ၊ ငါ့ကိုရိုက်နှက်ပြီး ဒေါသပုံချလို့ရတယ်”

ယွီရှန်းက အကြီးအကျယ်နောင်တရနေသည့် မျက်နှာဖြင့် သက်ပြင်းချ‌၏။

ယခင်တုန်းက ဆရာမကိုရှာချင်သည်ဟုပြောခဲ့သော်လည်း ၎င်းက အပျော်သက်သက်သာ

ဖြစ်သည်။

ကျို့မိသားစု၏ အခြေနေကတော့မ‌တူပေ။

ရှဲ့ဖင်းကန်းက ထိုစကားကိုကြားသည့်အခါ “သူတို့လာခေါ်ရင်လည်း လိုက်သွားလိုက်၊ နှစ်ရက်လောက်နေပြီးတာနဲ့ ပြန်လာလို့ရတာပဲ၊ ဘာကြောက်စရာရှိလို့လဲ”

“ကျွန်မပြန်မလာနိုင်မှာကိုကြောက်နေတာ၊ သုန့်အန်းမှာတုန်းကဆို အဘိုးက ကျွန်မကိုသုံးနှစ်လောက် အိမ်မှာပိတ်ထားခဲ့ဖူးတယ်လေ..”

ယွီရှန်းမှာ ခဏတာနှုတ်ဆိတ်နေခဲ့သည်။

“အဲဒါအတွက်စိတ်မပူနဲ့၊ မင်းပြန်လာလို့မရဘူးဆို

ရင် ငါကိုယ်တိုင်လာခေါ်မယ်၊ မင်းက ကိုယ်ခံပညာဆရာတစ်ယောက်ဖြစ်ဖို့ စာချုပ်ချုပ်ထားပြီးသား.. ထွက်ချင်တိုင်းထွက်သွားလို့ရမှာမလို့လား”

ရှဲ့ဖင်းကန်းက စကားတစ်ဝက်လောက်ရောက်ခါမှ ကိုယ်ခံပညာဆရာတစ်ယောက်ဆိုသည့် အထောက်အထားကိုသုံးခြင်းက မကောင်းမှန်းရုတ်တရက်တွေးမိသွားပြီး

“လူတွေသိအောင်ပြောပစ်လိုက်၊ မင်းက ငါ့ညီမရဲ့ဆရာတစ်ယောက် ပြီးတော့မင်းကို အခကြေးငွေပေးထားပြီးသား၊ တကယ်လို့ ကျို့မိသားစုက မင်းကိုလိုချင်တယ်ဆိုရင် မင်းအစားလျော်ကြေးပေးခိုင်းလိုက်”

“သူတို့က တကယ်ကြီးပေးရင်ရော”

ယွီရှန်း၏မျက်နှာက လေးနက်နေသည်။

“အဲလိုဆို မကောင်းဘူးလား၊ အလကားနေရင်း ငွေစတစ်သောင်းလောက်ရမှာ”

ရှဲ့ဖင်းကန်းသည် ပျော်ရွှင်လို့နေကာ

“အဲအချိန်ကျရင် မင်းကသူတို့အိမ်မှာနေပြီး ဆင်းရဲလို့ဆိုပြီး ငိုယိုပြလိုက်၊ သူတို့ကမင်းကို အိမ်ပြန်ပြီး တစ်ယောက်ယောက်နဲ့လက်ထပ်ခိုင်းနေတာမလား၊ သူတို့ကမင်းရဲ့ အမျိုးတွေ၊ပြီးတော့ မင်းကိုအမျိုးဆိုတဲ့နာမည်နဲ့ ပြန်ပို့ချင်နေမှတော့ သူတို့ကိုမင်းအတွက် ဆုံးဖြတ်ချက်ချခိုင်းလိုက်ရုံပေါ့၊ သုန့်အန်းကိစ္စကို ထုတ်ပြောပစ်လိုက်၊ ကိစ္စက ကမောက်ကမတွေဖြစ်ကုန်ပြီဆို ကျို့မိသားစုလည်းမင်းကို ပြန်လွှတ်ရဲမယ်မထင်ဘူး၊ အလွန်ဆုံးမှ သုန့်အန်းကလူတွေကိုလာခိုင်းပြီး မင်းကိုပြန်ခေါ်သွားခိုင်းရုံပဲရှိမှာ”

သုန့်အန်းမှလူများသည် ယွီရှန်းအား ဒေသခံမိသားစုကြီးတစ်ခုမှ အဖိုးကြီးတစ်ယောက်နှင့် လက်ထပ်ချင်စေကြသည်။

သူမ၏မိဘများမှာ ဆုံးပါးသွားပြီဖြစ်ပြီး အဖိုးအဖွားများက ထိုကဲ့သို့ဆုံးဖြတ်ချက်ချ

ကတည်းက မိဘမဲ့တစ်ယောက်ကို အနိုင်ကျင့်သည်ဟု ယူဆလို့ရ၏။

ယွီရှန်းသာ ထိုအကြောင်းအား လူတကာသိအောင်လုပ်လိုက်လျှင် ကျို့မိသားစုက သူတို့၏ဂုဏ်သိက္ခာအတွက် သူမကိုယ်စား ပြေရာပြေကြောင်းလုပ်ရလိမ့်မည်။ သူမအား ကိုယ်တိုင်ပြန်လွှတ်ရဲမည်မဟုတ်။ သို့မဟုတ်ပါက တခြားသူများအမြင်မှာ ယုတ်မာသည့်သုန့်အန်းဆွေမျိုးများအစား ဂရုမစိုက် အလေးမထားသည့် ကျို့မိသားစုဆိုပြီး မှတ်မိနေကြလိမ့်မည်။

ယွီရှန်းက သူ့အားတအံ့တဩကြည့်ရင်း သူမ၏သေးငယ်သည့်လက်‌များဖြင့်လက်ခုပ်တီးကာ

“ကောင်းလိုက်တဲ့အကွက်ပဲ”

“ဒါပေမဲ့ နည်းနည်း မျက်နှာပြောင်တိုက်ပြီး

အရှက်မရှိရာကျလွန်းနေသလားလို့”

ယွီရှန်၏ မျက်နှာအမူအရာများက အတော်လေးတည်ကြည်နေသည်။

“မင်းရဲ့မင်္ဂလာပွဲက မကောင်းမှန်းသိသိကြီးနဲ့ သူများကိစ္စကိုဝင်စွက်ဖက်ပြီး မင်းကိုပို့ပစ်ချင်နေတာလေ၊ သူတို့နဲ့ဆွေးနွေးနေစရာ ဘာအကြောင်းရှိလို့လဲ၊ ငါသာဆိုလို့ကတော့ အုန်းအုန်းကျွက်ကျွက်ဖြစ်အောင်ကို လုပ်ပစ်မှာ”

အပစ်ပယ်ခံရပြီး သူ့မရဲ့သက်တမ်းတစ်ဝက်လောက် ပျက်ဆီးတော့မယ့်ဟာကို တခြားသူတွေအကြောင်း ဘာလို့ဂရုစိုက်နေဦးမှာလဲ?

ယွီရှန်းသည် ထိုစကားများကိုကြားသည့်အခါ လူယုံတော်တစ်ယောက်နှင့်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

သူမသည် သုံးနှစ်တာပိတ်လှောက်ခံရပြီး အတွေးများစွာကိုတွေးခဲ့ဖူးသည်။ သူမလွတ်မြောက်လာချိန်တွင်လည်း မြို့တော်မှာရှိသည့်ဆွေမျိုးများက သူမအပေါ်နင်းချေလိုကြလျှင် ဘယ်လိုလုပ်သင့်လဲ တွေးခဲ့ဖူး၏။ ထိုအချိန်က သူမ နောက်တစ်ကြိမ်ထွက်ပြေးချင်ခဲ့ပြီး အဝေးတစ်နေရာကို ပြေးချင်ခဲ့သည်။

သို့သော် ယခုတော့ ရှဲ့ဖင်းကန်းပြောတာမှန်၏။

သူမ မတရားခံနေရသည်မှာ မကောင်းပေ။

“ငွေစတစ်သောင်းကတော့ နည်းနည်းများသလားလို့၊ တခြားသူတွေ မယုံလောက်ဘူးလေ ဟုတ်တယ်မလား”

ယွီရှန်းက ရှဲ့ဖင်းကန်းနှင့် လေးလေးနက်နက်စတင်ဆွေးနွေးလေသည်။

“ငါ့ညီမက နုံ့အပြီး နည်းနည်းကြောင်တောင်တောင်ဖြစ်မှန်း အပြင်လူတွေသိတယ်၊ ဒီတော့ ငါတို့က ရေစက်ပါလာတာလို့ပြောလိုက်၊ ငါတို့က မင်းကိုထူးခြားတဲ့သူလို့ထင်လို့၊ မင်းကို မမျှမတမဆက်ဆံချင်တဲ့အတွက် ငွေစငါးထောင်ပေးထားတာ၊ ငါးနှစ်စာချုပ်ချုပ်ထားတာကိုမှ အခုချိန်မှာထွက်သွားခဲ့‌မယ်ဆိုရင် စာချုပ်ချုပ်ထားတဲ့သူက ဆယ်ချိုးတစ်ချိုးလျော်ကြေးပေးရမှာ၊ ငွေစငါးသောင်းဆိုတာ မများပါဘူး”

နည်းလွန်းသည်ဟုတောင် ရှဲ့ဖင်းကန်းထင်၏။

ကျို့မိသားစုသည် အလွန်ချမ်းသာ၏။

“ဒါဆို.. သူတို့မရောက်ခင် စာချုပ်အသစ်ရေးထားရအောင်”

ယွီရှန်းက လက်ဖဝါးနှစ်ဖက်အား ပွတ်ရင်း

“ဒီစာချုပ်က အပြင်မှာသုံးဖို့အတွက်ပဲ၊ သီးသန့်အနေနဲ့က နောက်ထပ်လျှို့ဝှက်စာချုပ်တစ်ခု

ရေးထားလိုက်မယ် ပြီးတော့ ငါတို့နှစ်ယောက်ပဲ ဒီအကြောင်းကိုသိရမယ်”

သူမသည် ငတုံးတစ်ယောက်မဟုတ်။ ရှဲ့မိသားစုကကောင်းတယ်ဆိုလျှင်တောင် သူမကိုယ်သူမ မရောင်းစားနိုင်ပေ။

သူမ ဘာပဲလုပ်လုပ်.. လွတ်လမ်းတော့ချန်ထားရမည်ပေ။

••••

All Chapters