← Chapters

အခန်း ၉၉၅

Vol. 51 Ch. 995

အခန်း ၉၉၅

Vol. 51 Ch. 995

အခန်း ၉၉၅။ လူတွေရဲ့မျက်နှာကိုမရိုက်တော့

ယွီရှန်းက အာရုံစိုက်လာသည့်အတွက် ရှဲ့ဖင်းကန်းပျော်သွားသည်။

“ဆရာယွီရဲ့အရည်အချင်းမျိုးနဲ့ အသက်လေးသာနည်းနည်းကြီးရင် ငါတို့တွေ လူရိုင်းတွေကိုအတူတူတိုက်ထုတ်ပြီး စစ်အရည်အသွေးတွေအများကြီးရနေလောက်ပြီ၊ မင်းက ယောကျာ်လေးတစ်ယောက်မဟုတ်တာ နှမြောစရာကောင်း‌ချက်၊ မဟုတ်လို့ကတော့ ငါတို့တွေ သွေးသောက်ညီအစ်ကိုတွေတောင် ဖြစ်နေလောက်ပြီ”

“မိန်းမတစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ၊ အခုကစပြီး အကြီးဆုံးရှဲ့သခင်လေးက ကျွန်မအစ်ကိုကြီးပဲ!”

ယွီရှန်းကလည်း ဟက်ဟက်ပက်ပက်ရယ်လေသည်။

“မဟုတ်သေးဘူး၊ မင်းက ငါ့ညီလေးလုပ်လို့တော့ရတယ်၊ ညီမ‌ဆိုရင်တော့မရဘူး”

ရှဲ့ဖင်းကန်းသည် ခဏတာနှုတ်ဆိတ်နေကာ

“ငါ့အဖေက ပိုက်ဆံသိပ်ရှာနိုင်တာမဟုတ်ဘူး၊ ပြီးတော့ ငါတို့မိသားစုရဲ့စီးပွားရေးကလည်း သေးသေးလေးရယ်၊ ငါ့မှာ အခုထိအခြေမကျသေးတဲ့ ညီတစ်ယောက်နဲ့ညီမနှစ်ယောက်ရှိနေသေးတယ်၊ အခု ငါ့ညီမအကြီးရဲ့ ခန်းဝင်ပစ္စည်းလောက်ပဲ ကျန်တော့တာ၊ ငါ့မှာလည်း ပိုက်ဆံပြတ်လုနီးပါပဲ၊ ငါ့မှာသာ နောက်ထပ်ညီမတစ်ယောက်ရှိလို့ကတော့ခန်းဝင်ပစ္စည်းဖိုးတောင် မတတ်နိုင်လောက်တော့ဘူး”

သူသည် ဆင်းရဲသောမိသားစုကမဟုတ်။ မိသားစုစီးပွားရေးကို ကယ်တင်နိုင်ရန်အတွက် သူတို့၏ သားသမီးများ၊ ညီမများကို ရောင်းစားနေကြရသူများတောင်ရှိသည်။

သူ့ညီမတစ်ယောက်ကိုတော့ အဆုံးရှုံးမခံနိုင်ပေ။

မင်္ဂလာလက်ဖွဲ့ပစ္စည်းနှင့် ခန်းဝင်ပစ္စည်းများအား သူ့ညီမနှင့်အတူ ပေးလိုက်ရမည်။ ထို့အပြင် သူ့ညီမသည် တော်ဝင်မိသားစုနှင့် လက်ထပ်ရမည်ဖြစ်လို့ ငွေအမြောက်အမြားသုံးရန်လိုပေသည်။

“ဒါလည်း ဟုတ်ပါတယ်လေ”

ယွီရှန်း ခေါင်းညိတ်လိုက်သည်။ ရှဲ့ဖင်းကန်းသည် အစ်ကိုကောင်းတစ်ယောက်ဟု သူမခံစားလိုက်ရ၏။

“ ငါရဲ့ အသုံးမကျတဲ့ညီက အသက်၂၀ ကျော်မှပဲ အခြေကျလောက်တယ်၊ အငယ်မလေးကတော့ လက်ထပ်ဖို့ကိစ္စဆွေးနွေးဖို့ဆို ၁၈နှစ် လောက်ထိစောင့်ရဦးမှာ၊ အဲလိုဆို ငါလည်းနှစ်နည်းနည်းလောက်တော့ အသက်ရှုချောင်ဦးမှာပါ၊ ငါရဲ့ညီမအကြီး အိမ်ရှေ့စံမင်းသားနဲ့လက်ထပ်ပြီးသွားလို့ အခြေခိုင်သွားတဲ့အခါကျမှာပဲ သူ့လက်ထဲကနေ ငွေညှစ်ဖို့နည်းလမ်းရှာရမယ်.. ဒီလိုဆို…”

ယွီရှန်းတစ်ယောက် သူမရဲ့အတွေးများကို တိတ်တဆိတ်ပြန်ရုတ်သိမ်းလိုက်လေသည်။

နှစ်ယောက်သား စကားပြောနေစဉ် စာရွက်တစ်ရွက်ရှာတွေ့ခဲ့ပြီး စာချုပ်ချုပ်လိုက်ကြ၏။

၎င်းက မလုံလောက်သေး။ ရှဲ့ဖင်းကန်းသည် ယွီရှန်းအား ဆွဲခေါ်၍ လက်ရည်တောင်ယှဉ်ခိုင်းသေးသည်။

ယွီရှန်းစိတ်ထဲ၌ တစ်ခုခုရှိနေသည့်အတွက် ကောင်းကောင်းမလုပ်နိုင်ခဲ့။ မျက်နှာတွင် အထိုးခံလိုက်ရကာ သိပ်ပြီးမကြာလိုက် သူမ၏မျက်နှာတစ်ခြမ်း ဖူးယောင်လာလေသည်။

ဆရာယွီ၏ သနားစရာကောင်းသည့်ပုံစံအား အိမ်တော်ထိန်းမြင်သည့်အခါ သူမအတွက် စိတ်မ

ကောင်းဖြစ်မိသွား၏။

ဒီအိမ်မှာ ဘယ်လိုလုပ်ပြီး ကိုယ်ခံပညာဆရာတစ်ယောက်ဖြစ်နိုင်မှာလဲ?

လက်ရည်ယှဉ်ဖော်တစ်ယောက်အနေနဲ့ ရောက်နေတယ်ဆိုတာ အသိသာကြီး

သူမလို မိန်းမကောင်းတစ်ယောက်က ဘာလို့ဒီလိုတွေ လုပ်နေရတာလဲ

လူယုတ်မာတစ်ယောက်ရဲ့လက်ချက်နဲ့ ဒီလိုအခြေနေထိထိုးခံနေရတာတောင် အားနည်းချက်လေးပြ၊ နည်းနည်းလောက်ငိုယိုပြရမယ်မှန်းမသိသေးဘူး.. သခင်လေးကိုများ ကောင်းကောင်းလုပ်နေတယ်ဆိုပြီးတောင် ချဲ့ကားပြောနေသေးတယ်?! လက်သီးထိုးတဲ့နည်းက တိုးတက်လာတယ်တဲ့လား?!

ဟူး..

တစ်ချိန်တုန်းက ဆရာယွီကသာ သခင်လေးကို အနိုင်ယူခဲ့သူဖြစ်ခဲ့ကာ ဤတစ်ကြိမ်က သူမအတွက် ပထမဆုံးအကြိမ် အနိုင်ပိုင်းခံရခြင်းဖြစ်သည့်တိုင် ဆရာယွီ၏ သေးသွယ်သည့် လက်မောင်းနှင့် ခြေထောက်တို့က အားကောင်းသည်ဟု သူခံစားမိဆဲပင်..

ရှဲ့ဖင်းကန်းသည် အစပိုင်းမှာ ဂရုမစိုက်ခဲ့သေးပေ။

သူမအား ထိုးပြီးခဲ့ပြီဖြစ်ကာ ၎င်းကရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းလည်းမဟုတ်။

လူနှစ်ယောက် ကိုယ်ခံပညာယှဥ်သည့်အခါ ထိခိုက်‌ဒဏ်ရာရနိုင်သည်က မလွဲမရှောင်နိုင်သည့်

အရာပင်။ ထို့ကြောင့် ရှဲ့ဖင်းကန်သည် သူမမျက်နှာဒဏ်ရာရမှန်း မြင်ပြီးနောက် ပြင်ပဒဏ်ရာများအတွက် လိမ်းဆေးကိုသာ ယူလာပေးခဲ့၏။

သို့သော်လည်း တစ်ခဏကြာပြီးနောက် သူမဒဏ်ရာဆေးလိမ်းပြီးသွား၍ ပြန်ထွက်လာချိန်၌ ရှဲဖင်းကန်း၏ စိတ်ခံစားချက်တို့ ရှုပ်ထွေးသွားရသည်။

ဆရာယွီ၏ အသားအရေက တကယ်နူးညံ့သည်ပင်။

သူလည်း အမြဲတမ်းလိုလိုထိုးနှက်ခံရပြီး ပွန်းပဲ့ဒဏ်ရာရလျှင်တောင် သိသာသည်မဟုတ်။ သို့သော် ဤဆရာယွီသည် သူ့ဆီကနေအထိုးခံလိုက်ရရုံရှိသေး သူမ၏ မျက်နှာတစ်ခြမ်းက ပွန်းပဲ့ဖူးယောင်ပြီး အင်မတန်သနားစရာကောင်းနေလေပြီ။

သူမက အမျိုးသမီးတစ်ယောက်ပင်။

ရှဲ့ဖင်းကန်း ထိုသို့နားလည်သဘောပေါက်သွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ခေတ္တခဏ နှုတ်ဆိတ်သွားသည်။

သူ.. နောင်တစ်ချိန်မှာ လူရဲ့မျက်နှာကိုထပ်ပြီမထိုးတော့..

ဒါလည်းမဟုတ်သေး..

အမျိုးသမီးတစ်ယောက်၏ ကိုယ်ခန္ဓာရှိအရိုးများသည် နူးညံ့ပြီးပိန်ပါးသည့်အတွက် ထုရိုက်လို့မသင့်ပေ။ ရင်ဘတ်.. မဖြစ်သေး..၊ ဝမ်းဗိုက်….၎င်းကလည်း အမျိုးသမီး၏ မီးဖွားမှုနှင့်ဆက်စပ်နေ၏။ ထိုနေရာများကို ရိုက်လို့မဖြစ်။

ယခုလိုတွေးကြည့်တော့မှ အနှီလူကို ထိလို့မဖြစ်နေတာမဟုတ်ဘူးလား…

ထိုအတွေးကြောင့် ရှဲ့ဖင်းကန်း စိတ်ဓာတ်ကျသွားရသည်။

သူဘာတွေးနေသလဲ ယွီရှန်းမသိခဲ့ပေ။ ရှဲ့ဖင်းကန်းတစ်ယောက် အားမရှိသည့်ပုံဖြစ်နေမှန်းမြင်သည့်အခါ သူမကိုထိုးလိုက်မိသည့်အတွက် အပြစ်ရှိစိတ်ဖြစ်နေခြင်းဟုသာ တွေးလိုက်သည်။

“ဒဏ်ရာသေးသေးလေးပါ၊ သုန့်အန်းမှာတုန်းကဆို ‌ဆိုးဆိုးရွားရွားအရိုက်ခံရတာ၊ အဲတုန်းက အသံတစ်ချက်တောင်မထွက်ဘူး၊ အစ်ကိုကြီးရဲ့လက်သီးလောက်က ဘာမှမဟုတ်ဘူးရယ်၊ ဒီတစ်ခေါက်က ကျွန်မဂရုမစိုက်မိတာ၊ အနားယူပြီးရင် ကျိန်းသေပေါက်ရှုံးမှာမဟုတ်ဘူး”

ယွီရှန်းသည် ခြေဖျားထောက်ရပ်လျက် ရှဲ့ဖင်းကန်း၏ ပုခုံးကိုပုတ်ကာ “တကယ်စိတ်ပူစရာမလို

ပါဘူးဆို၊ ဘာမှမဖြစ်ဘူး”

ရှဲ့ဖင်းကန်းသည် ဆက်တိုက်ရေရွတ်နေ၏။

သူ့နှလုံးသားထဲ မသက်မသာဖြစ်နေမိသည်။

သက်တောင့်သက်သာတိုက်ခိုက်နိုင်သည့် ပညာရှင်တစ်ယောက်ကိုရှာနိုင်ဖို့ဆိုတာ လွယ်ကူသည်မဟုတ်.. ယခုတော့ သူမဆီကနေ သင်ယူဖို့ပါ မလွယ်ကူတော့ပေ..

•••••

All Chapters