အခန်း ၉၉၆
Vol. 51 Ch. 996
အခန်း ၉၉၆။ နေ့အလင်းရောင်ကိုမမြင်နိုင်
တစ်ချိန်တည်းမှာပင် ကျို့သခင်မလေးသည်လည်း အိမ်ပြန်ရောက်သွား၏။
သူမက ချက်ချင်းဆိုသလို အဖွား၏ခြံဝန်းဆီသွား၍ ယွီရှန်းနှင့် ဆုံလာသည့်အကြောင်း ပြောပြလိုက်သည်။
“အဲဒီယွီမိသားစုက မိန်းကလေးက စည်းမျဉ်းတွေဘာတွေ လုံးဝကိုမလိုက်နာဘူး၊ မြို့တော်ရောက်လာတာတောင် လူကြီးတွေကို ဂါရဝလာပြုမယ်မရှိဘူး၊ အဲအစား လှေကားပေါ်တောင် အရင်တက်လိုက်သေး၊ မသိတဲ့သူတွေဆို ငါတို့ကျို့မိသားစုက သူ့ကိုအနိုင်ကျင့်နေတယ် ထင်ကုန်တော့မှာပဲ”
သခင်မကြီးက ခနဲ့လိုက်ကာ
“ယွီရှန်းနဲ့ အဲဒီရှဲ့မိသားစုက သမီးအကြီးနဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိနေလဲ မေးမြန်းကြည့်စမ်း၊ ပြီးရင် ဝမ်အိမ်တော်ကိုသွားပြီး လက်ဆောင်
လေးဘာလေး သွားပို့လိုက်၊ သခင်မဝမ်က တချို့တလေဝောာ့ သိထားလောက်တယ်”
“ဟိုကောင်လေး ဝေ့ကျုံးပြန်လာရင် ငါ့ဆီလာတွေ့ဖို့ပါပြောလိုက်ဦး”
သခင်မကြီးက ထပ်ပြောသည်။
ယခုအချိန်၌ ကျို့ဝေ့ကျုံးသည် သူ့ဝမ်းကွဲအကြောင်း ဘာဆိုဘာမှသိမနေခဲ့ပေ။
သူက အိမ်ရှေ့စံမင်းသားနောက်ကနေလိုက်ပြီး ဆရာကြီးလီအား အရိုအသေပေးနေ၏။
ညရောက်သည့်အခါ ကျို့အိမ်တော်မှ အစေခံတစ်ဦးက သူ့ဆီအကြောင်းလာကြားသည်။ ထိုအခါ
ကျမှ သူ့နေရာမှာ အစားထိုးရန်အတွက် လူတစ်ယောက်ရှာပြီး အိမ်ပြန်ခဲ့ရသည်။
သို့သော်လည်း အိမ်ပြန်ရောက်သည့်အခါ လက်ဖက်ရည်တစ်ငုံတောင်မသောက်ရသေး၊ သခင်မကြီးဆီကနေ အခေါ်ခံရပြီး ဩောဝါဒခြွေခံရလေသည်။
“ငါမင်းကို အရင်ကတည်းကပြောထားတယ်လေ၊ သုန့်အန်းက ယွီမိသားစုရဲ့ ဝမ်းကွဲက မြို့တော်ကိုရောက်နေလို့ မင်းတို့ထဲကတစ်ယောက်ယောက်များ သူနဲ့ဆုံခဲ့ရင်.. ငါ့ကိုအသိပေးရမယ်ဆိုပြီး..”
သခင်မကြီးသည် စိတ်ထိခိုက်နေကာ
“ဝေ့ကျုံး. မင်းရဲ့ဝမ်းကွဲကိုတွေ့မိသေးလား”
“မတွေ့မိပါဘူး”
ကျို့ဝေ့ကျုံး၏ မျက်နှာအမူအရာသည် အပြောင်းအလဲမရှိ။
သူ့ရဲ့ ဝမ်းကွဲညီမကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေ..
သူတွေ့ခဲ့သည်က “ဝမ်းကွဲညီ” ဖြစ်၏။
သခင်မကြီးသည် စားပွဲကိုထုရိုက်လိုက်ကာ
“မင်း ငါ့ကိုလိမ်နေတာပဲ! မင်းရဲ့ဝမ်းကွဲမှာ ဆွေမျိုးဆိုလို့နှစ်ယောက်တည်းရှိတာ မင်းရယ်မင်းအမေရယ်၊ ဒီအထိလာပြီး မင်းကိုအရင်ဆုံးမရှာဘဲ နေမတဲ့လား၊ မင်းကိုမရှာခဲ့ဘူးဆိုရင် ရှဲ့မိသားစုက သမီးအကြီးနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်နေမှာလဲ?!”
သခင်မကြီးက ဤကိစ္စနှင့်ပတ်သက်ပြီး အင်မတန်သေချာနေသည်။
တတိယမြေးဖြစ်သူသည် အိမ်ရှေ့စံမင်းသားနှင့်အတူရှိပြီး အိမ်ရှေ့စံမင်းသား၏ အနာဂတ်ဇနီးလောင်းသည် ရှဲ့မိသားစု၏ အကြီးဆုံးသမီးဖြစ်၏။ သူမက ယွီရှန်းနှင့်ပါ ပတ်သက်နေလိုက်သေးသည်။
ဒီဆက်ဆံရေးက ရှင်းပြနေစရာလိုဦးမှာလား။
သူမရဲ့တတိယမြေးက အိမ်ရှေ့စံမင်းသားကိုအကူအညီတောင်းပြီး ယွီရှန်းကိုစောင့်ရှောက်ပေးဖို့အတွက် ရှဲ့မိသားစုက သမီးအကြီးကိုစီစဉ်ခိုင်းထားတာပဲ နေမှာ.. ဟုတ်တယ်မလား?!
ကျို့ဝေ့ကျုံးသည် ထိုစကားများအား ကြားသည့်အခါ ဆက်ပြီးဖုံးကွယ်ထားလို့မရတော့မှန်း သိ၍ တည်တည်ငြိမ်ငြိမ်ရှင်းပြလေသည်။
“အဖွားက ကျွန်တော့်ကို တကယ်အထင်လွဲနေပြီ၊ ရှဲ့မိသားစုက ကျွန်တော့ဝမ်းကွဲကိုအရင်ဆုံးသိတာ၊ ကျွန်တော်လည်း အစတုန်းကတော့ သူ့ကိုအိမ်ပြန်ခေါ်လာမလို့ပဲ ဒါပေမဲ့ကံမကောင်းချင်
တော့ ဝမ်းကွဲက ရှဲ့သခင်မလေးရဲ့ ဧည့်သည်ဖြစ်နေတယ်လေ၊ သူ့အတွက် ဆုံးဖြတ်ချက်ချပေးလို့မရတော့ဘူးပေါ့”
“ဘာလို့မရရမှာလဲ?! သူက မင်းနဲ့သွေးသားတော်စပ်တဲ့ဝမ်းကွဲ၊ ရှဲ့သခင်မလေးက အနာဂတ်ကြင်ရာတော်မင်းသမီးတစ်ပါးဆိုရင်တောင် ဝမ်းကွဲနှစ်ယောက် မတွေ့အောင်တော့ တားလို့မရဘူးလေ”
သခင်မကြီးက ခနဲ့လိုက်၏။
“သူ့အနေနဲ့လုပ်လို့မရတာမှန်ပါတယ်၊ ဒါပေမဲ့ ရှဲ့သခင်မလေးက ဝမ်းကွဲနဲ့စကားပြောရတာ သဘောကျတယ်လေ၊ ပြီးတော့ ဝမ်းကွဲ ဒုက္ခရောက်နေတဲ့အချိန်တုန်းက ရှဲ့မိသားစုက ကူညီပေးထားတာဆိုတော့ ဝမ်းကွဲက ဆက်နေပြီး သူတို့ရဲ့ကြင်နာမှုကို ပြန်ဆပ်ရမယ်…”
ကျို့ဝေ့ကျုံးသည် အမူအရာမဲ့နေလျက်။
သူ့ပုံစံသည် မည်သူကမှ သူ့ကိုဘာမှလုပ်၍မရသလိုမျိုး။
သခင်မကြီးသည် ဒေါသထွက်လွန်းသဖြင့် သူ့အား စူးစိုက်ကြည့်နေလေသည်။
သူ့ဘေးမှာရှိနေသည့် ပထမသခင်မသည်လည်း တည်ငြိမ်နေကာ ဘာတစ်ခုမှ မကြားလိုက်သည့်အလား။
သားအမိနှစ်ယောက်၏ သဘောထားများမှာ ပိုပိုပြီးစိတ်ပျက်စရာကောင်းလာသည့်အတွက် သူတို့အား ပြန်လွှတ်လိုက်တော့သည်။
အဖွား၏ ခြံဝန်းကနေထွက်လာပြီးနောက် ကျို့ဝေ့ကျုံးသည့် သူ့အမေအား
“ဝမ်းကွဲ အဆင်ပြေပါတယ်”
“ ကောင်းပါတယ်၊ ဒီအိမ်တော်ဆီလာပြီး နေ့အလင်းရောင်ကိုမမြင်နိုင်တာနဲ့စာရင်တော့ တော်ပါသေးတယ်”
ပထမသခင်မ၏ လေသံသည် ဂရုမစိုက်ဟန်ဖြစ်နေ၏။
“မင်းရဲ့ဝမ်းကွဲကို နည်းနည်းလောက်ကူညီပေးလိုက်ဦး၊ မင်းဝမ်းကွဲက သူ့ခံယူချက်နဲ့သူရှိပြီးသား၊ သူလုပ်ချင်တိုင်း လုပ်ပါစေ၊ သူ့မိဘတွေက ရှိတော့တာမဟုတ်ဘူး၊ သူ့အဒေါ်ဖြစ်တဲ့ငါတောင် ဘာမှဂရုမစိုက်တဲ့ဟာ တခြားသူတွေမှာလည်း ဘာလုပ်ပိုင်ခွင့်မှမရှိဘူး”
သုန့်အန်း… သူတို့သည် အပြစ်ပေးခံရမည်ကိုမကြောက်ကြ။
တစ်ချိန်တုန်းက ကျို့မိသားစု၏ ပထမသခင်မ
နေရာသည် မလွယ်ကူမှန်းသိနေရက်နှင့်တောင် သူမကိုဤနေရာသို့ ပို့လိုက်ကြသည်။ နှစ်ပေါင်းများစွာအကြာ၌ သူမ ဇနီးတစ်ယောက်ဖြစ်လာပြီး သူမသားက စဉ်းစားချင့်ချန်နိုင်သူတစ်ယောက်ဖြစ်နေတာကလွဲလျှင်
သူမ လုပ်နိုင်သည့်အရာတစ်ခုလေးတောင် မရှိခဲ့ပေ။
သူမ ဤနေရာမှာရှိနေတာ အဆင်ပြေသော်လည်း သူတို့က အငယ်ကိုပါ သွားခွင့်မပေးကြပြန်ပေ။
“အမေ သည်းခံလိုက်ပါဦး၊ အမေ့သား အောင်မြင်လာတဲ့အခါကျရင် အမေ့ကိုကွာရှင်းခိုင်းမယ် ကျွန်တော်ထပ်ပြီး ပျင်းပျင်းရိရိမနေတော့ဘူး”
ကျို့ဝေ့ကျုံးလည်း သူ့အမေ၏ အတွေးများကို သိသည်။
သူ့အဖေသည် အမေထက် အသက်ကြီးသူ
ဖြစ်၏။ သူသည် ခေါင်းမာပြီး သူမအပေါ်နွေးထွေးမှုမရှိ၊ နေ့ရက်တိုင်း အိမ်ကိုဂရုစိုက်ဖို့ကိုသာ ပြောတတ်သည်။
ဤနှစ်တွေတစ်လျှောက်လုံး သူ့အမေသည် အိမ်တော်ထိန်းတစ်ယောက်၏ဘဝလိုမျိုး နေလာခဲ့ရတာပင်။
•••••