← Chapters

အခန်း ၉၉၇

Vol. 51 Ch. 997

အခန်း ၉၉၇

Vol. 51 Ch. 997

အခန်း ၉၉၇။ ဉာဏ်ကောင်းနေပြီ

အထက်တန်းလွှာများ၏ခြံဝန်းတွင်တော့ မတူညီပေ။ အထက်တန်းလွှာများသည် ယောက္ခမများ ယောက်မများရှိကြသလို မျိုးဆက်များနှင့် ကိုယ်လုပ်တော်များကြားမှာလည်း မရေမတွက်နိုင်သည့် လူငယ်များစွာ ရှိကြ၏။

နေ့ရက်တိုင်းတွင် အသေးမွှားကိစ္စလေးတစ်ခုကတောင် ကြီးမားသည့်အနှောင့်အယှက်တစ်ခုဖြစ်စေနိုင်၏။

သူ့မိခင်သည် ဗဟုသုတနည်းပါးသည့် အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ကာ နှစ်ပေါင်းနှစ်ဆယ်ကျော် ဒုက္ခခံခဲ့ရသည်။

“‌ကောင်းပြီလေ၊ သွားနားတော့၊ မင်းဝမ်းကွဲရဲ့အခြေနေကိုသိသွားရင် ပြဿနာတက်နေဦးမယ်”

ပထမသခင်မသည် စိတ်ကောင်းဝင်နေပုံရ၏။

ကျို့ဝေ့ကျုံးသည် နာခံစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် ထွက်သွားခဲ့၏။

ပထမသခင်မပြောတာ မှန်ပေသည်။

နောက်တစ်နေ့၌ သခင်မကြီးသည် ရှဲ့အိမ်တော်ဆီ တစ်စုံတစ်ယောက်အားစေလွှတ်၍ သူမအား သွားကြိုစေခဲ့၏။

ပထမသခင်မသည် မသွားချင်ခဲ့။ သူမ နေလို့မကောင်း၍ဟုဆိုကာ အပြင်မထွက်ခဲ့ပေ။

အိမ်တော်မှာရှိနေသည့် တစ်ဦးတစ်ယောက်ကမှ သွားချင်စိတ်ရှိမနေသည့်အတွက် အိမ်တော်ထိန်းကိုသာ စေလွှတ်လိုက်ရသည်။

ရှဲ့ချောင်သည် လွန်ခဲ့သောနှစ်ရက်စလုံး အလုပ်များနေခဲ့သော်ငြား ပိုင်လိမိသားစု၏ ဝိဉာဉ်ကိုမူရှာလို့မတွေ့သေးပေ။ သူမသည် အိမ်ပြင်မှာပဲ တစ်ချိန်လုံးနေလို့ မဖြစ်ပြန်။ ဤနံနက်ခင်း၌ အချိန်ယူပြီး အိမ်ပြန်ခဲ့သည်။ ကျို့မိသားစုက‌ စေလွှတ်လိုက်သောလူ ရောက်လာချိန်နှင့်အတူတူပင်။

ရှဲ့မိသားစု၏ အစေခံများသည် သူမပြန်ရောက်လာမှန်း မြင်ကြသည့်အခါ အင်မတန် ဝမ်းပန်းတသာဖြစ်သွားကြ၏။ ကျို့မိသားစု၏မြင်းလှည်းကို မမြင်သည့်အလား သူမဆီကိုသာ တန်းသွားပြီး ကြိုဆိုကြသည်။

“ပထမသခင်မလေး! နောက်ဆုံးတော့ ပြန်လာပြီ၊ သခင်ကြီးက ဒီရက်ထဲ စားမဝင်ဖြစ်နေရှာတာ၊ သခင်မလေးက အိမ်မှာမရှိတော့ သူ့နှလုံးသားထဲ ရတက်မအေးဘူးတဲ့လေ!”

သူတို့၏ စကားများက နားဝင်ချိုလှပေသည်။

စင်စစ် ပထမသခင်မလေး အိမ်မှာရှိမနေသည့်အချိန်တွင် ချွင်းအာသည် ပို၍ရက်စက်လာရာ သူတို့ခမျာ သူမလုပ်သ‌ည့်စားစရာများကိုပင် မစားရဲကြချေ ။

ချွင်းအာ၏ ဟင်းချက်အရည်အချင်းမှာ ကောင်းမွန်သဖြင့် စားဖိုဆောင်ကနေ သူမအား အစာပြေမုန့်တချိုလုပ်ပေးရန် အကူညီတောင်းလေ့ရှိသည်။ သူမထိုသို့လုပ်ပေးသည့်အခါမျိုးတွင် လူတိုင်းကြိတ်ပျော်ရ၏။

သို့သော် ပထမသခင်မလေးမရှိကတည်းက ချွင်းအာသည် တစ်နေ့ထက်တစ်နေ့ပိုပြီး ကြည့်ရဆိုးလာ၏။ စားဖိုဆောင်ထဲတွင် မနေသည်မှာ ကြာပြီဖြစ်ပြီး ကိုယ်အလေးချိန်လည်းများစွာကျသွားသည်။

ကျို့မိသားစု၏ အိမ်တော်ထိန်းက ခဏ‌တာမှင်တက်နေခဲ့၏။

ထို့နောက် ရှဲ့ချောင်အား နှုတ်ဆက်ရန်အတွက် အမြန်ရှေ့ကိုသွားလိုက်သည်။

“ပထမသခင်မလေးရှဲ့ပဲ၊ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော်က အမတ်ကြီးဖုန်းမင်အိမ်တော် ကျို့မိသားစုကပါ၊ ဒီနေ့ ကျွန်တော်အထူးတလည်လာရတဲ့အကြောင်းကတော့ သခင်မလေးယွီကို အိမ်ပြန်ခေါ်ဖို့ပါပဲ..”

“အဲဒီမိသားစုကလား”

ရှဲ့ချောင်သည် ခပ်ပေါ့ပေါ့သာပြန်ဖြေကာ

“အို့”

ထို့နောက် ရှဲ့ချောင်သည် သူ့ကိုလျစ်လျူရှုပြီး တံခါးပေါက်ကနေ ဝင်သွားတော့သည်။

ကျို့မိသားစု အိမ်တော်ထိန်းသည် ခေတ္တခဏ

ဆွံ့အနေခဲ့ကာ အနည်းငယ်ဇဝေဇဝါဖြစ်လို့နေ၏

ပထမသခင်မလေးရှဲ့ရဲ့ အဓိပ္ပာယ်ကဘာလဲ..? အနည်းဆုံးတော့.. သူ့ကိုတုံ့ပြန်သင့်တယ်မဟုတ်ဘူးလား!

သူမက ဘယ်တော့မှပြန်ထွက်လာမှာလဲ?

စကားလေးဘာလေးတစ်ခွန်းတောင် ပြောမသွားဘူး

ဒါမှမဟုတ်ဘဲ သူကိုယ်တိုင်ပဲ အထဲဝင်သွားပြီး ပြောရမလား..

သို့သော် သူမသည် သာမန်သခင်မလေးတစ်ယောက်မဟုတ်။ သူ၏ အလိုမကျမှုများကို ထုတ်ဖော်မပြဝံ့သဖြင့် အပြင်မှာစောင့်နေရုံသာရှိပေသည်။

ကံကောင်းစွာဖြင့် သိပ်ပြီးမကြာလိုက် ဝမ်းကွဲဆိုသူ ထွက်လာ၏။

သူမသည် ခပ်တည်တည်မျက်နှာထားဖြင့် ရှဲ့အိမ်တော်အဝင်ဝတွင် မတ်တပ်ရပ်နေ၏။

“အဖွားကျို့က ကျွန်မကိုချစ်မှန်းသိပါတယ်၊ ဒါပေမဲ့ မြို့တော်ရောက်ရောက်ချင်း မတော်တရော်လုပ်မိတာကျွန်မအမှားပါ၊ ကျွန်မက စုတ်ပြဲနေတဲ့အဝတ်အစားဝတ်ထားတာတောင်မှ အဖွားဆီသွားလည်ချင်လွန်းလို့ သွားခဲ့ပေမဲ့ မောင်းထုတ်ထံရလိမ့်မယ် မထင်ထားဘူး၊ ကျွန်မ ပင်ပန်းပြီး ဆာလောင်နေတဲ့အချိန် ရှဲ့မိသားစုက ဒုတိယသခင်မလေးရဲ့ ဆရာဖြစ်ပေးပါဆိုပြီး ဖိတ်ခဲ့တဲ့ကျေးဇူးနဲ့ ကျွန်မရှင်သန်နိုင်ခဲ့တာ”

အိမ်တော်ထိန်းသည် ဇဝေဇဝါဖြစ်နေ၏။

“အမ်း ကျွန်တော်တို့တွေ ပြန်ရောက်တော့မှ ဒီအကြောင်းပြောကြမလား”

သို့‌သော် ယွီရှန်းသည် သူ့ကိုလျစ်လျူရှုလျက်

“ဟုတ်တယ်၊ ပြန်ရောက်တော့မှပဲ ပြောကြမယ်၊ ဒီလက်ဆောင်တွေက ရှဲ့မိသားစုကနေ ကျွန်မအတွက်ပြင်ဆင်ပေးထားတဲ့ လက်ဆောင်တွေလေ၊ မြင်းလှည်းထဲရွှေ့ပေးပါလား”

၎င်းတို့သည် တန်ဖိုးရှိသောပစ္စည်းများမဟုတ်သော်လည်း အရွယ်အစားကြီးမားလှကာ ခြင်းတောင်းများ သေတ္တာများဖြင့် ပုံထားလေသည်။

အင်မတန် ခြိမ်းခြောက်နိုင်စွမ်းရှိပေ၏။

အိမ်တော်ထိန်းသည် သူမအား ကြိုရမည်ဆိုတာကိုသာသိ၍ များများစားစား‌တွေးမနေခဲ့။ ပစ္စည်းများအား မြင်းလှည်းပေါ် ချက်ချင်းရွှေ့လိုက်သည်။ ထို့နောက် ယွီရှန်းသည် မြင်းလှည်းပေါ်တက်ကာ ကျို့အိမ်တော်သို့ သွားကြလေသည်။

ရှဲ့ချောင်သည် သူမအား ခြံဝန်းထဲကနေ စောင့်ကြည့်နေခဲ့၏။ သူမအနေဖြင့် အလျင်လိုရန်မလို။ သူမက မတွေ့ရတာကြာ‌ပြီဖြစ်သည့် အစ်ကိုကြီးကိုပင် ကြည့်‌လိုက်သေးကာ တအံ့တဩဖြင့် “ဒီလက်ဆောင်တွေကို အစ်ကိုကြီးပြင်ပေးထားတာလား၊‌ တော်တော်တောင်ကြာနေပြီ၊ အစ်ကိုကြီးရဲ့ ဦးနှောက်က ဘယ်တုန်းက အသက်ပြန်ရှင်သွားတာလဲ”

သူတို့သည် ကျို့မိသားစုအား လူစည်ကားသည့်အိမ်ဝင်ပေါက်တွင် လက်ဆောင်ပေးလိုက်ခြင်းဖြစ်၍ ကျို့မိသားစုက နောင်တစ်ချိန်မှာ သူ့မကိုစောင့်ကြပ်နိုင်လိမ့်မည်မဟုတ်။

တကယ်တမ်းတွင် ကောလာဟလအနည်းကျဉ်းရှိခဲ့လျှင်တောင် ကျို့မိသားစုသည် နောက်ကွယ်မှာ ခဏတဖြုတ်တော့ အပြောခံရလိမ့်မည်။

ထို့အပြင် ယွီရှန်းက အစပိုင်းမှာတင် ထိုသို့ပြောလိုက်ခြင်းဖြစ်၍ ကျို့မိသားစုသည် ရိုးသားမှုမရှိဟု လူများကိုထင်သွာစေနိုင်၏။ မြို့တော်ထဲ၌ ယွီရှန်းသည် ရှဲ့မိသားစုကို ပိုယုံကြည်ပြီး

ရှဲ့မိသားစုအား လက်ဆောက်ပြင်ပေးရန်အတွက်ပါ တောင်းဆိုးခဲ့သေးသည်ဆိုပြီး ပြောကြလိမ့်မည်။

“ငါက အမြဲတမ်းဉာဏ်ကောင်းပြီးသာ၊ မင်းကသာ တုံးလို့မမြင်နိုင်တာ”

ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်အား မျက်လုံးလှိမ့်ပြပြီးနောက် ပိုလို့တောင် အလိုမကျဖြစ်သွားသေးသည်။

“ပြန်ကောင်းဖို့ဆိုပြီး ကြမ္မာဥယျာဉ်ကိုသွားခဲ့တာမဟုတ်ဘူးလား.. ဘာလို့.. ကိုယ်အလေးချိန်တိုးလာတဲ့ပုံမပေါ်ရတာလဲ၊ အဲမှာ စားစရာမရှိလို့လား”

အစပိုင်း၌ သူမကိုယ်အလေးချိန်အနည်းငယ် တိုးလာသေးသော်လည်း ဤရက်ပိုင်းတွင် ပိုင်လိ

မိသားစုအရေးဖြင့် အလုပ်များနေလေရာ ကိုယ်အလးချိန်ပြန်ကျသွားခဲ့ရသည်။

မနေ့ညက ကောင်းကောင်းအနားယူခဲ့ရသည်ဟုထင်သည့်အပြင် ဤမနက်တွင်လည်း ကြည့်ကောင်းနေသည့်အတွက် စိတ်အားထက်သန်စွာဖြင့် ရောက်လာခဲ့ရခြင်းပင်။

သူမရဲ့အစ်ကိုကြီးက ဒီလောက်ထိရက်စက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။

••••

All Chapters