အခန်း ၉၉၈
Vol. 51 Ch. 998
အခန်း ၉၉၈။ လက်မထပ်ခင်ကတည်းက မျက်နှာသာမပေးခံရတော့
ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်အား ခေါင်းအစခြေအဆုံးကြည့်ပြီး သက်ပြင်းချ၏။
“မင်းရဲ့ ခန္ဓာကိုယ်ကို အားပြည့်အောင်များများမစားထားရင် နောက်ပိုင်း အိမ်ရှေ့စံမင်းသားနဲ့လက်ထပ်တဲ့အခါကျ ဘယ်လိုလုပ်ကလေးမွေးနိုင်တော့မှာလဲ”
ရှဲ့ဖင်းကန်းသည် အမှန်တကယ်စိတ်ပူနေခြင်းပင်။
သူက တစ်ဖက်ကိုလှည့်၍ အိမ်တော်ထိန်းကို ခေါ်လိုက်သည်။
“ဒီနေ့ ဟင်းလျာကောင်းကောင်းတွေပိုချက်ထား၊ ပိုပြီးသားသားနားနားဖြစ်အောင်လုပ်”
“ဟုတ်ကဲပါ”
အိမ်တော်ထိန်းမှာ အလွန်ပျော်ရွှင်နေလေသည်။
ရှဲ့ဖင်းကန်းသည် အစေခံ၏စိတ်လှုပ်ရှားနေမှုကိုကြည့်ပြီး
သူ့ခံစားချက်တို့ ခဏတာ ရှုပ်ထွေးသွားရသည်။
သူ့ညီမအကြီးသည် ဤရက်ပိုင်း အိမ်၌မရှိ၍ မိသားစုတွင် ငွေများများစားစားမရှိ။
သာမန်မိသားစုများနှင့် ယှဉ်လျှင်တော့ ချမ်းသာသည်ဟု သတ်မှတ်လို့ရသေးသည်။ သို့သော်လည်း တခြားသောအရာရှိအိမ်တော်များနှင့် နှိုင်းယှဉ်သည့်အခါ
ကွာခြားမှုက ကောင်းကင်နှင့်မြေကြီးပမာပင်။
ထို့အပြင် အိမ်တော်အား ရှဲ့ရှီတာဝန်မယူခင် လုသခင်မက အိမ်တော်ကိုနှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့သည်။ သူမသည် အိမ်တော်ရှိလူတိုင်းအပေါ် ရက်ရောလွန်း၏။
ကပ်စေးနည်းသည့် ရှဲ့ရှီလိုမျိုး မဟုတ်ပေ။
ရှဲ့ရှီသည် အစေခံများအား ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံသလို အရင်ကအတိုင်းသာ အတူတူဆက်ဆံပေးသည်။ သို့တိုင် သူ့နှင့်သူ့အဖေတို့နှင့်တော့ မတူပေ။
သေရည်ပမာဏက ပုံမှန်ရှိသည်ထက် တစ်ဝက်လောက်သာရှိ၏။ နေ့ရက်တိုင်းလိုလို စားပွဲပေါ်တွင်အသားဟင်းနှစ်ပွဲသာ အများဆုံးရှိသည်။ ကျန်သည်က သက်သက်လွတ်ဟင်းပွဲများ၊ သစ်သီးတချို့နှင့် အစာပြောမုန့်များသာ..
သို့သော် ၎င်းတို့က ဗိုက်ပြည့်သည်မဟုတ်.. ဘယ်ယောကျာ်းကများ ကြိုက်မှာတဲ့လဲ။
ရှဲ့ရှီသည် ထိုဟင်းလျာများအား သမားတော်ကို
မေးမြန်းပြီးမှ စီစဉ်ခဲ့ခြင်းဖြစ်၏။
သူမ၏ ရည်ရွယ်ချက်က ကောင်းမွန်သော်လည်း သူသည် ခန္ဓာကိုယ်ကြီးမားလျက်နှင့် နေ့ရက်တိုင်း အသားနည်းနည်းလောက်သာ စားနေရ၏။ နေ့တိုင်းဆာလောင်နေရသည်။ ဤရက်များ၌ သူရဲ့ဟင်းပွဲများမှာ အသားထပ်ထည့်ရန်အတွက် ကိုယ်ပိုင်ငွေထုတ်သုံးပြီးတောင် ဝယ်ထားရသည်။
အတိတ်တုန်းကဆိုလျှင် စားဖိုဆောင်အား ဟင်းပွဲကောင်းများပိုချက်ပေးရန် အိမ်တော်ထိန်းအားပြောခိုင်းတိုင်း အိမ်တော်ထိန်းခမျာ အခက်တွေ့ရသည်။ ကပ်စေနှဲသည့် ကောင်မလေး ရှဲ့ရှီက သဘောတူမှာမဟုတ်ဘူး ဆိုပြီးသာပြောနေတတ်၏။
သို့သော် ယခု သူ့ညီမ အိမ်ပြန်ရောက်နေပြီဖြစ်၍ မည်သည့်ဆင်ခြေမှရှိမနေတော့!!
“မင်းအိမ်မှာပဲနေသင့်တယ်၊ အတူတူစားဖို့လူတစ်ယောက်လျော့နေတာ ဝမ်းနည်းစရာကြီး၊ ပျင်းဖို့လည်းကောင်းတယ်”
ရှဲ့ဖင်းကန်းက အရှက်မရှိဆိုလေသည်။
“အရင်တုန်းကလည်း အတူတူမစားခဲ့ဘူးလားလို့”
ရှဲ့ချောင်က သာမန်ကာလျှံကာသာပြန်ဖြေလိုက်၏။
သူမတွင် မီးဖိုခန်းသေးသေးလေးတစ်ခုရှိသည်။
မိသားစုနှင့် ရံဖန်ရံခါတွေ့ဆုံမှုများကလွဲပြီး ချွင်းအာ၊ အထိန်းတော်ဝမ်တို့နှင့်သာ စားလေ့ရှိသည်။
ရှဲ့ဖင်းကန်းကြားသည့်အခါ သူမအား ချက်ချင်းဆိုသလို ခက်ထန်စွာဖြင့် စူးစိုက်ကြည့်ပြီး
“ငါက မင်းအစ်ကို၊ ငါပြောတာနားထောင်!”
“အစ်ကိုကြီး ညီမလေးရဲ့ကံတရားက ဘယ်လိုမျိုးလဲ မေ့သွားပြီလား”
သူ ဘာကြောင့် ဒီလောက်ခေါင်းမာနေရသလဲ ရှဲ့
ချောင်မသိပေ။
ရှဲ့ဖင်းကန်းသည် ထိုစကားကြောင့် သူ့နှလုံးသားမွန်းကြပ်သွားရ၏။ စိတ်အခြေနေမကောင်းတော့ချေ။
သူမ၏ ကံတရားသည် ပြောင်းရန်မလွယ်ကူလှ။ သွေးနှောင်ကြိုးများသည် အတူတူစုစည်းနေသဖြင့် သေရမည့်ကံတရားဖြစ်နေသည်။
၎င်းအား အဆောင်စာရွက်များဖြင့် ထိန်းချုပ်ထားနိုင်သော်ငြာူအဆောင်စာရွက်များဆိုတာကလည်း သုံးလို့ကုန်သွားနိုင်၏။
“မင်း တစ်ချိန်ချိန်မှာကလေးမွေးလာရင်ဘယ်လိုလုပ်မလဲ၊ မွေးပြီးပြီးချင်း သေသွားမှာတော့
မဟုတ်ဘူးမလား”
ရှဲ့ဖင်းကန်းသည် အရေးကြီးသည့်အချက်ကိုရုတ်တရက်တွေးမိသွားပြီး စိုးရိမ်စိတ် စဝင်လာသည်။
ရှဲ့ချောင် တွေဝေသွား၏။
ဤကိစ္စအား…
သူမ တစ်ခါမှ မတွေးကြည့်ဖူးပေ။
သူမ၏ နှလုံးသား လေးလံသွားပြီး
“ညီမလေးလည်း မသိဘူး၊ အစ်ကိုကြီးရော ဘယ်လိုထင်လဲ, ညီမလက်ထပ်မယ့်သူက အိမ်ရှေ့စံမင်းသား၊ ညီမသာ ကလေးမမွေးပေးနိုင်ရင်…”
ခင်ပွန်းနှင့် ဇနီးသည် သင့်မြတ်ကြလိမ့်မည်
မဟုတ်။
တော်ဝင်မိသားစုဝင်တွေအတွက် ကိုယ်လုပ်တော်ခေါ်ဖို့က လွယ်တယ်မလား?
ကိုယ်လုပ်တော်တွေကိုသာ တစ်ယောက်ပြီးတစ်ယောက်ယူနေရင် စိတ်ပျက်ဖို့ကောင်းမှာပဲ
“ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ညီမရဲ့ ခန္ဓာကိုယ်က မကောင်းတော့ ကလေးမမွေပေးနိုင်ဘူး၊ ညီမဘဝကြီးက ဆိုးနေတယ်ဆို ပုန်းနေလိုက်ရုံပေါ့၊ တာအိုဆရာတစ်ယောက် ဖြစ်လာတဲ့အခါကျမှ ညီမက တော်ဝင်မိသားစုအတွက် ဆုတောင်းပေးနေတာလို့ ပြောလိုက်မယ်၊ ကျောက်ရွှမ်ကျင်းက ညီမကိုနည်းနည်းတော့ မျက်နှာသာပေးလောက်မှာပါ ဟုတ်တယ်မလား”
မျက်စိတစ်မှိတ်အတွင်း ရှဲ့ချောင် အဖြေရသွားလေသည်။
“မင်းက အိမ်ရှေ့စံမင်းသားကို အခုကတည်းက
နာမည်တပ်ခေါ်နေပြီလား”
ရှဲ့ဖင်းကန်းမှာ ဤမိန်းကလေးကြောင့် ဒေါသထွက်ပြီးသေရလိမ့်မည်။
“လက်ထပ်ဖို့က လပိုင်းလောက်ပဲလိုတော့တာ၊ မင်းသူ့ကိုအဲ့လိုမျိုးခေါ်တာကိုသာ တခြားသူတွေကြားသွားရင် နန်းတော်ကနေ မင်းကိုသင်ပြပေးဖို့ဆိုပြီး စေလွှတ်ထားတဲ့ အထိန်းတော်တွေ အပြစ်ပေးခံရမှာပေါ့၊ နောက်ပြီး မင်းမှာ အိမ်ရှေ့စံမင်းသားအပေါ် ခံစားချက်လေးမရှိဘူးလား၊ မကြာခင်ပဲ လက်ထပ်ရတော့မယ့်ဟာကို တာအိုဆရာဖြစ်မယ့်အကြောင်းပြောနေသေးတယ်၊ အိမ်ရှေ့စံသာသိသွားလို့ကတော့ လက်မထပ်ခင်ကတည်းက မျက်နှာသာပေးခံရတော့မှာမဟုတ်ဘူး!”
ဤမိုက်မဲတဲ့ညီမလေးက နန်းတော်ထဲဝင်ပြီး ကြင်ယာတော်မင်းသမီးတစ်ပါးဖြစ်လာဖို့ မသင့်တော်သူဟု ရှဲ့ဖင်းကန်းတွေးမိလေသည်။
••••••