← Chapters

အခန်း ၉၉၉

Vol. 51 Ch. 999

အခန်း ၉၉၉

Vol. 51 Ch. 999

အခန်း ၉၉၉။ သူမနှင့်သာယာမည်မဟုတ်

ရှဲ့ချောင်သည် ဤနောက်ပိုင်းတွင် ဆရာတူအစ်မဆိုသည့်သရုပ်အား များစွာအသုံးပြုနေလေရာ အိမ်ရှေ့စံမင်းသားကို ဆရာတူမောင်တစ်ယောက်အဖြစ် တရိုတသေဆက်ဆံခြင်းမျိုးမရှိခဲ့ပေ။ သူမက မချိန်မီမတုံ့ပြန်လိုက်နိုင်ရုံသာဖြစ်ပြီး နာမည်မှားခေါ်လိုက်ခြင်းပင်။

“အစ်ကိုကြီးကလည်း ဒီလိုအသေးမွှားကိစ္စလောက်ကို စိတ်ပူမနေနဲ့”

ရှဲ့ချောင်သည် သူ့ကြောင့်နှင့် စိတ်ရှုပ်မခံချင်ပေ။

တရစပ်ပြောနေတာ– တစ်ယောက်နဲ့တစ်‌ယောက်နောက်ဆုံတစ်ခါက်တွေ့တာဖြင့် ဘယ်လောက်ကြာသေးလို့လဲ?

မိန်းမကြီးကျနေတာပဲ။

“စိတ်မပူပဲနေမလား၊ နန်းတော်ထဲကိုဝင်သွားတဲ့အမျိုးသမီးတွေအကုန်လုံး မျက်နှာသာပေးခံရဖို့အရေးကို အပြိုင်အဆိုင်ဖြစ်နေကြတာ၊ ဘုရင့်အနောက်ဆောင်က အခုထိ ကြွက်ကြွက်ညံနေတုန်း ပြီးတော့ အဲဒီကိုယ်လုပ်တော်တွေကလည်း ပြောရဆိုရလွယ်တဲ့သူတွေမှမဟုတ်တာ၊ အိမ်ရှေ့စံမင်းသားရဲ့ အနောက်ဆောင်ကလည်း နောင်တစ်ချိန် ဒီလိုမျိုးပဲဖြစ်လာမှာ၊ မင်းသာ ထုံထုံထိုင်းထိုင်းလုပ်‌နေပြီး သူတို့နဲ့မပြိုင်နိုင်လို့ကတော့ မြန်မြန်တောင် သေဦးမယ်!”

ရှဲ့ဖင်းကန်းသည် အလျှော့မပေးခြင်းမရှိဘဲ ဆက်မေးနေဆဲပင်။

“အစ်ကိုကြီးရဲ့စကားကိုကြားမှပဲ ကိုယ့်ကိုကိုယ် တကယ်ကြီးသေရတော့မှာပါလားလို့ ခံစားနေရပြီ ”

ရှဲ့ချောင်သည် ခန်းမဆောင်ဆီလျှောက်သွား၍

ထိုင်ချကာ မောမောနှင့် ရေနွေးတစ်ငုံမော့လိုက်၏။

သူမသည် အခုတစ်လော အင်မတန်းပင်ပန်းနေပြီး သူမ၏ အားအင်ကလည်း ခါတိုင်းကဲ့သို့ဟုတ်မနေပေ!

“အနည်းနဲ့အများပေါ့”

ရှဲ့ဖင်းကန်း၏မျက်နှာသည် တည်တင်းနေကာ

“လွန်ခဲ့တဲ့ရက်ပိုင်းလောက်က လူတစ်ယောက်က ငါ့ကိုအကြံတစ်ခုပေးသွားတယ်၊ မင်းက ကျန်းမားရေးမကောင်းလို့ အိမ်ရှေ့စံမင်းသားကိုခဏခဏ မခစားနိုင်ဘူးဆိုရင် ငါက အိမ်ရှေ့စံမင်းသားအတွက် လှတဲ့ ကိုယ်လုပ်တော်နှစ်ယောက်ကိုရှာပေးပြီး သူတို့ကို ငါ့လက်ထဲထားရမယ်တဲ့”

သူ နားမလည်နိုင်ခဲ့။ အနောက်ဆောင်မှာ မိန်းမတွေအများကြီးရှိနေရင် ပိုပြီးဆူညံနေမယ်မဟုတ်

ဘူးလား။

သို့သော် သူမေးမြန်းကြည့်ပြီးနောက် မြို့ထဲ၌ ကိုယ်လုပ်တော်မရှိသည့် လူကုံထံမိသားစုများမှာ အနည်းကျဉ်းသားရှိကြောင်းသိခဲ့ရသည်။

အိမ်ရှေ့စံမင်းသားဆို ပြောနေစရာတောင်မလိုတော့ပေ။

ရှဲ့ချောင်မှာ သီးလုနီးနီးဖြစ်သွားရ၏။

သူမ မေးတော့မည့်အချိန် ရှဲ့ဖင်းကန်းက “ငါမင်းအတွက် ဆန်ကာတင်တစ်ယောက် ရွေးထားပြီးပြီ၊ သူက တော်တော်လေးကြည့်ကောင်းသလို ခါးကလည်း သေးသေးသွယ်သွယ်လေး၊ သူ့ကိုစောင့်ရှောက်ဖို့ တစ်ယောက်ကိုခိုင်းထားတယ်၊ မင်းကြည့်လို့ရအောင် မနက်ဖြန်ခေါ်လာလိုက်

မယ်”

သူ့ညီမ ထိုမိန်းကလေးကိုသဘောမကျခင် သူမကိုဝယ်ရန်အတွက် သူ့ငွေကိုမသုံးရက်ခဲ့ပေ။

သို့သော် သူမအား တစ်ယောက်ယောက်က ဝယ်သွားပြန်လျှင်လည်း နှမြောစရာကောင်းဦးမည်။ ထို့ကြောင့် သူ့ခမျာ မျက်နှာပြောင်ပြောင်နှင့် အနှီမိန်းကလေးအား ရက်ပိုင်းလောက်ခေါ်ထားပေးရန် ထိုလူအား တောင်းဆိုခဲ့ရသည်။ သူ စရံငွေအနည်းငယ်ကိုလည်း ပေးချေထား၏။ နောက်ဆုံး၌ သူမကိုမဝယ်ဖြစ်ခဲ့သော် စရံငွေကိုဆုံးရှုံးရမည်ဆိုပေမဲ့ အရှုံးက နည်းပေလိမ့်မည်။

ရှဲ့ချောင် ဆွံ့အသွားရသည်။

“တကယ့်ကို အစ်ကိုကြီးကောင်းပဲ”

“ဒါပေါ့၊ အမေက စောစောစီးစီးသေသွားခဲ့တာ၊ ငါ

သာမင်းကို ဂရုမစိုက်ပေးရင် ငါတို့အဖေကရော ထည့်တွက်လို့ရလို့လား”

ရှဲ့ဖင်းကန်းသည် ရှဲ့နျိုရှန်းအကြောင်း ပြောသည့်အချိန် မျက်လုံးကိုလှိမ့်ပြပြီး ထွီခနဲလုပ်ပစ်လုနီးနီးပင်။

“သူ့အတွက် ကလေးမွေးပေးမယ့် ကိုယ်လုပ်တော်.. အစ်ကိုကြီးပဲခေါ်ထားလိုက်ပါတော့၊ အရှင့်သား အိမ်ရှေ့စံကလည်း သူနဲ့သာယာမှာမဟုတ်ဘူး”

“ သူက ညီမလေးကိုလက်ထပ်ချင်မှတော့ သူ့ဟာသူ ရှင်ဘုရင်ဖြစ်ဖြစ် အိမ်ရှေ့စံဖြစ်ဖြစ် ညီမကို တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနေခွင့်ပေးရမယ်၊ ညီမလေးက ကလေးမမွေးပေးနိုင်လို့ သည်းမခံနိုင်ဘူးဆိုရင် ကိုယ့်ဟာကိုယ်ထွက်သွားလိုက်မယ်၊ တခြားသူကို ဒုက္ခရောက်အောင်လို့ အဲလောက်ထိအားထည့်နေစရာမလိုဘူး”

ရှဲ့ချောင်သည် အင်မတန်တည်ငြိမ်နေ၏။

“မင်းရဲ့စကားတွေကလည်း တုံးချက်၊ သူက အိမ်ရှေ့စံမင်းသားလေ၊ မင်းမလိုချင်ဘူးဆိုတိုင်း ကြင်ရာတော်နေရာကို လက်လျှော့လိုက်လို့ရမှာတဲ့လား”

ညီမဖြစ်သူသည် ရူးမိုက်သူတစ်ယောက်ဟု ရှဲ့ဖင်းကန်းထင်မိကာ စိတ်ပူသွားရပြန်သည်။

“ရွေးချယ်စရာမရှိဘူးဆိုလည်း ညှိနှိုင်းလို့ရမယ့်နည်းတော့ရှိမှာပဲလေ၊ သူက ညီမလေးကိုရော တခြားအမျိုးသမီးတွေကိုရော လိုချင်နေတာဆိုရင်တော့ မဖြစ်သေးဘူးပေါ့၊ ညီမက ကျင့်ကြံတာမျိုးဖြစ်ဖြစ်.. ဒါမှမဟုတ်လည်း…”

ရှဲ့ချောင်က ဖြည်းဖြည်းချင်းပြောကာ

“အစ်ကိုကြီးကို ကျန်တဲ့စကားတွေနဲ့တော့ မခြောက်တော့ပါဘူး”

သူမသည် ရွှေယွဲ့ဘုရားကျောင်း၏မျိုးဆက်ဖြစ်၏။

တစ်ယောက်ယောက်ကသာ သူမကိုအနိုင်ကျင့်နေမည်ဆိုလျှင် ထိုလူ၏ ဖုန်းရွှေကိုဖျက်ဆီးပစ်ပြီး လက်ကျန်ဘဝတစ်လျှောက်လုံးကို ဒုက္ခခံစားရင်းနေသွားရအောင် လုပ်နိုင်စွမ်းရှိသည်။

ထိုအကြောင်းပြချက်ကြောင့်နှင့် သူ့ကိုလက်မထပ်ချင်တာတော့မဟုတ်ပေ။

သူမသည် သဘောထားကြီးသူတစ်ယောက်ဖြစ်၏။

၎င်းက သူမ၏ကံတရားပင်။ သူမအနေဖြင့် မည်သည့်အရာကိုမှ တွန်းအားမပေးရဲ။ အိမ်ထောင်ပြုခြင်းအတွက်ကတော့ ချောမွေ့ပြီး မဆိုးလွန်းမကောင်းလွန်းသည့် ဘဝမျိုးရရန်သာ မျှော်လင့်မိသည်။ သူမ တုန်လှုပ်မည်မဟုတ်သလို ဒေါသထွက်မည်လည်းမဟုတ်။ ‌‌သူမက ရေနွေး သို့မဟုတ် လေထဲတွင်လွင့်မျောနေသည့် မီးခိုးလို

မျိုး မပူလွန်းမအေးလွန်းသာဖြစ်ချင်သည်။ ၎င်းက အကောင်းဆုံးပင်။

“မင်းက စွမ်းဆောင်နိုင်နေတာမဟုတ်ပေမဲ့ သဘောထားသေးတဲ့သူလည်းမဟုတ်ဘူး၊ အစကတော့ အဲတစ်ယောက်ကို မင်းအတွက်လက်ဆောင်အနေနဲ့ ဈေးကြီးကြီးပေးဝယ်မလို့ပဲ၊ ဒါပေမဲ့ ဒီလိုဖြစ်လာမှတော့ ဓားရှည်ကောင်းနှစ်လက်လောက်ဝယ်ဖို့ပိုက်ဆံကျန်သွားတော့ပေါ့ကွာ”

ရှဲ့ဖင်းကန်းက ရေရွတ်လေသည်။

သို့သော် ထိုစကားများအား သူ့စိတ်ထဲသိမ်းထားသေးသည်။

အိမ်ရှေ့စံမင်းသားနှင့်ဆုံသည့်အခါ အရှင့်သား၏အတွေးကို မေးကြည့်ရဦးမည်ပေ။ နှစ်ယောက်လုံး၏ အတွေးများက အလှမ်းဝေးလွန်းနေသည်ဆိုလျှင်တော့..

မင်္ဂလာပွဲကျင်းပရန် သုံးလေးလလောက်ကျန်သေးသည်ကို အခွင့်ကောင်းယူကာ ဖျက်ပစ်ဖို့အတွက် နည်းလမ်းတစ်ခုစဉ်းစားရလိမ့်မည်။

•••••

All Chapters