← Chapters

အခန်း ၁၀၀၀

Vol. 51 Ch. 1000

အခန်း ၁၀၀၀

Vol. 51 Ch. 1000

အခန်း ၁၀၀၀ အသည်းနှလုံးမရှိသည့်သူ

ရှဲ့ဖင်းကန်း၏မျက်နှာထားသည် ပိုပိုပြီးတည်တင်းလာကာ ရှဲ့ချောင်က သူ့အပေါ် ငွေစတစ်သောင်း အကြွေးတင်နေသည့်အလား။

ယနေ့ မှုခင်းစီရင်ရေးဌာနသို့သွားရဦးမှာဖြစ်သည်။

ဤကဲ့သို့သော အေးတိအေးစက်မျာက်နှာမျိုးနှင့်ဆိုလျှင် သူ့လုပ်ဖော်ကိုင်ဖက်များ ကြောက်လန့်ကုန်ပြီး သူ့ဆီချဉ်းကပ်ရဲမှာမဟုတ်ပေ။

ရှဲ့ချောင်၏ အိမ်ပြန်ခရီးက သူမ၏ ညီအစ်ကိုမောင်နှမများနှင့်တွေ့ရန်သာဖြစ်သလို သူမ၏ ကိုယ်ပိုင်ခြံဝန်းဆီပြန်ကာ ချွင်းအာ၊ အထိန်းတော်ဝမ်းတို့နှင့် စကားပြောဆိုရသေးသည်။။ ထိုအခါမှသာ သူတို့စိတ်အေးနိုင်မှာဖြစ်သည်။

အခြား ‌အသေးအဖွဲ့ကိစ္စဟူ၍မရှိ။

ရှဲ့ဖင်းဟွိုက်သည် အတန်းတက်ရန်အတွက် ကျောင်းတော်သို့ သုတ်ခြေတင်သွားရဦးမည်ဖြစ်၍ ရှဲ့ချောင်နှင့် စကားသိပ်မပြောနိုင်ခဲ့ပေ။

သို့သော် သူ့ခမျာ ခါးသီးမှုများဖြင့်ပြည့်နေပြီး သူ့အစ်မအား ပြောပြချင်နေသေးသည်…

ဂန္တဝင်ဆရာကြီးပြန်ရောက်လာပြီးနောက်ပိုင်း သူ့ဆရာ ရှောင်းယွိရုန်သည် သူ့အား ပိုပြီးတောင် ဆိုးဝါးစွာဆက်ဆံလာ၏။ ဤနောက်ပိုင်းတွင် သူသည် လိမ္မာရေးခြားရှိပြီး စဉ်းစားချင့်ချိန်တတ်လာသော်လည်း ရှောင်းယွိရုန်က သူ့အပေါ်ရမယ်ရှာနေဆဲ။ သူ့အားတစ်နေ့ကို သုံးကြိမ်ဆူတတ်ကာ ၎င်းက အစားစားခြင်းထက်တောင် ပိုပြီးအချိန်တိကျနေလေသည်။

ထိုဆရာကြီး..

ဟူး.. ဆရာကြီးနှင့် ရက်ပိုင်းလောက်နေလျှင် တွေ့ရမည်ဟု ပြော၏။

ဆရာကြီးသာ သူ့ကိုအထင်သေးခဲ့သော် ဂိုဏ်းထဲကနေ ကန်ထုတ်ခံရလိမ့်မည်။

နည်းနည်းတော့ ကြောက်စရာကောင်းပေ၏..

ရှဲ့ဖင်းဟွိုက်၌ ဂိုဏ်းကိုဝင်ခွင့်ရရန် အာရုံသိပ်မရှိ။ ရှောင်းယွိရုန်အား ကြောက်ရွံရိုသေနေသည်မှာတောင် ရှားရှားပါးပါးဖြစ်နေလေပြီဖြစ်ရာ ဆရာကြီးလီကတော့…

သူလုံးဝ ခံစားချက်မရှိပေ။

အင်မတန် စိတ်ပျက်စရာကောင်းသည့် လူအိုကြီးတစ်ယောက်ဟုသာ ခံစားရ၏။

ရှဲ့ဖင်းဟွိုက်နှင့် ယှဉ်လျှင် ရှဲ့ရှီသည် အလွန်လိမ္မာသည့် ကလေးတစ်ယောက်ပင်။

ရံဖန်ရံခါ အဒေါ်လင်း၏အိမ်သို့ ရှဲ့ဖင်းဟွိုက်မသိအောင် တိတ်တဆိတ်သွားတတ်ပြီး ကျန်အချိန်များကို ကျောင်းတော်တွင်သာ ဝီရိယရှိရှိလေ့လာသင်ယူရင်း ကုန်ဆုံးတတ်သည်။

သခင်မလုမရှိသည့် အိမ်တော်တွင် အချိန်အတန်အသင့်ကြာပြီးနောက် ရှဲ့ရှီ၏ အကျင့်စရိုက်သည်လည်း အနည်းနှင့်အများတော့ ပြောင်းလဲသွားသည်။ အိမ်ကိုစီမံခန့်ခွဲချိန်ကစပြီး ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာသလို

သူမ၏ စိတ်သည်လည်း တက်တက်ကြွကြွရှိလာသည်။ မျက်စိတစ်မှိတ်အတွင်း ကြွေပန်းခြံဝန်းမှ နှင်းလုံးပန်းခြံဝန်းဆီသို့ပင် အဆင့်တိုးမြင့်သွား၏။ သူမ၏ တိုးတက်မှုက ကောင်းပေသည်။

ဒါတင်မက ရှဲ့ရှီသည် ဂဏန်းအတွက်အချက်အတန်း၌ ‌ပြောင်မြောက်သည့်အကဲဖြတ်မှုကိုပင်ရရှိထားကာ စာမေးပွဲများတွင်လည်း ကောင်းမွန်စွာလုပ်ဆောင်လျက်ရှိသည်။

ရှဲ့ရှိသည် အစနောက်ကျခဲ့သော်လည်း သူမ၏လက်ရှိတိုးတက်မှုများကို ရှဲ့ချောင်အင်မတန်ကျေနပ်‌မိနေလေပြီ။

သူမအဖေ၏ ရာထူးသည် မြင့်သင့်သလောက်မြင့်နေပြီဖြစ်၏။ သူ့ဘဝမှာ ရှေ့ဆက်တက်နိုင်ဖို့က ခက်ခဲလိမ့်မည်။ အလွန်ဆုံးမှ အိမ်ရှေ့စံမင်းသားနှင့်ဆက်ဆံရေးကို အားကိုးပြီး အဆင့်အတန်း

တစ်ခု ချီးမြှင့်ခံရရုံသာ။ ၎င်းက အဆုံးစွန်ဖြစ်လိမ့်မည်။ သို့သော် သူမအစ်ကို၏အနာဂတ်က အလားအလာရှိသေးသည်။ နောင်တစ်ချိန် သူမအဖေမရှိတော့လျှင်တောင် သူမကိုကာကွယ်ပေးနိုင်လိမ့်မည်။

ရှဲ့ချောင်သည် အမေတစ်ယောက်ပမာ တွေးပူနေ၏။

တစ်မနက်ခင်းလုံး အိမ်တော်၌ အချိန်ကုန်ပြီးနောက် သူမ ထွက်သွားခဲ့ပြန်သည်။

ချွင်းအာသည် သူမအား အိမ်တော်ဝင်ပေါက်အထိလိုက်ပို့ပေး၏။ သူမက ရှဲ့ချောင်နှင့်ခွဲရမည့်အရေးကို အင်တင်တင်ဖြစ်နေသည်။

သူမအား ဆက်တိုက်ခေါ်နေသည်မှာ တစ်ယောက်ယောက်နှင့် လက်ထပ်တော့မည့်အတိုင်းပင်။

၎င်းက ရှဲ့ချောင်ကိုဖိအားများစွာခံစားရစေသည်။ အသည်းနှလုံးမရှိသည့်သူတစ်ယောက်လို့တောင် ခံစားလိုက်ရသည်။

နေ့လည်ခင်း၌ ရှဲ့ချောင်သည် မော့ချူးရှန်းအသွင်ဖြင့်ရုပ်ဖျက်ကာ သဘောတူထားသည့် လက်ဖက်ရည်ဆိုင်ဆီသွားခဲ့သည်။

အိမ်ရှေ့စံမင်းသားစေလွှတ်ထားသော အစောင့်သည့်လည်း သူမအား အခြေနေတင်ပြရန် အချိန်ကိုက်ရောက်လို့နေ၏။

ခေါင်းဆောင်မှာ ချင်းကျီပင်။

သူ့မှာ အိမ်ရှေ့စံမင်းသားအား ကာကွယ်ပိုင်ခွင့်မရှိသော်လည်း ဤသို့သော အရာများကိုလုပ်ရ

သည်။

“ဆရာမ ကျွန်တော်တို့ အနောက်တောင်ပိုင်းနေရာကိုရှာကြည့်ပြီးသွားပါပြီ၊ တာအိုဆရာတွေအများကြီး ရှာတွေ့ပေမဲ့ ပုံမှန်မဟုတ်တာတော့ တစ်ခုမှမတွေ့ပါဘူး၊ နောက်ပြီး အိမ်နီးချင်းအများစုကလည်း သူတို့ကိုသိကြတယ်”

“ဓမ္မဆရာနာမည် လျိုမင်ဆိုတဲ့သူရောရှိလား”

ရှဲ့ချောင် ရုတ်တရက်တွေးမိသွားပြီး မေးလိုက်သည်။

သူမစိတ်ထင် ထိုလူရမ်းကား ပေါင်ယိသည် ဤတာအိုဆရာအား အင်မတန်လေးစားသူဖြစ်၍ အနှီတာအိုဆရာသည်လည်း ကြင်နာတတ်သူတစ်ယောက်မဖြစ်နိုင်ပေ။ ဤလူရမ်းကား၏ အကြိုက်နှင့်ကိုက်သည့် အစဉ်လာကိုဆန့်ကျင်သောနည်းလမ်းတချို့ကိုသိထားလောက်၏။

ရှဲ့ချောင်က ဒီအတိုင်းမေးလိုက်ခြင်းသာ။

ထို့အပြင် သူမသည် မြို့တော်၌ ယွမ်ချန်းကျစ်ကလွဲပြီး အခြားတာအိုဆရာများကိုသိသည်မဟုတ်။

“လျိုမင်လား”

ချင်းကျီသည် ခဏစဉ်းစားကြည့်ကာ မှတ်စုစာအုပ်တစ်အုပ်ကိုယူထုတ်၍ စာမျက်နှာနည်းနည်းလောက်လှန်လိုက်၏။

“ဟုတ်တယ် ဒီမှာ ကြည့်ကြည့်ပါဦး”

ရှဲ့ချောင်က မှတ်စုစာအုပ်ပေါ်ရှိ အဖြူအမည်းစာလုံးများကိုကြည့်လိုက်၏။

အတော်လေး ပြည့်စုံလှသည်။

ဤတာအိုလျိုမင်သည် တာအိုဘုရားကျောင်းငယ်

တစ်ခုမှ လာသူဖြစ်သည်။ သူသည် အသက်လေးဆယ် ငါးဆယ်ဝန်းကျင်ရှိပြီဖြစ်ကာ မြို့တော်၌ လွန်ခဲ့‌သော လကမှ အလုပ်လုပ်ခြင်းပင်။ သူနေခဲ့သည့် တာအိုဘုရားကျောင်းက အလုပ်မဖြစ်တော့ပုံရသည်။

“ဒီလူကို ကျွန်တော်မှတ်မိတယ်၊ သူ့ပုံစံက ထူးထူးခြားခြားမျိုးတော့မဟုတ်ဘူး၊ တခြားတာအိုတရာတွေလိုပဲ မုတ်ဆိတ်မွေးအရှည်ကြီးနဲ့ တော်တော်လေးအစွမ်းထက်တဲ့ မ‌သေမျိုးတစ်ပါးနဲ့တူတယ်”

အစောင့်ကဆိုလေသည်။

••••

All Chapters