← Chapters

အခန်း ၉၉၁

Vol. 67 Ch. 991

အခန်း ၉၉၁

Vol. 67 Ch. 991

အပိုင်း ၉၉၁ : ကျုပ်ရဲ့ဆိုလိုရင်းကို ခင်ဗျားတို့သိပါတယ်

"အဆက်အသွယ်ပြတ်သွားတယ် ဟုတ်လား။ မင်း ဘာကိုဆိုလိုချင်တာလဲ။ သေချာရှင်းပြစမ်း"

မော့စ်က ဖိအားပေးမေးမြန်းလိုက်သော်လည်း သူ့ဆက်သွယ်ရေးကိရိယာမှာ တစ်စုံတစ်ရာကြောင့် ရုတ်တရက် ပြတ်တောက်သွားပုံရပြီး ချီယာ၏ အသံကို ဆက်မကြားရတော့ပေ။

"အဘိုးကြီး... ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ခင်ဗျားရဲ့ လက်ကျန်ဂုဏ်သိက္ခာလေးကို ထောက်ထားပြီး အခုနောက်ဆုတ်‌ပေးမယ်ဆိုရင် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျား ဆက်ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကျုပ်ကလည်း ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိတယ်လို့ ထင်နေတဲ့ကောင်တွေကို နှိမ်နှင်းရတာ အကြိုက်ဆုံးပဲ"

"ငါ့ကို အခွင့်အရေးပေးမယ် ဟုတ်လား.... မင်းရဲ့ ရုပ်သေးရုပ်တွေကို အားကိုးပြီးတော့လား။ အဲဒါတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရရင် မင်းက နှမြောမှာမဟုတ်ပေမဲ့ ငါကတော့ နှမြောမိမှာပဲ"

မော့စ်၏ စိတ်ထဲတွင် ထိုအရာများမှာ သူတို့ပိုင်ဆိုင်ပြီးသား ဖြစ်သောကြောင့် မည်သည့် ပျက်စီးဆုံးရှုံးမှုမဆို သူတို့၏ ကိုယ်ကျိုးစီးပွားကို ထိခိုက်ေစသည်ဟု ယူဆထားသည်။

"ခင်ဗျားက ခေါင်းမာနေမှတော့ ဒီနေ့အတွက် ဖြစ်နိုင်ခြေသုံးခုပဲ ရှိတော့တယ်။ ခင်ဗျား ကျုပ်ကို သတ်ရင်သတ်။ အဲ့လိုမှမဟုတ်ရင် ကျုပ် ခင်ဗျားကိုသတ်မယ်။ တတိယအချက်ကတော့... ဟီးဟီး"

ကျန်းမုန့်လောင်၏ နှုတ်ခမ်းထောင့်ကား တွန့်ကွေးသွားသည်။

"ရှောင်ဟယ်"

ဟင်းလင်းပြင်ထဲမှ စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာသည့်အတွက် မော့စ်၏ စွမ်းအားကို ချက်ချင်း ပြယ်ပျောက်သွားစေခဲ့သည်။

ကျန်းမုန့်လောင်လည်း ထိုစွမ်းအား၏ ချုပ်နှောင်မှုမှ ချက်ချင်း လွတ်မြောက်သွားသည်။

"သောက်ကျိုးနည်း... ဒီအရှိန်အဝါကြောင့် ငါ အသက်ရှူကျပ်သေတော့မလိုပဲ။ ခင်ဗျား ဒါကို ခံနိုင်ရည်ရှိလား"

"ဒါက ဘာကြီးလဲ"

ထိုစွမ်းအားကြောင့် မော့စ်ပင် အနည်းငယ် ထိတ်လန့်သွားသည်။

အက်ကွဲကြောင်းထဲတွင် ဘာရှိနေသလဲဆိုသည်ကို သူ သေချာမခွဲခြားနိုင်ခင်မှာပင် ထိုအထဲမှ မီတာရာပေါင်းများစွာ ရှည်လျားပြီး အကြေးခွံနှင့်တူသော သံချပ်ကာများ ဖုံးလွှမ်းနေသည့် မည်းနက်နက်လက်မောင်းကြီးတစ်ခု ထွက်ပေါ်လာလေရာ ရှေးဟောင်းနတ်ဆိုးဘုရင်တစ်ပါး၏ လက်မောင်းအလားပင်။

ဧရာမလက်သီးကြီးက မော့စ်ထံသို့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက်ချိန်ဝယ် စွမ်းအားပြင်းထန်လွန်းလှသဖြင့် ကျောက်ဆောင်ဂြိုဟ်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်။

ဝုန်း!

"အဆင့်ကိုးသက်ရှိလား"

မော့စ်၏ မျက်လုံးများမှာ အနည်းငယ် တွန့်လိမ်သွားပြီး တတ်နိုင်သမျှ အမြန်ဆုံး တုံ့ပြန်လိုက်သည်။ သူ့ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံဖြင့် ကာကွယ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထက် ဆယ်ဆပိုကြီးမားသော လက်သီးဆုပ်ကြီးရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်အလား သေးငယ်စွာ ရပ်တန့်နေသည်။

ဝှစ်!

မော့စ်၏ ခန္ဓာကိုယ်မှာ အနောက်သို့ မီတာရာပေါင်းများစွာ လွင့်စင်သွားပြီးမှသာ ခက်ခက်ခဲခဲ ပြန်လည်တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။ ထိုလက်သီးချက်ကို ခုခံရန် သိုင်းပညာရှင်များ၏ ကာကွယ်ရေးလျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုထားသဖြင့် သူ့ကိုယ်ပေါ်တွင် မှေးမှိန်သော ရွှေရောင်အလင်းတန်းတစ်ခု လည်ပတ်နေသည်။

ဤအချိန်တွင် သူ့ကို တားဆီးနေသော အရာမှာ မီတာတစ်ထောင်ကျော် မြင့်မားသော ဧရာမသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး ထိုသတ္တဝါ၏ စွမ်းအားသည် သူ့စွမ်းအားထက်ပင် အံ့သြဖွယ်ကောင်းလောက်အောင် ပိုကြီးမားနေကြောင်း နောက်ဆုံးတွင် သူ မြင်လိုက်ရသည်။

"ဒါက ဇူဒါမျိုးနွယ်စုရဲ့ အင်အားအကြီးဆုံး လူလုပ်လက်နက်ပဲ"

အခြားနေရာတစ်ခုတွင်ရှိသည့် အခြားအဆင့်ကိုး သက်ရှိခြောက်ယောက်က ဤအရာနှင့်ပတ်သက်၍ ချက်ချင်း တွေးမိသွားကြသည်။

ကန့်သတ်ချက်ရှိသော သူတို့၏ အချက်အလက်များအရ ဇူဒါမျိုးနွယ်စု၏ အင်အားအကြီးဆုံး လူလုပ်လက်နက်မှာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည့် ဧရာမဘီလူးကြီးတစ်ကောင်ဖြစ်ပြီး အဆင့်ကိုး သက်ရှိများ၏ အထွတ်အထိပ်အဆင့်ကိုပင် ကျော်လွန်သွားနိုင်ခြေရှိပေသည်။

"သူက ဇူဒါမျိုးနွယ်စုရဲ့ ရတနာတွေအားလုံးကို ရသွားတာပဲ"

"ကံကောင်းလိုက်တဲ့ကောင်... သူ တော်တော်မြတ်သွားတာပဲ"

"ပြဿနာပဲ။ ဒီအကောင်ကြီး ရှိနေတော့ ဒီနေ့ သူ့ကို ဒီအတိုင်းထားခဲ့ဖို့ လွယ်မှာမဟုတ်ဘူး"

"ဒီလိုဖြစ်ချင်မှလည်း ဖြစ်မှာပါ"

အခြားအဆင့်ကိုးသက်ရှိတစ်ဦးက ပြောသည်။

"ဒီလိုအစွမ်းထက်တဲ့ သတ္တဝါကြီးကို ဆင့်ခေါ်ဖို့ဆိုရင် ပေးဆပ်ရမယ့် တန်ကြေးတစ်ခုတော့ ရှိရမယ်။ ငါတို့မျိုးနွယ်စုထဲက ဇူဒါသုတေသနပညာရှင်တွေရဲ့အဆိုအရ အဲဒီတန်ကြေးက ကြီးမားတဲ့စွမ်းအင် ဒါမှမဟုတ် သက်စောင့်စွမ်းအား ဖြစ်နိုင်တယ်"

"ဒါက သက်မဲ့ရုပ်သေးလက်နက် မဟုတ်ဘူးနော်။ ဒီသတ္တဝါမှာ သူ့ကိုယ်ပိုင်အသိစိတ်ရှိတဲ့အတွက် သက်စောင့်စွမ်းအားကို လိုအပ်လောက်တယ်။ ဒါပေမဲ့ သာမန်အဆင့်ငါး သက်ရှိတစ်ယောက်အနေနဲ့ သူက သက်စောင့်စွမ်းအား ဘယ်လောက်များ ထုတ်သုံးနိုင်မှာမို့လို့လဲ"

"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်"

...

"မင်း ဒါကို ဇူဒါမျိုးနွယ်စုရဲ့ ရတနာတိုက်ထဲက ရခဲ့တာလား"

ထူးဆန်းသော ဤသတ္တဝါကြီးကြောင့် ကျန်းမုန့်လောင်ကို သူ တကယ်မကိုင်တွယ်နိုင်တော့သဖြင့် မော့စ်ခမျာ ထုံကျဉ်နေသော လက်ကို ပေါ့ပေါ့ပါးပါး ခါယမ်းလိုက်သည်။

"မင်းတို့မျိုးနွယ်စုက လူတွေရဲ့ ကျေးဇူးကြောင့်ပေါ့"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ချီယာဆိုတဲ့ကောင်က ငါ့ကို လက်ဆောင်ပေးသွားတာ။ ဒါက တော်တော်အသုံးဝင်တယ်မလား။ လာ... ရှောင်ဟယ်... သူ့ကို ကင်းမြီးကောက်ထောင်ပြလိုက်စမ်း"

အံ့သြမှင်တက်ဖွယ်ကောင်းလောက်အောင်ပင် ဇူဒါမျိုးနွယ်စု၏ ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ခိုက်ရေးလက်နက်အဖြစ် သတ်မှတ်ထားသော ဧရာမ သတ္တဝါကြီးမှာ လိမ္မာကျိုးနွံစွာဖြင့် ကင်းမြီးကောက်ထောင်ပြလေတော့သည်။

"မော့စ်... ဒီအကောင်ကြီးက ဘယ်လောက်တောင် အစွမ်းထက်တာလဲ"

အခြားအဆင့်ကိုးသက်ရှိများက ချက်ချင်း မေးမြန်းလိုက်ကြသည်။ အကယ်၍ ကျန်းမုန့်လောင်ကို ထိန်းချုပ်ရန်အတွက် ကြီးမားသော တန်ကြေးတစ်ခု ပေးဆပ်ရန်လိုအပ်မည်ဆိုပါက ယနေ့ သူတို့အနေနှင့် သူ့ကို အလွယ်တကူ လွှတ်ပေးလိုက်ရုံသာ ရှိပေလိမ့်မည်။

"အရမ်းအစွမ်းထက်တယ်။ အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာ ငါ့ထက် အများကြီးသာတယ်။ ငါတစ်ယောက်တည်းဆိုရင်တော့ သူ့ကို မယှဉ်နိုင်ဘူး"

"မော့စ်... ဒီကောင့်ကို ဆင့်ခေါ်တာက သက်စောင့်စွမ်းအား တော်တော်ကုန်မှာ သေချာတယ်။ သူ့အသက်ကုန်သွားတာနဲ့ ငါတို့ အခွင့်အရေးရပြီ"

"ကုန်ခမ်းမယ် ဟုတ်လား။ သူ့သက်စောင့်စွမ်းအားက ကုန်သွားနိုင်မယ့်ပုံ ပေါက်နေလို့လား။ ငါ့ကို သေစေချင်တယ်လို့သာ တိုက်ရိုက်ပြောလိုက်ပါတော့"

မော့စ်ခမျာ ဤစကားကို အော်ပြောလုမတတ်ပင် ဖြစ်သွားသည်။

သူတို့ ဤအခြေခံသဘောတရားကို သိထားကြသော်လည်း ပုံမှန်အားဖြင့် တိုက်ပွဲအတွက် ဤကဲ့သို့သော သတ္တဝါမျိုးကို ဆင့်ခေါ်ရန် သက်စောင့်စွမ်းအား ပေးဆပ်ရမည်ဆိုပါက အချိန်ကို တန်ဖိုးထားကြမည်ဖြစ်၏။။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူကများ သူ့လို အချိန်ဆွဲနေမည်နည်း။ လျင်မြန်ပြီး ပြတ်သားမှု ရှိရပေမည်။

မျက်နှာထက်တွင် "မင်းနဲ့ အချိန်ဖြုန်းရမှာကို ငါ မကြောက်ဘူး"ဟု ရှင်းရှင်းလင်းလင်း ရေးသားထားသလိုဖြစ်နေသော ကျန်းမုန့်လောင်ကို သူ လှမ်းကြည့်လိုက်သည်။ ပုံရိပ်ယောင်ကြယ်တာရာသားရဲကို သူ မိနစ်အနည်းငယ်လောက်တော့ တောင့်ခံကောင်း တောင့်ခံနိုင်သော်လည်း ထိုထက်ပိုကြာသွားပါက သေရပေလိမ့်မည်။

"ဒါက မင်းတစ်ယောက်တည်းရဲ့ အမြင်မဟုတ်ဘူးမလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ပွဲကြည့်နေတဲ့ တခြားလူတွေ ဘယ်မှာလဲ။ သူတို့ကို ထွက်လာခိုင်းလိုက်"

"မင်းက ငါတို့တွေ့ဖူးသမျှထဲမှာ သတ္တိအရှိဆုံး လူငယ်ပဲ"

သူတို့ ပုန်းနေသည်ကို သိသွားပြီဖြစ်ကြောင်း နားလည်လိုက်သဖြင့် ကျန်အဆင့်ကိုးသက်ရှိများလည်း ဆက်ပုန်းမနေတော့ဘဲ ကျန်းမုန့်လောင်ရှေ့တွင် ပေါ်လာကြသည်။

"ခင်ဗျားတို့က ကျွန်တော်တွေ့ဖူးသမျှထဲမှာ သဘောအကောင်းဆုံး ပရဟိတသမားတွေပဲ"

ကျန်းမုန့်လောင်က နောက်ပြောင်ပြောဆိုလိုက်သည်။

သူတို့သည် "ပရဟိတသမားများ"ဟူသော စကားလုံးကို အလေးမထားခဲ့ကြပေ။ ရီထျန်းဂိုဏ်းမှ လူများမှာ အနှစ်သာရမရှိသောစကားများ လျှောက်ပြောရသည်ကို နှစ်သက်ကြကြောင်း လူတိုင်းအသိပင်။

"ခင်ဗျားတို့က အုပ်စုဖွဲ့ပြီး တိုက်ခိုက်မလို့လား"

ကျန်းမုန့်လောင်က ရှောင်ဟယ်ကို အချက်ပြလိုက်သောအခါ အံ့သြဖွယ်ကောင်းလောက်အောင်ပင် ရှောင်ဟယ်က ဝမ်ချွန်းသိုင်းကွက် အနေအထားဖြင့် ဟန်ရေးပြလိုက်သည်။

"ကျုပ်က တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ချချင်တာ"

"သူ့ကို လွှတ်ပေးလိုက်"

စက္ကန့်အနည်းငယ်အကြာတွင် မော့စ်၏ဘေးနားရှိ အဆင့်ကိုးသက်ရှိအချို့၏ လက်မြှောက်အရှုံးပေးလိုက်သော အသံများကို ကြားလိုက်ရသည်။

"ဒီအကောင်ကြီး ရှိနေသရွေ့ ငါတို့က သူ့ကို သတ်ချင်ရင်တောင်မှ ငါတို့အနေနဲ့ အရမ်းကြီးမားတဲ့ တန်ကြေးကို ပေးဆပ်ရလိမ့်မယ်။ ပြီးတော့ ငါတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်တောင် ဆုံးရှုံးနိုင်ခြေရှိတယ်။ မတန်ပါဘူးကွာ"

"အမှန်ပဲ... သူက ဇူဒါမျိုးနွယ်စုရဲ့ အမွေဆက်ခံသူ ဖြစ်သွားကတည်းက ငါတို့ အခွင့်အရေးဆုံးရှုံးသွားခဲ့ပြီ"

"မင်း သွားလို့ရပြီ"

သူတို့ ခေါင်းခါယမ်းလိုက်ကြသည်။ ကျန်းမုန့်လောင်ကို သူတို့ ဆက်မကိုင်တွယ်နိုင်တော့ပေ။

"သွားရမယ် ဟုတ်လား"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ကျုပ် ခင်ဗျားတို့ပြောသလို အလွယ်တကူလာပြီး အလွယ်တကူပြန်သွားမယ့်လူ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ကျုပ်ရဲ့မျက်နှာကို ဘယ်နားသွားထားရတော့မလဲ"

"မင်း ဘာကိုဆိုလိုချင်တာလဲ"

မော့စ်က ပြောလိုက်သည်။

"ငါတို့ မင်းကို လွှတ်ပေးလိုက်တာက မင်းကို ကြောက်လို့ မဟုတ်ဘူးနော်။ မင်း အခြေအနေကောင်းနေတုန်းလေး ရပ်လိုက်တာ ပိုကောင်းမယ်"

"အသက်ကြီးလာတော့ မေ့တတ်လာတာလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီနေ့ ခင်ဗျား ကျုပ်ကိုသတ်ရင်သတ်။ မဟုတ်ရင် ကျုပ် ခင်ဗျားကိုသတ်မယ်လို့ ခုနက ပြောခဲ့တယ်လေ။ ကျုပ်ရဲ့စကားက ဘယ်တုန်းက ကလေးကစားစရာဖြစ်သွားတာလဲ"

"ရီထျန်းဂိုဏ်း... နေရာရှင်းလိုက်"

"ဟုတ်ကဲ့ပါ"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားအားလုံးလည်း တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။

"အားလုံးပဲ ဘေးဖယ်ပေးကြပါ။ ရီထျန်းဂိုဏ်းက အလုပ်လုပ်တော့မှာမို့လို့ ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်သွားပေးကြပါ။ ကျွန်တော် တောင်းဆိုနေတဲ့ တစ်ဝက်စီ သဘောတူညီချက်ကို လေးစားပေးကြပါ"

"လာမယ့် မြင်ကွင်းတွေက ပွင့်လင်းမြင်သာပြီး အကြမ်းဖက်မှုတွေ ပါဝင်နိုင်တာမို့လို့ ဆင်ဆာဖြတ်လို့ ရမှာမဟုတ်ဘူး။ ဒါကြောင့် မကြည့်ကြဖို့ အကြံပေးပါရစေ"

"သွားကြစို့"

ဤအခြေအနေတွင် အခြားမျိုးနွယ်စုများမှ မထွက်ခွာဘဲ ကျန်ရှိနေမည့် လူများမှာ ဦးနှောက်မရှိသူများသာ ဖြစ်ပေလိမ့်မည်။ ဤမြင်ကွင်းမှာ လူတိုင်းအတွက် မဟုတ်ပေ။ အဆင့်ကိုးသက်ရှိများ၏ တိုက်ပွဲတစ်ခုသည် ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

...

"မင်းက ငါတို့ကို သတ်ချင်တာလား"

သက်ရှိခုနစ်ယောက်စလုံးသည် တစ်ဝက်လေးနက်သောအပြုံးကို ပြုံးလိုက်ကြသည်။ အမှန်တကယ်တော့ သူတို့သည် ကျန်းမုန့်လောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို အလွန်တရာ တွန့်ဆုတ်နေကြသည်။

"သေချာတာပေါ့။ ခင်ဗျားတို့မှာ တတိယရွေးချယ်စရာတစ်ခု ရှိပါသေးတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျုပ် ဘာကိုဆိုလိုချင်လဲဆိုတာ ခင်ဗျားတို့ သိပါတယ်"

*************************

All Chapters