← Chapters

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ၉၉၅ - ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ချင်တယ်

"ဘော့စ်... ပိုင်ဆိုင်မှုလွှဲပြောင်းတာတွေ အကုန်လုံး ပြီးစီးသွားပါပြီ။ ဘော့စ်ရဲ့နာမည်အောက်မှာ အဆင့်ငါးမျိုးနွယ်စု စုစုပေါင်းနှစ်သိန်းရှိပြီး အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်နဲ့ အထွတ်အထိပ် အချိုးအစားက ၉၀:၇:၂:၁ ဖြစ်ပါတယ်"

"စကြဝဠာသိုင်းပညာအဖွဲ့အစည်းမှာ ဘော့စ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုက ၅၀ရာခိုင်နှုန်းကနေ ၇၅ရာခိုင်နှုန်းအထိ တိုးလာပါတယ်"

"ဘော့စ်ရဲ့ စကြဝဠာဘဏ် လက်ကျန်ငွေကလည်း ၂ရာခိုင်နှုန်း တိုးလာပါတယ်"

...

ကောရှန်က ရာထူးအသစ်ကို ရယူပြီးသည်နှင့် ကောထန်ထံမှ ဤအလုပ်ကို လွှဲပြောင်းယူခဲ့ပြီးနောက် ယခုအခါ သူ့သခင်သစ်မှာ မည်မျှကြောက်စရာကောင်းကြောင်း သဘောပေါက်သွားလေပြီ။ တစ်ကမ္ဘာလုံးရှိ ပိုင်ဆိုင်မှုများ၏ များပြားလှသော အစိတ်အပိုင်းတစ်ခုက သူ့လက်ထဲသို့ ကျရောက်လာသော်လည်း များပြားလှသော စကြဝဠာဒင်္ဂါးလျော်ကြေးငွေက သူ့လက်ကျန်ငွေကို ၂ရာခိုင်နှုန်းသာ တိုးစေခဲ့သည်။

"ဟေ့လူတွေ... တက်တက်ကြွကြွနေကြစမ်းပါ။ ခင်ဗျားတို့ရုပ်တွေက ဘာလို့ မိဘတွေဆုံးသွားတဲ့ရုပ်မျိုး ပေါက်နေရတာလဲ။ ခင်ဗျားတို့ဘာသာ သဘောဆန္ဒအလျောက် ကျုပ်ကိုပေးကြတာနော်။ ကျုပ်က အတင်းအကျပ်တောင်းတာမှ မဟုတ်တာ"

ကျန်းမုန့်လောင်က အကျိုးအမြတ်များကို လက်ခံလိုက်သော်လည်း သူ့စကားထဲတွင် ကျေးဇူးတင်သည့်အရိပ်အယောင် တစ်စက်လေးမှ မပါဝင်ပေ။

မင်းက ငါတို့ကို တကယ်ပဲ အတင်းအကျပ် ဖိအားမပေးခဲ့ဘူးလား... ဒါမှမဟုတ် ကိုယ့်အခြေအနေကိုယ် နားမလည်တာလား။ မင်းရဲ့ဘိုးဘေးနာမည်တွေကိုတောင် ဆွဲထုတ်လာမှတော့ ငါတို့က ဘယ်လိုလုပ် ငြင်းရဲပါ့မလဲ။

တက်တက်ကြွကြွနေရမယ် ဟုတ်လား...

သူတို့က ဘယ်လိုလုပ် တက်တက်ကြွကြွနေနိုင်မည်နည်း။ နှစ်ပေါင်းဘီလီယံနှင့်ချီပြီး သူတို့ စုဆောင်းခဲ့ရသည့် ပိုင်ဆိုင်မှုအားလုံး အလွှာလိုက် ခွာချခံလိုက်ရခြင်းပင်။ ဤသည်မှာ မိဘများကို ဆုံးရှုံးရသည်နှင့် ဘာကွာတော့မည်နည်း။

"မစ္စတာကျန်း...ကြည့်ပါဦး... ခင်ဗျားရသင့်တဲ့ လျော်ကြေးကိုလည်း ကျွန်တော်တို့ ပေးပြီးပြီ... ကတိပေးစရာရှိတာလည်း ပေးပြီးပြီဆိုတော့ ကျွန်တော်တို့ သွားလို့ရပြီလား"

"ကောင်းပြီလေ... ကျုပ် ခင်ဗျားတို့ကို အခက်တွေ့အောင် မလုပ်ပါဘူး။ အိမ်ပြန်ပြီး ခင်ဗျားတို့အမေတွေကိုသာ သွားရှာကြတော့။ နောက်တစ်ခါဆို ပိုပြီး ပါးနပ်အောင်နေကြ ကြားလား"

ကျန်းမုန့်လောင်က ဩဇာအာဏာအပြည့်ဖြင့် ဆုံးမလိုက်သည်။

သို့သော် ယခု သူတို့၏ရင်ထဲတွင် ကျန်ရစ်နေသည့် တစ်ခုတည်းသော ဆန္ဒမှာ ဤကျန်းမိသားစုနှင့် ဘယ်တော့မှ ထပ်မဆုံရဖို့ပင်။

မဟုတ်ချေ။ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူတို့နှင့် ပတ်သက်သူ တစ်ဦးတစ်ယောက်နှင့်မှ ထပ်မဆုံရဖို့ကိုပါ မျှော်လင့်မိသည်။

အနက်ရောင်နှင့် ခရမ်းရောင်စပ်ထားသော အာကာသယာဉ်တစ်စင်းသည် ဇူးဒါမျိုးနွယ်စု ချန်ရစ်ခဲ့သည့် ဂြိုဟ်ပေါ်သို့ ဆင်းသက်လာပြီးနောက် အာကာသယာဉ်ပေါ်မှ သံချပ်ကာအင်္ကျီဝတ်ဆင်ထားသူတစ်ယောက် ခုန်ဆင်းလာသည်။

ကျန်းမုန့်လောင်၏ အကြည့်က ထိုလူ့အပေါ်တွင် အချိန်အတော်ကြာသည်အထိ ရပ်တန့်သွားသည်။ အခြားအကြောင်းကြောင့်မဟုတ်ဘဲ ထိုလူ့ထံမှ သူကြုံဖူးသမျှလူတိုင်းထက် ပိုပြင်းထန်လှသော သွေးနံ့များ အလွန်အမင်း ထွက်ပေါ်နေသောကြောင့်ပင်။

ထိုလူက အဆင့်ခုနစ်သက်ရှိတစ်ယောက်သာ ဖြစ်သောကြောင့် ဤသည်မှာ လူအများအပြားကို သတ်ဖြတ်ထားသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သတ်ဖြတ်ခြင်းနှင့်ပတ်သက်လာလျှင် ဤနေရာတွင်ရှိသော အဆင့်ကိုးသက်ရှိများထဲက မည်သူကများ အလောင်းတောင်၊ သွေးပင်လယ်များထဲမှ မဖြတ်ဖူးဘဲ နေမည်နည်း။ သူတို့က ပို၍ပင် သတ်ဖြတ်ခဲ့ဖူးပေလိမ့်မည်။

ဤသို့သော သွေးနံ့မျိုးမှာ သတ်ဖြတ်မှုများ ပြည့်နှက်နေသည့် နေရာတစ်ခုတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းဖြင့်သာ ရရှိနိုင်သည့် အရာမျိုးပင်။

ထိုလူ စီးနင်းလာသော အာကာသယာဉ်မှာ အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုများ အသုံးပြုသည့် စစ်ဘက်သုံးယာဉ်တစ်စင်းဖြစ်ကြောင်းကိုလည်း ကျန်းမုန့်လောင် သတိပြုမိလိုက်သည်။ သို့သော် သူ့တိုက်ခိုက်ရေးစွမ်းရည်မှာ မပြင်းထန်ပေ။ ထိုယာဉ်၏ အကြီးမားဆုံး အားသာချက်မှာ အမြန်နှုန်းဖြစ်ပြီး ထိပ်တန်းကိုယ်ပိုင်အာကာသယာဉ်များကြားတွင် အဆင့်အတန်းမီလေသည်။

ယေဘုယျအားဖြင့် ထိုယာဉ်ကို စစ်ပွဲကာလအတွင်း အရေးကြီးသော သတင်းစကားများ ပေးပို့ရာတွင် အသုံးပြုလေ့ရှိသည်။

ထို့ကြောင့် ဤရှုထောင့်မှကြည့်လျှင် အရာအားလုံးက ကိုက်ညီနေပေသည်။ ဤလူ့ထံမှ သွေးနံ့ကား စစ်မြေပြင်မှ လာခြင်းဖြစ်ရမည်။

သို့သော် ဤအချက်က ပို၍ပင် ထူးဆန်းနေသည်။ အမြင့်ဆုံးအဆင့်ငါးမျိုးနွယ်စုများအကြားရှိ စစ်ပွဲများတွင်ပင် အဓိကအင်အားစုများမှာ အဆင့်သုံးနှင့် အဆင့်လေးသက်ရှိများသာ ဖြစ်ကြသည်။

အဆင့်ငါးသက်ရှိများသည် ဗိုလ်ကြီး သို့မဟုတ် ထက်မြက်သော လက်ရွေးစင်အဆင့်တွင် ရှိကြပြီး တပ်မှူးများအနေနှင့် တိုက်ပွဲများတွင် ကိုယ်တိုင် ပါဝင်လေ့ မရှိကြပေ။ ထိုကဲ့သို့သော လူများတွင် သွေးနံ့ရှိနိုင်သော်လည်း ဤမျှအထိ ပြင်းထန်မည် မဟုတ်ပေ။

အဆင့်ခုနစ်သက်ရှိတစ်ယောက်အဖို့ ထိုလူသည် စကြဝဠာအင်ပါယာတစ်ခု၏ အုပ်စိုးရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိပ်တန်းအထွတ်အထိပ် အဆင့်ငါး မျိုးနွယ်စုများတွင်ပင် သူတို့သည် တပ်မှူးကဲ့သို့သော ပုဂ္ဂိုလ်များဖြစ်ကြပြီး များသောအားဖြင့် အဆင့်ချင်းတူသည့် ပြိုင်ဘက်များနှင့်သာ တိုက်ခိုက်လေ့ရှိသည်။

ဤမျှပြင်းထန်သော သွေးနံ့သည် ရှေ့တန်းက တိုက်ခိုက်နေသူတစ်ဦးထံမှသာ ထွက်ပေါ်လာခြင်းပင်။

အဆင့်ခုနစ်သက်ရှိတစ်ယောက်က စစ်ပွဲ၏ ရှေ့တန်းမှာ စစ်သည်တစ်ဦးအနေနှင့် ပါဝင်နေလေသလား။ ဤသည်မှာ အရည်အချင်းကို အလဟဿဖြုန်းတီးပစ်ရာ မရောက်ဘူးလား။

"အိုဇာ... မင်း ဒီမှာဘာလုပ်နေတာလဲ"

အဆင့်ကိုးသက်ရှိခုနစ်ယောက်က ဤပုဂ္ဂိုလ်ကို သိပုံရသည်။

အိုဇာဟုခေါ်သော ထိုလူက ကျန်းမုန့်လောင်ကို တစ်ချက်ကြည့်ပြီး စကားပြောရမလား မပြောရမလားဟု ဝေခွဲမရဖြစ်နေချေသည်။

"ပြောစရာရှိတာ ပြောပါ"

မော့စ်က ဆိုသည်။

"လူကြီးမင်းတို့... အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ"

အိုဇာက ပြောလာလေသည်။

"ကျွန်တော် လူကြီးမင်းတို့ကို ဆက်သွယ်လို့မရတာနဲ့ ဒီကို တိုက်ရိုက်လာခဲ့တာပါ"

သူတို့ကလည်း ရိုက်နှက်ခံနေရသည်နှင့် အလုပ်များနေခဲ့သဖြင့် ပြင်ပသတင်းအချက်အလက်များကို ဖြေရှင်းရန် အချိန်မရခဲ့သည်မှာ အမှန်ပင်။

"ကမ္ဘာလောကခြားစစ်မြေပြင်မှာ တစ်ခုခုဖြစ်လို့လား"

"ဟုတ်ပါတယ်"

အိုဇာက မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ပြောသည်။

"အပြိုင်ကမ္ဘာတွေရဲ့ ဝင်တိုက်နှုန်းက ပိုပြင်းထန်လာပါတယ်။ ကျွန်တော်တို့ရဲ့ စစ်မြေပြင်မှာ စကြဝဠာ ကျူးကျော်သူ တော်တော်များများ ပေါ်လာတယ်။ ကျွန်တော်တို့ရဲ့ စစ်သည်တွေလည်း အများကြီးကျဆုံးနေတာမို့ တောင့်ခံထားဖို့ ခက်ခဲလာပါပြီ။ ကျွန်တော်တို့ ထောက်ပံ့ရေးဖြည့်တင်းမှုတွေ အမြန်လိုအပ်နေပါတယ်"

"ဒီလောက်မြန်မြန်ကြီးလား"

ဇော့ဂ်က ဆိုသည်။

"နောက်ဆုံးတစ်ခေါက် စစ်သည်တွေ စုဆောင်းခဲ့တာ လွန်ခဲ့တဲ့စကြဝဠာနှစ်တစ်ရာကပဲ မဟုတ်ဘူးလား။ သာမန်ဆိုရင် အင်အားဖြည့်တင်းမှု တစ်ကြိမ်ကို အနည်းဆုံးစကြဝဠာနှစ်နှစ်ရာ၊ သုံးရာလောက်တော့ ခံရမှာလေ"

"ဟုတ်ကဲ့... ဒါပေမဲ့ ဒီတစ်ခေါက် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဖိအားက ရုတ်တရက် အဆပေါင်းများစွာ တိုးလာပြီး နေ့စဉ်ကျဆုံးနေတဲ့ စစ်သည်အရေအတွက်ကလည်း အရမ်းများပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့လို့ပါ..."

"လူဘယ်လောက်လိုတာလဲ"

"အနည်းဆုံး အဆင့်ခြောက်သက်ရှိ တစ်သန်းလောက် လိုပါတယ်"

"တစ်သန်းတောင်လား... မင်း အရင်ပြန်နှင့်။ ငါတို့ အမြန်ဆုံး စဉ်းစားပေးပါ့မယ်"

...

အိုဇာဟုခေါ်သော စစ်သည် ထွက်ခွာသွားသော်လည်း သူသည် အဆင့်ကိုးသက်ရှိ ခုနစ်ဦးအပေါ် ကြီးမားသော အရိပ်မည်းကြီးကို ဖုံးလွှမ်းစေခဲ့သည်။ တစ်ယောက်ချင်းစီ၏ မျက်နှာထက်တွင် သောကရောက်နေသည့် အမူအရာများရှိနေပြီး ယခင်ကထက်ပင် ဆိုးရွားကာ မိဘများ ထပ်သေသွားသည့်အတိုင်း ပိုကြည့်ရဆိုးနေလေသည်။

"ဘာဖြစ်တာလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ခုနက ကမ္ဘာလောကခြားစစ်မြေပြင်ဆိုတာနဲ့ ပတ်သက်ပြီး တစ်ခုခုကြားလိုက်သလိုပဲ။ အဲဒါက ဘယ်လိုနေရာမျိုးလဲ"

ထိုလူများမှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် ကျန်းမုန့်လောင်ကို ပြောပြရန် ဆုံးဖြတ်လိုက်ကြသည်။

"ဇော့ဂ်.. မင်းက အဲဒီမှာ အကြာဆုံးနေခဲ့ဖူးတာဆိုတော့ မင်းပဲ ရှင်းပြလိုက်"

သူတို့က ဆိုသည်။

"အဲဒါက လူသတ်ကွင်းတစ်ခုပါ"

ဇော့ဂ်က ရှင်းပြလေသည်။

"ခင်ဗျားသိထားသင့်တာက ကျွန်တော်တို့ရဲ့ အချိန်နဲ့ အာကာသဆိုင်ရာ သုတေသနတွေမှာ အပြိုင်ကမ္ဘာတွေဆိုတဲ့ အယူအဆက အမြဲရှိနေခဲ့ပေမဲ့ အခုအချိန်အထိ သက်သေမပြနိုင်ခဲ့ဘူးလေ။ ဒါပေမဲ့ ခင်ဗျားကို ကျွန်တော် ပြောပြရဦးမယ်။ ဒါက သီအိုရီသက်သက် မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၄သန်းလောက်ကတည်းက တကယ်ရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီးပြီ"

ဤအချက်အလက်ကြောင့် ကျန်းမုန့်လောင် လုံးဝအံ့သြမသွားပေ။ ထူးရှယ်နတ်ဘုရားကျောင်းတော် တည်ရှိနေခြင်းမှာ အပြိုင်ကမ္ဘာများ တကယ်ရှိနေရုံသာမက ထိုအထဲတွင် အဆင့်အတန်းကွဲပြားမှုများလည်း ရှိကြောင်းနှင့် သူတို့ မှီတင်းနေထိုင်ရာ စကြဝဠာသည် အဆင့်နိမ့်ကမ္ဘာတစ်ခုသာ ဖြစ်ကြောင်းကို သက်သေပြပြီးဖြစ်၏။

"ဒီကမ္ဘာတွေက ကျွန်တော်တို့နဲ့ အရမ်းတူတယ်။ တချို့က သိုင်းပညာစနစ်သီးသန့်ပဲ။ တချို့ကတော့ သိပ္ပံစနစ်သီးသန့်ပေါ့။ ပြီးတော့ တချို့ကမ္ဘာတွေမှာကျတော့ ကြမ်းတမ်းတဲ့သားရဲတွေ ဒါမှမဟုတ် ကျွန်တော်တို့ နားမလည်နိုင်တဲ့ တခြားသက်ရှိတွေနဲ့ ပြည့်နေတတ်တယ်။ ပြီးတော့ ကျွန်တော်တို့ကမ္ဘာနဲ့ သူတို့ကမ္ဘာက တစ်ချိန်တည်းမှာ ပြိုင်တူတည်ရှိနေကြတာ"

"သာမန်အခြေအနေမျိုးမှာဆိုရင် ကျွန်တော်တို့ ဒီကမ္ဘာတွေနဲ့ ဘာအဆက်အသွယ်မှ ရှိမနေသင့်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း၂၄သန်းလောက်က တစ်နေ့မှာ အကြောင်းတစ်ခုခုကြောင့် ကျွန်တော်တို့ တခြားကမ္ဘာတစ်ခုနဲ့ အဆက်အသွယ်ရပြီး တိုက်မိသွားခဲ့တယ်။ အဲဒီမှာ ပေါင်းစည်းသွားတဲ့ အချိန်-အာကာသတစ်ခု ပေါ်လာခဲ့တယ်။ ဒါ ဘာကိုဆိုလိုတာလဲ သိလား"

"စစ်ပွဲလား"

"အမှန်ပါပဲ"

ဇော့ဂ်က ဆိုသည်။

"အဲဒါက မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ လောကအမြင်တွေရှိတဲ့ ကမ္ဘာတစ်ခုပါ။ သူတို့နဲ့ ကျွန်တော်တို့က ဆက်သွယ်ပြောဆိုလို့ မရဘူး။ ပြီးတော့ သူတို့ကမ္ဘာမှာ လူဦးရေအရမ်းများလွန်းလို့ အရင်းအမြစ်နဲ့ နေရာထိုင်ခင်း ပြတ်လပ်မှုတွေကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပုံပေါ်တယ်။ ဒါကြောင့် မကြာခင်မှာပဲ စစ်ပွဲတွေ စတင်ဖြစ်ပွားခဲ့တယ်။ ထပ်တူကျနေတဲ့ အဲဒီဧရိယာကို ကမ္ဘာလောကခြားစစ်မြေပြင်လို့ ခေါ်တာပဲ"

မော့စ်က ထပ်ဖြည့်ပြောလိုက်သည်။

"ဒါပေမဲ့ နောက်ပိုင်းမှာ ဒီကမ္ဘာချင်းဝင်တိုက်မှုက ပိုဆိုးလာတဲ့အခါ ကျွန်တော်တို့ ပိုများတဲ့ကမ္ဘာတွေကို ထပ်တွေ့လာတယ်။ ပြီးတော့ မိမိကိုယ်ကိုယ်ကာကွယ်ရေးကို ယုံကြည်ကြတဲ့ တချို့ကမ္ဘာတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ အဲဒီလိုနဲ့ တစ်ဖက်နဲ့တစ်ဖက် ကူညီစောင့်ရှောက်ရင်း ကျူးကျော်မှုတွေကို အတူတကွ တွန်းလှန်ခဲ့ကြတာပဲ"

"အဲဒီကျူးကျော်သူတွေက အင်အားတောင့်လား"

"အရမ်းတောင့်တင်းတာပေါ့"

ဇော့ဂ်က ဆို၏။

"ကမ္ဘာလောကခြားစစ်မြေပြင်မှာဆိုရင် အဆင့်ငါး သက်ရှိတွေတောင် အသေခံတပ်သားတွေအဖြစ် သတ်မှတ်မခံရဘူး။ အဆင့်ခြောက်နဲ့အထက်ရှိသူတွေမှသာ စစ်သည်အဖြစ် အရည်အချင်းပြည့်မီတာ"

"ဝူးဟူး... စိတ်ဝင်စားစရာပဲ"

ကျန်းမုန့်လောင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ကမ္ဘာမြေပေါ်တွင် ကြွားဝါရခြင်းကို အားရနေလေပြီ။ စကြဝဠာမျိုးနွယ်စုကြီးအတွင်း ကြွားလုံးထုတ်ရခြင်းကိုလည်း ပျင်းရိနေပြီဖြစ်၏။ ယခုတော့ မြေပုံအသစ်တစ်ခု ထွက်ပေါ်လာချေပြီ။

"ခင်ဗျားတို့ တပ်သားသစ်တွေ လိုအပ်တယ်လို့ ခုနတုန်းက ပြောသံကြားလိုက်တယ်။ လူလိုနေတာလား။ တခြားရည်ရွယ်ချက်တော့ မရှိပါဘူး။ အဓိကကတော့ စစ်မြေပြင်အတွေ့အကြုံလေး ရချင်လို့ပါ"

*********************

All Chapters