← Chapters

အခန်း ၉၉၉

Vol. 67 Ch. 999

အခန်း ၉၉၉

Vol. 67 Ch. 999

အခန်း ၉၉၉ - ဘယ်လောက်လဲ... ကျွန်တော် လျော်ပေးပါ့မယ်

"နောက်ထပ် ၆၆၆ယောက်တောင် ဟုတ်လား"

ရှီနိုခယ်သည် ယခုတစ်ခေါက် လူရွေးပွဲတွင် သတ်မှတ်ချက်ပြည့်မီသူ ဤမျှအထိ များပြားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အကယ်၍ အယောက်နှစ်ဆယ်ခန့်ရှိလျှင်ပင် သူကတော့ အလွန်အမင်း အထင်ကြီးလောက်စရာကောင်းသည်ဟု သတ်မှတ်မိမည်သာ။

ခွန်အားစမ်းသပ်မှုမှာ အမှတ်၂၀၀ကျော် ရနိုင်သူက ၆၆၆ယောက်တောင် ရှိနေသေးတယ်တဲ့… ဒါက တကယ်ရောဖြစ်နိုင်လို့လား…

"မင်းနာမည် ဘယ်လိုခေါ်လဲ"

"အရာရှိ... ကျွန်တော့်နာမည်က လျိုယွင်ဟောင်ပါ"

"စောစောက ထိုးလိုက်တဲ့ လက်သီးက မင်းရဲ့ အပြင်ပန်းခွန်အားသက်သက်ကိုပဲ သုံးလိုက်တာလား"

လျိုယွင်ဟောင်က ခေါင်းညိတ်ပြလိုက်သည်။ အမှန်တော့ သူသည် သူ့ခွန်အား၏ ထက်ဝက်ခန့်ကိုသာ အသုံးပြုခဲ့ခြင်းပင်။

"မင်းက ဘယ်မျိုးနွယ်စုကလဲ"

"သတင်းပို့ပါတယ် အရာရှိ... အမြွှာဝေလငါးစကြဝဠာအင်ပါယာကပါ"

လျိုယွင်ဟောင်က ပြန်လည်ဖြေကြားလိုက်သည်။

"သောက်ကျိုးနည်း... အမြွှာဝေလငါးစကြဝဠာအင်ပါယာက ဟုတ်လား။ ရီထျန်းဂိုဏ်းကများ ဖြစ်နေမလား"

"ဟင်... ရီထျန်းဂိုဏ်းကလား။ ဒီလောက်အထိ အစွမ်းထက်နေတာ မထူးဆန်းပါဘူး။ ဒါဆိုရင်တော့ ဟုတ်ပြီ"

"သူတို့က ဒီကို ဘာလာလုပ်ကြတာလဲ။ ရီထျန်းဂိုဏ်းက လူတွေက ဒီစကြဝဠာဒင်္ဂါးတစ်ပြားလေးကို လိုချင်နေကြတာလား။ ငါတို့အတွက်လည်း နေရာလေး နည်းနည်းလောက် ချန်ထားပေးကြပါဦး"

ယခုတစ်ခေါက် စစ်သားစုဆောင်းမှု စစ်ဆေးပွဲတွင် ပါဝင်ရန် ရွေးချယ်ခံရသူများသည် အများအားဖြင့် သူတို့၏ အသိဟောင်းများသာ ဖြစ်၏။ သူတို့ထဲမှ တော်တော်များများမှာ ထိုလူများ၏ အရိုက်အနှက် သို့မဟုတ် အလုအယက်ခံခဲ့ရဖူးသူများ ဖြစ်ကြသည်။ "အမြွှာဝေလငါးစကြဝဠာအင်ပါယာ" ဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် သူတို့လည်း ရီထျန်းဂိုဏ်းကို ချက်ချင်းပြေးမြင်မိကြတော့သည်။

"အမြွှာဝေလငါးစကြဝဠာအင်ပါယာ ဟုတ်လား"

ရှီနိုခယ်ကလည်း ပတ်ဝန်းကျင်မှ ခပ်တိုးတိုးပြောသံများကို ကြားလိုက်ရသော်လည်း သူသည် ကမ္ဘာခြားစစ်မြေပြင်မှ စစ်သည်တော်တစ်ဦး ဖြစ်သဖြင့် ဤစကြဝဠာသို့ ပြန်လာခဲလှလေရာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သိပ်မကြားမိချေ။

"ဒီစကြဝဠာအကြောင်း ရှာပေးစမ်းပါ"

"တပ်ခွဲမှူး... အမြွှာဝေလငါးစကြဝဠာအင်ပါယာက အဆင့်ငါးအခြေခံမျိုးနွယ်စုတစ်ခုပါပဲ"

သာမန်အချက်အလက်များထဲမှ သူတို့ ရှာဖွေတွေ့ရှိနိုင်သမျှမှာ ဤမျှသာ ဖြစ်၏။ ဇူဒါမျိုးနွယ်စုနှင့် ပတ်သက်သော ကိစ္စရပ်များမှာမူ ဇူဒါမျိုးနွယ်စုပျက်စီးသွားခြင်းက ဂုဏ်ယူစရာကိစ္စတစ်ခု မဟုတ်သဖြင့် ဤအရာများကို ဗြောင်ကျကျ ဖြန့်ဝေထားခြင်း မရှိသဖြင့် သူတို့အနေနှင့် ထိုအချက်အလက်များကို ရှာမတွေ့နိုင်ခဲ့ကြချေ။

"အဆင့်ငါးအခြေခံမျိုးနွယ်စုတစ်ခုမှာ ဒီလိုပါရမီရှင်မျိုး ရှိနေတယ်ဆိုတော့ တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ"

မူလက ဤလူစုအပေါ် စိတ်ဝင်စားမှုမရှိခဲ့သော ရှီနိုခယ်မှာ ရုတ်တရက်ပင် စိတ်လှုပ်ရှားလာသည်။

"နောက်တစ်စု"

မကြာမီမှာပင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လူများသည် တစ်ယောက်ပြီးတစ်ယောက် ဆန်းစစ်မှုများကို စတင်ပြုလုပ်ခဲ့ကြသည်။

"ဝုန်း"

"အမှတ်၃၅၇၂၂၁၁ အမြွှာဝေလငါးစကြဝဠာအင်ပါယာ ဝူယွဲ့ ၂၂၁မှတ်"

...

"ဝုန်း"

"အမှတ်၃၉၈၁၇၂၇ အမြွှာဝေလငါးစကြဝဠာအင်ပါယာ လော့ထျန်းယွီ ၂၁၇မှတ်"

...

"ဝုန်း"

"အမှတ်၄၂၁၃၇၅၆ အမြွှာဝေလငါးစကြဝဠာအင်ပါယာ ပိုင်ချိုးယွဲ့ ၂၈၅မှတ်"

...

"ဝုန်း"

"အမှတ် ၄၄၂၇၁၇၁ အမြွှာဝေလငါးစကြဝဠာအင်ပါယာ မုန့်ယွင် ၃၄၅ မှတ်"

...

"သေစမ်း... အကုန်လုံး သိုသိုသိပ်သိပ်နေကြမယ်လို့ သဘောတူထားကြတာ မဟုတ်ဘူးလား။ ဘာလို့ ပိုပြီးပြင်းထန်လာကြတာလဲ။ ငါတော့ ဂရုမစိုက်တော့ဘူးကွာ။ ငါလည်း အစွမ်းကုန်ချတော့မယ်"

"အမှတ် ၄၆၇၃၈၁၂ အမြွှာဝေလငါးစကြဝဠာအင်ပါယာ ကျိုးပုဖုန်း ၅၇၆မှတ်"

"ဘာ"

ထိုင်ခုံပေါ်တွင် ထိုင်၍ ရေသောက်နေသော ရှီနိုခယ်ခမျာ ပါးစပ်ထဲက ရေများကို ရုတ်တရက်ပင် ထွေးထုတ်မိသွားသည်။

ဤအမှတ်တစ်ရာစံသတ်မှတ်ချက်အရဆိုလျှင် ဤအမှတ်မှာ သာမန်အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်၏ ခွန်အားထက် ငါးဆခန့် ပိုများခြင်းကို ကိုယ်စားပြုသည်။ အဆင့်ငါးသက်ရှိများ၏ တစ်ဝက်ခန့်မှာ ဤသက်ရှိအဆင့်နှင့် သက်ဆိုင်သော အထူးခွန်အားထုတ်ဖော်ရေးနည်းလမ်းများ သို့မဟုတ် သိုင်းပညာကျင့်စဉ်များကို အသုံးပြုပြီးမှသာ အမှတ်ငါးဆယ်ဝန်းကျင်အထိ ရောက်နိုင်သည်။

အဆင့်ခြောက်အခြေခံသက်ရှိတစ်ယောက်၏ ခွန်အားမှာ အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်ထက် အကြမ်းဖျင်း အဆနှစ်ဆယ်မှ သုံးဆယ်ခန့် ပိုမိုများပြားသည်။ အမှတ်ငါးရာရရှိခြင်းမှာ အဆင့်ခြောက်အခြေခံသက်ရှိတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် မခြားတော့ပေ။

၅၇၆မှတ်ဟူသော ခွန်အားဖြင့်ဆိုပါက ဤအဆင့်ငါးအထွတ်အထိပ်သက်ရှိ လူငယ်သည် မည်သည့်သိုင်းကျင့်စဉ်ကိုမှ မသုံးဘဲ အဆင့်ခြောက်အခြေခံသက်ရှိတစ်ယောက်နှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဟု အဓိပ္ပာယ်ရပေသည်။

နေပါဦး... သူ မှတ်မိတာ မမှားဘူးဆိုရင် ဒီလူငယ်လေးက စောစောက ဘယ်လျှို့ဝှက်သိုင်းကျင့်စဉ်ကိုမှ မသုံးခဲ့ဘူးမလား။

သူသည် အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်မျှသာ ရှိသေးသော်လည်း သူ့အခြေခံရုပ်ပိုင်းဆိုင်ရာ အရည်အသွေးမှာ အဆင့်ခြောက်အခြေခံသက်ရှိတစ်ယောက်နှင့် ယှဉ်နိုင်နေပြီဖြစ်၏။

"တပ်ခွဲမှူး... ဒီလူကို ကျွန်တော်တို့ သီးသန့်သတင်းပို့ရမလား"

ရှီနိုခယ်၏ လက်အောက်ခံစစ်သည်တော်က မေးလိုက်သည်။

"ဘာဆက်ဖြစ်မလဲဆိုတာ ခဏဆက်ကြည့်ကြသေးတာပေါ့"

"နောက်တစ်ဖွဲ့"

"ကဲကွာ... မင်းတို့တွေက ကြွားချင်လွန်းလို့ ယားနေကြတာဆိုတော့ ငါလည်း ဂရုမစိုက်တော့ဘူး။ အခုကစပြီး အစွမ်းကုန်ကြွားလုံးထုတ်ကြတော့"

ကျန်းမုန့်လောင်က မြင်းရိုင်းများအလား ဖြစ်နေကြသော လူတစ်ယောက်ချင်းစီကို ကြည့်၍ သူတို့၏ ရည်မှန်းချက်ကလည်း ကြွားဝါရန်သာဖြစ်သဖြင့် ယခုကတည်းက စတင်လိုက်ရန် တွေးလိုက်မိသည်။

"ဟားဟား... ကျောင်းအုပ်ကြီး ဒီလိုစကားမျိုး ပြောလာမှာကို စောင့်နေတာ"

"ဒါဆို ငါတို့ အစွမ်းကုန်ချလို့ရပြီပေါ့"

"ငါကတော့ တလောတုန်းကမှ ငါ့ရဲ့နဂါးဆင်ပရာဂျာကျင့်စဉ်ကို အောင်မြင်ထားတာ။ အဲဒီစွမ်းအားကို စမ်းသပ်ဖို့ အချိန်ကျပြီ"

"ငါ့ရဲ့ရွှေပလ္လင်မိစ္ဆာနှိမ်လက်ဝါးအစွမ်းကလည်း အတိုင်းအတာတစ်ခုအထိ တတ်မြောက်ထားပြီးပြီ"

"မြင့်မြတ်တဲ့ ဆင်ကောင်းကင်ပြိုတိုက်ကွက်ကိုလည်း တစ်ဝက်လောက်အထိ အသုံးချလို့ရပြီ"

"ဟားဟား... ငါကတော့ ငါ့ရဲ့ မဟာကပ်ဘေးကောင်းကင်ချုပ်လက်ညှိုးရဲ့ ဒုတိယမြောက် လက်ညှိုးကိုတောင် သုံးနိုင်နေပြီ"

"ငါလည်း အခု ပြီးပြည့်စုံတဲ့ ဆူဆာနိုကို သုံးနိုင်နေပြီဟေ့"

"မင်းတို့ ဘယ်လိုထင်လဲ။ တကယ်လို့ ငါက ဝိညာဉ်ဗုံးကို သုံးလိုက်ရင် စည်းမျဉ်းချိုးဖောက်ရာ ရောက်သွားမလား"

...

"အုပ်စု၅၆"

"နဂါးဆင်ပရဂျာကျင့်စဉ်ရဲ့ ဆယ့်သုံးခုမြောက် အဆင့်"

"ဝုန်း"

လက်ဝါးတစ်ချက်အောက်တွင် ခွန်အားစမ်းသပ်ရေးစက်ကြီးမှာ သုံးမီတာကျော်အထိ ရွေ့လျားသွားသည်။

"အမှတ် ၅၅၇၃၆၅၂ အမြွှာဝေလငါးစကြဝဠာအင်ပါယာ... လုံထင်... ၃၈၇၆မှတ်"

"ဝုန်း"

ထိုစဉ်မှာပင် ရှီနိုခယ်၏ လက်ထဲရှိ ဖန်ခွက်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားမှုကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် အဆင့်ခြောက်သက်ရှိများအတွက် သတ်မှတ်ထားသော ခွန်အားအမှတ်မှာ ၃၀၀၀မျှသာဖြစ်၏။ ဤသည်မှာ အဆင့်ခြောက်သက်ရှိများအတွက် ပုံမှန်အဆင့်မျှသာ ရှိသော်လည်း ဤခွန်အားမှာ ပုံမှန်အဆင့်ခြောက်အလယ်အလတ်အဆင့် သက်ရှိတစ်ယောက်နှင့် မခြားနားသောကြောင့်ပင်။

အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်၏ ခန္ဓာကိုယ်မှာ ဤမျှကြီးမားလှသော ခွန်အားကို မည်သို့တောင့်ခံနိုင်မည်နည်း။ ဤသည်မှာ လုံးဝသိပ္ပံနည်းမကျပေ။

ရှီနိုခယ်၏ ဘေးနားရှိ စစ်သည်တော်များကလည်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော အံ့ဖွယ်ဖြစ်ရပ်ကြီးကို မြင်တွေ့လိုက်ရသလို မှင်တက်သွားကြတော့သည်။

အချက်အလက်များပေါ်တွင် အမှတ်တစ်ရာအထိ ရောက်ရှိခြင်းကပင် အဆင့်ငါးအထွတ်အထိပ်သက်ရှိများအကြား ထိပ်သီးပညာရှင်ဖြစ်ပြီဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း ယခုအခါတွင်မူ သူတို့က ကလေးကစားစရာမျှသာ ဖြစ်နေပြီး ထိုအမြွှာဝေလငါးစကြဝဠာအင်ပါယာရှိ မည်သူမဆို သူတို့အား သာမန်လှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် သတ်ပစ်နိုင်ကြောင်း သိလိုက်ရသည်။

"ငါ့အလှည့်ရောက်ပြီ။ မဟာကပ်ဘေးကောင်းကင်ချုပ်လက်ညှိုး... ဒုတိယမြောက်လက်ညှိုး၊ တောင်တန်းနှင့် မြစ်ချောင်းများကို ခြေမှုန်းခြင်း"

"ဝုန်း"

ဤလက်ညှိုး၏ ရိုက်ခတ်မှုအောက်တွင် ခွန်အားစမ်းသပ်ရေးစက်ကြီးမှာ ငါးမီတာအထိ ရွေ့လျားသွားသည်။

"အမှတ်၅၈၇၃၆၃၇... အမြွှာဝေလငါးစကြဝဠာအင်ပါယာ... ရွှယ်ယွင်လင်.... ၄၂၇၆မှတ်"

...

"ကမ္ဘာကြီးကို နာကျင်မှုတွေ ခံစားခွင့်ပေးလိုက်စမ်း... ရှင်ရာတန်ဆဲ"

"ဝုန်း"

ခွန်အားစမ်းသပ်ရေးစက်ကြီး၏ မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားလှသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားသည်။

"အမှတ် ၆၁၃၈၄၇၄... အမြွှာဝေလငါးစကြဝဠာအင်ပါယာ... ချူဝမ်ဟောက်... ၄၈၆၆မှတ်"

.....

"မင်းတို့တွေက လူရောဟုတ်ကြသေးရဲ့လား။ တုန်ခါမှုအသီး... အာကာသတုန်ခါမှု"

"အမှတ် ၆၃၂၈၃၈၄.... အမြွှာဝေလငါးစကြဝဠာအင်ပါယာ... ကျူကျင်းဝေ... ၅၀၂၈မှတ်"

...

"သေစမ်း... ဆယ်ဆကိုင်အိုကန်"

"အမှတ်၆၂၈၄၅၄... အမြွှာဝေလငါးစကြဝဠာအင်ပါယာ... စွန်းဟွေ့... ၅၅၂၈မှတ်"

...

"ဒီလူတွေအကုန်လုံးက မိစ္ဆာကောင်တွေကြီးပဲလား"

ရှီနိုခယ်ခမျာ "အဓိပ္ပာယ်မဲ့လွန်းလှသည်" ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာသည်။ ဤလူများအားလုံးမှာ အဆင့်ခြောက်သက်ရှိများ၏ ရွေးချယ်ပွဲတွင်ပင် ပါဝင်နိုင်သည်။ သူတို့၏ ခွန်အားကလည်း ထိပ်သီးစခန်းကိုပင် ဝင်ရောက်နိုင်စွမ်း ရှိကြပေသည်။

သူ စကြဝဠာမျိုးနွယ်စုထံမှ ထွက်ခွာခဲ့သည်မှာ နှစ်ပေါင်းရာဂဏန်းမျှသာ ရှိသေးသည်။ ဤကဲ့သို့သော အဆင့်ငါးမျိုးနွယ်စုမျိုး ဘယ်အချိန်က ပေါ်ပေါက်လာခဲ့သလဲ။ ဤသည်မှာ လုံးဝသိပ္ပံနည်းမကျလှချေ။

ဤစက်ပစ္စည်းမှာ အဆင့်ငါးသက်ရှိများအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် သူ့ခံနိုင်ရည်အကန့်အသတ်မှာ ၃၀၀၀မှတ်မျှသာ။ ဤအမှတ်သည် တိုင်းတာမှုစံနှုန်းထက် အနည်းငယ်ကျော်လွန်နိုင်သည်ဆိုဦးတော့။ ထိုစမ်းသပ်ရေးစက်များသည် ဝန်ပိုမှုကြောင့် မတူညီသော ပျက်စီးမှုအဆင့်ဆင့်ကို သိသိသာသာ ခံစားလိုက်ရပြီးဖြစ်၏။

"နောက်ထပ်လာမယ့် အမြွှာဝေလငါးစကြဝဠာအင်ပါယာက လူတွေအားလုံးကို ပုံစံအမှတ်နှစ်ခွန်အားစမ်းသပ်ရေးစက်နဲ့ ပြောင်းလိုက်ကြ"

ရှီနိုခယ်က ပြောလိုက်သည်။

"အဲဒါက အဆင့်ခြောက်အခြေခံသက်ရှိတွေအတွက် ဒီဇိုင်းထုတ်ထားတာမို့ အမှတ်၂၀၀၀၀အထိ တိုင်းတာနိုင်လို့ သူတို့သုံးဖို့တော့ အဆင်ပြေမှာပါ"

အမှတ်၂၀၀၀၀ဟူသော ကိန်းဂဏန်းမှာ သာမန် အဆင့်ခြောက်အထွတ်အထိပ်သက်ရှိတစ်ယောက်အတွက်ပင် ရရှိရန် အလွန်ခက်ခဲလှသည်။

"ဟုတ်ကဲ့ပါ"

...

"ဝုန်း"

"၆၁၈၈မှတ်"

...

"ဝုန်း"

"၆၀၂၃မှတ်"

...

"သူတို့ထဲက ဘယ်နှယောက်ရှိသွားပြီလဲ"

ရှီနိုခယ်က မေးလိုက်သည်။

"ငါက ဒီလူထူးဆန်းတွေကို ပြောတာ"

"သတင်းပို့ပါတယ် တပ်ခွဲမှူး... အခုဆိုရင် ၆၆၆ယောက် ရှိသွားပါပြီ"

"ဒါဆိုရင် တစ်ယောက်ပဲ ကျန်တော့တာပေါ့"

ရှီနိုခယ်၏ အကြည့်မှာ ကျန်းမုန့်လောင်ထံသို့ ကျရောက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူထူးဆန်းများအားလုံးက ထိုနေရာမှ လာကြခြင်းဖြစ်ပြီး သူတို့၏ ဝတ်စုံများကလည်း အလွန်ဆင်တူနေသဖြင့် မျိုးနွယ်စုတစ်ခုတည်းကဖြစ်ကြောင်း သိသာနေသောကြောင့်ပင်။

"သူ လာနေပြီ"

ရှီနိုခယ်၏ အကြည့်အောက်တွင် နောက်ဆုံး၌ ကျန်းမုန့်လောင်၏ အလှည့်သို့ ရောက်လာခဲ့သည်။

"ဒီရှီနိုခယ်က ကမ္ဘာခြားစစ်မြေပြင်က လာတာဆိုတော့ သူ့ဆီကနေ ကျော်စောမှုအမှတ်တွေ ရနိုင်လောက်တယ် မဟုတ်လား"

ကျန်းမုန့်လောင် ခပ်တိုးတိုးရေရွတ်လိုက်သည်။

"အဖွဲ့၁၁၆"

"ဒီမားစီးယား တရားမျှတမှု"

ဧရာမဓားကြီးတစ်လက်က ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပေါ်လာပြီး ခွန်အားစမ်းသပ်ရေးစက်ကြီးကို ဖြတ်သန်းရိုက်ခတ်သွားသည်။

"စိတ်မကောင်းပါဘူး"

ကျန်းမုန့်လောင်က ရှီနိုခယ်ကို ကြည့်၍ ပြောလိုက်သည်။

"အရာရှိ... ဒါက ဘယ်လောက်ကျလဲဟင်... ကျွန်တော် ပြန်လျော်ပေးပါ့မယ်"

**********************

All Chapters