← Chapters

အခန်း ၁၀၀၂

Vol. 67 Ch. 1002

အခန်း ၁၀၀၂

Vol. 67 Ch. 1002

အခန်း ၁၀၀၂ - ဒါက လူရောဟုတ်ရဲ့လား

"ပြီးသွားမယ်တဲ့လား... ဟားဟားဟား ကျန်းမုန့်လောင်... မင်းက တကယ်အထင်ကြီးချင်စရာ ကောင်းပြီး စစ်မြေပြင်ရဲ့ အစိတ်အပိုင်းသေးသေးလေးတစ်ခုမှာ စစ်ရေးအခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိရင်ရှိမယ်။ ဒါပေမဲ့ စစ်မြေပြင်တစ်ခုလုံး အတိုင်းအတာနဲ့ ယှဉ်ရင်တော့ မင်းရဲ့ဖြစ်တည်မှုက အစအနလေးတစ်ခုထက် မပိုပါဘူး"

ကျန်းမုန့်လောင်၏ စကားကို ကြားသောအခါ ရှီနိုခယ်သည် သူတို့အား စိတ်ကူးယဉ်ဆန်လွန်းသည် သို့မဟုတ် ထောင်လွှားလှသည်ဟု လှောင်ပြောင်ခြင်း မပြုခဲ့ပေ။ စစ်မြေပြင်သို့ တစ်ခါမှမရောက်ဖူးသူများမှာ ကမ္ဘာခြားစစ်မြေပြင်၏ ကျယ်ပြောမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို နားလည်နိုင်မည် မဟုတ်ချေ။

ရှီနိုခယ်ကိုယ်တိုင်ပင်လျှင် တစ်ချိန်က ပါရမီရှင်တစ်ဦးအဖြစ် စုဆောင်းခံရစဉ်က စစ်မြေပြင်ကို ပြောင်းလဲပစ်ရန် ရည်မှန်းချက်ကြီးကြီးထားခဲ့ဖူးသည်။ သို့သော် ရှေ့တန်းစစ်မျက်နှာသို့ ရောက်သွားသောအခါမှသာ ကျူးကျော်သူများအပါအဝင် နေရာအနှံ့တွင် ပါရမီရှင်များဖြင့် ပြည့်နှက်နေကြောင်း သဘောပေါက်ခဲ့ရသည်။ သူသည် သာမန်အဖွဲ့ဝင်တစ်ဦးမျှသာ ဖြစ်ပြီး အများဆုံးရှိလှ ပျမ်းမျှထက် အနည်းငယ် ပိုတော်ရုံသာ ရှိပေသည်။

ကျန်းမုန့်လောင်နှင့် သူ့လူစုအတွက်မူ သူတို့သည် အဆင့်ခြောက်သက်ရှိများနှင့် ယှဉ်နိုင်သော စွမ်းအားမျိုးရှိစေဦးတော့။ ကမ္ဘာခြားစစ်မြေပြင်တွင်မူ အဆင့်ခြောက်သက်ရှိများသည် အမြောက်စာအဖြစ်က မနည်းရုန်းထွက်နေရသည့် အဆင့်သာ။ အဆင့်ခုနစ်နှင့် ထိုထက်မြင့်သော သက်ရှိများဖြစ်မှသာ စစ်မြေပြင်အပေါ် အနည်းငယ် သက်ရောက်မှုရှိနိုင်ပေလိမ့်မည်။

အမှန်တော့ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လူများသည် သာမန်လူသားဘဝမှ ဤအခြေအနေသို့ ပြောင်းလဲလာခြင်းဖြစ်ကြောင်းသာ သူ သိပါက စောစောကလို အတွေးမျိုး ရှိတော့မည်မဟုတ်ချေ။

"ကဲ သွားကြစို့။ လက်ရှိအခြေအနေက တော်တော်တင်းမာနေပြီး ရှေ့တန်းက စစ်အင်အားကလည်း အရမ်းပြတ်လပ်နေတယ်။ ငါ မင်းတို့ကို အခုချက်ချင်း ကမ္ဘာခြားစစ်မြေပြင်ဆီ ခေါ်သွားမယ်"

ရှီနိုခယ်က သူ့လက်အောက်ငယ်သားကို တစ်ချက်ကြည့်လိုက်ပြီး သူတို့အနားသို့ ရောက်လာသော အာကာသယာဉ်တစ်စီးကို အမြန်မောင်းနှင်လိုက်သည်။

ရွေးချယ်ခံရသော စစ်သည်တော်များကို စစ်မြေပြင်သို့ ချက်ချင်းပို့ဆောင်နိုင်ရန်အတွက် ကမ္ဘာစစ်မြေပြင်၏ အဝင်ဝမှာ ဤဂြိုဟ်နှင့် မဝေးလှသောနေရာတွင် ရှိနေပုံရသည်။ အဝေးတစ်နေရာကပင် ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သည် ကြီးမားထည်ဝါလှသော အဆောက်အအုံကြီးတစ်ခုကို မြင်လိုက်ရသည်။

ဤသည်မှာ ကျန်းမုန့်လောင် ယနေ့အထိ မြင်ဖူးသမျှထဲတွင် အကြီးမားဆုံးသော အဆောက်အအုံကြီးပင်။ ဤအရာကား စကြဝဠာထဲတွင် လွင့်မျောနေသော သီးသန့်ကျွန်းကြီးတစ်ကျွန်းနှင့် တူပြီး ဧရိယာအကျယ်အဝန်းမှာ ဤစကြဝဠာထဲရှိ အကြီးဆုံး ကြယ်တာရာထက်ပင် ကျော်လွန်နေပေသည်။ ထို့ပြင် ထိုကျွန်းကြီးပေါ်တွင်မူ အလွန်ကြီးမားလှသော စစ်ခံတပ်ကြီးတစ်ခုကို တည်ဆောက်ထားသည်။

"ဒါက ကမ္ဘာခြားစစ်မြေပြင်အတွက် ရိက္ခာနဲ့ ထောက်ပံ့ရေးအခြေစိုက်စခန်းပဲ"

ရှီနိုခယ်က ရှင်းပြသည်။

"ကမ္ဘာခြားစစ်မြေပြင်ထဲကို ဝင်မယ့်လူတိုင်းက အရင်ဆုံး ဒီနေရာမှာ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ဖြတ်သန်းရမယ်။ ဒီနေရာမှာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ အလျှံပယ် အဆင်သင့်ရှိပြီးသား။ ကမ္ဘာခြားစစ်မြေပြင်ထဲ ဝင်ချင်ရင်တော့ အရင်ဆုံး ဒီခံတပ်ကို ဖြတ်ကျော်ရမှာပဲ"

"အရမ်းအံ့ဩစရာကောင်းတာပဲ"

ကျန်းမုန့်လောင်က သူမြင်ဖူးသမျှထဲတွင် အခမ်းနားဆုံးဖြစ်ပြီး တန်ခိုးဖန်ဆင်းထားသကဲ့သို့ ဖြစ်နေသော ဤအဆောက်အအုံကြီးကို ကြည့်ကာ မှင်တက်အံ့ဩနေမိသည်။

"ဒါ... ဒီနေရာမှာ အဆင့်ကိုးသက်ရှိတစ်ယောက် ရှိနေပုံပဲ"

ကျန်းမုန့်လောင်က ခံတပ်တစ်ခုလုံးကို လွှမ်းခြုံထားသော ကြီးမားလှသည့် စက္ခုအာရုံတစ်ခုကို ခံစားလိုက်ရသည်။ ထိုတည်ရှိမှုမှာ သူ ယခင်က ကြုံတွေ့ဖူးသမျှ အဆင့်ကိုးသက်ရှိများနှင့် မတူကွဲပြားနေပေသည်။

"ကောင်လေး... မင်းရဲ့အာရုံခံစားမှုက တော်တော်လေး ထက်မြက်တာပဲ"

ရှီနိုခယ်က ပြောလိုက်သည်။

"ဟုတ်တယ်... ဒီစကြဝဠာထဲမှာ တခြားအဆင့်ကိုးသက်ရှိတစ်ယောက် တကယ်ရှိတယ်။ ဒါတင်မကသေးဘူး။ သူက အဆင့်ကိုးသက်ရှိတွေအားလုံးထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အားအကောင်းဆုံးပုဂ္ဂိုလ်ဆိုလည်း မမှားဘူး။ သူက ကမ္ဘာခြားစစ်မြေပြင်ရဲ့ အဝင်ဝကို စကြဝဠာနှစ်ပေါင်း၂၄၀၀ကျော်တိုင်အောင် စောင့်ကြပ်ခဲ့တာမို့ သူ့ရဲ့တည်ရှိမှုကို သိတဲ့လူဆိုတာ အရမ်းရှားတယ်"

"ကျောင်းအုပ်ကြီး... ဒီလူရဲ့ သက်ရှိအဆင့်က အဆင့်ကိုးသက်ရှိရဲ့ အထွတ်အထိပ်ကို ရောက်လုနီးပါးဖြစ်နေပါပြီ"

ကောထန်က တအံ့တဩရေရွတ်လိုက်သည်။

"ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။ တပ်မမှူးများအားလုံး၏ သက်ရှိအဆင့်မှာ အဆင့်ရှစ်အထွတ်အထိပ်တွင် ရှိသည်ဟု ဆိုကြလေရာ ကမ္ဘာခြားစစ်မြေပြင်ကို တာဝန်ယူထားသူတွင် အဆင့်ကိုးသက်ရှိအဆင့်သာ မရှိပါက စစ်မြေပြင်၏ အစိတ်အပိုင်းတစ်ခုကို ဟန့်တားထိန်းချုပ်နိုင်စွမ်း မည်သို့ ရှိနိုင်မည်နည်း။

"အဲဒီဗိုလ်ချုပ်ရဲ့ နာမည်က ဆီရစ်စ်တဲ့။ ငါတို့မျက်လုံးထဲမှာတော့ ဆီရစ်စ်က စစ်နတ်ဘုရားတစ်ပါးလိုပဲ"

ရှီနိုခယ်၏ မျက်လုံးထဲတွင် ကြည်ညိုလေးစားမှု အရိပ်အယောင်များ ထင်ဟပ်နေပြီး ဆက်ပြောလေသည်။

"သူက ဇူဒါမျိုးနွယ်စုထဲမှာ ဘုရင်ကြီးပြီးရင် ဒုတိယမြောက် အာဏာအရှိဆုံးပုဂ္ဂိုလ်ပဲ။ တကယ်လို့ သူသာ ဆန္ဒရှိမယ်ဆိုရင် ဒီအင်ပါယာမဟာမိတ်အဖွဲ့တစ်ခုလုံးကို သူတစ်ယောက်တည်းနဲ့ စီမံအုပ်ချုပ်လို့ ရတယ်။ ဒါပေမဲ့ သူက အာဏာလုပွဲတွေနဲ့ အငြင်းပွားမှုတွေကို မုန်းလို့ ငါတို့စကြဝဠာကြီးကို ကာကွယ်ဖို့ စစ်မြေပြင်မှာပဲ မြှုပ်နှံဖို့ ပြတ်ပြတ်သားသားရွေးချယ်ခဲ့တာ"

"ဒီလိုကြားရတော့ ဆီရစ်စ်က တကယ်လေးစားဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ပဲ"

ကျန်းမုန့်လောင်က မှတ်ချက်ချလိုက်သည်။ ဟန်ထုတ်ရုံသာ လုပ်တတ်သည့် ဇော့ဂ်ကဲ့သို့သော လူများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး ဆီရစ်စ်မှာမူ တကယ့်သူရဲကောင်းစစ်စစ် ဖြစ်ပုံရသည်။

"ဒါပေါ့"

ရှီနိုခယ်က ပြောသည်။

"ငါတို့ ကမ္ဘာခြားစစ်မြေပြင်က စစ်မျက်နှာစာတွေက ပြိုပျက်လုနီးပါးဖြစ်နေပြီ။ ကျူးကျော်သူအုပ်စုတွေက ကမ္ဘာခြားစစ်မြေပြင်ရဲ့ တံခါးဝကို ဖြတ်ကျော်ပြီး ငါတို့စကြဝဠာထဲကို ချဉ်းနင်းဝင်ရောက်ဖို့ ဖြစ်လာခဲ့တဲ့ အကြိမ်ပေါင်းမနည်းရှိခဲ့ဖူးတယ်။ ဒါတွေအားလုံးက ဆီရစ်စ်ကြောင့်ပဲ။ သူက တစ်ကိုယ်တော်အားထုတ်မှုနဲ့ပဲ ကံကြမ္မာကို ပြောင်းလဲပစ်ပြီး ပြိုင်ဘက်စကြဝဠာတွေက ကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့တာ။ သူက အဆင့်ကိုးသက်ရှိ ၁၂ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကိုတောင် ဒဏ်ရာဒဏ်ချက်နည်းနည်းလေးနဲ့ ပြန်တွန်းလှန်နိုင်ခဲ့တယ်"

"တစ်နေ့ကျရင် ဆီရစ်စ်နဲ့ တကယ်ဆုံချင်မိတယ်"

ကျန်းမုန့်လောင်က ထိုပုဂ္ဂိုလ်အပေါ် မိမိ၏ ပြင်းပြသော စိတ်ဝင်စားမှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"မင်း အခွင့်အရေး ရမှာပါ"

ရှီနိုခယ်က ရယ်မောရင်း ပြောလိုက်၏။

"သူက ပါရမီရှင်တွေကို အရမ်းတန်ဖိုးထားတယ်။ ငါတို့ရဲ့ တပ်မမှူးတော်တော်များများကလည်း သူ့တပည့်တွေပဲ။ ငါတို့ အမှတ်၁၀၀၄တပ်မကြီးရဲ့ တပ်မမှူးကလည်း ဗိုလ်ချုပ်ရဲ့ စစ်မှန်တဲ့ သွန်သင်ဆုံးမမှုတွေကို ခံယူထားရတဲ့လူပဲ"

သူတို့ စကားတပြောပြောနှင့် ရယ်မောနေကြစဉ် အာကာသယာဉ်ကြီးမှာ ဧရာမစစ်ခံတပ်ကြီး၏ လေယာဉ်ကွင်းပေါ်သို့ သက်ဆင်းလိုက်လေသည်။

"ဒါကတော့ လူနေဇုန်ပဲ"

ရှီနိုခယ်က ကျယ်ပြောလှသော နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"စစ်သည်တော်တိုင်းမှာ ကိုယ်ပိုင်အခန်းတွေ ရှိကြတယ်။ အာကာသခေါက်ချိုးနည်းပညာကို သုံးပြီး တည်ဆောက်ထားတာမို့ အခန်းတွင်းနေရာလွတ်က အရမ်းကျယ်တယ်။ လူနေဇုန်ထဲမှာ ဖျော်ဖြေရေး အဆောက်အအုံအမျိုးမျိုးလည်း ရှိတယ်။ အကုန်လုံးက အခမဲ့ပဲ။ စကြဝဠာဒင်္ဂါး သန်းချီတန်တဲ့ စကြဝဠာမျိုးနွယ်စုတွေရဲ့ အဖျော်ယမကာတွေကိုတောင် ဒီနေရာမှာ အလကား စိတ်ကြိုက်သောက်နိုင်တယ်"

"တော်တော်လေး တွေးပေးတတ်တာပဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ဒါက သဘာဝကျပါတယ်"

ရှီနိုခယ်က ပြောသည်။

"မင်းတို့က စစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေကြရတာပဲ။ နားတဲ့အချိန်မှာ ကောင်းကောင်းမွန်မွန် ခံစားခွင့်ရှိသင့်တာပေါ့... မဟုတ်ဘူးလား။ ဪ... ဒါနဲ့ စကြဝဠာတစ်နှစ်မှာ စကြဝဠာရက်ငါးရက်ပဲ နားရက်ရမယ်။ အဲဒီအချိန်အတောအတွင်းမှာတော့ ဒီလူနေဇုန်ထဲမှာ စိတ်အေးလက်အေး အနားယူနိုင်ပါတယ်"

ရှီနိုခယ်က ကျန်းမုန့်လောင်၏ နားအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"တကယ်လို့ မင်းမှာ သဘာဝရဲ့ဆန္ဒတချို့ ရှိလာရင် ခွင့်ရက်ရထားတဲ့ အမျိုးသမီးစစ်သည်တော်တွေက မင်းနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ညချမ်းကို ဖြတ်သန်းဖို့ ဆန္ဒရှိလိမ့်မယ်လို့ ငါထင်တယ်။ ပုံမှန်ဆိုရင် သူတို့တွေက ငြင်းလေ့မရှိဘူး။ တော်တော်လည်း ထက်မြက်သွက်လက်ကြတယ်။ ပြီးတော့ စစ်မြေပြင်မှာ အမျိုးသမီးစစ်သည်တော်တွေက အင်အားစုရဲ့ ၃၀ရာခိုင်နှုန်းအထိ ရှိတယ်လေ"

ကျန်းမုန့်လောင်က ရှီနိုခယ်၏ ပွင့်လင်းလွန်းလှသော စကားကြောင့် မရယ်ဘဲ မနေနိုင်တော့ခေျ။

"ကဲ သွားကြစို့ ငါ မင်းတို့ကို ပစ္စည်းတွေသိမ်းဖို့ ခေါ်သွားမယ်"

ရှီနိုခယ်က ပြောလိုက်သည်။

"ကမ္ဘာခြားစစ်မြေပြင်ရဲ့ တံခါးဝကို ဖြတ်ကျော်တဲ့အခါ အဆင့်ခြောက်နဲ့ သူ့ထက်ပိုမြင့်တဲ့ သိုင်းလက်နက်တွေကလွဲလို့ မင်းတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေအားလုံးက အာကာသစွမ်းအားကြောင့် အပိုင်းပိုင်းပြတ်ထွက်သွားလိမ့်မယ်။ အဆင့်အမြင့်ဆုံး အာကာသယာဉ်တွေတောင် အမှိုက်ပုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမှာပဲ"

မကြာခင်မှာပင် လူတိုင်းသည် သူတို့အား သတ်မှတ်ပေးထားသော အခန်းများတွင် ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းလိုက်ကြပြီး ခန္ဓာကိုယ်တွင် ချပ်ရပ်နေသော အနက်ရောင်ဝတ်စုံများကိုသာ ဝတ်ဆင်လိုက်ကြသည်။ ဤဝတ်စုံမှာ အခြေစိုက်စခန်း၏ နည်းပညာဆိုင်ရာ အံ့ဖွယ်တစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် ထိုကမ္ဘာထဲသို့ စစ်သည်တော်များကို ကိုယ်လုံးတီးဖြင့် ဖြတ်သန်းသွားခိုင်းရန် မဖြစ်နိုင်သောကြောင့်ပင်။

အထူးဒီဇိုင်းထုတ်ထားသော ဤဝတ်စုံမှာ လောလောဆယ် ရှာဖွေတွေ့ရှိထားသည့် အသေးငယ်ဆုံး အမှုန်အမွှားများထက်ပင် ပိုမိုသေးနုပ်သော အမှုန်အဆင့်အထိ အသွင်ပြောင်းလဲနိုင်သည်။ ကမ္ဘာခြားစစ်မြေပြင်ကို ဖြတ်သန်းပြီးနောက် မူလပုံစံသို့ ပြန်ရောက်ရှိရန် စက္ကန့်အနည်းငယ်သာ ကြာမြင့်ပေလိမ့်မည်။

"အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့... ဖြတ်သွားတဲ့အခါ စိတ်မသက်မသာဖြစ်တာမျိုး တချို့ဆိုရင် ရင်တုန်တာ ဒါမှမဟုတ် ပျို့အန်ချင်တာမျိုး ခံစားရနိုင်တယ်။ ဒါတွေအားလုံးက သာမန်ပါပဲ"

ရှီနိခယ်က ကျန်းမုန့်လောင်နှင့် အခြားသူများကို ဧရာမအလင်းမျက်နှာပြင်ကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

ထိုအရာကား ဒေါင်လိုက်ဖြစ်နေသော ရေကန်မျက်နှာပြင်တစ်ခုနှင့် တူပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် အဆင့်ခြောက်သက်ရှိ ရာဂဏန်းနှင့် အဆင့်ခုနစ်သက်ရှိဆယ်ဦးခန့် စောင့်ကြပ်နေကြသည်။ ဤသည်မှာမူ ရက်စက်ကြမ်းကြုတ်သော ကမ္ဘာခြားစစ်မြေပြင်ကြီး တည်ရှိရာ ကမ္ဘာမုခ်ဝပင်။

"ဟားဟားဟား... မင်းတို့က ပုံမှန်ဆိုရင် တျောက်ချန်လောက် လှပါတယ်ဆိုပြီး ကြွားနေကြတာ။ ဒီနေ့တော့ မင်းတို့မှာ ဘာရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

"ရယ်ရတယ်ဟေ့ .. ငါက သန့်စင်တဲ့ယန်ကျင့်စဉ်ကို ကျင့်ကြံထားတာကွ။ မင်းတို့တွေ လန့်မသွားဖို့ပဲ မျှော်လင့်ပါတယ်"

"ငါက တစ်ယောက်ယောက်ကို ကွက်ပြီး ပြောနေတာ မဟုတ်ပါဘူး။ ငါ ဆိုလိုတာက ဒီကလူတွေအားလုံးက အမှိုက်တွေချည်းပဲလို့ ပြောချင်တာ"

"ဟိုမှာကြည့်စမ်း... ကျောင်းအုပ်ကြီးက ဘာလို့ အဝေးဆုံးထောင့်ကို တစ်ယောက်တည်း သွားနေရတာလဲ။ သူ ရှက်နေတာလား"

"ဟားဟား... သေချာပေါက်ပဲ။ နောက်ဆုံးတော့ ကျောင်းအုပ်ကြီးကို လှောင်ပြောင်ရမယ့် အခွင့်အရေး ရပြီဟေ့"

“ကင်မရာအမှတ်တစ် အဆင်သင့်ပြင်"

"ကင်မရာအမှတ်နှစ် အဆင်သင့်ပြင်"

လူတိုင်းက ကမ္ဘာခြားစစ်မြေပြင်သို့ ဦးတည်ရာ တံခါးဝထဲသို့ စိတ်အားထက်သန်စွာ တိုးဝင်သွားကြလေရာ ပြင်းထန်လှသော အာကာသစွမ်းအားများ ကျရောက်လာသည်နှင့်အမျှ သူတို့၏ ဝတ်စုံများမှာ အသေးနုပ်ဆုံး အမှုန်အမွှားများအဖြစ် ဆုတ်ဖြဲခံလိုက်ရသဖြင့် လူတိုင်း ခဏမျှ ကိုယ်လုံးတီးဖြစ်သွားကြသည်။

သို့သော် သူတို့တစ်သိုက် ကျန်းမုန့်လောင်ကို လှမ်းကြည့်လိုက်သောအခါတွင်မူ တစ်ယောက်ချင်းစီတိုင်းမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

"ဒါ... ဒါက ဘာကြီးလဲဟ"

"လောကကြီးမှာ တရားမျှတမှုရော ရှိသေးရဲ့လား"

"သောက်ကျိုးနည်း... ဒါက လူရော ဖြစ်နိုင်သေးလို့လား"

"စော်ကားမိတာ ခွင့်လွှတ်ပါ"

************************

All Chapters