အခန်း ၇၃၇
Vol. 50 Ch. 737
အခန်း (၇၃၇) - အဆောင်လက်ဖွဲ့ အသစ်များ ဖန်တီးခြင်းနှင့် ယွဲ့ အင်မော်တယ် နန်းတော် အပျက်အစီးဆီသို့ နောက်တစ်ကြိမ် ထပ်မံသွားရောက်ခြင်း (အပိုင်း ၂)
စုယွီက တစ်ခဏမျှ တိတ်ဆိတ် နေခဲ့ပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ရမ်းလိုက်၏။
"ဒါပေမဲ့ တာအိုမိတ်ဆွေ မာရဲ့ ဝိညာဉ် ကျောက်စာပြားက ကွဲအက် သွားခဲ့တယ် ဆိုတဲ့ အချက်ကတော့ အမှန်တရားပဲ"
သူတို့ နှစ်ယောက်က တစ်ခဏမျှ ဆွေးနွေး တိုင်ပင်လိုက်ကြသည်။
စုယွီက တီးတိုး ရေရွတ်လိုက်၏။
"ဖြစ်နိုင်ခြေ တစ်ခုကတော့ တာအိုမိတ်ဆွေ မာက မိစ္ဆာတွေရဲ့ လွှမ်းမိုး ဖျက်ဆီးတာကို ခံလိုက်ရတာ ဖြစ်နိုင်တယ်.. နောက်တစ်ခုကတော့ သူရဲ့ စိတ်ဝိညာဉ်နဲ့ အသိစိတ်တွေ အပြင်းအထန် ပျက်စီးသွားပြီး လုံးဝကို ဖျက်ဆီး ခံလိုက်ရတာပဲ"
မည်သို့ပင် ဖြစ်စေကာမူ မာရှီချင်း ကျဆုံးသွားခဲ့ရသည်မှာ လက်တွေ့ အမှန်တရား တစ်ခု ဖြစ်လာခဲ့လေပြီ။
'သူ့ရဲ့ ခန္ဓာကိုယ် ကတော့ အသက်ရှင် နေနိုင်ပါသေးတယ်.. ဒါပေမဲ့ အခု မတ်တတ် ရပ်နေတဲ့ 'မာရှီချင်း' ဆိုတာက အတိတ်က တာအိုမိတ်ဆွေ မာ မဟုတ်တော့ဘူး'
"ဒီတာအို နည်းစနစ်က ကျင့်ကြံလို့ ရ၊ မရဆိုတာကို ကျွန်တော် အရင်ဆုံး သေချာအောင် စစ်ဆေးလိုက်ဦးမယ်.. ပြီးရင် ခင်ဗျား အဲဒါကို စတင် ကျင့်ကြံလို့ ရပြီ"
စုယွီက တာအိုပညာရှင် ရှုယွီကို တစ်ချက် ကြည့်လိုက်ပြီး တိုက်တွန်းလိုက်၏。
မိစ္ဆာ တာအို လမ်းစဉ်နှင့် ပတ်သက်လာပါက စုယွီ အနေဖြင့် လုံးဝ မပေါ့နိုင်ပါချေ။
မာရှီချင်းသည် ဤသတင်းစကားကို ပေးပို့ချိန်၌ ရှင်းလင်းသော အသိစိတ် ရှိနေနိုင်သည်ဟု ဆိုစေကာမူ ၎င်းက ဖြစ်နိုင်ခြေ တစ်ခုသာ ဖြစ်ပေသည်။
ဤအရာက မိစ္ဆာများ ထောင်ထားသော ငါးစာတစ်ခု ဖြစ်နိုင်ခြေ ပိုများကြောင်း သူ ခံစားနေရ၏။
မည်သို့ပင် ဖြစ်စေကာမူ သူသည် ဤမိစ္ဆာ နှိမ် တာအို နည်းစနစ်ကို စိတ်အေးချမ်းသာစွာ မကျင့်ကြံမီ ဤနေရာတွင် ထောင်ချောက်များ ရှိ၊ မရှိကို အရင်ဆုံး ရှာဖွေ ဖော်ထုတ်ရပေမည်။
ထို့နောက်တွင်တော့ စုယွီ၏ တာအို ရုပ်သေး ကိုယ်ပွားသည် ခရမ်းရောင်ကျောက်စိမ်း ဂူနန်းတော်ထဲမှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့ပြီး အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခို ဈေးကွက်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ လျှို့ဝှက် နန်းတော် အတွင်း၌။
စုယွီက ခပ်သဲ့သဲ့ သက်ပြင်းချလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
"တာအိုမိတ်ဆွေ မာ တစ်ယောက် တာအို မျှော်စင်ရဲ့ အပျက်အစီး တွေထဲမှာ ပြဿနာ တကယ် တက်သွားခဲ့ပြီး ရှေးဟောင်း မိစ္ဆာ ချီစွမ်းအင်ရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာ.. ငါ တကယ် မယုံနိုင်အောင်ပါပဲ..."
အချိန် အတော်ကြာ တိတ်ဆိတ် နေပြီးနောက် စုယွီက အနာဂတ်တွင် မာရှီချင်းနှင့် နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့နိုင်ခဲ့မည် ဆိုပါက တာအိုမိတ်ဆွေ မာ၏ ခန္ဓာကိုယ်ကို ပြန်လည် ရယူပေးပြီး သူ့ကို ငြိမ်းချမ်းစွာ အနားယူခွင့် ပေးမည်ဟု မှတ်သားထားလိုက်၏။
သူသည် သန့်စင်သော အင်မော်တယ် မိစ္ဆာဘုရင် ကျင့်စဉ်အပေါ် အာရုံစူးစိုက်လိုက်ပြီး တစ်ခဏမျှ လေ့လာပြီးနောက် မျက်မှောင်ကြုတ် သွားတော့သည်။
"ဒါက တကယ်တော့ အမွှေးတိုင် မီးခိုး ဝိညာဉ်ဘုရား နည်းစနစ်ရဲ့ ရှေးဟောင်း နည်းစနစ် တစ်ခုပဲ.. လောကကြီးရဲ့ ကောင်းကင်ဘုံ တာအိုနဲ့ သက်ရှိ သတ္တဝါ အားလုံးရဲ့ ဆန္ဒတွေကို စုစည်းပြီး သန့်စင် မြင့်မြတ်သူ တစ်ဦး ဖြစ်လာအောင် လုပ်တာ.. လောကမှာ ရှိတဲ့ သရဲဘီလူး တွေနဲ့ မိစ္ဆာတွေ အားလုံးကို နှိမ်နင်းတာက သန့်စင်သော အင်မော်တယ် မိစ္ဆာဘုရင်ရဲ့ လမ်းစဉ်ပဲ"
ဤအရာက အမွှေးတိုင် မီးခိုး ဝိညာဉ်ဘုရား နည်းစနစ်၏ အလွန်တရာ လေးစားဖွယ် ကောင်းလှသော နည်းစနစ် တစ်ခု ဖြစ်ပြီး မကောင်းဆိုးဝါး ဝိညာဉ် အားလုံးကို နှိမ်နင်းခြင်းနှင့် သက်ရှိ သတ္တဝါ အားလုံးကို ကာကွယ် စောင့်ရှောက်ခြင်း အကြောင်းပင် ဖြစ်ပေသည်။
တာ့ချန် ကျင့်ကြံခြင်းကမ္ဘာတွင် ထိုသို့သော နည်းစနစ်မျိုးက အလွန်တရာ ရှားပါးလှပါ၏။
အနည်းဆုံးတော့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ ဝိညာဉ်ခွဲထွက်ခြင်း အဆင့် ကျင့်ကြံခြင်း နည်းစနစ် နှစ်ဆယ့်ခု ကျော်ခန့်တွင် စုယွီသည် အမွှေးတိုင် မီးခိုး တာအို၏ အမွေအနှစ်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဝိညာဉ်ခွဲထွက်ခြင်း အဆင့် အောက်ရှိ တာအို အမွေအနှစ် များကိုလည်း သူ မတွေ့ခဲ့ဖူးပေ။
ဤနည်းစနစ်က.. သူ ကျင့်ကြံရန်အတွက် သင့်တော်ပုံ မပေါ်ပါချေ။
ဘာပဲပြောပြော သူသည် မိစ္ဆာများကို ချေမှုန်းရန်နှင့် မကောင်းဆိုးဝါးများကို နှိမ်နင်းရန် အချိန်မရှိပေ။ သူသည် အင်မော်တယ် လမ်းစဉ်ကို လျှောက်လှမ်းခါစသာ ရှိသေး၏။ သူကိုယ်တိုင်ပင် အင်မော်တယ် လမ်းစဉ်ကို ကျွမ်းကျင်အောင် မလုပ်နိုင်သေးဘဲ သက်ရှိ သတ္တဝါ အားလုံးကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ကို သူ ဘယ်လို လုပ်ပြီး တာဝန်ယူနိုင်မည်နည်း။
လောလောဆယ်တွင်မူ စုယွီ အနေဖြင့် ထိုသို့သော အသိတရားမျိုး ရှိသည်ဟု မထင်မိပေ။
သူ့ကိုယ်သူ၊ သူ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများကို အပြင် သူ၏ ဂိုဏ်းကို ကာကွယ် စောင့်ရှောက်နိုင်မည် ဆိုပါက လုံလောက်ပြီဟု သူ ခံစားရသည်။
သက်ရှိ သတ္တဝါ အားလုံးကို ကာကွယ် စောင့်ရှောက်ရမည် လော။ သန့်စင်သော အင်မော်တယ် မိစ္ဆာဘုရင် လမ်းစဉ်လော။ ဤအရာက အလွန်တရာ ကြီးကျယ် ခမ်းနားလွန်းလှပြီး ငယ်ရွယ်လွန်းလှသော သူက ဤအရာကို မကိုင်တွယ်နိုင်သေးချေ။
တွေးတော ပြီးနောက် စုယွီသည် ဤနည်းစနစ်ကို စီနီယာ ဟွမ်ကျူးထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီး ဂိုဏ်းဆီသို့ ဆက်လက် လွှဲပြောင်းပေးရန် တောင်းဆိုလိုက်၏။ သူကိုယ်တိုင်ကတော့ ဤနည်းစနစ်ကို ကျင့်ကြံမည် မဟုတ်သော်ငြား ဂိုဏ်းထဲတွင် ကျင့်ကြံနိုင်မည့် အခြားသူများ ရှိနေမည် ဆိုပါက အဆင်ပြေလှပေသည်။
မာရှီချင်း ချန်ရစ်ခဲ့သော မမျှော်လင့်ထားသည့် ကျောက်စိမ်းပေလွှာ အမွေအနှစ်က စုယွီ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အရှိန်အဟုန်ကို အနှောင့်အယှက် မပေးခဲ့ချေ။
ဝမ်လုံ မင်းဆက်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းတို့ ကြားက အရေးအခင်းက ဆက်လက် ဖြစ်ပွားနေသော်ငြား လောလောဆယ်တွင် နှစ်ဖက်စလုံးက အခြေအနေ တစ်ရပ်၌ ရပ်တန့်နေဆဲပင်။ နောက်ကွယ်တွင်မူ ဗုဒ္ဓဂိုဏ်းနှင့် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရှိ အခြားသော ဂိုဏ်းများကြား ပြိုင်ဆိုင်မှုများနှင့် အကဲစမ်းမှုများက ဆက်လက် ဖြစ်ပွားနေခဲ့၏။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်နှင့် အခြားသော ဂိုဏ်းများသည် ဝမ်လုံ မင်းဆက်၏ ဗုဒ္ဓဂိုဏ်း နောက်ကွယ်မှ အသေးစိတ် အချက်အလက်များကို ဆက်လက် စုံစမ်း ထောက်လှမ်းနေကြဆဲ ဖြစ်ပေသည်။
စု မိသားစုနှင့် လင်း မိသားစုကြား အသေးစား ပဋိပက္ခက ပြေလည်မှု မရှိဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ယခုအခါ ဗုဒ္ဓဂိုဏ်း၏ ကျောထောက်နောက်ခံ ပြုမှုနှင့်တောင်မှ ဝမ်လုံ မင်းဆက်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းတို့ ကြားက ပဋိပက္ခက ဖြေရှင်းရန် လွယ်ကူလှသည် မဟုတ်ချေ။
ဤစစ်ပွဲ မည်မျှ ကြာရှည်မည် ဆိုသည်ကို ပြောရန် ခက်ခဲလှပါ၏။
နှစ်ဝက်ခန့် ကြာပြီးနောက်၊ အဆောင်လက်ဖွဲ့ အခန်းထဲ၌..
စုယွီသည် စတုတ္ထအဆင့် အထွတ်အထိပ် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ကို အကြိမ်ကြိမ် အခါခါ ဖန်တီးရန် ကြိုးစားနေခဲ့၏။ ယခင်က သူ ရရှိထားခဲ့သော ကြေးမုံလမင်း အဆောင်လက်ဖွဲ့ အမွေအနှစ်က စတုတ္ထအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ သာလျှင် ဖြစ်ပေသည်။
အကယ်၍ သူသည် ကြေးမုံလမင်း အဆောင်လက်ဖွဲ့၏ အဆင့်ကို ထပ်မံ မြှင့်တင်လိုပါက ဆန်းသစ် တီထွင်ရန်နှင့် ဖန်တီးရန်မှာ သူ့အပေါ်တွင်သာ မူတည်နေခဲ့၏။
ယနေ့ အဆောင်လက်ဖွဲ့ အခန်းထဲတွင် နှစ်ဝက်ကျော် အတွင်း မအောင်မြင်သော ကြိုးစားမှု အကြိမ် နှစ်ရာ နီးပါးခန့် အပြီး၌ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ အသစ် တစ်ခုသည် စုယွီ၏ စုတ်တံအောက်တွင် နောက်ဆုံးတော့ မွေးဖွားလာခဲ့လေပြီ။
"ကြေးမုံလမင်း အဆောင်လက်ဖွဲ့ရဲ့ စွမ်းအားက ပိုပြီး သန့်စင်သင့်တယ်.. ပုံရိပ်ယောင်စွမ်းအားကို ပေါင်းစပ်လိုက်တာက ပြီးပြည့်စုံနေတဲ့ အရာတစ်ခုကို ပိုပြီး ကောင်းမွန်အောင် လုပ်လိုက်တာနဲ့ အတူတူပဲ"
"လူတစ်ယောက်လုံး ဒါမှမဟုတ် သူတို့ရဲ့ မူလဝိညာဉ် ဒါမှမဟုတ် စိတ်ဝိညာဉ်ကို ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ကြေးမုံလမင်း ဟင်းလင်းပြင် နေရာလွတ် တစ်ခုကို ဖန်တီးဖို့ သန့်စင်တဲ့ ဟင်းလင်းပြင် စွမ်းအား တစ်ခုတည်းနဲ့တင် လုံလောက်နေပြီ"
"ထောင်ချောက်ဆင် ဖမ်းဆီးခြင်းက ရှုထောင့် တစ်ခုတည်းသာ ဖြစ်တယ်.. ဟင်းလင်းပြင် တာအိုရဲ့ အသုံးချမှုက နေရာရွှေ့ပြောင်းခြင်းနဲ့ ဟင်းလင်းပြင် နေရာလွတ်ကို ကန့်သတ်ခြင်း ထက်မက ပိုတယ်"
"ဟင်းလင်းပြင် စွမ်းအားက သတ်ဖြတ်နိုင်စွမ်းလည်း ရှိတယ်"
စတုတ္ထအဆင့် အထွတ်အထိပ် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ အသစ်ကို ဖန်တီးရန် ကြိုးစားသောအခါ ၎င်းက စုယွီ အတွက် ဟင်းလင်းပြင် စည်းမျဉ်းများ၏ ကိုယ်ပိုင် နားလည် သဘောပေါက်မှုများကို အသုံးချရန် လုပ်ငန်းစဉ် တစ်ခုလည်း ဖြစ်ပေ၏။
အဆောင်လက်ဖွဲ့ အသစ်တစ်ခု ဖန်တီးရန် ကျရှုံးမှု တိုင်းက စုယွီထံသို့ ဟင်းလင်းပြင် စည်းမျဉ်းများနှင့် ပတ်သက်သော သိမြင် နားလည်မှု အသစ်များကို တဟုန်ထိုး ဝင်ရောက်လာစေခဲ့သည်။
တစ်ကြိမ်ပြီး တစ်ကြိမ် သူသည် ဆက်လက် ကြိုးစားနေခဲ့၏။
ယနေ့တိုင်အောင်ပင်။
“ဝှစ်..”
ကျောက်စိမ်း စင်မြင့်၏ တုန်ခါမှု တစ်ခုနှင့် အတူ လက်ဝါး အရွယ်အစားရှိ ကျောက်စိမ်း အဆောင်လက်ဖွဲ့ တစ်ခုက စူးရှ တောက်ပသော အလင်းတန်းများနှင့် အတူ ပွင့်လန်းလာခဲ့ပြီး ယခင်ကနှင့် မတူညီစွာ ဟင်းလင်းပြင် လှိုင်းထလာခဲ့သည်။
ဟင်းလင်းပြင် လှိုင်းဂယက်၏ တုန်ခါမှု အတွင်း စုယွီ၏ လက်ထဲရှိ စတုတ္ထအဆင့် အထွတ်အထိပ် စုတ်တံက မျက်စိတစ်မှိတ် အတွင်းမှာပင် မရေမတွက်နိုင်သော ဟင်းလင်းပြင် ဓားသွားများဖြင့် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ အမှုန့်များ အဖြစ်သို့ ပြိုကွဲသွားတော့သည်။
စုယွီ၏ လက်တွင်ပင် ဟင်းလင်းပြင်၏ သံကြိုးများဖြင့် လှီးဖြတ်ခံလိုက်ရသကဲ့သို့ သွေးစွန်းနေသော ဓားဒဏ်ရာများစွာ ဖြစ်ပေါ်သွားခဲ့၏။
စုယွီသည် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် နှစ်ခုကို လေ့ကျင့်ထားပြီး အတော်အသင့် ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိနေခဲ့ကြောင်း သတိပြုသင့်ပေသည်။
ဤဆယ်နှစ်တာ ကာလ အတွင်း စုယွီသည် အဆင့်နိမ့် မှော်ရတနာ နှစ်ခုကို ပေါင်းစပ်ရန် ကောင်းကင် အင်မော်တယ် ခန္ဓာ သန့်စင် နည်းစနစ်ကို အသုံးပြုခဲ့ပြီး ထိုသို့ဖြင့် သူ၏ ရုပ်ခန္ဓာကို ထပ်မံ မြှင့်တင်နိုင်ခဲ့၏။
သူ၏ ရုပ်ခန္ဓာ ကာကွယ်မှုက သာမန် အဆင့်နိမ့် မှော်ရတနာများ ထက်ပင် ပိုမို အားကောင်းနေခဲ့လေပြီ။
သို့သော်ငြား အဆောင်လက်ဖွဲ့ ပုံဖော်ရာမှ ဖြာထွက်လာသော ဟင်းလင်းပြင် လှိုင်းဂယက်က သူ၏ အရေပြားပေါ်တွင် ဒဏ်ရာ အမြောက်အမြားကို လှီးဖြတ်သွားနိုင်ခဲ့ပြီး သွေးများ စိမ့်ထွက်လာခဲ့၏။
ထို့အပြင် ဒဏ်ရာများ၌ တွယ်ကပ်နေသော ဟင်းလင်းပြင် စွမ်းအင်များ ကြောင့် ဒဏ်ရာများကို ကုသရန် အလွန်တရာ ခက်ခဲလှပေသည်။
အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်နှင့် ကောင်းကင် ဖီးနစ် နိဗ္ဗာန် ကျင့်စဥ်၏ မှော်စွမ်းအားတို့က ပေးစွမ်းသော အားကောင်းလှသည့် ပြန်လည် မွေးဖွားခြင်း စွမ်းရည်များ ရှိသော်ငြားလည်း သူ၏ လက်ပေါ်ရှိ သေးငယ်သော ဒဏ်ရာများ တဖြည်းဖြည်း ကုစားနိုင်ရန် အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် အချိန်ယူလိုက်ရလေ၏။
စုယွီ၏ မျက်လုံးများတွင် သေးငယ်သော ပြောင်းလဲမှု တစ်ရပ် ပေါ်လာပြီး အံ့အားသင့်ကာ အံ့သြသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီဟင်းလင်းပြင် ဖြတ်တောက်ခြင်း စွမ်းအားက အရမ်း အားကောင်းတာပဲ.."
သူသည် ကျွမ်းကျင်မှု ပြကွက်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
[? (စတုတ္ထအဆင့် အထွတ်အထိပ် ဟင်းလင်းပြင် အဆောင်လက်ဖွဲ့၊ ကျွမ်းကျင်မှု ၁၆.၇%)]
အဆောင်လက်ဖွဲ့ အသစ်က ယခင် ကြေးမုံလမင်း အဆောင်လက်ဖွဲ့များနှင့် မတူညီဘဲ ကန့်သတ် ချုပ်နှောင်သော အဆောင်လက်ဖွဲ့များသာ ဖြစ်ပေသည်။
သို့သော် ယခု တစ်ကြိမ်တွင် သူ၏ ဟင်းလင်းပြင် စည်းမျဉ်းများကို နားလည် သဘောပေါက်မှုနှင့် ပေါင်းစပ်ကာ စုယွီ ဖန်တီးလိုက်သော အဆောင်လက်ဖွဲ့မှာ ဟင်းလင်းပြင် တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့ တစ်ခု ဖြစ်နေခဲ့၏။
သက်ဝင် လှုပ်ရှားသွားသော အခါ ၎င်းက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် နေရာလွတ်ကို ဖျက်ဆီးပစ်နိုင်ပေသည်။
ဟင်းလင်းပြင် အက်ကွဲကြောင်း ဓားသွားများ၏ ထောင်ချောက်ကို ဖန်တီးလိုက်၏။
ဤဟင်းလင်းပြင် နေရာလွတ် အတွင်းရှိ မည်သည့် အရာမဆို ဟင်းလင်းပြင် အက်ကွဲကြောင်း ဓားသွားများဖြင့် အပိုင်းပိုင်း ဖြတ်တောက် ခံရမည် ဖြစ်ပေသည်။
အဆောင်လက်ဖွဲ့ ပုံဖော်ချိန်တွင် ဟင်းလင်းပြင် လှိုင်းဂယက်၏ စွမ်းအားကို တွေ့ကြုံ ခံစားပြီးနောက် စုယွီ၏ စိတ်ထဲတွင် ရုပ်ခန္ဓာကို ဤအဆောင်လက်ဖွဲ့အား ခံနိုင်ရည် ရှိမည့် မူလဝိညာဉ် အဆင့် ရှိ အရှင်သခင်ကြီးများ အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်ကြောင်းကို သိရှိလိုက်၏။
အကယ်၍ သူတို့တွင် ကာကွယ်ရေး မှော်ရတနာများ ရှိနေလျှင်တောင်မှ ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ အသစ်၏ တိုက်ခိုက်မှုများကို သူတို့ မည်မျှအထိ ခံနိုင်ရည် ရှိမည်နည်း။
ကျောက်စိမ်း စင်မြင့်ပေါ်ရှိ ဟင်းလင်းပြင် လှိုင်းဂယက်များ ငြိမ်သက်သွားသော အခါမှသာ စုယွီက ကျောက်စိမ်း အဆောင်လက်ဖွဲ့ကို ကောက်ယူလိုက်ပြီး သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ကျေနပ် အားရမှု အရိပ်အယောင်များဖြင့် သူက တီးတိုး ရေရွတ်လိုက်၏။
"ဒီအဆောင်လက်ဖွဲ့ရဲ့ စွမ်းအားက ယခင် ကြေးမုံလမင်း အဆောင်လက်ဖွဲ့တွေနဲ့ မတူညီတဲ့ အတွက် ခွဲခြား သိနိုင်ဖို့ လကြွင်း အဆောင်လက်ဖွဲ့ လို့ နာမည်ပေးလိုက်မယ်.."
ဟင်းလင်းပြင် ချိုးဖျက်ခြင်း သို့မဟုတ် ဟင်းလင်းပြင် ခွဲဖြာခြင်း ကဲ့သို့သော အခြား အမည်များနှင့် ပတ်သက်၍မူ သူသည် ထိုအမည်များကို သေချာပေါက် အသုံးပြုမည် မဟုတ်ပေ။
အကယ်၍ သူသာ ထိုသို့ တကယ် နာမည်ပေးလိုက်မည် ဆိုပါက ၎င်းက အဆောင်လက်ဖွဲ့၏ အစွမ်းကို ကြေညာနေသကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလော။
၎င်းက တိုက်ပွဲ တစ်ခု မစတင်မီ ရန်သူထံသို့ သူ၏ အစွမ်းအထက်ဆုံး လျှို့ဝှက် ဖဲချပ်ကို အော်ဟစ် ပြောဆိုနေသကဲ့သို့ ဖြစ်နေပေမည်။
လကြွင်း အဆောင်လက်ဖွဲ့ကို သိမ်းဆည်း ပြီးနောက် စုယွီသည် အဆောင်လက်ဖွဲ့များကို ဆက်လက် မဖန်တီးမီ ခဏမျှ အနားယူလိုက်ပြီး လကြွင်း အဆောင်လက်ဖွဲ့ကို ဖန်တီးရာတွင် သူ၏ ကျွမ်းကျင်မှုကို မြှင့်တင်လိုက်၏。
လကြွင်း အဆောင်လက်ဖွဲ့၏ ကျွမ်းကျင်မှု စံချိန်မီသွားသည်နှင့် တပြိုင်နက် စုယွီသည် သူ၏ ကိုယ်ပိုင် အဆောင်လက်ဖွဲ့ အမွေအနှစ်များထဲမှ အခြားသော စတုတ္ထအဆင့် အထွတ်အထိပ် အဆောင်လက်ဖွဲ့များကို ဖန်တီး လေ့ကျင့်ရန် စတင်လိုက်တော့သည်။ သူ၏ အမွေအနှစ် ထဲတွင် ရှိနှင့်ပြီးသား အရာများကို လိုက်နာရသည်မှာ များစွာ ပို၍ လွယ်ကူလှပေသည်။
စတုတ္ထအဆင့် အထွတ်အထိပ် အဆောင်လက်ဖွဲ့များနှင့် ပတ်သက်၍ စုယွီ၏ တိုးတက်မှုက သိသိသာသာကို တိုးတက်လာခဲ့၏။
နေ့စဉ်နေ့တိုင်း ဓာတ်ကြီး ငါးပါး နည်းစနစ်နှင့် အမျိုးမျိုးသော တာအိုများနှင့် တာအို နယ်ပယ်များကို လေ့ကျင့်ခြင်း အပြင် စုယွီသည် ဆေးပညာ၊ အခင်းအကျင်းများနှင့် အဆောင်လက်ဖွဲ့များ ကဲ့သို့သော ဘေးပန်း အလုပ်အကိုင် အသီးသီးတွင်လည်း သူ၏ ကျွမ်းကျင်မှုကို မြှင့်တင်နေခဲ့သည်။
အချိန် စည်းမျဉ်းများ၏ အကျိုးသက်ရောက်မှု အောက်တွင် သူ၏ နေ့စဉ် ကျင့်ကြံခြင်း တိုးတက်မှုသည် သာမန် ပါရမီရှင်များ ထက် များစွာ ပိုမို မြန်ဆန်နေခဲ့၏။
စုယွီ၏ ဘဝက အေးချမ်းသော်ငြားလည်း ပြည့်စုံနေခဲ့ပေသည်။
ထိုစဉ်အတောအတွင်း အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခို ဈေးကွက် အတွင်း၌ တာအို ရုပ်သေး ကိုယ်ပွားသည် လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင် တို့ကို ပိုင်ဟွာ ဂိုဏ်း လျှို့ဝှက်နယ်မြေမှ ပြန်ခေါ်လိုက်သည်။ ထို့နောက် သူမတို့ နှစ်များစွာ အတွင်း ဖန်တီးထားခဲ့သော အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံး သိုလှောင်ထားမှုများကို လွှဲပြောင်းပေးကာ ယွင်ရှောင် ဆေးလုံးစံအိမ်ကို စီမံ အုပ်ချုပ်ရန် ခိုင်းစေလိုက်၏။
ထို့နောက် သူကိုယ်တိုင် ကြယ်မြစ် တံဆိပ်ပြားကို သယ်ဆောင်ကာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ရှိ မြေကမ္ဘာ အင်မော်တယ် မြို့တော်၏ နေရာရွှေ့ပြောင်း အခင်းအကျင်းမှ တစ်ဆင့် အရိုင်းနယ်မြေသို့ တိတ်တဆိတ် သွားရောက်ခဲ့သည်။
ဆဋ္ဌမအဆင့် အခင်းအကျင်း ဆရာသခင် တစ်ဦးနှင့် ပကတိ ဟင်းလင်းပြင် တာအို သခင်ကြီး ဝေရှင်းဟယ် ချီးမြှင့်ထားသော ကြယ်မြစ် တံဆိပ်ပြားက ကိုင်ဆောင်ထားသူအား အင်မော်တယ် တစ်သောင်း နန်းတော်၏ နေထိုင်သူများကို ကိုယ်စားပြုရန် အခွင့်အာဏာ ပေးအပ်ထားခြင်း ဖြစ်၏။
(ဝေ- ကာကွယ် စောင့်ရှောက်သူ၊ + ရှင်းဟယ်=ကြယ်မြစ်။ ဝေရှင်းဟယ်=အုပ်ချုပ်သူ ကြယ်မြစ် တရုတ်လို အနက်အဓိပ္ပာယ် အတူတူပါပဲ နော်။)
သူသည် ထိုအင်မော်တယ် တစ်သောင်း နန်းတော်၏ လျှို့ဝှက်ဆန်းကြယ်လှသည့် အပျက်အစီး နယ်မြေဆီသို့ နောက်တစ်ကြိမ် ထပ်မံ သွားရောက်လိုပြီး ဤမည်သူမည်ဝါ ဖြစ်တည်မှုက တစ်စုံတစ်ရာ အသုံးဝင်မှု ရှိ၊ မရှိကို ကြည့်ရှုလိုခြင်း ပါပင်။