အခန်း ၇၄၄
Vol. 50 Ch. 744
အခန်း (၇၄၄) - မူလဝိညာဉ် နယ်ပယ် အဆင့် (၆)၊ ယွဲ့ အင်မော်တယ် မျှော်စင်၏ တာအိုကျင့်စဉ် အမွေအနှစ် (အပိုင်း ၁)
သန့်စင်သော ဝိညာဉ် အရည်များမှ ထွက်ပေါ်လာသည့် အသက်စွမ်းအင်များကို အာရုံခံမိပြီးနောက် စုယွီ အတွေး နယ်ချဲ့လိုက်၏။
'ဒီအရည်က အဲဒီ အစေ့အတွက်များ အကျိုးသက်ရောက်မှု ရှိမလား...'
သူသည် စိတ်အာရုံကို လှုပ်ရှားကာ အစိမ်းရောင်လမင်း လက်စွပ် (ချင်းယွဲ့ လက်စွပ်)ထဲမှ လျှို့ဝှက်ဆန်းကြယ် အစေ့ကို ထုတ်ယူလိုက်ပြီး သန့်စင်သော ဝိညာဉ် အရည်များအတွင်းသို့ နှစ်မြှုပ်လိုက်သည်။
ထိုအစေ့မှာမူ မည်သည့်အမျိုးအစားမှန်း မသိနိုင်သော ဝိညာဉ်အပင်၏ အသက်စွမ်းအင်များကို စုပ်ယူလိုက်သည်နှင့် ရွှေရောင် အလင်းတန်းများ ပျံ့လွင့်ကာ အလွန်တရာ တောက်ပလာတော့၏။
ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ စုယွီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ရွှေရောင်ပိုးဖလံ ကျင့်စဉ်နှင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်တို့ကို အသက်သွင်းလိုက်ပြီး ထူးခြားဆန်းပြားသော ဝိညာဉ် အရည်များထဲမှ အနှစ်သာရ စွမ်းအင်များကို စတင်၍ သန့်စင်လိုက်သည်။
ဓာတ်ကြီးငါးပါး ကျင့်စဉ် လည်ပတ်နေမှုနှင့်အတူ ကျယ်ပြန့်လှသော အနှစ်သာရ စွမ်းအင်များသည် စုယွီ၏ ဒန်တျန် အတွင်းရှိ မူလဝိညာဉ် အတွင်းသို့ ပေါင်းစပ်သွားသည့် ဓာတ်ကြီးငါးပါး ဝိညာဉ် လမ်းကြောင်းများ အဖြစ်သို့ ပြောင်းလဲသွားတော့၏။ စုယွီ၏ ဒန်တျန် နက်ရှိုင်းရာ၌ ထိုင်နေသော မူလဝိညာဉ်သည် ထို ဝိညာဉ်များကို အစာကဲ့သို့ စားသုံးနေပုံ ရ၏။
တစ်စက်ခြင်းစီ စားသုံးရင်းနှင့်ပင် သူ၏ မူလဝိညာဉ်မှာ ပို၍ သန်မာလာခဲ့သည်။
ယခင်က ချီသန့်စင်အိုး ထဲမှ သန့်စင်ထားသော သဘာဝ ဝိညာဉ် စွမ်းအင်များဖြင့် ဖြစ်ပေါ်လာသည့် ဝိညာဉ် အရည်များနှင့် နှိုင်းယှဉ်လျှင် ဤအမျိုးအစား မသိနိုင်သော ဝိညာဉ် အပင်မှ ရရှိသည့် ဝိညာဉ် အရည်မှာ သန့်စင်ရန် ပိုမို လွယ်ကူပြီး သူ၏ ကျင့်စဉ်အဆင့်ကို ပို၍ ထိရောက်စွာ မြှင့်တင်ပေးနိုင်၏။
စုယွီသည် ဤဝိညာဉ် အရည်များ ရှိရာ ရေကန်ငယ်လေးအတွင်း၌ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဆက်လက် ကျင့်ကြံလိုက်၏။ သူ၏ စွမ်းအားများမှာ သိသာစွာပင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပေသည်။
အချိန်များ ကုန်လွန်သွားခဲ့ရာ (၃) နှစ်ခန့်ပင် ကျော်လွန်သွားခဲ့လေပြီ။
“ဘုန်း…”
ရေကန်အတွင်းရှိ ဝိညာဉ် အရည်များ ကုန်ခမ်းလုနီးပါး ဖြစ်သွားသည့် အခိုက်အတန့်တွင် စုယွီ၏ အရှိန်အဝါများ ပြောင်းလဲသွားပြီး မြေပြင်မှာ တစ်ခဏမျှ တုန်ခါသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံးရှိ အဆုံးမဲ့ ဝိညာဉ် စွမ်းအင်များသည် အရပ်မျက်နှာ အသီးသီးမှ စုစည်းကာ စုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် စီးဝင်လာတော့သည်။
ကောင်းကင်နှင့် မြေကြီး၏ ဓာတ်ကြီးငါးပါးသည် အသွင်ဆောင်လာပြီး စုယွီ၏ ခန္ဓာကိုယ်ထံမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာတော့၏။
အပြင်ဘက်၊ ယွဲ့ အင်မော်တယ် မျှော်စင် အတွင်း၌ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးမှာ တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေကြဆဲ ဖြစ်ပြီး စုယွီ၏ အဆင့်တက်လှမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဂယက်များအား အာရုံ မခံမိကြချေ။
သို့သော် စုယွီ ရောက်ရှိနေခြင်းကြောင့်သာ လူသူအရိပ်အယောင် ကင်းမဲ့နေသော မြို့တော်မှာ နောက်ဆုံးတွင် လူသားတို့၏ လှုပ်ရှားမှု လက္ခဏာများ အနည်းငယ် ပေါ်ပေါက်လာခဲ့၏။
ရက်အနည်းငယ် အကြာတွင်။
စုယွီ၏ အရှိန်အဝါမှာ ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်ရှိ မတည်ငြိမ်သော ဝိညာဉ် စွမ်းအင်များမှာလည်း ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် ပေးအပ်ထားခဲ့သော အမှတ်အသား တံဆိပ်ပြားကို ကိုင်ဆောင်လျက် စုယွီသည် လျှို့ဝှက် နယ်မြေ အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့ပြီး အောက်ဘက်ရှိ စင်မြင့်ထက်တွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
သူ အပေါ်ဘက်သို့ မော့ကြည့်လိုက်သောအခါ ရှေးဟောင်း သစ်ပင်ကြီးမှာမူ မူလအတိုင်းပင် မတ်မတ်ရပ်တည်နေဆဲ ဖြစ်ပြီး ထိုသစ်ပင်၏ အရှိန်အဝါမှာမူ လျှို့ဝှက်ဆန်းကြယ်လွန်းလှ၏။
စုယွီသည် ထိုသစ်ပင်၏ အသက်ဝင်လှုပ်ရှားမှုကို မခံစားရတော့သော်ငြား ထိုရှေးဟောင်း သစ်ပင်ကြီးသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားပြီး သူ့ကို မထီမဲ့မြင် မပြုလုပ်ရဲအောင် တားဆီးထားသကဲ့သို့ ခံစားလိုက်ရ၏။
ခဏအကြာတွင် စုယွီ.. သူ၏ အကြည့်များကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး အတွင်းစိတ် အတွေးများကို ထိန်းချုပ်လိုက်၏။
ယွဲ့ အင်မော်တယ် မျှော်စင် အတွင်းရှိ ဤအင်မော်တယ်မြို့တော်သည်...
အခြားသူများ မရှိကြတော့သော်လည်း သူ စိတ်ကြိုက် နေရာအနှံ့ လျှောက်သွားနိုင်သည့် နေရာတော့ မဟုတ်ပါချေ။
ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်များ မရှိတော့သည့်တိုင် တာအို၏ အမြစ်တွယ်ထားသော စွမ်းအား တစ်စုံတစ်ရာက မြို့တော်အတွင်းရှိ စည်းကမ်းများကို ဆက်လက် ထိန်းသိမ်းထားသည်ဟု သူ ခံစားမိ၏။
ဤမြို့တော်မှာ သေဆုံးသွားခြင်း မဟုတ်ပါချေ။
'ငါ.. မူလဝိညာဉ် နယ်ပယ် ဆဋ္ဌမအဆင့်ကို ရောက်သွားခဲ့ပြီပဲ..ဟူး...'
သူ၏ ကျင့်ကြံခြင်း ဝိညာဉ် ပြောင်းလဲမှုကို ခံစားမိလိုက်သောအခါ စုယွီသည် ချီ စွမ်းအားကို ရှိုက်ထုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု ပေါ်ပေါက်လာ၏။ သူသည် အလွန်တရာ ပေါ့ပါး လန်းဆန်းပြီး ပျော်ရွှင်နေမိသည်။
သူ ထွက်ခွာသွားချိန်မှ စ၍ နှစ်ပေါင်း (၅၀) တောင် မပြည့်သေးပါချေ။
သို့သော် သူ၏ ကျင့်ကြံခြင်းမှာမူ အဆင့်ဆင့် ချိုးဖြတ်နိုင်ခဲ့ပြီး မူလဝိညာဉ် နယ်ပယ် စတုတ္ထအဆင့်မှ ဆဋ္ဌမအဆင့်သို့ တိုးတက်သွားခဲ့ချေပြီ။
ယခုအခါ မူလဝိညာဉ် နယ်ပယ်၏ နောက်ပိုင်း အဆင့်သို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့ပြီး ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်တွင်လည်း ကြီးမားသော တိုးတက်မှုများ ရရှိခဲ့လေပြီ။
ဤ ယွဲ့ အင်မော်တယ် မျှော်စင်သို့ လာရောက်ခဲ့ရသော ခရီးစဉ်၏ အကျိုးအမြတ်များသည် သူ မျှော်လင့်ထားသည်ထက်ပင် ပိုမို များပြားနေ၏။
ကျေနပ်သွားကာ စုယွီက လုပ်ဆောင်မှုပြ မျက်နှာပြင်အား ပြန်လည် စစ်ဆေးလိုက်၏။
[ကျင့်ကြံခြင်း- မူလဝိညာဉ် နယ်ပယ် အဆင့် (၆)။]
[သက်တမ်း- (၃၅၈)/(၃၁၇၁) နှစ်။]
[လျှို့ဝှက် ကျင့်စဉ်များ- ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ် နယ်ပယ် အဆင့် ၆၊ ကျွမ်းကျင်မှု ၀.၀၁%)၊ ကောင်းကင် အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၇၈.၁၄%)၊ သွေး ဝေလငါး လမင်းမြို ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၈၀%)၊ အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ (ပြီးဆုံး)၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၆၉.၇၉%)၊ ကန်းကျင်း ကောင်းကင် ဓားကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၄၉.၇၁%)။]
[မှော်ပညာရပ်များ- သစ်သား နွယ်ပင် မန္တန် (ပြီးဆုံး)၊ ယင် ယန် လွတ်မြောက်ခြင်း နည်းစနစ် (ပြီးဆုံး)၊ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရားကျင့်စဉ်၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်း မှော်ပညာရပ် (ပြီးဆုံး)၊ ပုစဉ်းပိုးတုံးလုံး အချိန်တာအို (ပြီးဆုံး)၊ ဟင်းလင်းပြင် ခွဲထွက်ခြင်း ဟင်းလင်းပြင် တာအို ကျင့်စဉ် (အသေးစား အောင်မြင်မှု၊ ကျွမ်းကျင်မှု ၄၄.၆၅%)။]
'ငါ့ရဲ့ သက်တမ်းက နှစ်ပေါင်း (၃၀၀၀) ကျော်သွားခဲ့ပြီ၊ ကျင့်ကြံခြင်းကလည်း မူလဝိညာဉ် နယ်ပယ် စတုတ္ထအဆင့်ကနေ ဆဋ္ဌမအဆင့်ကို ရောက်သွားပြီး နှစ်ပေါင်း (၃၄၀) ကျော် သက်တမ်းကို တိုးပွားလာခဲ့တယ်’
စုယွီမှာ လွန်စွာ ပီတိ ဖြစ်မိ၏။
နှစ်ပေါင်း (၃၀၀၀) သက်တမ်း ဆိုသည်မှာ မူလဝိညာဉ် နယ်ပယ်တွင်ပင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထက်ပင် ပိုမို များပြားလှပေ၏။
ဒီသက်တမ်းက ပကတိဟင်းလင်းပြင် တာအို သခင် နှင့်ပင် ယှဉ်ပြိုင်နိုင်နေပြီ မဟုတ်ပါလော။
ယခု သူ ကျင့်ကြံခြင်းကို ရပ်လိုက်လျှင်ပင် အချိန် တာအို နှင့် သူ၏ တာအို ပညာရပ်များကြောင့် အနည်းဆုံး နောက်ထပ် နှစ်ပေါင်း (၃၀၀၀) ကျော် အသက်ရှင်နိုင်ဦးမည် ဖြစ်၏။
နှစ်ပေါင်း (၃၀၀၀) ကြာပြီးနောက်..
အပြင်ဘက်ရှိ ကျင့်ကြံခြင်း ကမ္ဘာကြီးက ဘယ်လိုများ ဖြစ်သွားမလဲ။
အခြား ကိစ္စများကို ခဏ ဘေးဖယ်ထားလိုက်၏။
ဓာတ်ကြီးငါးပါး ကျင့်စဉ်မှာ မူလဝိညာဉ် နယ်ပယ် (၁၆) အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။
ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်း နယ်ပယ် မှာလည်း မူလဝိညာဉ် နယ်ပယ် အဋ္ဌမအဆင့်နှင့် ညီမျှသော အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေ၏။
ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် မှာလည်း မူလဝိညာဉ် နယ်ပယ် နောက်ပိုင်း အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေ၏။
ကောင်းကင် အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ် မှာမူ အနည်းငယ် အားနည်းနေပြီး မူလဝိညာဉ် နယ်ပယ် စတုတ္ထနှင့် ပဉ္စမ အဆင့် ကြားတွင်သာ ရှိနေ၏။
မှော်ပညာရပ်များတွင်မူ ဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ်၏ ကျွမ်းကျင်မှုမှာ များစွာ တိုးတက်သွားပြီး အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
စုယွီသည် နက်ရှိုင်းစွာ စဉ်းစားလိုက်၏။
သူသည် ဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ်သာ အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားခဲ့မည် ဆိုပါက... ဟင်းလင်းပြင် တာအိုနယ်ပယ်၏ မူလဇစ်မြစ်ကို စုစည်းနိုင်ပြီး ပကတိ ဟင်းလင်းပြင် တာအိုနယ်ပယ်ထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရှိလာနိုင်မည်ပင်။
သူ နားလည်ထားသော ကောင်းကင်နှင့် မြေကြီး တာအိုစွမ်းအားများတွင် ဟင်းလင်းပြင် တာအိုနယ်ပယ် တစ်ခုသာလျှင် မူလဇစ်မြစ်ကို မစုစည်းနိုင်သေးခြင်း ဖြစ်၏။
အကြောင်းမှာ အစိမ်းရောင် သစ်သား ကျင့်စဉ် နှင့် ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ်များ ကြောင့် အချိန် တာအိုနယ်ပယ်မှာမူ လွန်ခဲ့သော နှစ်ပေါင်း ဒါဇင်များစွာကပင် အောင်မြင်စွာ စုစည်းနိုင်ခဲ့ပြီး ဖြစ်၏။
တာအိုနယ်ပယ်၏ မူလဇစ်မြစ်ကို စုစည်းခြင်းက တာအိုနယ်ပယ် အတွက် ကြီးမားသော တိုးတက်မှု တစ်ခု ဖြစ်၏။
ဘာကြောင့်ဆိုသော် ဤသို့သော နည်းလမ်းဖြင့် တာအိုနယ်ပယ်များကို အသုံးပြုခြင်းက ကိုယ်ပိုင် ဝိညာဉ် နှင့် ဝိညာဉ် စွမ်းအင် သုံးစွဲမှုကို များစွာ လျှော့ချပေးနိုင်သောကြောင့် ဖြစ်၏။
မဟုတ်ပါက စုယွီမှာ ဓာတ်ကြီးငါးပါးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေသော်လည်း ဟင်းလင်းပြင် တာအိုနယ်ပယ် နှင့် အခြား နယ်ပယ်များကို ထိန်းသိမ်းထားရန်မှာ သူ၏ ဝိညာဉ်များကို အလွယ်တကူ ကုန်ခမ်းသွားစေနိုင်ပေလိမ့်မည်။
စာရင်းကို ကြည့်ခြင်းအားဖြင့် စုယွီသည် နောက်တစ်ဆင့် အတွက် စဉ်းစားလိုက်၏။
ရုပ်သေး ဖန်တီးခြင်း၊ ဆေးလုံးဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့ ဖန်တီးခြင်း များတွင် ကျွမ်းကျင်မှုများကို မြှင့်တင်ရန် လိုအပ်နေသေး၏၊ နောက်ပြီး လက်နက်ပြုလုပ်ခြင်းကိုလည်း ပိုမို ကျင့်ကြံဖို့ လိုသေးသည်။ သို့မှ မှော်လက်နက်များကို ပိုမို မြန်ဆန်စွာ ပြုလုပ်နိုင်မာ်ပင်။
'ကျင့်ကြံခြင်း အတွက်ဆိုရင်တော့ မူလဝိညာဉ် နယ်ပယ် သတ္တမအဆင့်ကို အဆင့်ချိုးဖြတ်ဖို့ နှစ် (၃၀) သို့မဟုတ် (၄၀) လောက် အချိန်ယူရလိမ့်မယ်လို့ ခန့်မှန်းရတယ်'
'မူလဝိညာဉ် နယ်ပယ် နောက်ပိုင်းအဆင့်ကို မရောက်ခင်မှာ ဒီနည်းလမ်းတွေ အားလုံးရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ဖို့ လိုပါတယ်'
'နောက်တစ်ခုက တာအို ...'
စုယွီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မူလဝိညာဉ် နယ်ပယ် အဆင့်ရှိ ကောင်းကင်ဖီးနစ် နိဗ္ဗာန် ကျင့်စဉ် နှင့် ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်များမှာ လိုအပ်နေသေးသည်ကို သူ သဘောပေါက်သွား၏။
ခဏကြာပြီးနောက် စုယွီသည် ထိုအတွေးများကို ဖြတ်တောက်ကာ ခေါင်းခါလိုက်၏။
သူ့ရှေ့တွင် တောက်ပမှု မရှိတော့သော အင်မော်တယ်မြို့တော်ကို ကြည့်ရင်း သူသည် ပညာရှိတို့၏ သိုင်းကျမ်းများရှိရာ 'သိုင်းကျမ်း တစ်သောင်း မျှော်စင်' ဆီသို့ ဦးတည်သွားရန် ဆုံးဖြတ်လိုက်ပါ၏။
အင်မော်တယ်မြို့တော်၏ အလယ်ဗဟိုတွင် တည်ရှိသော သိုင်းကျမ်း တစ်သောင်း မျှော်စင်မှာ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်တို့၏ စံအိမ်တော် အနီးတွင် တည်ရှိသော အထပ် (၅) ထပ်ပါ ရှေးဟောင်း သစ်သား အဆောက်အအုံ ဖြစ်ပါသည်။ နှစ်ပေါင်း များစွာ ကြာပြီးနောက်တွင်မူ ၎င်း၏ အတိတ်က ဂုဏ်ကျက်သရေများ ပျောက်ကွယ်သွားကာ ဖုန်မှုန့်များဖြင့် ပြည့်နှက်နေပြီး ရှေးဟောင်း၊ လေးနက်သော အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေတော့၏။
သိုင်းကျမ်း တစ်သောင်း မျှော်စင်၏ ပင်မ တံခါးဝတွင်မူ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်တို့၏ မြေပြင်တွင် ဒူးထောက်ထားသည့် ရုပ်သေး စစ်သည်များကဲ့သို့ပင် အသက်မဲ့စွာဖြင့် မြေတွင် ဒူးထောက်နေကြသော ရုပ်သေး စောင့်ရှောက်သူ နှစ်ဦး ရှိနေ၏။
ဤအသက်မဲ့သော ရုပ်သေး စောင့်ရှောက်သူများကို ကြည့်ရင်း စုယွီသည် သူတို့ကို ယူဆောင်သွားရန် စိတ်ကူးကို မနည်း ဖိနှိပ်ထားလိုက်ရ၏။
ယခင်က ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်သည် ယွဲ့ အင်မော်တယ် မျှော်စင် အတွင်း၌ သူ့ပိုင်မဟုတ်သော ပစ္စည်းများကို မထိရန် သတိပေးခဲ့၏။ အကယ်၍ ချိုးဖောက်ပါက ယွဲ့ အင်မော်တယ် မျှော်စင်မှ နှင်ထုတ်ခံရမည် ဖြစ်ပြီး ကျင့်ကြံခြင်းပါ ဖျက်ဆီးခံရလိမ့်မည်။
ဤစည်းကမ်းချက်များကို စုယွီအနေဖြင့် သေချာပေါက် လိုက်နာရမည်သာ ဖြစ်၏။
ဤရုပ်သေးများနှင့် နှိုင်းယှဉ်လျှင် ယွဲ့ အင်မော်တယ် မျှော်စင်၏ တပည့် တစ်ဦး ဖြစ်လာခြင်းမှာ ပို၍ တန်ဖိုး ရှိလှပေသည်။
သူသည် သူ၏ အမှတ်အသား တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး တံဆိပ်ပြားမှ ဝိညာဉ် စွမ်းအား တစ်စွန်းတစ်စဖြင့် ရှေ့တည့်တည့်ရှိ အတားအဆီးဆီသို့ တံဆိပ်တုံး နှိပ်လိုက်၏။ ၎င်းနေရာတွင် အမြင်မရနိုင်သော အတားအဆီးတစ်ခု ရှိနေသည်ဟု ထင်ရသည်။
တံဆိပ်တုံး နှိပ်လိုက်ပြီးနောက် အတားအဆီး ပျောက်ကွယ်သွားပြီး သိုင်းကျမ်း တစ်သောင်း မျှော်စင်၏ ဝင်ပေါက်မှာ စုယွီ အတွက် ပွင့်သွားတော့၏။
စုယွီသည် ခြေလှမ်း တစ်လှမ်းချင်းစီ လှမ်းရင်း ဝင်သွားခဲ့၏။
ဝင်ပေါက်ကို ဖြတ်ကျော်သွားပြီးနောက်..
သူ့ရှေ့တွင် အဆုံးမရှိသကဲ့သို့ ထင်ရသော စာအုပ်စင်များ အစီအရီ ရှိနေလေသည်။
သိုင်းကျမ်း တစ်သောင်း မျှော်စင်၏ ပထမ အထပ်တွင် တာအို နိယာမများ၊ မှော်ပညာရပ်များ၊ လက်နက် ပြုလုပ်ခြင်း၊ ရုပ်သေး ဖန်တီးခြင်း၊ ဆေးလုံး ဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့ ဖန်တီးခြင်း၊ အထွေထွေ လေ့လာခြင်း၊ ခရီးသွား မှတ်တမ်းများ နှင့် အခြားများစွာသော ကဏ္ဍများ အဖြစ် ခွဲခြား သတ်မှတ်ထား၏။
စုယွီမှာ စာအုပ်များ ရှာဖွေရင်း ခေတ္တမျှ အာရုံ ထွေပြားသွားသည်။
စဉ်းစားပြီးနောက် သူသည် အနီးဆုံးရှိ တာအို နိယာမများ ဧရိယာသို့ သွားရောက်ကာ မြေကြီး တာအို နိယာမ ကဏ္ဍကို ရွေးချယ်ပြီး ၎င်းအပေါ်ရှိ အစိမ်းရောင် လမင်း ကျောက်ပြား တစ်ချပ်ကို ကောက်ယူကာ ထိုအထဲသို့ စိတ်ဝိဉာဉ် ပို့လွှတ်လိုက်၏။
“ဟူး…”
“ချန်းကျွင်း တောင်စဉ်နှိမ်နင်း တာအိုကျင့်စဉ်” မြေကမ္ဘာအဆင့်နိမ့် တာအိုကျင့်စဉ် တစ်ခုဖြစ်ပြီး.. အဆင့် (၅) ဆင့်ဖြင့် ဖွဲ့စည်းထားကာ.. ဝိညာဉ်ခွဲထွက် နယ်ပယ်အထိ ကျင့်ကြံနိုင်စွမ်းရှိ၏။
ကျင့်စဉ်ကို အထွတ်အထိပ်
ရောက်သည်အထိ ကျင့်ကြံပြီးစီးသွားချိန်တွင်.. ကြီးစိုးလွှမ်းမိုးနိုင်စွမ်း ရှိသော ကိုယ်ခန္ဓာကို ရရှိလာမည် ဖြစ်ပြီး.. ချန်းကျွင်း နတ်တောင်တော်ကြီး၏ ပြိုင်ဘက်ကင်းစွမ်းအားများကို အပြည့်အဝ ပိုင်ဆိုင်နိုင်မည်
ဖြစ်တော့သည်။
[ t.n: ချန်းကျွင်း ဆိုသည်မှာ ရှေးဟောင်းအလေးချိန် ယူနစ်တစ်ခု ဖြစ်ပြီး.. အလွန် လေးလံသော အဓိပ္ပာယ်ကို ဆောင်ပါသည်။ ]
စုယွီ၏ စိတ်အာရုံထဲသို့ အချက်အလက်များ အလွန် များပြားစွာ စီးဝင်သွားလေ၏။
အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် ဒါက သိုင်းကျမ်း တစ်သောင်း မျှော်စင်ရှိ သာမန် မြေကြီး တာအို ကျင့်စဉ် တစ်ခုသာ ဖြစ်ပြီး အလွှာ (၄) လွှာသာ ရှိကာ မူလဝိညာဉ် နယ်ပယ် အထိသာ ကျင့်ကြံနိုင်ကြောင်း စုယွီ ကောက်ချက်ချလိုက်သည်။
အကယ်၍ ဤ သိုင်းသိုင်းကျမ်းအုပ်မှာ မြေကမ္ဘာ အင်မော်တယ် နန်းတော် အတွင်း၌ ရှိနေခဲ့မည် ဆိုပါက မြေကြီး တာအို၊ ဝိညာဉ် ခွဲထွက် အဆင့် ဖြစ်စေကာမူ မည်သို့မျှ အထင်သေးစရာ မရှိချေ။
ခဏမျှ ခံစားပြီးနောက် စုယွီ အနည်းငယ် ခေါင်းခါလိုက်ပြီး အခြားသော သိုင်းကျမ်း ကျောက်စိမ်းပြားများကို ကြည့်လိုက်တော့၏။