← Chapters

အခန်း ၇၄၅

Vol. 50 Ch. 745

အခန်း ၇၄၅

Vol. 50 Ch. 745

အခန်း (၇၄၅) - ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ်၊ တာအိုသားတော် စုဝေးပွဲ (အပိုင်း ၁)

သန့်စင်သော မြေကြီးဓာတ် ကျင့်စဉ်သက်သက်ကိုသာ ဆိုရလျှင် သိုင်းကျမ်း တစ်သောင်း မျှော်စင် အတွင်း၌ စုဆောင်းထားရှိမှုမှာ တစ်ထောင်ကျော်ပင် ရှိလေသည်။

၎င်းတို့အနက် အနိမ့်ဆုံး အဆင့်မှာပင် မူလဝိညာဉ် နယ်ပယ် အဆင့်သို့ ရောက်ရှိပြီး ဖြစ်၏။ မဟာယာန နယ်ပယ်အထိ ရောက်ရှိနိုင်သော ကျင့်စဉ်များ၊ မဟာယာန နယ်ပယ်ကို ကျော်လွန်သည့် အဆင့်မြင့် ကျင့်စဉ်များလည်း မနည်းလှပေ။

သို့သော် ဒါက ပထမအထပ်သာ ဖြစ်သေး၏။ ဤနေရာတွင်မူ မူလဝိညာဉ် နယ်ပယ် ကျင့်စဉ်များကိုသာ သိမ်းဆည်းထားရှိပါသည်။

ပိုမို မြင့်မားသော ကျင့်စဉ် အဆင့်များကို ရရှိရန် အတွက်ဆိုပါက ဒုတိယအထပ်သို့ တက်ရောက်မှသာ ရရှိနိုင်ပါမည်။

အကယ်၍ ဒုတိယအထပ်သို့ မတက်ရောက်နိုင်ခဲ့ပါကလည်း နောက်ဆက်တွဲ ကျင့်ကြံခြင်း ကျင့်စဉ်များကို ရရှိနိုင်မည့် အခြားသော နည်းလမ်းများ ရှိနေသေး၏။

ထိုနည်းလမ်းမှာ ယွဲ့ အင်မော်တယ် နန်းတော်၏ ပါဝင်ပံ့ပိုးမှု တန်ဖိုးများကို အသုံးပြုကာ လဲလှယ်ခြင်းပင် ဖြစ်သည်။ ရှေးယခင်က ယွဲ့ အင်မော်တယ် နန်းတော်၊ အင်မော်တယ်မြို့တော် အတွင်း၌ အရင်းအမြစ်များ လဲလှယ်ရန် အသုံးပြုခဲ့သော ပါဝင်ပံ့ပိုးမှု တန်ဖိုး စနစ်မှာ ယခုတိုင်အောင် ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦး၏ အမြင်၌ အသက်ဝင်နေဆဲပါပင်။

အင်မော်တယ်မြို့တော်၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးက စုယွီအား ရွေးချယ်နိုင်ရန် တာဝန်နှစ်ခု ပေးအပ်လိုက်သည်။

တစ်ခုမှာ အင်မော်တယ်မြို့တော်တွင် တစ်နှစ်တာ ကင်းစောင့်ရန် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ပါက ပါဝင်ပံ့ပိုးမှု တန်ဖိုး (၁၀၀) ကို ရရှိမည် ဖြစ်၏။

ဒုတိယ တစ်ခုမှာ အင်မော်တယ်မြို့တော်၏ စွမ်းအားကို ပြန်လည် မြှင့်တင်ရန်ပါ။

ဥပမာအားဖြင့်... ပျက်စီးနေသော အနက်ရောင် ချပ်ဝတ် စစ်သည် ရုပ်သေး တစ်ခုကို ပြန်လည် ပြုပြင်ပါက ပါဝင်ပံ့ပိုးမှု တန်ဖိုးအမှတ် (၁၀၀၀၀) ရရှိနိုင်မည်၊ မြို့တော်အတွင်း ပျက်စီးနေသော အခင်းအကျင်းများကို ပြန်လည် ဖော်ထုတ်ပါက အဆောင်လက်ဖွဲ့အခင်းအကျင်း တစ်ခု အတွက် ပါဝင်ပံ့ပိုးမှု တန်ဖိုး (၁၀၀)၊ ပဉ္စမ အဆင့် အခင်းအကျင်း တစ်ခု အတွက် (၁၀၀၀) စသည်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

ဤတာဝန် နှစ်ခုကို စုယွီအနေဖြင့် ရွေးချယ်နိုင်သလို ငြင်းပယ်လည်း ရပါ၏။

စုယွီအနေဖြင့် ယွဲ့ အင်မော်တယ် မျှော်စင် အင်မော်တယ်မြို့တော်၏ တည်နေရာကို မပေါက်ကြားစေရန် နှင့် ယွဲ့ အင်မော်တယ် မျှော်စင်အား သစ္စာမဖောက်သရွေ့ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးက သူ့အပေါ် လွတ်လပ်မှုများစွာ ပေးအပ်ထားပါသည်။

*

တစ်နှစ်ခန့် ကြာပြီးနောက်..

စုယွီက ဤနေရာရှိ မြေကမ္ဘာဝိညာဉ်အမြစ် ကျင့်စဉ်များအားလုံးကို ရှာဖွေကြည့်ရှုလိုက်၏။

ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်၏ နောက်ဆက်တွဲများကို မတွေ့ခဲ့ရသော်လည်း.. “ကောင်းကင်ဖာထေးခြင်းကျမ်း” ဟုခေါ်သော ရှေးဟောင်း လျှို့ဝှက်ကျင့်စဉ် အပိုင်းအစတစ်ခုကို သူ အမှတ်မထင် တွေ့ရှိသွားတော့သည်။

၎င်းအပေါ်တွင် မည်သူ ရေးသားခဲ့မှန်း မသိသော မှတ်စု တစ်ခု ရှိနေ၏။

“ကောင်းကင်ဖာထေးခြင်းကျမ်း... ရှေးဟောင်း အင်မော်တယ် ကျင့်စဉ် အပိုင်းအစ တစ်ခု ဖြစ်ပြီး... စံအိမ်တော်သခင်မှ ဖြည့်စွက်ရေးသားထားကာ... အဆင့် (၆) ဆင့်ပါဝင်သော မြေကမ္ဘာ တာအိုကျင့်စဉ်အဖြစ် ပြောင်းလဲထားသည်... ၎င်းက ကောင်းကင်ဖာထေးခြင်း ကိုယ်ခန္ဓာကို ကျင့်ကြံနိုင်ပြီး... ဝိညာဉ်အမြစ်ကို ပြုစုပျိုးထောင်ပေးနိုင်စွမ်းရှိသည်... အကောင်းဆုံးအခြေအနေတွင်... မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်အထိ ပြုစုပျိုးထောင်ပေးနိုင်သည်... သို့သော် ကောင်းကင်ဘုံ၏ တာအိုလမ်းစဉ်က... လိုအပ်နေသည်များကို ဖြည့်ဆည်းပေးပြီး... ပိုလျှံနေသည်များကို လျှော့ချပစ်တတ်သည်... ပိုမိုစွမ်းအားကြီးမားသော ဝိညာဉ်အမြစ်များကို ပြုစုပျိုးထောင်ခြင်းက... မိမိ၏ သက်တမ်းကို ထိခိုက်စေနိုင်သည်”

(မှတ်ချက် - ဒီကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် မွေးရာပါဝိညာဉ်စွမ်းအင်နဲ့ အခြေခံအုတ်မြစ် တည်ဆောက်ဖို့ လိုအပ်ပြီး... အဲဒီနောက်မှာမှ တဖြည်းဖြည်း တိုးမြှင့်သွားရမှာပါ... ဒါမှမဟုတ်ရင် တိုးတက်မှုက ကျေနပ်စရာကောင်းမှာ မဟုတ်ပါဘူး... တကယ်ကို ကျေးဇူးတင်စရာ မကောင်းတဲ့ အလုပ်တစ်ခုပါပဲ... မင်းအနေနဲ့ ဒီကျင့်စဉ်ကို လေ့လာ ဆင်ခြင်နိုင်ပေမယ့်... အဓိကကျင့်စဉ်အနေနဲ့တော့ ကျင့်ကြံလို့ မရနိုင်ပါဘူး)

'ဒါဆို အပြည့်အစုံသာဆိုရင် ဘယ်လိုနေမလဲ... ကောင်းကင်အဆင့် ဒါမှမဟုတ် အဲဒီထက် ပိုကောင်းတဲ့ ဝိညာဉ်အမြစ်ကိုများ ပြုစု ပျိုးထောင်ပေးနိုင်မလားပဲ...'

ဤအတွေးကြောင့် စုယွီ တစ်ယောက် မှင်သက်သွားရတော့၏။

လက်ရှိ သူ ပိုင်ဆိုင်ထားသော ဓာတ်ကြီး ငါးပါး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် ပါရမီဖြင့်ဆိုလျှင်.. ဝိညာဉ်ခွဲထွက် နယ်ပယ်နှင့် ပကတိ ဟင်းလင်းပြင် နယ်ပယ်ဆီသို့ သွားမည့် နောက်ပိုင်းခရီးစဉ်များတွင်.. အတားအဆီးများစွာ ကြုံတွေ့ရမည် မဟုတ်ဟု စုယွီ ခံစားနေရသည်။

မဟာယာန နယ်ပယ်အထိတိုင်အောင်ပင်.. လွယ်ကူချောမွေ့စွာ တက်လှမ်းသွားနိုင်စွမ်း ရှိပေမည်။

သို့သော်လည်း သူက အဆင့်နိမ့် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်မှနေ၍.. ယခုအဆင့်အထိ ကြိုးစားရုန်းကန်ကာ တက်လှမ်းလာခဲ့ရသူ ဖြစ်ရာ.. ကျင့်ကြံသူ တစ်ယောက်အတွက် ပါရမီ၏ အရေးပါမှုကို.. အလွန်ပင် နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားပါ၏။

ဤကျင့်စဉ်က မျှော်လင့်မထားဘဲ ဝိညာဉ်အမြစ်၏ ပါရမီကို ပြုစုပျိုးထောင်ပေးနိုင်ပြီး.. မြှင့်တင်ပေးနိုင်စွမ်းရှိနေခြင်းမှာ.. ယခင်က တစ်ခါမှ မကြားဖူးခဲ့သော အံ့မခန်းကိစ္စရပ်ပင် ဖြစ်တော့သည်။

အကယ်၍ နောက်ပိုင်းတွင် ဤနတ်ကျင့်စဉ်၏ အဆက်များကို ရှာဖွေတွေ့ရှိနိုင်ခဲ့မည်ဆိုလျှင်.. ဓာတ်ကြီးငါးပါး ကောင်းကင်အဆင့် ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး ရရှိလာနိုင်စွမ်း ရှိပေ၏။

ထိုအချိန်သို့ ရောက်ရှိသွားပါက.. သူသည် အင်မော်တယ် တစ်ပါးအဖြစ် တက်လှမ်းနိုင်မည့်.. တကယ့်အခွင့်အရေးစစ်စစ်ကို ပိုင်ဆိုင်နိုင်မည်ပင်။

'မွေးရာပါဝိညာဉ်စွမ်းအင်... ဒီစကားစုရဲ့ အဓိပ္ပာယ်ကို သေသေချာချာ မသိပေမယ့်... ကျွမ်းကျင်မှုပြ မျက်နှာပြင် ရှိနေတာကြောင့် ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်နေရာမှာ အစားထိုးဖို့အတွက်... ဒီကျင့်စဉ်ကို ကျင့်ကြံရတာ သိပ်ပြဿနာ မရှိနိုင်ဘူး’

စုယွီက စိတ်ထဲမှ တွေးတောနေလိုက်၏။

အဆင့် (၆) ဆင့်ပါဝင်သော ကျင့်စဉ်တစ်ခုဆိုသည်မှာ.. ပကတိ ဟင်းလင်းပြင် နယ်ပယ်အထိ ကျင့်ကြံရန် လုံလောက်မှု ရှိလှသည်။

လောလောဆယ်တွင်မူ သူက ၎င်းကို ရှာဖွေကြည့်ရန် ကြိုးစားနိုင်တော့သည်။

အကယ်၍ ကံမကောင်းစွာဖြင့် ရှာမတွေ့ခဲ့လျှင်ပင်.. နောက်ပိုင်းကျမှ သူ၏ အဓိကကျင့်စဉ်ကို အချိန်မရွေး ပြောင်းလဲနိုင်စွမ်း ရှိပေသည်

သူသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ကျင့်ကြံနေသူဖြစ်ရာ.. အခြားကျင့်စဉ်တစ်ခုသို့ ကူးပြောင်းရာတွင်.. နားလည်သဘောပေါက်ရန်နှင့် ပြီးမြောက်ရန်အတွက် အချိန်အနည်းငယ်မျှသာ လိုအပ်မည် ဖြစ်တော့၏။

အခြားသူများနှင့်မတူဘဲ.. ကျင့်စဉ်ပြောင်းလဲခြင်းကို ဂရုတစိုက် မလုပ်ဆောင်မိပါက.. လူတစ်ယောက်လုံး လုံးဝ ပျက်စီးသွားနိုင်ပြီး.. ပေးဆပ်ရမည့် တန်ဖိုးက အလွန် ကြီးမားလှသည်။

ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်အတွက်မူ..

ဤကျင့်စဉ်က ရှေးခေတ်ကာလများမှ ဆင်းသက်လာသည် မှန်သော်လည်း.. မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်မှ သာမန်ကျင့်စဉ်တစ်ခုမျှသာ ဖြစ်ပြီး.. အထူးတလည် ရှားပါးလှသော လျှို့ဝှက်အမွေအနှစ်မျိုး မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် “ကောင်းကင်ဖာထေးခြင်းကျမ်း” ၏ မူလဇစ်မြစ်နှင့် အံ့မခန်းစွမ်းရည်များကို ကြည့်မည်ဆိုပါက.. ၎င်းသည် ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်၏ နေရာတွင် အစားထိုးဝင်ရောက်ရန်.. လုံလောက်သည်ထက်ပင် ပိုနေတော့၏။

စုယွီ၏ ဝိညာဉ်အာရုံက ကျောက်စိမ်းပေလိပ်ထဲသို့ တိုးဝင်သွားချိန်တွင်.. “ကောင်းကင်ဖာထေးခြင်းကျမ်း” ၏ နက်နဲလှသော အမွေအနှစ်အသိပညာများက.. သူ၏ စိတ်အာရုံထဲသို့ ရေပက်ဝင်လာသကဲ့သို့ စီးဆင်းသွားတော့သည်။

“ကောင်းကင်ဖာထေးခြင်းကျမ်း” ၏ ပထမအဆင့်တွင် ကျင့်စဉ် (၄) ဆင့်သာ ပါဝင်သော်လည်း.. လောလောဆယ်တွင် စုယွီအတွက်မူ အလွန်ပင် လုံလောက်နေပြီ ဖြစ်၏။

နေ့တစ်ဝက်ခန့် ကြာမြင့်ပြီးနောက်..

စုယွီက “ကောင်းကင်ဖာထေးခြင်းကျမ်း” အမွေအနှစ်များ ပါဝင်သော ကျောက်စိမ်းပြားအား ချထားလိုက်ပြီး.. မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။

ထို့နောက် သိုင်းကျမ်းတစ်သောင်း မျှော်စင် ၏ အရှေ့ဘက်ရှိ စီမံခန့်ခွဲရေး အခန်းဆီသို့ ထွက်လာခဲ့တော့၏။ မူလက ထိုနေရာတွင် သိုင်းကျမ်းတစ်သောင်း မျှော်စင် နှင့် ပတ်သက်သော ကိစ္စရပ်များကို တာဝန်ယူဖြေရှင်းပေးရမည့် တပည့်အတော်များများ ရှိနေသင့်သည်။

သို့သော်လည်း ယခုအခါ ထိုနေရာတွင် လူသူကင်းမဲ့၍ တိတ်ဆိတ်နေတော့၏။

စုယွီက အလုပ်ခုံပေါ်တွင် တင်ထားသော နောက်ဆက်တွဲ ကျင့်စဉ်များအတွက်.. အမှတ်လဲလှယ်ရေး ဇယား တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။

“ကောင်းကင်ဖာထေးခြင်းကျမ်း... အဆင့် (၅) ကျင့်စဉ်ကို လဲလှယ်ဖို့အတွက်... ပံ့ပိုးမှုအမှတ် သုံးထောင် လိုအပ်တယ်...”

စုယွီက သူရှာဖွေနေသော အချက်အလက်များကို တွေ့ရှိသွားပြီးနောက်.. သူ့ဖာသာသူ ခပ်တိုးတိုး ရေရွတ်လိုက်၏။

သုံးထောင်ဆိုသည်မှာ အလွန်အမင်း များပြားလှသည်တော့ မဟုတ်ပေ။

သူက ဤနေရာတွင် အနှစ် (၃၀) ခန့် နေထိုင်ရုံဖြင့်.. အဆိုပါကျင့်စဉ်ကို လဲလှယ်နိုင်မည် ဖြစ်တော့သည်။

ရှေးဟောင်းယွဲ့ အင်မော်တယ် အိမ်တော်၏

စံအိမ် သခင်က သူ၏ တပည့်များအပေါ် အတော်လေး သဘောထားကြီးပုံရပြီး.. လုံးဝ ရက်စက်ကြမ်းကြုတ်ခြင်း မရှိသည်မှာ ထင်ရှားလှ၏။

သို့မဟုတ်ပါက ဝိညာဉ်ခွဲထွက်ခြင်း နယ်ပယ်ကျင့်စဉ် အမွေအနှစ်တစ်ခုကို လဲလှယ်ရန်အတွက်.. ပံ့ပိုးမှုအမှတ် သောင်းဂဏန်းအချို့ သို့မဟုတ် သိန်းဂဏန်းအထိ လိုအပ်နိုင်သည်။

မူလဝိညာဉ်နယ်ပယ် အရှင်သခင် တစ်ပါး၏ တပည့် တစ်ယောက် စွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုလျှင်.. ထိုမျှများပြားသော အမှတ်များကို စုဆောင်းရန် အတော်လေး ခက်ခဲနိုင်မည်ပင်။

“လောလောဆယ် ငါလုပ်စရာ တခြားကိစ္စ ဘာမှမရှိဘူး... ကောင်းပြီ... ဒီနေရာမှာပဲ ခန္ဓာကိုယ်အစစ်ကို သုံးပြီး သီးသန့်တံခါးပိတ် ကျင့်ကြံလိုက်တော့မယ်...”

စုယွီက ခေတ္တမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တော့၏။

အဓိက အကြောင်းရင်းမှာ သိုင်းကျမ်းတစ်သောင်း မျှော်စင် ထဲတွင် သိမ်းဆည်းထားသော စာအုပ်များနှင့် ကျင့်စဉ်အမျိုးမျိုးက အလွန်ပင် ဆွဲဆောင်မှုရှိနေပြီး.. သူက ဤနေရာမှ လုံးဝ ထွက်ခွာသွားလိုစိတ် မရှိတော့သောကြောင့် ဖြစ်သည်။

မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ အမွေအနှစ်များကပင်..

ဤသိုင်းကျမ်းတစ်သောင်း မျှော်စင် နှင့် အနည်းငယ်မျှပင် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။

All Chapters