← Chapters

အခန်း ၇၄၇

Vol. 50 Ch. 747

အခန်း ၇၄၇

Vol. 50 Ch. 747

အခန်း (၇၄၇) - ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ်၊ တာအိုသားတော် စုဝေးပွဲ (အပိုင်း ၂)

ကိုးဝိညာဉ် တောင်တန်းသည် အင်မော်တယ် တစ်သောင်း နန်းတော်နှင့် မဟာမိတ် ဖွဲ့စည်းရန် ကြိုးပမ်းခဲ့သော်လည်း အင်မော်တယ် တစ်သောင်း နန်းတော်ကမူ ယဉ်ကျေးစွာဖြင့် ငြင်းဆန်ခဲ့လေ၏။

ယခုအခါ၌ ကိုးဝိညာဉ် တောင်တန်းသည် ဝမ်လုံ မင်းဆက်ထံမှ အင်မော်တယ်မြို့တော် နှစ်ခုကို လက်လွတ် ဆုံးရှုံးခဲ့ရပြီးနောက် ကြီးမားလှသော အရှုံးများအား ခါးစည်းခံနေရ၏။

ကိုးဝိညာဉ် တောင်တန်းသည် လက်ရှိ အခြေအနေကို ထိန်းချုပ်ထားနိုင်သေးသော်လည်း ကျဆင်းလာသော အရိပ်အယောင်များမှာမူ စတင် ပေါ်ပေါက်လာခဲ့ချေပြီ။

ပုတူ ဗုဒ္ဓ ဂိုဏ်း၏ ကျောထောက်နောက်ခံကို ရရှိထားသော ဝမ်လုံ မင်းဆက် မှာမူ ကိုးဝိညာဉ် တောင်တန်းအား သိမ်းပိုက်နိုင်မည့် အခွင့်အရေး ရှိနေပုံပင်။

စုယွီသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြန်မေးလိုက်၏။

“အင်မော်တယ် တစ်သောင်း နန်းတော်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကြီး တစ်ခုလုံးကို ပုတူ ဗုဒ္ဓ ဂိုဏ်း က ကျူးကျော်ဝင်ရောက်ပြီး ကိုးဝိညာဉ် တောင်တန်းရဲ့ ကံကြမ္မာအတိုင်းပဲ ဖြစ်သွားမှာကို မကြောက်ဘူးလား”

ဟွမ်ကျူးက စုယွီအား တစ်ချက် ကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့်... ဆိုလိုက်၏။

“မကြာသေးခင်ကမှ အင်မော်တယ် တစ်သောင်း နန်းတော်ဟာ တာ့ယန် မင်းဆက်နဲ့ အရမ်း နီးကပ်လာခဲ့တယ်လေ”

ထိုစကားကို ကြားလိုက်ရသော် စုယွီမှာ ချက်ချင်းပင် တင်းမာသွားပြီး သူ၏ အမူအရာမှာလည်း လေးနက်သွားတော့သည်။

ထိုအခိုက် တာအိုဆရာ ထျန်းယွီ က သူ၏ ဘေးမှနေ၍ အေးဆေးစွာ မှတ်ချက်ပြုလာ၏။

“တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ အခြေအနေက တည်ငြိမ်နေတာ ကြာလှပြီ။ လူတို့ရဲ့ အတွေးအခေါ်တွေကလည်း ပြောင်းလဲနေကြတယ်.. ဒီလို ကာလမျိုးမှာ အန္တရာယ် ဆိုတာ အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်တာပေါ့”

တာအိုဆရာ ထျန်းယွီ နှင့် ဟွမ်ကျူး တို့ နှစ်ဦးစလုံးမှာမူ ထို့ထက် ပို၍ စကား မဆိုကြတော့ချေ။

သူတို့၏ စကားကို ကြားရသော်ငြား စုယွီ၏ စိတ်ထဲတွင်မူ အတွေးများစွာ ပြေးလွှားနေတော့၏။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အခြေအနေမှာ တည်ငြိမ်လွန်းနေသည်မှာ ကြာညောင်းလှပြီ ဖြစ်ပြီး တိတ်ဆိတ်ခြင်းက လွန်စွာ အားကောင်းလွန်းလှလေသည်။

အမှန်တကယ်ပင် တိတ်ဆိတ်ခြင်းမှာ မမှားယွင်းသော်လည်း အင်မော်တယ် ဂိတ်တံခါး (၁၀) ပေါက်က ဆက်လက်၍ အာဏာကို ချုပ်ကိုင်ထားနိုင်ခြင်းမှာ ကောင်းမွန်သည့် အရာပါပင်။

သို့သော်လည်း ဤ တိတ်ဆိတ်ခြင်းမှာ စွမ်းအင် သက်ဝင် လှုပ်ရှားမှု မရှိခြင်း နှင့် အင်မော်တယ် ဂိတ်တံခါးများ ပိုမို အင်အားကြီးမားလာစေရန် အခွင့်အရေး မရှိခြင်းကိုလည်း ပြသနေ၏။

ယခုအချိန်တွင်...

ပုတူ ဗုဒ္ဓ ဂိုဏ်း က ဝမ်လုံ မင်းဆက် ကို အသုံးပြု၍ ကိုးဝိညာဉ် တောင်တန်း ၏ နယ်မြေများကို တဖြည်းဖြည်း တိုက်စားနေခြင်းမှာ အမှန်တကယ်ပင် ခြိမ်းခြောက်မှု တစ်ခုတည်း။

သို့သော် တစ်ဖက်တွင်မူ...

အင်မော်တယ် တစ်သောင်း နန်းတော် အတွက်ရော၊ မြေကမ္ဘာ အင်မော်တယ် နန်းတော် ကဲ့သို့သော အင်မော်တယ် နယ်မြေများ အတွက်ပါ...

ဤအဖြစ်အပျက်မှာ အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်ပေသည်။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အင်မော်တယ် ဂိတ်တံခါး (၁၀) ပေါက်တွင်... အရေအတွက်က များလွန်းလှပေ၏။

စုယွီသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

“ဒီ ကိစ္စကတော့ အန္တရာယ် များလွန်းပါတယ်”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် တာအိုဆရာ ထျန်းယွီ က ပြန်ပြောလာသည်။

“မင်းရဲ့ အစ်ကိုကြီး စံအိမ်တော် သခင်ကြီးက စမ်းသပ်ကြည့်ချင်နေတာကွ။ အကယ်၍ အောင်မြင်သွားမယ် ဆိုရင် အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်ပြီး ငါတို့ရဲ့ မြေကမ္ဘာ အင်မော်တယ် နန်းတော် အတွက် တကယ့်ကို အခွင့်အရေး တစ်ခု ဖြစ်လာနိုင်တယ်”

စုယွီ နားလည်သွား၏။

ဤ အခွင့်အရေး ဟု ဆိုသည်မှာ မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ အလားအလာရှိသော ကြွယ်ဝမှု ကို ရည်ညွှန်းခြင်း ဖြစ်ပါ၏။

အကယ်၍ မြေကမ္ဘာ အင်မော်တယ် နန်းတော်သည် သူ၏ စွမ်းအား နှင့် သြဇာ လွှမ်းမိုးမှုကို မြှင့်တင်နိုင်ခဲ့မည် ဆိုပါက သူ၏ အလားအလာရှိသော ကြွယ်ဝမှုမှာ သေချာပေါက် ပိုမို အားကောင်းလာပေလိမ့်မည်။

ထိုအချိန်တွင် စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့ အနေဖြင့် ဤအချက်ကို အသုံးပြု၍ နောက်တစ်ဆင့် နယ်ပယ်သို့ အဆင့်ချိုးဖြတ်နိုင်ကောင်း ချိုးဖြတ်နိုင်ပေလိမ့်မည်။

မျှော်လင့်ချက်မှာ နည်းပါးသော်ငြားလည်း စမ်းသပ်ကြည့်မှသာ ဖြစ်နိုင်ချေ ရှိသည်ကို သိနိုင်မည်သာ။

ထို့ပြင် ဤ ကိစ္စရပ်များမှာ မြေကမ္ဘာ အင်မော်တယ် နန်းတော် ကိုသော်လည်းကောင်း..သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကိုသော်လည်းကောင်း လက်တလောတွင် ထိခိုက်မှု မရှိနိုင်ပါချေ။

ကိုးဝိညာဉ် တောင်တန်း ဆိုသည်မှာ သူ၏ ကိုယ်ပိုင် ဂိတ်တံခါး ဖြစ်ပြီး ထူးခြားသော နက်ရှိုင်းမှု ရှိသည်။

နောက်ထပ် နှစ်ပေါင်း ရာချီ၍ ခံနိုင်ရည် ရှိနေရန်မှာ ပြဿနာ မရှိပါချေ။

ဤအချိန် အတွင်း၌ စုယွီ သည် စိတ်အေးလက်အေး ကျင့်ကြံနိုင်၏။

အချိန်တန်ပါက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် ဖြစ်ပေါ်လာမည့် အပြောင်းအလဲများမှာ အချိန်ယူရမည် ဖြစ်ပြီး လျင်မြန်စွာ မဖြစ်ပေါ်လာနိုင်ပါချေ။

သို့သော် ယခုအချိန်တွင် သူ့ရှေ့၌ ထိုင်နေသော ဟွမ်ကျူး ၏ မျက်ခုံးများမှာ တွန့်ကွေးသွားပြီး သူ၏ ဝိညာဉ် အာရုံဖြင့် ဆက်သွယ်မှု တံဆိပ်ပြားကို စစ်ဆေးနေသည်။

အခြားသော အင်မော်တယ် ဂိတ်တံခါး တစ်ခုမှ အကြီးအကဲ တစ်ဦးက သူမအား တစ်စုံတစ်ခုကို လျှောက်ထားနေခြင်း ဖြစ်၏။

ဟွမ်ကျူး က စုယွီ ကို ကြည့်၍ ပြောလိုက်၏။

“အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ တာအိုသားတော် နှစ်ပါးနဲ့ တာ့ယန် မင်းဆက်က ထူးချွန်သူ နှစ်ဦး ရောက်လာကြပြီ”

စုယွီ က ဟွမ်ကျူး ကို အံ့ဩစွာ ကြည့်၍ မေးလိုက်၏။

“သူတို့က ဘာလာလုပ်တာလဲဗျ”

ထိုအခါ ဟွမ်ကျူး သည် သူမ၏ မျက်ခုံးများကို တွန့်ကွေးလိုက်ပြီး ပြန်ဖြေ၏။

“အင်မော်တယ် တစ်သောင်း နန်းတော် က တာအိုသားတော်တွေအတွက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနား တစ်ခု ကျင်းပဖို့ စီစဉ်ထားပြီး အဲဒီ အခမ်းအနားမှာ အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ တာအိုသားတော်နဲ့ တာ့ယန် မင်းဆက် ရဲ့ ဧကရာဇ်မင်းမြတ်ရဲ့ သမီးတော် တို့ကို စေ့စပ်ပေးစားမလို့ လို့ ထင်ရတာပဲ”

“သူတို့က ဖိတ်ကြားလွှာတွေ ပေးဖို့ ရောက်လာကြတာ”

ဤသည်မှာ အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသော အခမ်းအနား ဖြစ်၏။

အင်မော်တယ် တစ်သောင်း နန်းတော် သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အင်မော်တယ် ဂိတ်တံခါး အင်အားစု အားလုံးကို ဤ ကြီးကျယ်ခမ်းနားသော အခမ်းအနားတွင် ပါဝင်ရန် ဖိတ်ကြားထားသည်။

ပို၍ အစွမ်းထက်သော အင်အားစု အချို့ကိုပင် ဖိတ်ကြားထားသဖြင့် အခမ်းအနားမှာ အလွန်တရာ ကျယ်ပြန့်စွာ လူသိများခဲ့၏။

ဆိုလိုသည်မှာ ဤ တာအိုသားတော်အခမ်းအနားသည် အင်မော်တယ် ဂိတ်တံခါး အားလုံး၏ သိက္ခာ ဂုဏ်သိက္ခာ နှင့် သက်ဆိုင်နေပေသည်။

မကြာမီ အင်မော်တယ် တစ်သောင်း နန်းတော် မှ စေလွှတ်လိုက်သော သံတမန်သည် ဖိတ်ကြားလွှာ နှင့်အတူ ရောက်ရှိလာပြီး ထို ဖိတ်ကြားလွှာကို စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့ က စုယွီ ထံသို့ ပေးအပ်လိုက်လေတော့၏။

All Chapters