← Chapters

အခန်း ၇၄၈

Vol. 50 Ch. 748

အခန်း ၇၄၈

Vol. 50 Ch. 748

အခန်း (၇၄၈) - တာ့ယန် အင်မော်တယ် မင်းဆက်၊ အင်မော်တယ် တစ်သောင်း နန်းတော်၏ စွမ်းအား (အပိုင်း ၁)

(၁၅) ရက်ခန့် ကြာပြီးနောက်..

တာ့ယွီ တောင်ထိပ်ပေါ်၌ စုယွီသည် ဖန်ရှောင်၊ မာထျန်းလင်၊ ဖန်လုံတို့နှင့်အတူ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် တာအိုသခင် ရှုဟိုင်တို့ကို ဖိတ်ခေါ်ထားလေ၏။

သူတို့သည် တောရိုင်းထဲမှ ရရှိလာသော နှင်းပွင့် ဝိညာဉ် လက်ဖက်ရည်ကို သောက်သုံးရင်း တာ့ယန် အင်မော်တယ် မင်းဆက် နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့အကြား ဖြစ်ပေါ်လာမည့် အိမ်ထောင်ရေး မဟာမိတ် ဖွဲ့စည်းခြင်း ကိစ္စရပ်များကို ဆွေးနွေးနေကြ၏။

မကြာသေးမီက တာအိုသခင် ရှုဟိုင်မှာ အလွန် အလုပ်များနေပုံရပါသည်။

သူကသာ တာ့ယန် အင်မော်တယ် မင်းဆက် နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့၏ ကိစ္စရပ်များကို များစွာ နားလည် သဘောပေါက်ထားသူ ဖြစ်လေ၏။

တာအိုသခင် ရှုဟိုင်က ဤသို့ စကားစလာသည်။

“တာ့ယန် အင်မော်တယ် မင်းဆက် ကို လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ထူးချွန်တဲ့ ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ဦးက စတင် တည်ထောင်ခဲ့တာပါ။ သူ ပိုင်ဆိုင်တဲ့ ပြိုင်ဘက်ကင်း မီး တာအိုနဲ့ အင်မော်တယ် ကျင့်ကြံခြင်း ကမ္ဘာကြီးကို ပေါင်းစည်းခဲ့တယ်၊ သာယာဝပြောတဲ့ အင်မော်တယ် မင်းဆက် တစ်ခုကို တည်ဆောက်ပြီး ကိုယ့်ကိုယ်ကို လီ လို့ အမည်ခံပြီး တာ့ယန် တာအိုသခင် လို့ အမည်ပေးခဲ့တာပါပဲ”

“အဲဒီအချိန်ကစပြီး တာ့ယန် အင်မော်တယ် မင်းဆက် ရဲ့ အင်အားတွေဟာ ရူးသွပ်လောက်အောင်ကို တိုးချဲ့ လာခဲ့တာ။ အခုချိန်ထိဆိုရင် တာ့ယန် အင်မော်တယ် မင်းဆက် ရဲ့ အရှင်သခင်ကတောင် ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး အဆင့်ကို ရောက်ရှိနေခဲ့ပြီပဲ”

“တာ့ယန် အင်မော်တယ် မင်းဆက် ရဲ့ နောက်ကွယ်မှာ ရှိတဲ့ ဘိုးဘေး အကြောင်းကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး”

“လက်ရှိ အချိန်အထိ ကျွန်တော်တို့ စုံစမ်း သိရှိနိုင်တဲ့ အခြေအနေအရဆိုရင် တာ့ယန် အင်မော်တယ် မင်းဆက် ရဲ့ အရှင်သခင် အပါအဝင် ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး အနည်းဆုံး (၄) ပါး ရှိနေတယ်လို့ သိရတယ်”

“ပြီးတော့ ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ပါးရဲ့ သက်တမ်းဟာ နှစ်ပေါင်း (၄၀၀၀) ကျော်အထိ ရှိတယ်.. တာအိုသခင် တစ်ပါးစီရဲ့ ပေါ်ပေါက်လာခြင်းကပဲ အဲဒီ ဒေသရဲ့ အင်အားစု တစ်ခုကို ကာကွယ်ပေးဖို့ အတွက် အချိန်ကြာမြင့်စွာ အကာအကွယ် ပေးနိုင်စွမ်း ရှိပါတယ်”

လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့မှာ ဝင်၍ စကား မပြောကြသော်လည်း တာ့ယန် အင်မော်တယ် မင်းဆက် ၏ အင်အားကို ကြားသိလိုက်ရသောအခါ သူမတို့၏ မျက်နှာများမှာ ပို၍ တင်းမာလာပြီး မျက်ခုံးများမှာလည်း အနည်းငယ် တွန့်ကွေး သွားကြတော့၏။

ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး...

ဤ အဆင့်ရှိ စွမ်းအားမှာ သူတို့နှင့် လုံးဝ မနှိုင်းယှဉ်နိုင်သော အဆင့်ပင် ဖြစ်၏။

သူတို့နှင့် လုံးဝ ထိတွေ့နိုင်သည့် အရာမျိုးလည်း မဟုတ်ပါချေ။

စုယွီ သည်လည်း ချက်ချင်း ဝင်ရောက် မပြောဆိုသေးဘဲ ဖန်ရှောင် ယူဆောင်လာသော နှင်းပွင့် ဝိညာဉ် လက်ဖက်ရည်ကို အေးဆေးစွာ သောက်သုံးလိုက်သည်။

နှစ်ပေါင်း များစွာ အတွင်း ဖန်ရှောင် သည်လည်း အလုပ်အအား မနေခဲ့သလို အရိုင်းနယ်မြေရှ် စတုတ္ထမြောက် အင်မော်တယ် မြို့တော်တွင်လည်း အမြဲတမ်း နေထိုင်ခဲ့သူ မဟုတ်ပါချေ။

အစားတွင် သူမသည် စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့ ၏ အမိန့်အရ အသစ် တည်ဆောက်ထားသော မြေကြီး နတ် စစ်သည်တော် အဖွဲ့ကို ဦးဆောင်ကာ 'ရေခဲနှင်း လျှို့ဝှက် နယ်မြေ' သို့ ဝင်ရောက်ပြီး မြေကြီး နတ် စစ်သည်တော် အဖွဲ့၏ တိုက်ခိုက်ရေး စွမ်းအားများကို နတ် စစ်သည်တော် ချပ်ဝတ်များဖြင့် မြှင့်တင်ပေးခဲ့၏။ ထို့ပြင် ရေခဲ ဝက်ဝံ မိစ္ဆာ အဖွဲ့ကိုလည်း တောင်တက် တိရစ္ဆာန်များ အဖြစ် ယဉ်ပါးအောင် လေ့ကျင့်ပေးခဲ့သည်။

ဤ ဝိညာဉ် လက်ဖက်ရည်မှာ ဖန်ရှောင် လျှို့ဝှက် နယ်မြေမှ စုယွီ အတွက် ပြန်လည် ယူဆောင်လာခဲ့သော လက်ဆောင်ပါပင်။

အရသာမှာ အလွန် ထူးခြားလှပေသည်။ တကယ့်ကို ပြုတ်ထားသော ဝိညာဉ် လက်ဖက်ရည် ဖြစ်သော်လည်း သောက်လိုက်သည့်အခါ အလွန် လန်းဆန်းပြီး အေးမြနေကာ လူတစ်ဦး၏ ကျင့်ကြံခြင်း နှင့် ထိုးထွင်း သိမြင်နိုင်စွမ်းကိုပင် မြှင့်တင်ပေးနိုင်၏။

ဝိညာဉ် လက်ဖက်ရည် အနည်းငယ် သောက်သုံးပြီးနောက် စုယွီ သည် တာ့ယန် အင်မော်တယ် မင်းဆက် နှင့် အင်မော်တယ် တစ်သောင်း နန်းတော် တို့အကြား ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ဆင်ခြင် သုံးသပ်လိုက်သည်။

တာ့ယန် အင်မော်တယ် မင်းဆက် ၏ အင်အားမှာ အလွန်တရာ ကြီးမားလှသည်မှာ သံသယ ဖြစ်စရာ မလိုပါချေ။

သို့သော် တာ့ချန် ၏ အင်မော်တယ် ကျင့်ကြံခြင်း ကမ္ဘာမှာလည်း အလွယ်တကူ အနိုင်ကျင့်ခံရမည့် အရာတော့ မဟုတ်။

သို့မဟုတ်ပါက တာ့ယန် အင်မော်တယ် မင်းဆက် သည် အင်မော်တယ် တစ်သောင်း နန်းတော် ၏ တာအိုသားတော်အား တာ့ချန် အင်မော်တယ် ကျင့်ကြံခြင်း ကမ္ဘာ၏ ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်ရန် အတွက် မင်းသမီး တစ်ပါးကို လက်ထပ်ပေးရန် အကြောင်း မရှိပါချေ။

တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ရှိ အင်မော်တယ် ဂိတ်တံခါး အားလုံးကသာ တာ့ယန် အင်မော်တယ် မင်းဆက် ကို တကယ်တမ်း စုပေါင်း တိုက်ခိုက်မည် ဆိုပါက တာ့ယန် အင်မော်တယ် မင်းဆက် အနေဖြင့် နောက်ဆုတ်ပြီး ဒဏ်ရာများကိုသာ ပြန်လည် ကုသနေရလိမ့်မည် ဖြစ်၏။

သို့သော် ယခုမူ တာ့ယန် အင်မော်တယ် မင်းဆက် သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ရှိ နံပါတ် (၁) အင်မော်တယ် ဂိတ်တံခါး ဖြစ်သော အင်မော်တယ် တစ်သောင်း နန်းတော် နှင့် ပုံမှန် မဟုတ်သော ဆက်ဆံရေး ရှိနေခြင်းက ထူးခြားသော အချိန်အခါ တစ်ခုကို ရွေးချယ်လိုက်ခြင်းတည်း။

ဤသည်မှာ ကိုင်တွယ်ရ လွန်စွာ ခက်ခဲသော ကိစ္စ တစ်ခု ဖြစ်ပေသည်။

အရေးတကြီး လုပ်ဆောင်ရမည့် တာဝန်မှာ ပထမဦးစွာ တာ့ယန် မင်းဆက် နှင့် အင်မော်တယ် တစ်သောင်း နန်းတော် တို့၏ လက်ထပ် ထိမ်းမြားခြင်း မဟာမိတ် အဖွဲ့သည် အမှန်တကယ်တွင် အဘယ် ရည်ရွယ်ချက် ရှိသည်ကို ရှင်းလင်းစွာ စုံစမ်းရမည်ပင်။

အင်မော်တယ် တစ်သောင်း နန်းတော် နှင့် တာ့ယန် အင်မော်တယ် မင်းဆက် တို့ ပူးပေါင်းပြီး မည်သို့သော အကွက်များ ဆင်နေသနည်း။

လက်ရှိ အခြေအနေတွင် တစ်ဖက်၌ မြေကမ္ဘာ အင်မော်တယ် နန်းတော် သည် ပုတူ ဗုဒ္ဓ ဂိုဏ်း ၏ ကျူးကျော်မှုကို ကာကွယ်ရန် လိုအပ်သလို အခြား တစ်ဖက်၌လည်း တာ့ယန် အင်မော်တယ် မင်းဆက် နှင့် အင်မော်တယ် တစ်သောင်း နန်းတော် တို့ကို ကာကွယ်ရန် လိုအပ်နေ၏။

မဟုတ်ပါက မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ အခြေခံ အုတ်မြစ်ပေါ်တွင် တာ့ယန် အင်မော်တယ် မင်းဆက် နှင့် အင်မော်တယ် တစ်သောင်း နန်းတော် တို့၏ စုပေါင်း အင်အားကို တကယ်တမ်း မခံနိုင်လောက်အောင် ဖြစ်သွားပေလိမ့်မည်။

‘မြေကမ္ဘာ အင်မော်တယ် နန်းတော် မှာ ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး ရဲ့ အမွေအနှစ်တွေ ရှိသင့်တယ်၊ ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့ အစ်ကိုကြီးက ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး နယ်ပယ်ကို အဆင့်ချိုးဖြတ်ဖို့ ပြင်ဆင်နေတာလေ’

စုယွီ ထိုသို့ အတွေးပေါက်မိ၏။

ထို့အပြင် မြေကမ္ဘာ အင်မော်တယ် နန်းတော် မှာ ပကတိဟင်းလင်းပြင် တာအိုသခင်ကြီးကိုပင် တုံ့ပြန်နိုင်မည့် အစီအမံများ ရှိကောင်း ရှိနိုင်ပြီး ရှေးဟောင်း ဘိုးဘေး တစ်ဦးလည်း ရှိနေနိုင်သေး၏။

သူသည် ဟုန်ယွဲ့ နှင့် သူ၏ ဆရာကို မမေးမြန်းသော်ငြားလည်း သူ သိရှိခဲ့ရသမျှ အခြေအနေများအရပင် ဖြစ်၏။

နောက်ဆုံးတွင် မြေကမ္ဘာ အင်မော်တယ် နန်းတော် သည် ဤမျှ အင်အား ချို့တဲ့နေမည် ဆိုပါက အင်မော်တယ် တစ်သောင်း နန်းတော် နှင့် ရင်ဆိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါချေ။

အကယ်၍ သင်သည် ရန်သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိဘဲ မောက်မာနေမည် ဆိုပါက သည်အခြေအနေက သေခြင်းကိုသာ ရှာဖွေနေခြင်း ဖြစ်၏။

ထို့ကြောင့် ယခု အချိန်တွင် အင်မော်တယ် တစ်သောင်း နန်းတော် က မြေကမ္ဘာ အင်မော်တယ် နန်းတော် ကို မည်သို့မျှ မလုပ်နိုင်ခြင်းမှာ မြေကမ္ဘာ အင်မော်တယ် နန်းတော် နောက်ကွယ်ရှိ ဝှက်ထားသော အင်အားစုများ ရှိနေခြင်းကို အဓိပ္ပာယ် ကောက်ယူနိုင်ပေသည်။

ကိုးဝိညာဉ် တောင်တန်း နှင့် ပတ်သက်၍ ဆိုရပါက စုယွီ သည် ကိုးဝိညာဉ် တောင်တန်း တွင် ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး အဆင့်ထက် ကျော်လွန်သော အင်အား သို့မဟုတ် နည်းလမ်းများ ရှိသလား မသိပါချေ။

သို့သော် ရှိခဲ့လျှင်ပင် များစွာ ရှိမည် မဟုတ်ဟု သူ ခန့်မှန်း၏။

မဟုတ်ပါက ဝမ်လုံ မင်းဆက်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော အခါ ထိုကဲ့သို့သော တည်ရှိမှုမျိုးက ဝမ်လုံ မင်းဆက် ကို တိုက်ရိုက် ဖျက်ဆီးပစ်ရန် အခက်အခဲ မရှိနိုင်ပါလေ။

သို့သော် ကိုးဝိညာဉ် တောင်တန်း မပြုလုပ်ခဲ့သည့်အပြင် ယခု အချိန်ထိ မြို့တော် နှစ်ခု ဆုံးရှုံးပြီးနောက်ပိုင်းတွင်လည်း ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး အဆင့်ထက် ကျော်လွန်သော အင်အားစု တစ်စုံတစ်ရာ ပေါ်ပေါက် မလာခဲ့ပေ။

ဤသည်မှာ ဤသို့ ကောက်ချက်ချနိုင်၏။

ဖြစ်နိုင်သည်မှာ ကိုးဝိညာဉ် တောင်တန်း မှာ ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး အဆင့်ထက် ကျော်လွန်သော အင်အား သို့မဟုတ် နည်းလမ်းများ မရှိ၍ပင်။

သို့မဟုတ်ပါက ကိုးဝိညာဉ် တောင်တန်း ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်သည် ဝမ်လုံ မင်းဆက် နောက်ကွယ်ရှိ ပုတူ ဗုဒ္ဓ ဂိုဏ်း ကို ရင်ဆိုင်ရန် ယုံကြည်ချက် မရှိခြင်း ဖြစ်၏။

ဤသို့ တွေးတောရင်း စုယွီ ၏ နှလုံးသားထဲတွင် စိတ်ကူး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာငည်။

‘အကယ်၍သာ ငါသာ အစ်ကိုကြီးကို ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး အဆင့်အထိ အောင်မြင်အောင် ကူညီပေးနိုင်ခဲ့မယ် ဆိုရင် မြေကမ္ဘာ အင်မော်တယ် နန်းတော် ဟာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ အနိုင်မရှိတဲ့ အင်အားစု တစ်ခု ဖြစ်လာမှာ မဟုတ်လား',

လက်ရှိ အခြေအနေတွင် အင်မော်တယ် တစ်သောင်း နန်းတော် သည် မြေကမ္ဘာ အင်မော်တယ် နန်းတော် ကို ဘာမှ မလုပ်နိုင်ပါချေ။

အကယ်၍ ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး အဆင့်ရှိ စွမ်းအား တစ်ခုသာ ထပ်မံ ရှိလာခဲ့မည် ဆိုပါက တာ့ယန် အင်မော်တယ် မင်းဆက် သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ ကိစ္စရပ်များတွင် ပါဝင်လာခဲ့သော်ငြားလည်း ဘာမျှ အများကြီး မလုပ်ဆောင်နိုင်ပါ။

ပြီးတော့ ပုတူ ဗုဒ္ဓ ဂိုဏ်း၊ အကယ်၍ သူတို့ တကယ်တမ်း ကိုးဝိညာဉ် တောင်တန်း ကို သိမ်းပိုက်

သွားခဲ့လျှင်တောင် မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ စွမ်းအား သည် ကာကွယ်ရန် အတွက် လုံလောက် ပေလိမ့်မည်။

ဤ အကြံအစည် ပေါ်ပေါက်လာသည်နှင့် စုယွီ သည် ၎င်းက အလွန်တရာ ယုံကြည်စိတ်ချရပြီး သူ ကျင့်ကြံချင်သော ပတ်ဝန်းကျင်ကို အေးချမ်းစွာ ရရှိရန် အတွက် အကောင်းဆုံး ဖြစ်ကြောင်း ခံစားလိုက်ရ၏။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် ချက်ချင်း လုပ်ဆောင်လိုက်တော့သည်။

ယွဲ့ အင်မော်တယ် နန်းတော် အင်မော်တယ်မြို့တော် အတွင်းရှိ သိုင်းကျမ်း တစ်သောင်း မျှော်စင် ရှိ စုယွီ ၏ ပင်မ ခန္ဓာကိုယ် သည် တာအို ပညာရပ်များ ရှိရာ နေရာမှ ချက်ချင်း ထွက်ခွာလာပြီး အထွေထွေ စာအုပ်များနှင့် ဖတ်ရှုခြင်းများကို စတင် လှန်လှော ကြည့်ရှုကာ ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး အဆင့်အထိ အဆင့်ချိုးဖြတ်နိုင်ရန် အတွက် ဗဟုသုတ နှင့် အမွေအနှစ်များကို ရှာဖွေနေတော့၏။

အခြား တစ်ဘက်တွင် မာထျန်းလင် သည် တာအိုသခင် ရှုဟိုင်အား သိလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“အင်မော်တယ် တစ်သောင်း နန်းတော် ကကော၊ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ နံပါတ် (၁) အင်မော်တယ် ဂိတ်တံခါး အဖြစ်နဲ့ ပကတိဟင်းလင်းပြင် တာအိုသခင်ကြီး ဘိုးဘေး ရှိနေသလား”

All Chapters