အခန်း ၇၅၄
Vol. 51 Ch. 754
အခန်း (၇၅၄) - နတ်မိမယ် ဖုန်းလင် ချက်ချင်း အရေးနိမ့်သွားခြင်း နှင့် အထွတ်အထိပ် အဆင့် မှော်ရတနာ တစ်ပါး ပေါ်ထွက်လာခြင်း (အပိုင်း ၂)
အော်ဟစ်သံ တစ်ချက် ကြားလိုက်ရ၏။
နတ်မိမယ် ဖုန်းလင် ၏ ခန္ဓာကိုယ်သည် ခရမ်းရောင် မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင် နှင့် မြေကြီးကိုပင် ပဲ့တင်ထပ်သွားစေမည့် စူးရှသော အော်ဟစ်သံ နှင့်အတူ သူမ၏ လုံးဝ ဖုံးကွယ်မထားတော့ဘဲ မူလဝိညာဉ် နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံခြင်း စွမ်းအားများ မြင့်တက်လာတော့၏။
နတ်မိမယ် ဖုန်းလင်သည် ခရမ်းရောင် မီးဖီးနစ်ငှက် တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားလေသည်။
အခြား မူလဝိညာဉ် နယ်ပယ် နှောင်းပိုင်း အဆင့် အရှင်သခင်ကြီး နှစ်ပါး၏ မှော်ပညာ တိုက်ခိုက်မှု အောက်တွင် ရုပ်သေးရုပ်ကို တားဆီးထားပြီးနောက် နတ်မိမယ် ဖုန်းလင် သည် မီးဖီးနစ်ငှက် အဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရုပ်သေးရုပ်၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ဦးခေါင်းကို ဖမ်းဆုပ်ရန်အတွက် ခြေသည်းများကို ဆန့်ထုတ်လိုက်သည်။
သို့သော်လည်း နတ်မိမယ် ဖုန်းလင် ၏ ဖီးနစ်ငှက် ခြေသည်းများက ရုပ်သေးရုပ်၏ ခေါင်းပေါ်သို့ မကျရောက်သေးမီမှာပင်။
ရုပ်သေးရုပ်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်ပေါက်လာပြီး တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် ထဲမှ ကောင်းကင်ဖီးနစ်ငှက်၏ အရှိန်အဝါ များက ပြင်းထန်စွာ သိပ်သည်းလာတော့၏။ ခရမ်းရွှေရောင် တောက်ပနေသော မီးတောက်များမှာ ရတနာ တစ်ပါးကဲ့သို့ သူ၏ ခန္ဓာကိုယ် ထဲမှ ပွင့်အန်လာလေသည်။
နောက်တစ်ခဏ တွင် ရုပ်သေးရုပ်သည် ခရမ်းရွှေရောင် တောက်ပနေသော ကောင်းကင်ဖီးနစ်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ပုံရိပ်မှာ မူလ နေရာမှ ချက်ချင်းပင် ပျောက်ကွယ် သွားတော့၏။
“ဝုန်း...”
သူ၏ ခြေသည်း တစ်ချက်တည်းဖြင့် နတ်မိမယ် ဖုန်းလင် ၏ မီးဖီးနစ်ငှက် ပုံစံ ကို ဖောက်ထွင်း ပစ်လိုက်ပြီး သူမ၏ လည်ပင်းကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ တစ်ချက်တည်း အားပါးတရ ပစ်ချလိုက်တော့၏။
ကောင်းကင် နှင့် မြေကြီး တို့သည် သူတို့၏ ရှေ့မှောက်၌ တုန်ခါ သွားခဲ့ရ၏။
နတ်မိမယ် ဖုန်းလင် ၏ ပုံရိပ်သည် မီးတောက် လျှို့ဝှက် နယ်မြေ ထဲမှ လုံးဝ ပျောက်ကွယ် သွားခဲ့လေသည်။
အပြင်ဘက် ရှိ ကျင့်ကြံခြင်းကမ္ဘာ။
နတ်မိမယ် ဖုန်းလင် ၏ ပုံရိပ်သည် ကောင်းကင်ယံ မှ ကြယ်တံခွန် တစ်ခုကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာပြီး မိုင်ဆယ်ဂဏန်းခန့် အကွာအဝေးသို့ ပစ်လွင့် ယသွားကာ မြေပြင်၏ နက်ရှိုင်းသော နေရာသို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားတော့၏။
“အွတ်...”
သူမ၏ ခန္ဓာကိုယ် မြေပြင်သို့ ထိမှန်သွားသည့် အခိုက်အတန့် တွင် နတ်မိမယ် ဖုန်းလင် ခန္ဓာကိုယ် တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ကျိုးပဲ့တော့မည့် အလား ခံစားလိုက်ရသည်။
“ဖူး...”
သူမ၏ မျက်လုံးများ မိုက်ခနဲ ဖြစ်သွားပြီး သူမ၏ ချောမွေ့သော အသားအရေ များမှာ နေရာအနှံ့ အက်ကွဲ သွားကာ သွေးများ စီးကျလာပြီး ချက်ချင်းပင် သွေးသံရဲရဲ ဖြစ်သွားခဲ့၏။ ခန္ဓာကိုယ် အတွင်းရှိ အရိုးများ နှင့် ကိုယ်တွင်း အင်္ဂါများမှာ မည်မျှ ကျိုးပဲ့ ပျက်စီးသွားမှန်းပင် မသိနိုင်တော့ချေ။
နတ်မိမယ် ဖုန်းလင် ၏ စိတ်အာရုံမှာ လုံးဝ ထုံထိုင်းသွားခဲ့၏။ သူမ ချက်ချင်း အရေးနိမ့် သွားခဲ့၍ မဟုတ်ပေ။
အကြောင်းမှာ...
ရုပ်သေးရုပ် ထံမှ သိပ်သည်းလာသော ကောင်းကင်ဖီးနစ်၏ အရှိန်အဝါ မှာ သူမ ထက်ပင် ပိုမို အစွမ်းထက်မြက်ပြီး ပိုမို သန့်စင်ကာ ပိုမို ခမ်းနား ထည်ဝါ နေခဲ့သောကြောင့်ပင်။
ထိုးနှက်ချက် တစ်ချက်တည်းဖြင့် သူမ၏ မီးဖီးနစ်ငှက် ပုံစံ ကို ဖျက်ဆီး ပစ်လိုက်ပြီး လျှို့ဝှက် နယ်မြေ ထဲမှ တိုက်ရိုက် ပစ်ထုတ်လိုက်ကာ မြေပြင်၏ အတွင်းနက်နက်အထိ လွှဲရိုက်ပစ်လိုက်ခြင်း ဖြစ်၏။
‘ဒီလူက ဘယ်သူများလဲ’
မီးဖီးနစ် နန်းတော် ၏ လျှို့ဝှက် နယ်မြေ အတွင်းတွင် လေထုမှာ ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။
ကျန်ရှိနေသော မီးဖီးနစ် နန်းတော် မှ မူလဝိညာဉ် အရှင်သခင်ကြီး နှစ်ပါး ပင် ဖြစ်စေ၊ ခေါင်းဆောင် ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်မ ချင်းလော့ ပင် ဖြစ်စေ ထို အချိန်၌ ရုပ်သေးရုပ်ကို အံ့အားသင့်စွာ စိုက်ကြည့် နေကြ၏။ သူ၏ ခန္ဓာကိုယ် ထံမှ ထွက်ပေါ်လာသော သန့်စင်သည့် ကောင်းကင်ဖီးနစ်၏ အရှိန်အဝါ ကို ခံစားမိပြီးနောက် သူတို့ သုံးဦးစလုံးမှာ အလွန်တရာ မှင်သက် သွားခဲ့ကြ၏။
“ဒီ အရှိန်အဝါက...”
“ဝှစ်...”
အနက်ရောင် ဒေါသစစ်သည်တော် သည် သူ၏ ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်ရာ ချင်းလော့ သည် အလျင်အမြန်ပင် ခုခံ ကာကွယ်လိုက်ရ၏။ သူမမှာ ချော်ရည်ကန် ထဲသို့ပင် လွင့်စဉ် သွားလုနီးပါး ဖြစ်သွားခဲ့ရ၏။
သူမ၏ မှော်ပညာ များကြောင့် ဒဏ်ရာ ရရှိပြီး ချော်ရည်ကန် ထဲသို့ ကျဆင်း သွားခဲ့ရသော မူလဝိညာဉ် နယ်ပယ် အရှင်သခင်ကြီး နှစ်ပါး မှာလည်း အောက်ခြေမှနေ၍ ယခုမှသာ အလျင်အမြန် ထွက်ပြေး လွတ်မြောက် လာနိုင်ခဲ့ကြသည်။ သူတို့မှာ အောက်ခြေရှိ ချော်ရည်များ ထဲတွင် သေဆုံးလုနီးပါး ဖြစ်ခဲ့ရလေသည်။
ချင်းလော့ ၏ လှပသော မျက်နှာ ပေါ်ရှိ အရိပ်အယောင် များမှာ တစ်ဖန် ထပ်မံ ပြောင်းလဲ သွားပြန်၏။ သူမသည် ရုပ်သေးရုပ် ကို မယုံကြည်နိုင်စွာ စိုက်ကြည့် နေခဲ့ပြီးနောက် တစ်ခဏ တွင် သူမ၏ မူလဝိညာဉ် မန္တန် များကို စုစည်းလိုက်ကာ မီးဖီးနစ် နန်းတော် မှ မူလဝိညာဉ် နယ်ပယ် အရှင်သခင် လေးပါးကို သူမ၏ ဘေးသို့ ခေါ်ဆောင် လာခဲ့၏။
သူမသည် လျှို့ဝှက် နယ်မြေ ၏ ဝင်ပေါက်ဆီသို့ တိုက်ရိုက် ပြေးထွက် သွားတော့သည်။
“ပြေးကြ...”
“ဝှစ်…”
ချင်းလော့ သည် သူမ၏ လူများကို ခေါ်ဆောင်ကာ ထွက်ပြေး သွားခဲ့ပြီး အနက်ရောင် ဒေါသစစ်သည်တော် နှင့် ရုပ်သေးရုပ် တို့မှာ သူတို့ကို တားဆီးရန် အလျဉ်း စိတ်ကူးခြင်း မရှိခဲ့ပါချေ။
လျှို့ဝှက် နယ်မြေ မှ ထွက်ခွာ သွားချိန်တွင် ချင်းလော့ သည် နတ်မိမယ် ဖုန်းလင် ကိုပါ သူမနှင့် အတူ ခေါ်ဆောင် သွားခဲ့၏။ သူမသည် ကြည့်ရှု အကဲခတ်ရန် အတွက် မီးဖီးနစ် နန်းတော် သို့ တိုက်ရိုက် ပြန်လည် ထွက်ခွာ သွားခဲ့လေသည်။
မီးဖီးနစ် နန်းတော် ၏ လျှို့ဝှက် နယ်မြေ အတွင်း၌..
ကောင်းကင်ဖီးနစ် နိဗ္ဗာန် အရှိန်အဝါ များမှာ ရုပ်သေးရုပ် ၏ ခန္ဓာကိုယ် ထံသို့ ပြန်လည် စုစည်း သွားခဲ့၏။
ဤ အကြိမ်တွင် သူသည် ကောင်းကင်ဖီးနစ်နိဗ္ဗာန် ကျင့်စဉ် ၏ ဟင်းလင်းပြင် တာအို နှင့် မီးတောက် တာအို စွမ်းအားများကိုသာ အသုံးပြု ခဲ့ခြင်း ဖြစ်သည်။
များများစားစား ပေါ်ထွက်လာခြင်း မရှိခဲ့ပါချေ။
သို့သော် ကောင်းကင်ဖီးနစ်နိဗ္ဗာန် ကျင့်စဉ် ၏ မီးတောက် တာအို စွမ်းအားနှင့် ပတ်သက်၍မူ နတ်မိမယ် ဖုန်းလင် ခုခံနိုင်စွမ်း မရှိသော၊ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
မည်သို့ပင် ဆိုစေကာမူ စုယွီ သည် ဓာတ်ကြီးငါးပါး နယ်ပယ် ကို အပြည့်အဝ နားလည် သဘောပေါက် ထားသူ ဖြစ်ရာ ၎င်းတွင် မီးတောက် လည်း ပါဝင်နေသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။
စုယွီ ၏ စူးစမ်း လေ့လာချက် များအရ နတ်မိမယ် ဖုန်းလင် သည် မီးတောက် နယ်ပယ် ၏ အနည်းငယ်သော အပိုင်း ကိုသာ ကျွမ်းကျင် ပိုင်နိုင် ထားသေးပြီး အပြည့်အဝ နယ်ပယ် သို့ ရောက်ရှိရန်မှာ အလွန် ဝေးကွာ နေသေး၏။
ကျင့်ကြံခြင်း အဆင့် နှင့် ပတ်သက်၍ စုယွီ ၏ ရုပ်သေးရုပ် မှာ မူလဝိညာဉ် နယ်ပယ် ဆဋ္ဌမ အဆင့် နှင့် ညီမျှသော စွမ်းအား ရှိနေပြီး နတ်မိမယ် ဖုန်းလင် မှာ မူလဝိညာဉ် နယ်ပယ် စတုတ္ထ အဆင့် တွင်သာ ရှိနေသေး၏။
နတ်မိမယ် ဖုန်းလင် သည် ရှုထောင့် ပေါင်းစုံ မှ အရေးနိမ့် သွားခဲ့ရလေပြီ။ သူမမှာ အဘက်ဘက် မှ အစွမ်းထက်လွန်းသူ နှင့် ယှဉ်ပြိုင်လိုက်ရခြင်း ဖြစ်ပေသည်။
လူ အားလုံးကို ဖမ်းဆီးထားရန် အတွက် ဆိုလျှင်မူ...
မလိုအပ်ပါချေ။
မည်သို့ပင် ဆိုစေကာမူ နတ်မိမယ် ဖုန်းလင် မှာ သူ၏ အရင်က မိတ်ဆွေဟောင်း တစ်ဦး ဖြစ်နေခဲ့၏။
ဤ အချိန် အထိ ဤနေရာသို့ ရောက်ရှိလာနိုင်သော သူ၏ မိတ်ဆွေ အဟောင်း များမှာ အများကြီး မရှိတော့ပါချေ။
ရင်တွင်း၌ စုယွီ သည် တစ်ယောက်တည်း ကျန်ရစ်မည်ကို စိုးရိမ် နေခဲ့၏။ အကယ်၍သာ သူ၏ ဘဝ ခရီးလမ်းတွင် မိတ်ဆွေ တစ်ယောက်၊ ဆွေမျိုး တစ်ယောက် သို့မဟုတ် အမှတ်တရ ရှိသော မိတ်ဆွေ အဟောင်း တစ်ယောက်မျှ မရှိတော့ပါက အင်မော်တယ် ကျင့်ကြံခြင်း လမ်းစဉ် မှာ အလွန်တရာ ငြီးငွေ့ဖွယ် ကောင်းသွားပေလိမ့်မည်။
ချင်းလော့ နှင့် အခြား သူများ လျှို့ဝှက် နယ်မြေ မှ ထွက်ပြေး သွားကြသည်ကို မြင်လိုက်ရသောအခါ စုယွီ သည် သူ၏ အကြည့် များကို ရုပ်သိမ်း လိုက်ပြီး ရွှေပုစဉ်းရင်ကွဲ မျက်လုံး နတ်ဘုရား စွမ်းရည်ကို အသုံးပြုကာ သူ၏ နံဘေးရှိ အရည်ပျော်နေသော ချော်ရည်ကန် ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ နက်ရှိုင်းစွာ စူးစမ်း ကြည့်ရှုလိုက်ပြန်၏။
ထို့နောက် ဟင်းလင်းပြင် တာအို စွမ်းအားကို အသုံးပြု၍ ရေကန်၏ အောက်ခြေမှ ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ပါး၏ အရိုးစုကို ဆွဲယူလိုက်တော့သည်။
ထို အရိုးစု နှင့် အတူ အရိုးစု ၏ ဘေးတွင် မှော်ရတနာ လက်စွပ် တစ်ကွင်း ရှိနေသေး၏။
စုယွီ သည် ထို မှော်ရတနာ လက်စွပ် ကို ဆွဲယူလိုက်သည့် အခိုက်အတန့် တွင် လက်စွပ် ထံမှ ထူးခြားသော မီးတောက် အရှိန်အဝါ များကို ခံစားလိုက်ရပြီး သူ၏ မျက်နှာ အမူအရာ ကို မထိန်းနိုင်ဘဲ ပြောင်းလဲ သွားရတော့သည်။
“ဒီ လက်စွပ်က... အထွတ်အထိပ် အဆင့် မှော်ရတနာ တစ်ပါး ဖြစ်နေတာလား...”
သူသည် ခဏတာမျှ မှင်သက် သွားခဲ့ပြီးနောက် သူ၏ တည်ငြိမ်မှု ကို ပြန်လည် ရရှိသွားခဲ့၏။
တကယ့်ကို ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ပါး နှင့် လိုက်ဖက်လှပါ၏။
သူ၏ သိုလှောင် လက်စွပ် ကိုယ်တိုင်ကပင် အထွတ်အထိပ် အဆင့် မှော်ရတနာ တစ်ပါး ဖြစ်နေသည်လေ။
သူသည် သူ၏ နတ်ဘုရား အာရုံ ကို အသုံးပြု၍ လက်စွပ် အတွင်းသို့ စူးစမ်း လိုက်ရာ လက်စွပ် ထဲတွင် အတားအဆီး၊ အမှတ်အသား များ မရှိကြောင်း တွေ့ရှိလိုက်ရသည်။
စုယွီ ၏ နတ်ဘုရား အာရုံ သည် လက်စွပ် ၏ အတွင်းဘက် ဟင်းလင်းပြင် ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားခဲ့ပြီး နတ်ဘုရား အာရုံ ဝင်ရောက် သွားသည့် အခိုက်အတန့် မှာပင် လေပေါ် ဝဲပျံနေသော အစစ်အမှန် ဝိညာဉ် ရတနာ တစ်ပါး ထံသို့ သူ၏ အသိစိတ် သည် မီးတောက် တစ်ခုကဲ့သို့ ဆွဲဆောင်ခံလိုက်ရ၏။
၎င်းမှာ လေး ပုံသဏ္ဌာန် ရှိသော မှော်ရတနာ တစ်ပါး ဖြစ်သည်။
ထို ရတနာ ထံမှ ထွက်ပေါ်လာသော အစွမ်း နှင့် ထက်မြက်မှု များမှာ စုယွီ ၏ စိတ်ဝိညာဉ် ကို တုန်လှုပ် သွားစေပြီး သူ၏ အရေပြား မွှေးညှင်းများပင် ထောင်သွားစေတော့၏။
စုယွီ ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲ သွားပြီး အလွန် အမင်း ထိတ်လန့် သွားခဲ့ရသည်။
“အထွတ်အထိပ် အဆင့် မှော်ရတနာ တစ်ပါး…”