အခန်း ၇၅၅
Vol. 51 Ch. 755
အခန်း (၇၅၅) - နတ်မိမယ် ဖုန်းလင် ချက်ချင်း အရေးနိမ့်သွားခြင်း နှင့် အထွတ်အထိပ် အဆင့် မှော်ရတနာ တစ်ပါး ပေါ်ထွက်လာခြင်း (အပိုင်း ၃)
စုယွီ သည် အချိန်အတော်ကြာအောင် မှင်သက်နေမိ၏။
“အလိုလေး…”
ဤ ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီး သည် အထွတ်အထိပ် အဆင့် မှော်ရတနာ တစ်ပါးကို အမှန်တကယ်ပင် ချန်ရစ်ထားခဲ့လေပြီ။
နောက်ဆုံးတွင် စုယွီ သည် အထွတ်အထိပ် အဆင့် မှော်ရတနာ ကို တွေ့ရှိလိုက်ရသည့် အံ့အားသင့်မှု မှ ပြန်လည် သတိဝင်လာခဲ့ပြီး သိုလှောင် လက်စွပ် ထဲရှိ အခြားသော ပစ္စည်းများကို ကြည့်ရှု လိုက်သည်။ အများစုမှာ ပဉ္စမအဆင့် သတ္တု ရိုင်း များ ဖြစ်ကြသော်လည်း ဆဋ္ဌမအဆင့် သတ္တု ရိုင်း အချို့လည်း ကျန်ရှိနေသေး၏။
အထွတ်အထိပ် အဆင့် မှော်ရတနာ ၏ အံ့အားသင့်မှု အပြင် ငွေရောင် အလယ်အလတ် အဆင့် မှော်ချပ်ဝတ် တစ်စုံလည်း ပါဝင်နေသေးသည်။
ထို့အပြင် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး များ နှင့် အထွတ်အထိပ် အဆင့် ဝိညာဉ် ကျောက်တုံး များလည်း ရှိနေသေး၏။
ထို ဝိညာဉ် ကျောက်တုံး များသည် လက်စွပ် ၏ နက်ရှိုင်းသော နေရာတွင် တောင် တစ်လုံးပမာ ပုံနေလေသည်။
အရေအတွက် အားဖြင့် ဆိုရသော် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး သန်း နှစ်ဆယ်မှ သန်း သုံးဆယ် ကြား ရှိမည်ဖြစ်ပြီး အထွတ်အထိပ် အဆင့် ဝိညာဉ် ကျောက်တုံး များမှာလည်း တစ်သောင်း နီးပါးခန့် ရှိပေသည်။
ထိုနေရာတွင် ကျောက်စိမ်း သေတ္တာများ၊ ကျောက်စိမ်း မှတ်တမ်း ပြားများ၊ ရှေးဟောင်း စာအုပ်များ နှင့် အခြား အရာများလည်း ရှိနေသေး၏။
စုယွီ သည် ခေတ္တမျှ ရှာဖွေ လိုက်ပြီးနောက် အဖြူရောင် ကျောက်စိမ်း ကဲ့သို့သော ပုရပိုက် တစ်ခုပေါ်တွင် ကောင်းကင်ဖီးနစ်နိဗ္ဗာန် ကျင့်စဉ် ၏ ကျင့်ကြံခြင်း နည်းလမ်း အမွေအနှစ် ကို တွေ့ရှိသွားခဲ့၏။
ကောင်းကင်ဖီးနစ်နိဗ္ဗာန် ကျင့်စဉ် ၏ ပထမ အဆင့်မှ ဆဋ္ဌမ အဆင့်ထိ အမွေအနှစ် များ ပင်တည်း။
ဆိုလိုသည်မှာ ချီစုစည်း နယ်ပယ် မှသည် ပကတိ ဟင်းလင်းပြင် နယ်ပယ် အထိ အမွေအနှစ် များကို စုယွီ အားလုံး ရှာဖွေ တွေ့ရှိသွားခဲ့ပါပြီ။
ဤ ကောင်းကင်ဖီးနစ်နိဗ္ဗာန် ကျင့်စဉ် ၏ အမွေအနှစ် ကို မြင်တွေ့လိုက်ရသောအခါ စုယွီ ၏ မျက်လုံးများ တွင် ပျော်ရွှင်သော အရိပ်အယောင် များ ထွက်ပေါ်လာခဲ့သည်။
'ဒါကို ရှာတွေ့သွားပြီ ဆိုတော့ ဝိညာဉ်ခွဲထွက် နယ်ပယ် မှာ ဓာတ်ကြီးငါးပါး ကျင့်စဉ် ရဲ့ အခြေခံ ဖြစ်တဲ့ ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ် အစား ကောင်းကင် ဖာထေးခြင်း သိုင်းကျမ်း ကို သုံးဖို့အတွက် အရာအားလုံး ပြည့်စုံသွားပြီ...'
ဤ အလယ်အလတ် အဆင့် မှော်ရတနာ လက်စွပ် အသစ်ကို ရှင်းလင်း ပြီးနောက် စုယွီ သည် ဤ လက်စွပ် ကို တိုက်ရိုက်ပင် အရှင်သခင် အဖြစ် အသိအမှတ် ပြု သန့်စင်စေလိုက်တော့၏။
“ဝီ…”
သတင်း အချက်အလက် တစ်ခုက စုယွီ ၏ စိတ်ထဲသို့ စီးဆင်း ဝင်ရောက်လာခဲ့သည်။
မူလက ဤ လက်စွပ် ကို ယွင်ချန် လက်စွပ် ဟု ခေါ်ဆိုပြီး ပိုင်ရှင် ၏ အမည်မှာ တာအိုသခင်ကြီး ယွင်ချန် ဖြစ်၏။ သူသည် ဤ လျှို့ဝှက် အခြေစိုက် စခန်း ၏ ယခင် အစောင့်အရှောက် ဖြစ်လေသည်။
ယွင်ချန် လက်စွပ် သည် အလယ်အလတ် အဆင့် သိုလှောင်ရေး မှော်ရတနာ တစ်ပါး ဖြစ်သည့်အပြင် အတွင်းဘက် ဟင်းလင်းပြင် မှာလည်း မိုင်ပေါင်းများစွာ ကျယ်ဝန်းကာ အထူး အခင်းအကျင်း စွမ်းအား တစ်ခုလည်း ပါဝင်နေသေး၏။ အရေးကြီးသော အချိန်များတွင် ၎င်းသည် ပဉ္စမအဆင့် အထွတ်အထိပ် အဆင့် အခင်းအကျင်း ၏ ကာကွယ်ရေး အတားအဆီး တစ်ခုကို ဖွဲ့တည်နိုင်စွမ်း ရှိ၏။
ဤ အတားအဆီး ကို တစ်ကြိမ် အသုံးပြုပြီးပါက စွမ်းအားများ ပြန်လည် ဖြည့်တင်းရန် အတွက် တစ်နှစ် အချိန်ယူ ရမည် ဖြစ်သော်လည်း လက်စွပ် တွင် ပဉ္စမအဆင့် အထွတ်အထိပ် အဆင့် ကာကွယ်ရေး အတားအဆီး တစ်ခု ပါဝင်နေကြောင်း သိလိုက်ရသောအခါ စုယွီ၏ မျက်နှာပေါ်တွင် အံ့အားသင့် ဝမ်းသာမှုများ ဖြတ်ပြေးသွားခဲ့သည်။
'ဒီ ပစ္စည်းက တကယ်ပဲ အလယ်အလတ် အဆင့် မှော်ရတနာ ဆိုတဲ့အတိုင်းပါပဲ...'
ပဉ္စမအဆင့် အထွတ်အထိပ် အဆင့် ကာကွယ်ရေး အတားအဆီး ဖြင့် သူသည် ဝိညာဉ်ခွဲထွက် နယ်ပယ် နှောင်းပိုင်း အဆင့် ကို ရင်ဆိုင်ရလျှင် ပင် ခဏတာမျှ တောင့်ခံထားနိုင်ပြီး ဝိညာဉ်ခွဲထွက် နယ်ပယ် နှောင်းပိုင်း အဆင့် အရှင်သခင် များ၏ လက်အောက်တွင် သူ၏ အသက်ကို ကာကွယ်နိုင်မည် ဖြစ်၏။
ဤအရာကို အသုံးပြု၍ သူ၏ အသက်ကို ကာကွယ်ပြီးနောက် ဟင်းလင်းပြင် တာအို ကို အသုံးပြုကာ သူ၏ လက်ထဲရှိ ဟင်းလင်းပြင် ကြေးအိုးငယ် ဖြင့် ထွက်ပြေး မလွတ်မြောက်နိုင်မည်ကို သူ ဘာများ ကြောက်ရွံ့ နေစရာ လိုသေးသနည်း။
ဤ ယွင်ချန် လက်စွပ် နှင့် ဟင်းလင်းပြင် ကြေးအိုးငယ် တို့ဖြင့် ယခုအခါ.. စုယွီအား ဝိညာဉ်ခွဲထွက် နယ်ပယ် နှောင်းပိုင်း အဆင့် အရှင်သခင် တစ်ပါးက လုပ်ကြံလျှင် ပင် အောင်မြင်နိုင်မည့် အခွင့်အရေး မှာ အလွန်တရာ နည်းပါးသွားပြီ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ဟင်းလင်းပြင် နယ်ပယ် မှ တာအိုသခင်ကြီး ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားလာခြင်း မရှိလျှင်ပေါ့...။
ယွင်ချန် လက်စွပ် ကို ခေတ္တမျှ ပွတ်သပ် လိုက်ပြီးနောက် စုယွီ သည် မူလ ချင်းယွဲ့ လက်စွပ် ထဲမှ ပစ္စည်း အားလုံးကို ယွင်ချန် လက်စွပ် ထဲသို့ ပြောင်းရွှေ့လိုက်၏။
သူသည် အောက်ဘက်ရှိ ချော်ရည်ကန် ကို သေချာစွာ ရှာဖွေရန် အတွက် ရွှေပုစဉ်းရင်ကွဲ နတ်ဘုရား စွမ်းရည်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပြီး မလှမ်းမကမ်းရှိ အင်မော်တယ် နန်းတော် ကို ကြည့်ရှုလိုက်သည်။ သူသည် အင်မော်တယ် နန်းတော် အတွင်းရှိ ထျန်းဖုန်း နန်းတော် မှ ချန်ရစ်ခဲ့သော အဆင့်နိမ့် မှော်ရတနာ အချို့၊ လက်စွပ် များ နှင့် ရှေးဟောင်း စာအုပ် အချို့ကို တွေ့ရှိခဲ့ရသည်။
သို့သော် ဤ ပစ္စည်းများ ထဲတွင် စုယွီ ကို အံ့အားသင့် စေမည့် ရတနာများ မရှိတော့ပါချေ။
ဤ နေရာ တစ်ဝိုက် တွင် အကြိမ်အနည်းငယ် ရှာဖွေပြီးနောက် စုယွီ သည် အနက်ရောင် ဒေါသစစ်သည်တော် ကို ခေါ်ဆောင်ကာ တိုက်ရိုက် ထွက်ခွာလိုက်၏။ သူ တာယွဲ့ နန်းတော် သို့ ပြန်ရောက်သောအခါ မှသာ မှော်နန်းတော် ထဲမှ အရက်ကြမ်း တာအိုဆရာမလေး ကို ထုတ်လွှတ် ပေးလိုက်လေသည်။
စုယွီ က သေချာစွာ မှာကြားလိုက်၏။
"နတ်မိမယ် ဖုန်းလင် တို့ ဘက်ကို ဂရုစိုက်ပြီး သူတို့ရဲ့ လှုပ်ရှားမှု တွေကို စောင့်ကြည့်နေပါ... သူတို့ ထပ်ပြီး ပေါ်လာနိုင်သေးတယ်... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲဒီဘက်က လျှို့ဝှက် အခြေစိုက် စခန်း ကို ဂရုစိုက် နေစရာ မလိုတော့ပါဘူး... အဲဒီအထဲမှာ ဘာမှ မကျန်တော့ဘူး... အကယ်၍ နတ်မိမယ် ဖုန်းလင် က တာယွဲ့ နန်းတော် အပေါ် ဒေါသ ထွက်ချင်တယ် ဆိုရင်လည်း ကျွန်တော် ပြန်လာတဲ့ အချိန်အထိ စောင့်ခိုင်းလိုက်ပါ..."
ဤ စကားကို ကြားသောအခါ အရက်ကြမ်း တာအိုဆရာမလေး သည် လျှို့ဝှက် အပျက်အစီး များ အပေါ် အငြင်းပွားမှု မှာ ပြီးဆုံးသွားပြီ ဖြစ်ပြီး အနိုင်ရသူ မှာ သူမ၏ ရှေ့တွင် ရပ်နေသူ ပင် ဖြစ်ကြောင်း နားလည် သွားခဲ့၏။
သူမသည် ခါးညွှတ်ကာ နာခံစွာဖြင့် အရိုအသေ ပေးလိုက်ပြီး...
"သေရည် နားလည်ပါပြီ…”