← Chapters

အခန်း ၇၅၇

Vol. 51 Ch. 757

အခန်း ၇၅၇

Vol. 51 Ch. 757

အခန်း (၇၅၇) - နယ်မြေအရှင် ပြန်လည် ဆုတ်ခွာခြင်း နှင့် မုန်တိုင်း စတင်တော့မည် (အပိုင်း ၂)

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်တွင်ပင် ဟင်းလင်းပြင် နယ်ပယ်မှ တာအိုသခင်ကြီးများ၏ အမွေအနှစ်များနှင့် ကျင့်ကြံခြင်း အမြင် အနည်းငယ် ရှိနေသေး၏။

သို့သော် ပမာဏမှာ အလွန်နည်းပါးလှသဖြင့် ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သော လမ်းကြောင်းကို အကျဉ်းချုံး၍ နားလည် သဘောပေါက်ရန်မှာ ခက်ခဲလှပေသည်။

ယခု မျက်စိရှေ့တွင် ရှိနေသော အရိုးစုသည် ထျန်းဖုန်း နန်းတော်၏ ဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ပါး၏ အရိုးစု ဖြစ်ပြီး ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး၏ ဝိညာဉ်အမြစ် သဘာဝနှင့် ကိုက်ညီမှု မရှိသော်ငြား မြောက်များစွာသော ရှေးဟောင်း ကျင့်ကြံခြင်း ကျမ်းများနှင့် နှိုင်းယှဉ်ပါက အစစ်အမှန် ရတနာ တစ်ပါးပင် ဖြစ်ပေသည်။

အနှစ်သာရအားဖြင့် ဆိုရလျှင် ယခုအဖြစ်က ရှေ့တွင် ပုံစံခွက်တစ်ခု ချထားပေးလိုက်သလိုပါပင်။ နောက်ဆက်တွဲ အနေဖြင့် ဤပုံစံခွက်ကို အပြည့်အဝ နားလည် သဘောပေါက်အောင် လုပ်ဆောင်ရန်သာ လိုအပ်ပြီး ရှေ့လူများ၏ အတွေ့အကြုံများကို အသုံးချကာ အဆင့်ချိုးဖြတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ရန် အခွင့်အလမ်း ရရှိနိုင်ပေလိမ့်မည်။

ထို့ကြောင့်ပင် ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီးမှာ ဤမျှလောက် စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်၏။

ဤ ဟင်းလင်းပြင် တာအိုသခင်ကြီး၏ အရိုးစုက သူ့အတွက် ဟင်းလင်းပြင် တာအိုသခင်ကြီး အဆင့်သို့ အဆင့်ချိုးဖြတ်နိုင်ရန် အခွင့်အရေးနှင့် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို ပေးစွမ်းနေလေသည်။

စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီးသည် ခေတ္တမျှ စဉ်းစားခန်း ဝင်နေမိ၏။

သူက စုယွီကို ကြည့်ကာ မေးလိုက်သည်။

"ညီငယ်... ငါ့ကိုယ်စား အင်မော်တယ် ဂိုဏ်းကို ခဏလောက် တာဝန်ယူပေးချင်သလား..."

စုယွီ မှင်သက်သွားပြီး အလျင်အမြန် ငြင်းဆန်လိုက်၏။

"အစ်ကိုကြီး... ကျွန်တော့်မှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိနေပါသေးတယ်... ပြီးတော့ ကျင့်ကြံခြင်းကိုလည်း အာရုံစိုက်ဖို့ လိုသေးတယ်... ကျွန်တော်သာ အင်မော်တယ် ဂိုဏ်းကို စီမံခန့်ခွဲရမယ် ဆိုရင် အဲဒီလို လုပ်ဖို့ ခွန်အား မရှိပါဘူး..."

'ကျေးဇူးပြုပြီး... ကျေးဇူးကို ကျေးစွပ်တာမျိုး မလုပ်ပါနဲ့ အစ်ကိုကြီးရယ်'

ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီးသည် ဆွံ့အသွားပြီးနောက် အခြား အစီအစဉ် တစ်ခုကို အဆိုပြုလိုက်၏။

"ဒါဆိုရင် အင်မော်တယ် ဂိုဏ်းကို စီမံခန့်ခွဲဖို့ ရှောင်ရှောင်ကို ပြန်ခေါ်လိုက်ရင်ကော ဘယ်လိုလဲ..."

သူက စုယွီကို တစ်ချက် ကြည့်လိုက်သည်။

"မင်း အင်မော်တယ် ဂိုဏ်းကို တာဝန် မယူချင်ဘူး ဆိုရင်လည်း... ရှောင်ရှောင်နဲ့ သူ့ရဲ့ အင်မော်တယ် ဂိုဏ်း စီမံခန့်ခွဲမှုကိုတော့ ကူညီပြီး စောင့်ကြည့်ပေးပါ..."

ဤ 'အပူခဲ' ကြီးကို တာဝန်ယူစရာ မလိုသရွေ့ ဤအကြံကို စုယွီက ကန့်ကွက်စရာ မရှိပါချေ။

စုယွီက အလျင်အမြန် ပြောလိုက်၏။

"စိတ်မပူပါနဲ့ အစ်ကိုကြီး... အစ်ကိုကြီးက တံခါးပိတ် ကျင့်ကြံဖို့ကိုသာ အာရုံစိုက်ပါ... ကောင်းကင်ကြီး ပြိုကျလာရင်တောင် ကျွန်တော့်ဆရာက ထောက်ခံပေးထားနိုင်ပါတယ်..."

တာအိုဆရာ ထျန်းယွီ : “.....”

ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီးသည် ဤစကားကို ကြားပြီးနောက် တဟားဟား ရယ်လိုက်ကာ စုယွီကို လက်ညှိုးထိုးလျက် ပြောလိုက်၏။

"ဟားဟားဟား…မင်းလို တန်ဖိုးကြီးတဲ့ တပည့်မျိုး ရထားတဲ့ ဆရာဦးလေးကတော့ ကံကောင်းတာပဲ..."

ဟုန်ယွဲ့ စံအိမ်တော်၏ တာအို ကိုယ်ပွားကို လိုက်ပို့ပြီးနောက် စုယွီသည် အချိန်အတော်ကြာ စဉ်းစားနေမိ၏။ သူက တီးတိုး ရေရွတ်လိုက်မိသည်။

"ငါ့ အစ်ကိုကြီး ဘယ်လောက်တောင် ယုံကြည်မှု ရှိနေလဲ မသိဘူး..."

'ပြဿနာတွေ မရှိဘူးလို့တော့ မျှော်လင့်ရတာပဲ...'

ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီးသည် ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေမှ ဖန်ရှောင်အား အင်မော်တယ် ဂိုဏ်းသို့ ပြန်လာရန် အမိန့်ပေးလိုက်၏။ ထို့နောက် သူ၏ ကိုယ်စား အင်မော်တယ် ဂိုဏ်းကို ဖန်ရှောင်က စီမံခန့်ခွဲမည့် အကြောင်း ကြေညာပေလိမ့်မည်။ ဤကိစ္စက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်တွင် မငြိမ်မသက်မှု အချို့ကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည် ဖြစ်၏။

သို့သော်လည်း အရေးမကြီးပါချေ။ သူက တံခါးပိတ် ကျင့်ကြံရုံ သက်သက်သာ ဖြစ်ပြီး သေဆုံးသွားခြင်း မဟုတ်ပေ။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်တွင် ကြီးကြီးမားမား ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

စုယွီ အနေဖြင့်မူ သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ရန် မြေကမ္ဘာ နန်းတော် လျှို့ဝှက်နယ်မြေသို့ ပြန်သွားခဲ့၏။ ထိုအချိန်တွင် သူ၏ တာအို ခန္ဓာ ရုပ်သေးသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခိုဈေးကွက်သို့ သွားရောက်ခဲ့သည်။ ဟွမ်လင် ကျွန်းသို့ အခြား နေရာရွှေ့ပြောင်းရေး အခင်းအကျင်း တစ်ခုကို တည်ဆောက်ရန် ပစ္စည်းများ စုဆောင်းသင့်၊ မသင့်ကိုလည်း သူ စဉ်းစားနေခဲ့၏။

သူ ပဉ္စမအဆင့် အခင်းအကျင်း ဆရာ တစ်ဦး ဖြစ်လာသည့် အချိန်တွင် ဟွမ်လင် ကျွန်းသို့ ကြီးမားသော သယ်ယူပို့ဆောင်ရေး အခင်းအကျင်း တစ်ခုကို သူ တည်ဆောက်နိုင်မည်လော။

အခြား တစ်ဖက်တွင်မူ..

နတ်မိမယ် ဖုန်းလင်၊ အရှင်သခင်မ ချင်းလော့နှင့် အခြားသူများသည် မီးဖီးနစ် ကောင်းကင် နန်းတော်သို့ အလျင်စလို ပြန်လာခဲ့ကြ၏။ ပြန်ရောက်မှသာ သက်ပြင်းချနိုင်ကြပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားသော အကြီးအကဲ နှစ်ဦးကို ကုသမှု ခံယူရန် စေလွှတ်လိုက်ကြသည်။

နတ်မိမယ် ဖုန်းလင်နှင့် အခြား လေးဦးတို့သည် သူမ၏ ဂူစံအိမ်သို့ ပြန်လာကာ အတူတကွ ထိုင်လိုက်ကြ၏။

"ဖုန်းလင်... အဲဒီလူ နှစ်ယောက်က ဘယ်သူတွေလဲ ဆိုတာ မင်း သိလား…”

အရှင်သခင်မ ချင်းလော့က မျက်မှောင်ကြုတ်လျက် နတ်မိမယ် ဖုန်းလင်ကို ကြည့်ကာ မေးလိုက်သည်။

နတ်မိမယ် ဖုန်းလင်၏ မျက်နှာအမူအရာမှာ ကောင်းမွန်မနေခဲ့ပေ။ အခွင့်အရေးကို မျက်စိရှေ့တွင် မြင်တွေ့နေရလျက်နှင့် ၎င်းမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုမျှ မသိလိုက်ရခင်မှာပင် အလုခံလိုက်ရသည်လေ။

ဤကဲ့သို့သော အတွေ့အကြုံမျိုးသည် နာကြည်းဖွယ် ကောင်းလောက်အောင် အနှောင့်အယှက် ပေးခံရခြင်း ဟုပင် သတ်မှတ်နိုင်ပေသည်။

ချက်ချင်း အကြောင်းမပြန်ဘဲ နတ်မိမယ် ဖုန်းလင်က ဝိညာဉ် လက်ဖက်ရည် တစ်အိုး ဖျော်ကာ အကြီးအကဲ သုံးဦးအတွက် တစ်ခွက်စီ ငှဲ့ပေးလိုက်၏။ သူမကိုယ်တိုင်လည်း ဝိညာဉ် လက်ဖက်ရည်၏ စွမ်းအားကို အသုံးပြု၍ စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ရင်း အနည်းငယ် သောက်လိုက်သည်။

သူမ၏ စိတ်ထဲတွင် ထျန်းဖုန်း နန်းတော်၏ အပျက်အစီး နယ်မြေတွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းများကို စဉ်းစားနေမိ၏။

အနက်ရောင် ဒေါသ စစ်သည်တော်နှင့် စုယွီ၏ တာအို ခန္ဓာ ရုပ်သေးတို့ကို သူတို့၏ အသွင်အပြင်ကို ကြည့်၍ သူမ မမှတ်မိခဲ့ပေ။ သူတို့၏ အရှိန်အဝါများကလည်း သူမ သိကျွမ်းသော မည်သူနှင့်မျှ ကိုက်ညီမှု မရှိခဲ့ချေ။

သို့သော် ဤအရာများကို ပြောင်းလဲ၍ ရနိုင်ပြီး ပကတိ အမှန်တရား အဖြစ် သတ်မှတ်၍ မရနိုင်ပေ။

သူမ အတည်ပြုနိုင်ခဲ့သော တစ်ခုတည်းသော သဲလွန်စမှာ သူတို့ ကျင့်ကြံခဲ့သော ကျင့်ကြံခြင်း နည်းလမ်းများသည် သူမ ကဲ့သို့ပင် ထျန်းဖုန်း နန်းတော်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူတို့သည် ဟင်းလင်းပြင် စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး ထူးကဲသော ပြီးမြောက်မှု နယ်ပယ် တစ်ခု ရှိနေခဲ့သည်။

ထို့အပြင်...

ဖီးနစ်သက်ဆင်း နယ်မြေကဲ့သို့ ချောင်ကျကျ နေရာမျိုးတွင် ဤလူနှစ်ယောက်က မည်သို့များ ရုတ်တရက် ပေါ်လာရသနည်း။

သူတို့ ဘယ်ကနေ လာခဲ့ကြတာလဲ။

စုယွီ၏ ပုံရိပ်က နတ်မိမယ် ဖုန်းလင်၏ စိတ်ထဲတွင် ပေါ်လာ၏။

မဟုတ်မှလွဲ.. မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် များလား။

သူမက နောက်ထပ် လက်ဖက်ရည် အနည်းငယ် သောက်လိုက်၏။ လက်ဖက်ရည်၏ အေးမြသော ရနံ့က သူမ၏ စိတ်ထဲတွင် ပျံ့နှံ့သွားပြီး သူမ၏ အတွေးများကို အလွန်အမင်း ရှင်းလင်းသွားစေခဲ့သည်။

'အဲဒီလူ နှစ်ယောက်က မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ဒါမှမဟုတ် စုယွီနဲ့ ပတ်သက်နေဖို့ များတယ်...'

'တခြားသူ ဖြစ်ဖို့ကတော့ ရာခိုင်နှုန်း (၂၀) လောက်ပဲ ရှိတယ်...'

သို့သော် သူမ၏ စွမ်းအားများကို ဖျက်ဆီးကာ လျှို့ဝှက်နယ်မြေထဲမှ ပစ်ထုတ်ခဲ့သည့် လူကို တွေးမိသောအခါ ၎င်းသည် သူတို့၏ မီးဖီးနစ် ကောင်းကင် နန်းတော်မှ လူတစ်ယောက် ဟုတ်မဟုတ် သူမ သံသယ ဖြစ်သွားမိ၏။

သို့သော် မီးဖီးနစ် ကောင်းကင် နန်းတော်တွင်... ဟင်းလင်းပြင် စွမ်းအားကို မည်သူမျှ မကျွမ်းကျင်ပေ။

ထို့အပြင် ဝိညာဉ်ခွဲထွက် အဆင့် သခင် တစ်ဦးကို မရှုံးနိမ့်ဘဲ တိုက်ခိုက်နိုင်သည့် မူလဝိညာဉ် အဆင့်မှ အရှင်သခင် တစ်ဦးလည်း မရှိပါချေ။

ထို့ကြောင့် အတန်ကြာ စဉ်းစားပြီးနောက် နတ်မိမယ် ဖုန်းလင်က ပြောလိုက်သည်။

"ဒါက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ဖြစ်ကောင်း ဖြစ်နိုင်တယ်..."

"ဒါမှမဟုတ်ရင်လည်း ကျွန်မတို့ မီးဖီးနစ် ကောင်းကင် နန်းတော်က တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်..."

"အဲဒီလူရဲ့ ကျင့်ကြံခြင်းက ကျွန်မနဲ့ မူလဇာစ်မြစ် တူညီတာ သေချာတယ်... ရှေးဟောင်း ထျန်းဖုန်း နန်းတော်ကနေ လာတာပဲ... ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း နည်းလမ်းနဲ့ ခွန်အားက ကျွန်မထက် ပိုအားကောင်းနေပါတယ်..."

အရှင်သခင်မ ချင်းလော့နှင့် အခြား မူလဝိညာဉ် အဆင့် အရှင်သခင် နှစ်ပါးတို့ မျက်မှောင် အနည်းငယ် ကြုတ်သွားကြ၏။

ထိုသူ သုံးဦးက နတ်မိမယ် ဖုန်းလင်၏ သံသယများကို မငြင်းဆိုခဲ့သော်လည်း ခေတ္တမျှ စဉ်းစားနေခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုသူ ပြသခဲ့သော ထူးကဲသည့် ကောင်းကင်ဖီးနစ် အင်မော်တယ် စွမ်းအားကို သူတို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပြီး ဖြစ်၏။

တာအိုသမီးတော် တစ်ဦး ဖြစ်သော နတ်မိမယ် ဖုန်းလင်ပင်လျှင် ထိုသူ၏ ပြိုင်ဘက် မဟုတ်ခဲ့ပါချေ။

ဒါက ယုံကြည်နိုင်စရာ မရှိပေ။

သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက် အရှင်သခင်မ ချင်းလော့က ခေါင်းခါလိုက်သည်။

"ငါတို့ မီးဖီးနစ် ကောင်းကင် နန်းတော်က လူတော့ မဖြစ်နိုင်ဘူး... ဒီလို ပါရမီရှင် မျိုး ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး..."

နတ်မိမယ် ဖုန်းလင်က သက်ပြင်းဖွဖွ ချလိုက်၏။

"ဒါဆိုရင်တော့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ပဲ..."

"အဲဒီနေရာကို မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်က စုယွီ ဆိုတဲ့ လူက သိမ်းပိုက်ထားတယ်... အဲဒါက သူ့ရဲ့ နယ်မြေ ဖြစ်နေပြီ..."

"ကျွန်မတို့ရဲ့ လှုပ်ရှားမှု သတင်းကို သူတို့ ရသွားလို့ ဒီလို ဖြစ်လာတာ နေမှာပါ..."

ထိုအခါ မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် အရှင်သခင်မ ချင်းလော့က ပြောလိုက်သည်။

"ဘာတွေ ဖြစ်နေလဲ ဆိုတာနဲ့... တကယ်ပဲ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်က လုပ်ခဲ့တာ ဟုတ်မဟုတ် သိရအောင် စုံစမ်းဖို့ လူတစ်ယောက် လွှတ်လိုက်မယ်…”

All Chapters