← Chapters

အခန်း ၇၆၀

Vol. 51 Ch. 760

အခန်း ၇၆၀

Vol. 51 Ch. 760

အခန်း (၇၆၀) - စုယွီ၏ ဒေါသ (အပိုင်း ၃)

နတ်မိမယ် ဖုန်းလင်က သူ့ကို သံသယဝင်ပြီး ပြဿနာရှာလာနိုင်သည်ဟု တွေးထားခဲ့သော်လည်း သူမ၏ လုပ်ရပ်များကိုမူ သူ ကြိုတင် မမျှော်လင့်ထားခဲ့ပေ။

သူ မျှော်လင့်ထားသလို တာ့ယွဲ့နန်းတော်ကို ရန်စမည့်အစား မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်သို့ လာလည်သတဲ့လော။

စုယွီက အနည်းငယ် ရယ်လိုက်ရင်း တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ဒီမိန်းမ... တော်တော်လေး စိတ်ရှည်ပြီး အကျင့်စရိုက် ကောင်းတာပဲ”

လွန်ခဲ့သော နှစ်များစွာက နတ်မိမယ် ဖုန်းလင်သည် ဆေးလုံး တောင်ကို ပိတ်ဆို့ပြီး စုမိသားစုကို ဖမ်းဆီးရန် လူတစ်စုကို ဦးဆောင်ခဲ့ဖူးသည်။

ယခုအခါတွင်မူ တစ်ချိန်က မြင့်မြတ်လှပါသည်ဆိုသော နတ်မိမယ်သည် သူ၏ ခြေအောက်သို့ ရောက်ရှိနေလေပြီ။

ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီက ဆိုလိုက်၏။

“သူ့ကို ကျွန်တော့်ရဲ့ ဂူစံအိမ်ဆီ လာခိုင်းလိုက်ပါ”

ထို့နောက် စုယွီသည် လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် တာအိုဆရာ ရှူဟိုင်တို့ထံ သတင်းပို့ကာ မိတ်ဟောင်းဆွေဟောင်းများ တွေ့ဆုံပွဲကလေး ဖိတ်ကြားလိုက်တော့သည်။ တိုက်ခိုက် သတ်ဖြတ်ခြင်း ကဲ့သို့သော ငြီးငွေ့ဖွယ် ကိစ္စများမှ ကင်းဝေးပြီး စည်စည်ကားကား နေခြင်းက ပို၍ ကောင်းမွန်သောကြောင့် ဖြစ်၏။

အချိန်အနည်းငယ် ကြာပြီးနောက်။

လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် တာအိုဆရာ ရှူဟိုင်တို့သည် တာ့ယွဲ့တောင်ထွတ်သို့ ဆင်းသက်လာကြပြီး စုယွီ၏ ဂူစံအိမ်၌ ပေါ်လာကြ၏။

နတ်မိမယ် ဖုန်းလင် ရောက်ရှိလာချိန်တွင် စုယွီနှင့် အခြားသူများမှာ ဝိညာဉ် လက်ဖက်ရည်ကို သောက်သုံးရင်း လွတ်လွတ်လပ်လပ် ထွေရာလေးပါး ပြောဆိုနေကြပြီ ဖြစ်တော့သည်။

နတ်မိမယ် ဖုန်းလင် ဝင်လာပြီး လော့ချန်ယွီနှင့် အခြားသူများကို မြင်တွေ့လိုက်ရသောအခါ သူမ၏ မျက်ဝန်းများ အနည်းငယ် တင်းမာသွားကာ စုယွီအား စူးစိုက်ကြည့်လိုက်၏။

နတ်မိမယ် ဖုန်းလင်က နေရာယူ ထိုင်လိုက်ရင်း သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ ဆိုလိုက်သည်။

“တာအိုမိတ်ဆွေ စု... ရှင်က အတော်လေး နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေခဲ့တာပဲ ဆိုတာကို ကျွန်မ မကြာသေးခင်ကမှ သိလိုက်ရတယ်”

စုယွီက အံ့အားသင့်ဟန်ဖြင့် တုံ့ပြန်လိုက်၏။

“မကြာသေးခင်ကမှ ဟုတ်လား... တာအိုမိတ်ဆွေ ဖုန်းလင် ဘာကို ဆိုလိုတာလဲ... ပိုင်ယွဲ့မြို့မှာ ကျွန်တော်တို့ လမ်းခွဲခဲ့ကြပြီးကတည်းက မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ”

“တာအိုမိတ်ဆွေက တာ့ချန် ကျင့်ကြံခြင်း နယ်မြေကို ပြန်ရောက်လာပြီး ကျွန်တော့်ဆီကိုတောင် အသိမပေးဘဲ အလည်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... အို... တာအိုမိတ်ဆွေက သိပ်ကို သဘောကောင်းလွန်းပါတယ်”

တာအိုဆရာမ ချင်းချွမ်၏ အကြည့်က စုယွီနှင့် နတ်မိမယ် ဖုန်းလင် တို့ နှစ်ဦးစလုံးအပေါ် ဝေ့ဝဲသွားပြီး အတွေးထဲ နစ်မျောသွားလေသည်။

သူတို့ နှစ်ဦးကြားတွင် တစ်စုံတစ်ခုသော လျှို့ဝှက် ဇာတ်လမ်းများ ရှိနေသယောင်ပင်။

သူမက လက်ဖက်ရည်ခွက်ကို မြှောက်ကာ ရယ်မောလိုက်၏။

“နတ်မိမယ် ဖုန်းလင်ကို မတွေ့ရတာ တကယ်ကို နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ... ကျွန်မတို့ အားလုံး အတူတူ သောက်ကြရင် မကောင်းဘူးလား”

စုယွီက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ စတုတ္ထအဆင့် ဝိညာဉ် သေရည် အိုးများစွာသည် စားပွဲပေါ်တွင် ရုတ်တရက် ပေါ်လာတော့၏။ သူက ရယ်မောလျက် ဆိုလိုက်သည်။

“ဝိညာဉ် လက်ဖက်ရည်နဲ့ ဘယ်လုံလောက်ပါ့မလဲ... အဲဒီအစား ဝိညာဉ် သေရည်ကိုပဲ သောက်ကြတာပေါ့”

“ဒီနေ့ မိတ်ဟောင်းဆွေဟောင်းတွေ စုံနေပြီဆိုတော့ ပျော်ပျော်ပါးပါး နေကြတာပေါ့”

ခွက်အနည်းငယ် သောက်ပြီးနောက် စုယွီက ကွယ်လွန်သွားပြီ ဖြစ်သော တာအိုမိတ်ဆွေ မာ အတွက် နောက်ထပ် အရက်တစ်ခွက် မြှောက်ကာ ဆုတောင်းပေးလိုက်ပါ၏။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က တာ့ယွဲ့နန်းတော်ကနေ လာခဲ့ကြတာပဲလေ…တာ့ယွဲ့နန်းတော်က ကျွန်တော်တို့ အားလုံးကို ဆက်သွားစေချင်မှာပဲ... ပြီးတော့ နောက်ထပ် နှစ်တစ်ရာ... နှစ်ငါးရာ ကြာတဲ့အထိ ဆက်ပြီး စုဝေးနိုင်ဖို့လည်း မျှော်လင့်မှာပဲ”

နောက်ထပ် ခွက်အနည်းငယ် သောက်ပြီးနောက် နတ်မိမယ် ဖုန်းလင်သည် စုယွီ၏ အထူး ဝိညာဉ်သေရည်၏ အာနိသင်ကြောင့် အနည်းငယ် ယစ်မူးသွားလေသည်။ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် အခြားသူများ အခန်းထဲတွင် ရှိနေသောကြောင့် သူမ အစက ပြောချင်ခဲ့သော စကားများကို မြိုချလိုက်ရတော့၏။

ရက်အနည်းငယ် အကြာတွင်..

နတ်မိမယ် ဖုန်းလင်သည် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်မှ ထွက်ခွာသွားလေသည်။ သူမ မထွက်ခွာမီ တာ့ယွဲ့ တောင်ထွတ်ရှိ စုယွီထံသို့ ကျောက်စိမ်းပြား တစ်ခုကို ပေးပို့ခဲ့၏။

တာ့ယွဲ့ တောင်ထွတ်ပေါ်တွင် စုယွီက သူ၏ အသိစိတ်ကို ကျောက်စိမ်းပြား အတွင်းသို့ ပို့လွှတ်လိုက်ရာ နတ်မိမယ် ဖုန်းလင်၏ ညှို့ယူဖမ်းစားနိုင်သော အသံကို ကြားလိုက်ရသည်။

“စုယွီ... ရှင်က ဟင်းလင်းပြင် တာအို စွမ်းအားကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်း ထျန်းဖုန်း နန်းတော်ရဲ့ အမွေအနှစ်ကို ကျင့်ကြံထားတယ် ဆိုတာကို ကျွန်မ သိတယ်”

“ရှေးဟောင်း ထျန်းဖုန်း နန်းတော်ရဲ့ အမွေအနှစ်ကို ဘယ်သူက အကျွမ်းကျင်ဆုံးလဲ ဆိုတာ ဆွေးနွေးရမယ် ဆိုရင်တော့... အဲဒါက မီးဖီးနစ် ကောင်းကင် နန်းတော် ဖြစ်မှာ အသေအချာပဲ”

“မီးဖီးနစ် ကောင်းကင် နန်းတော်က ရှင် ကျင့်ကြံဖို့အတွက် အကောင်းဆုံး နေရာ တစ်ခုပါပဲ”

“ရှင်သာ ဆန္ဒရှိမယ် ဆိုရင်... နှစ်တစ်ရာ အတွင်းမှာ ရှင်ဟာ မီးဖီးနစ် ကောင်းကင် နန်းတော်ရဲ့ နံပါတ်တစ် တာအိုသားတော် ဖြစ်လာလိမ့်မယ်လို့ ကျွန်မ အာမခံနိုင်တယ်... ဒီနောက်မှာတော့ ရှင်က နောက်ထပ် နန်းတော် သခင် ဖြစ်လာလိမ့်မယ်...”

“ပြီးတော့... ကျွန်မ ရှိသေးတယ်... ရှင်က ကျွန်မကို ရရုံတင်မကဘူး... မီးဖီးနစ် ကောင်းကင် နန်းတော်မှာ ရှိတဲ့ အရာအားလုံးကိုလည်း ရှင် ပိုင်ဆိုင်နိုင်လိမ့်မယ်”

“မီးဖီးနစ် ကောင်းကင် နန်းတော်ကို လာခဲ့ပါ”

၎င်းကို နားထောင်ပြီးနောက် စုယွီ၏ အမူအရာမှာ အတော်လေး ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

ထို့နောက် ကျောက်စိမ်းပြားမှာ ကွဲအက်သွားပြီး သူ့ကို ဆွံ့အသွားစေတော့၏။

'ပျားရည် အချို ထောင်ချောက်လား...'

'ဒီလို ရိုးအတဲ့ နည်းလမ်းနဲ့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ကို သစ္စာဖောက်ပြီး မီးဖီးနစ် ကောင်းကင် နန်းတော်ကို ပူးပေါင်းဖို့ သူ့ကို ဖျောင်းဖျနေတာလား...'

'ဖုန်းလင်က ငါးစာတောင် မပေးဘူးပဲ...'

'ဘာမှ ပြန်မပေးဘဲနဲ့ ငါ့ကို ထွက်သွားစေချင်နေတာပဲ... အဓိပ္ပာယ် မရှိလိုက်တာ...'

သို့သော် နတ်မိမယ် ဖုန်းလင် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်မှ ထွက်ခွာသွားပြီး မကြာမီမှာပင် သတင်းမှားများနှင့် ပုတ်ခတ် ပြောဆိုမှုများသည် စံအိမ်တော်၏ အတွင်းနှင့် အပြင် ကဏ္ဍ နှစ်ခုစလုံးတွင် ပျံ့နှံ့လာတော့သည်။

အသစ်ရာထူးတိုးလာသော၊ အလွန် လေးစားခံရသည့် တာအိုဆရာ ထျန်းယွီ ၏ တပည့်.. အကြီးအကဲ စုယွီသည် အင်မော်တယ် ဂိုဏ်းအား သစ္စာဖောက်ပြီး တောင်ပိုင်း အင်မော်တယ် နယ်မြေ ရှိ မီးဖီးနစ် ကောင်းကင် နန်းတော်မှ တာအိုသမီးတော် တစ်ဦးနှင့် ဖောက်ပြန်နေသည်ဟု သံသယရှိကြောင်း ပြောဆိုကြလေသည်။

သတင်းမှားများက အဆုံးတွင် ပိုမို ဆိုးရွားလာကာ စုယွီသည် အချစ်အတွက်နှင့် အင်မော်တယ် ဂိုဏ်းကို သစ္စာဖောက်ခဲ့ပြီး မူလဝိညာဉ် အဆင့် အရှင်သခင် အကြီးအကဲ အများအပြားကို သတ်ဖြတ်ကာ တောင်ပိုင်း အင်မော်တယ် နယ်မြေ ရှိ မီးဖီးနစ် ကောင်းကင် နန်းတော်သို့ ထွက်ပြေးပြီး ကြီးမြတ်သော လက်ပါးစေ တစ်ဦး ဖြစ်လာကြောင်း ဆိုကြတော့၏။

ဤသတင်းမှားများကို အင်မော်တယ် ဂိုဏ်းမှ စုဆောင်းမိပြီး ဟွမ်ကျူးမှတစ်ဆင့် စုယွီထံသို့ ပေးပို့လိုက်သောအခါ စုယွီသည် သက်ပြင်းဖွဖွ ချလိုက်ပြီး ဟွမ်ကျူး ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“မီးဖီးနစ် ကောင်းကင် နန်းတော်ရဲ့ လက်ချက်လား”

ဟွမ်ကျူးက ခေါင်းညိတ်လိုက်၏။

“ဖြစ်နိုင်တယ်... နင့်ရဲ့ မိတ်ဆွေဟောင်းက သူများ ဓားငှားပြီး သတ်ဖို့ ကြိုးစားနေတာပဲ”

“ဒါပေမဲ့ နှမြောစရာပဲ... သူက အင်မော်တယ် ဂိုဏ်းမှာ ရှိတဲ့ နင့်ရဲ့ အဆင့်အတန်းကို အထင်သေးသွားတယ်”

ခေတ္တမျှ ရပ်နားပြီးနောက် ဟွမ်ကျူးက မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက မီးဖီးနစ် ကောင်းကင် နန်းတော်ရဲ့ လုပ်ရပ်ကနေ စတင်ခဲ့တာပဲ... ဒါပေမဲ့ နောက်တော့ တခြား အင်အားစုတွေက မီးလောင်ရာ လေပင့်ဖို့ ဝင်ရောက်လာကြပြီး သတင်းမှားတွေက တာ့ချန် ကျင့်ကြံခြင်း နယ်မြေ တစ်ခွင်ကို လျင်လျင်မြန်မြန် ပျံ့နှံ့သွားစေခဲ့တယ်”

စုယွီ : “....”

သူက လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ စကားများကို ပြန်ရုပ်သိမ်းလိုက်၏။

'နတ်မိမယ် ဖုန်းလင်... မင်းက ကောက်ကျစ် စဉ်းလဲပြီး ရက်စက်တဲ့ မိန်းမပဲ’

စုယွီ၏ မျက်ခွံများမှာ မရပ်မနား တုန်လှုပ်သွားတော့သည်။

‘အိုက်ယား... အရာအားလုံးထဲမှာမှ ငါ့ကို ဖားယားတဲ့ကောင် လို့ စွပ်စွဲရတယ်လို့…’

ထိုအခိုက်အတန့်တွင် စုယွီသည် နတ်မိမယ် ဖုန်းလင် အပေါ် အနည်းငယ် ရွံရှာမှုကို ခံစားလိုက်ရလေသည်။

၎င်းက သူ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်း အပေါ် လုံးဝ စော်ကားလိုက်ခြင်းပင်။

စုယွီက သက်ပြင်းဖွဖွ ချလိုက်ပြီး တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်၏။

'ငါသာ သိခဲ့ရင်... မင်းကို နောက်ဘဝ လူဝင်စားဖို့ တန်းပြီး ပို့လိုက်မှာပဲ...'

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တွင် သူ ခြေကုပ် ရထားပြီး ၎င်းတို့အားလုံးကို အတော်လေး လွှမ်းမိုးထားနိုင်ခဲ့ခြင်းကြောင့် မဟုတ်ပါက... အစ်ကိုကြီးက သူ့ကို စံအိမ်တော် သခင် နေရာကို ကမ်းလှမ်းလာချိန်တွင်ပင် သူက ငြင်းပယ်ခဲ့သေး၏။ အစ်ကိုကြီးသည်ပင်လျှင် သူ့လူ အဖြစ် သတ်မှတ်၍ ရနိုင်နေပေပြီ။

All Chapters