← Chapters

အခန်း ၇၆၂

Vol. 51 Ch. 762

အခန်း ၇၆၂

Vol. 51 Ch. 762

အခန်း (၇၆၂) - တရားကျင့်ကြံခြင်း နှင့် အရှင်သခင် ယွမ်ရှို့ (အပိုင်း ၁)

ဟွမ်ကျူးက သူ့ကို မေးလိုက်၏။ “ဒါဆိုရင်.. နင့်အနေနဲ့ သွားကြည့်ဖို့ စိတ်ကူးရှိသေးလား”

စုယွီ ခေါင်းခါလိုက်၏။ သူ၏ အရှိန်အဝါများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ပြန်လည် ရုပ်သိမ်းသွား၏။ သူက အေးဆေးစွာ ဆိုလိုက်သည်။

“ဗာဂျရာ ဗုဒ္ဓဂိုဏ်းလား.. အင်မော်တယ် ဂိုဏ်းထဲကနေ အပြင်ကိုပဲ ကန်ထုတ်လိုက်စမ်းပါ။ ဒီလို ဘုန်းကြီးပေါက်စ တစ်ယောက်က ကျွန်တော့ ကို စိန်ခေါ်ဖို့ မထိုက်တန်ဘူး..ကျွန်တော်က ဒီ အင်မော်တယ် စံအိမ်တော် ရဲ့ လက်ရှိ ပိုင်ရှင်ပဲလေ”

“အားလုံးကို ကန်ထုတ်လိုက်ပါ.. ဒီ တာ့ချန် ကျင့်ကြံခြင်း နယ်မြေမှာ သူတို့က နေရာတကာ လျှောက်သွားပြီး မာန်ဖီနေကြတယ်.. တစ်နေ့ကျရင် တောထဲမှာပဲ အသက်ပျောက်သွားမှာကို မကြောက်ကြဘူးလား မသိဘူး”

ဟွမ်ကျူး ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။

“ဒါပေမဲ့ နင့်ဆရာကတော့ အဲ့ဒီ ဗုဒ္ဓဂိုဏ်းကိစ္စကို နင့်ကို ကိုင်တွယ်စေချင်နေတာလေ”

“မလိုပါဘူး”

စုယွီ တစ်ခဏမျှ စဉ်းစားပြီးနောက် တီးတိုး ပြောလိုက်၏။

“ဗာဂျရာ ဗုဒ္ဓဂိုဏ်းက ကိုးဝိညာဉ် တောင်တန်း နဲ့ အခုထိ အငြင်းပွားနေတုန်းပဲလေ.. ဒီလို အချိန်အခါမျိုးမှာ သူတို့ အခုလို မြင့်မြင့်မားမား လုပ်ပြနေတာက ပထမအချက်အနေနဲ့ ဗုဒ္ဓဂိုဏ်းရဲ့ အရှိန်အဝါကို တာ့ချန် နယ်မြေမှာ ကြွေးကြော်ချင်တာ ဖြစ်မယ်.. ဒုတိယအချက်ကတော့ ကျွန်တော်တို့အင်မော်တယ် စံအိမ်တော်တွေရဲ့ အခြေခံအုတ်မြစ်ကို စမ်းသပ်ချင်တာ ဖြစ်လိမ့်မယ်”

“တတိယအချက်ကတော့.. ဟိုတစ်ခေါက် အင်မော်တယ် တစ်သောင်း နန်းတော် ကိစ္စတုန်းက ဗာဂျရာ ဗုဒ္ဓဂိုဏ်းက ကိုးဝိညာဉ် တောင်တန်း က တာအိုသမီးတော်ကို ဝင်မကူညီဘဲ ကြည့်နေခဲ့တဲ့ ကိစ္စကို ပြန်တွေးကြည့်ရင်.. သူတို့ နှစ်ဦးကြားမှာ တစ်စုံတစ်ရာ ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိနေနိုင်တယ်”

“အကယ်၍သာ ကျွန်တော်တို့က ဗာဂျရာ ဗုဒ္ဓဂိုဏ်းက ဘုန်းကြီးကို ဖမ်းမိလိုက်မယ် ဆိုရင်..ကျွန်တော်တို့ အင်မော်တယ် စံအိမ်တော် နဲ့ ဗာဂျရာ ဗုဒ္ဓဂိုဏ်း ကြားက ဆက်ဆံရေးက ပိုဆိုးသွားပြီး တင်းမာလာလိမ့်မယ်.. ပြီးတော့ အဲ့ဒီလက်ညှိုးတွေကလည်း ကျွန်တော်တို့ စံအိမ်တော် ဆီကိုပဲ တိုက်ရိုက် ရောက်လာလိမ့်မယ်”

“ဒီအခြေအနေမှာ.. အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ ပရိယာယ်တွေ ပါဝင်နေဖို့ မဖြစ်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ..”

“အကယ်၍ ကျွန်တော်တို့ စံအိမ်တော်သာ ဗာဂျရာ ဗုဒ္ဓဂိုဏ်း ရဲ့ ရန်သူ ဖြစ်လာရင်.. အင်မော်တယ် တစ်သောင်း နန်းတော် က သူတို့ကို ဆွဲခေါ်သွားလိမ့်မယ်.. ပြီးတော့ တာ့ယန် အင်မော်တယ် မင်းဆက် ကလည်း ရှိသေးတယ်...”

သို့သော်လည်း.. မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အပေါ် မမြင်ရသော ပိုက်ကွန် တစ်ခု ဖုံးလွှမ်းလာသည့်နှယ် ခံစားရသည်။

ဘုန်းကြီး တစ်ပါးတည်းက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို စိန်ခေါ်ခြင်းမှာ ပုံမှန်ဟု ယူဆနိုင်၏။

သို့သော် ဖန်ရှောင် တစ်ယောက် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို ယာယီ တာဝန်ယူထားချိန်တွင် ဗာဂျရာ ဗုဒ္ဓဂိုဏ်း မှ ဘုန်းကြီးက ဤကဲ့သို့ မြင့်မြင့်မားမား စိန်ခေါ်ခြင်းမှာ ပြင်းထန်သော သရုပ်ဖော်မှု တစ်ခုကို ဆောင်ကြဉ်းနေ၏။

သူတို့က ဗုဒ္ဓဂိုဏ်း၏ အာဏာကို ကြွေးကြော်ရန်အတွက် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ မျက်နှာကို နင်းခြေချင်နေကြခြင်း ဖြစ်သည်။

ဟွမ်ကျူးက စုယွီ ကို ကြည့်ကာ ပြောလိုက်သည်။

“အကယ်၍ ငါတို့က လူတွေကို ဒီလိုပဲ မောင်းထုတ်လိုက်မယ် ဆိုရင် အင်မော်တယ် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်.. ပြီးတော့ တာ့ချန် နယ်မြေက ကျင့်ကြံသူတွေရဲ့ ရယ်မောစရာ ဖြစ်သွားလိမ့်မယ်”

သို့သော် စုယွီ လုံးဝ မလှုပ်ရှားခဲ့ပေ။

“အဲ့ဒါက အရေးကြီးလို့လား”

“တစ်နေ့ကျရင် ကျွန်တော်တို့ စံအိမ်တော် မှာ အင်မော်တယ် တစ်သောင်း နန်းတော် နဲ့ ဗာဂျရာ ဗုဒ္ဓဂိုဏ်း တို့ကို ခြေဖဝါးအောက်မှာ နင်းချေနိုင်တဲ့ စွမ်းအား ရှိလာတဲ့အခါ.. အခုလို လှောင်ပြောင်တာမျိုးက ဟာသသက်သက်သာ ဖြစ်သွားမှာပါဗျ”

ဤစကားကို ကြားလိုက်ရသောအခါ ဟွမ်ကျူး မှာ လုံးဝ အံ့အားသင့်သွားရသည်။

ဒီလိုနေ့မျိုး တကယ်ပဲ ရောက်လာနိုင်ပါ့မလား။

ခဏအကြာ ဟွမ်ကျူး ထွက်ခွာသွားပြီးနောက် တာအိုဆရာ ထျန်းယွီ နှင့် အင်မော်တယ် ဂိုဏ်းမှ အခြားသော ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲများကို ခေါ်ယူ၍ ဆွေးနွေးသည်။ နောက်ဆုံးတွင် သူတို့သည် ဟွမ်ကျူး နှင့် တာအိုဆရာ ထျန်းယွီ တို့၏ ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်ကြပြီး စုယွီ အကြံပြုသည့်အတိုင်း လုပ်ဆောင်လိုက်ကြ၏။

သူတို့သည် ဗာဂျရာ ဗုဒ္ဓဂိုဏ်း ကိုသာမက ပျော်ပွဲစား ကြည့်ရှုရန် လာကြသည့် အင်မော်တယ် တစ်သောင်း နန်းတော် မှ လူများကိုပါ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် မှ မောင်းထုတ်လိုက်ကြတော့သည်။

ဗာဂျရာ ဗုဒ္ဓဂိုဏ်း မှ ဘုန်းကြီး၏ စိန်ခေါ်မှုမှာ တကယ်တမ်းဆိုလျှင် အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ထိုဘုန်းကြီးသည် အခြားသော အင်မော်တယ် ဂိုဏ်း နှစ်ခုကိုလည်း စိန်ခေါ်ခဲ့ပြီး တာအိုသမား လေးဦးနှင့် တိုက်ခိုက်ခဲ့သည်။

ခြွင်းချက်မရှိ … အားလုံး အနိုင်ရရှိခဲ့၏။

တာအိုသမား လေးဦးအနက် တစ်ဦးမှာ သတ်ဖြတ်ခံလိုက်ရပြီး တစ်ဦးမှာ ကျင့်ကြံခြင်း တစ်ဝက်ပျက်စီးသွားကာ ကျန်နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။ သူတို့ ပြန်ကောင်းလာကြဦးမည် ဆိုလျှင်ပင် သူတို့၏ အင်မော်တယ် လမ်းစဉ်မှာ ယခင်ကကဲ့သို့ ချောမွေ့တော့မည် မဟုတ်တော့ချေ။

ထို့ကြောင့် ဗာဂျရာ ဗုဒ္ဓဂိုဏ်း မှ ဘုန်းကြီးက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် သို့ တက်လှမ်းကာ ဖန်ရှောင် ကို စိန်ခေါ်ခြင်းမှာ အလွန်ပင် ဆူညံပွက်လောရိုက်သွားစေခဲ့၏။

လူအများမှာ တိုက်ပွဲကို ကြည့်ရှုရန် ရည်ရွယ်ချက်ဖြင့် ဖျော်ဖြေရေး သဘောမျိုး လာရောက်ခဲ့ကြသည်။

သို့သော် မည်သူမျှ မမျှော်လင့်ထားသည့် အရာမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် က ဗာဂျရာ ဗုဒ္ဓဂိုဏ်း မှ ဘုန်းကြီးကို တကယ်တမ်း မောင်းထုတ်လိုက်ခြင်းပါပင်။

ပြင်ပလောကကြီးမှာ ဤကိစ္စကြောင့် ဆူညံပွက်လောရိုက်နေကြ၏။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အတွင်း‌၌..

စုယွီ ၏ မူလ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် တိတ်တဆိတ် ထွက်ခွာသွားပြီး အရိုင်းနယ်မြေဘက်သို့ ဦးတည်သွားကာ ယွဲ့ အင်မော်တယ် မျှော်စင်တွင် ဆက်လက် လေ့ကျင့်နေသည်။ ပထမဆုံး အထပ်တွင် ထိုတာအို နည်းလမ်းများ မှလွဲ၍ ရှေးဟောင်း ဘိုးဘေးများ ချန်ရစ်ခဲ့သော ကျင့်ကြံခြင်း ဆိုင်ရာ နားလည်သဘောပေါက်မှုများလည်း များစွာ ရှိနေ၏။

ကျင့်ကြံခြင်းမှ အားလပ်ချိန်တွင် သူသည် ဘိုးဘေးများ ချန်ရစ်ခဲ့သော ကျင့်ကြံခြင်း ဆိုင်ရာ နားလည်မှု ပမာဏ များစွာကို လှန်လှော ဖတ်ရှုသည်။

ကျင့်ကြံခြင်း ဆိုင်ရာ သိုင်းကျမ်းအတွဲများ ဆည်းပူးနေသော စုယွီအား မြင်ရသည်မှာ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် မမောပန်းဘဲ တာအိုကို ရှာဖွေနေသော သဒ္ဓါတရား ရှိသည့် ကျင့်ကြံသူ တစ်ဦးကို မြင်နေရသကဲ့သို့ပင် ဖြစ်ပါ၏။

သူတို့၏ ခြေရာများကို လိုက်ရင်း စုယွီ သည် ဓာတ်ကြီးငါးပါး တာအို၊ ဟင်းလင်းပြင် တာအို၊ ကိုယ်ခန္ဓာ သန့်စင်ခြင်း နည်းစနစ် စသည်တို့ကို ပိုမို နက်ရှိုင်းစွာ နားလည်လာပြီး ၎င်းထဲသို့ နှစ်မြှုပ်သွားတော့သည်။

ဓာတ်ကြီးငါးပါး နည်းလမ်း ကို ကျင့်ကြံခြင်း အပြင် စုယွီ သည် ဆေးဝါး ဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့၊ ဟင်းလင်းပြင် တာအို စသည်တို့ကို လျစ်လျူမရှုခဲ့ပေ။

သိုင်းကျမ်းတစ်သောင်း မျှော်စင် ၏ ပထမဆုံး အထပ်တွင် ဤ နယ်ပယ်များ ရှိ စာအုပ်များကိုလည်း သိမ်းဆည်းထား၏။ သူ အားလုံးကို ဖတ်ခဲ့သည်။

စာအုပ် တစ်သန်း ဖတ်ပြီး ခရီး မိုင်တစ်သန်း သွားပါ။

တစ်ခါတစ်ရံတွင် စုယွီ သည် ဖတ်ရှုရန် စာစောင် တစ်ခုကို ကိုင်ထားတတ်ပြီး တစ်ခါတစ်ရံတွင် ဆေးလုံးများ ဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်း ၊ ရုပ်သေးများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်တတ်၏။ ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်း၊ ဆေးဝါး ဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း၊ ဟင်းလင်းပြင် တာအို စသည်တို့၏ တိုးတက်မှုမှာ ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်တွင် မြင်သာစွာ တိုးတက်လာသည်။

တစ်ချိန်တည်းတွင်.. တာအို-ခန္ဓာ ရုပ်သေး သည် အရှင်သခင် ဆယ်ပါး မြို့တော် ၏ မှောင်ခိုဈေးကွက်သို့ နောက်တစ်ကြိမ် သွားရောက်နေသည်။ ထို့နောက်၊ ယွင်ရှောင် ဆေးလုံးစံအိမ် တွင် ဆေးလုံးများ ဖော်စပ်ကာ အရင်းအမြစ်များကို စုဆောင်းနေ၏။

ပြင်ပတွင်မူ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် နှင့် ပတ်သက်သော ဆွေးနွေးမှုများမှာ ကြာရှည်စွာ ဆက်လက် ဖြစ်ပေါ်နေသည်။

ဗာဂျရာ ဗုဒ္ဓဂိုဏ်း ဘုန်းကြီး၏ စိန်ခေါ်မှု နောက်ပိုင်း တစ်နှစ်အတွင်းမှာပင် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ ကွပ်ကဲမှု အောက်ရှိ အင်မော်တယ် မြို့တော် လေးခု ဒေသများတွင် ဆက်တိုက် ပုန်ကန်မှုများနှင့် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာသည်။ အခြားသော ဒေသများတွင်လည်း လုယက်ခြင်း၊ ကျင့်ကြံအဆင့် ပြတ်တောက်ခြင်းနှင့် မျိုးတုန်း သတ်ဖြတ်ခြင်း အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့၏။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ ကနဦး မငြိမ်မသက်မှုများ။ တစ်နှစ်အတွင်း၌ပင် အင်မော်တယ် မြို့တော်များကို စောင့်ကြပ်နေသည့် မူလဝိညာဉ် အဆင့် အရှင်သခင် အကြီးအကဲ ခုနစ်ဦးမှာ တစ်ဦးပြီး တစ်ဦး ကျဆုံးသွားကြသည်။

တာ့ယွီ တောင်ထိပ်တွင်..

စုယွီ ၏ တာအို-ခန္ဓာ ရုပ်သေး ပြန်ရောက်ပြီး မကြာမီ ဖန်ရှောင် သည် စုယွီ ၏ ဂူစံအိမ် သို့ ရောက်ရှိလာ၏။ စုယွီ က သူမ ဝင်ရောက်လာသည်ကို တွေ့ရရာ ဂူစံအိမ် တည်ဆောက်မှုကို ဖွင့်လှစ်လိုက်သည်။

ဖန်ရှောင် ဝင်လာသည့်အခါ ဝိညာဉ် လက်ဖက်ရည် ကို အေးဆေးစွာ သောက်သုံးနေသော စုယွီ ကို မြင်လိုက်ရသည်။

ဖန်ရှောင် သက်ပြင်းဖွဖွ ချလိုက်ပြီး စုယွီ နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။

“ဦးလေးငယ်ရယ်.. အင်မော်တယ် ဂိုဏ်းရဲ့ ကိစ္စတွေကို စီမံခန့်ခွဲရတာ အရမ်း ခက်တယ်”

“ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်တိုင်းကို သေချာ ဂရုတစိုက် စဉ်းစားရမယ်။ အဲ့ဒီထဲက တစ်ခုခုမှာ အမှား အနည်းငယ် လုပ်မိရင်တောင် အင်မော်တယ် ဂိုဏ်းကို ပြန်လည် မရနိုင်တော့တဲ့ အခြေအနေမျိုးဆီ ပို့လိုက်သလို ဖြစ်သွားနိုင်တာမို့လို့”

တကယ်ပင် လွန်စွာ ခက်ခဲလှသည်။

အထူးသဖြင့် အင်အားချင်း တန်းတူ ရှိနေသောအခါ.. သို့မဟုတ် သင်က အားနည်းချက် ရှိနေသေးသော အခြေအနေမျိုးတွင်ပေါ့။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ သခင် နေရာတွင် ထိုင်နေရသူ ဖြစ်သဖြင့် အမိန့်တိုင်းသည် စံအိမ်တော် အတွင်းရှိ ကျင့်ကြံသူ သန်းပေါင်းများစွာ နှင့် သက်ရှိများ၏ ကံကြမ္မာကို ထိခိုက်စေနိုင်ချေ ရှိနေသည်။

All Chapters