အခန်း ၇၆၅
Vol. 51 Ch. 765
အခန်း (၇၆၅) - သူမသည် ဆရာ့လို ဆွဲဆောင်မှုရှိ၏ (အပိုင်း ၁)
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ အင်မော်တယ် စစ်သည်တော်များ ရောက်ရှိလာခြင်းက.. တစ်စံအိမ်တော်လုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။ တိုက်ပွဲဝင် သန့်စင်သော နတ်ဘုရား ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး နှင်းဝက်ဝံကြီးများ စီးနင်းထားသော မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ တပ်မတော်ကား.. မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်အတွင်းရှိ ကျင့်ကြံသူများ၊ အင်မော်တယ် မြို့တော်များမှ လူများ၊ နှင့် ရှေးဟောင်း အင်မော်တယ် မိသားစုများ အားလုံး၏ ရင်ထဲတွင် ကြောက်ရွံ့မှုကို ပွားများစေလေ၏။
ပုန်ကန်သူများကို နှိမ်နင်းရာတွင် သူတို့ ပြသခဲ့သည့် ရက်စက်ပြင်းထန်သော မြင်ကွင်းများမှာ.. တပ်မတော် ထွက်ခွာသွားပြီးနောက်တိုင်အောင်ပင် ပရိသတ်တို့၏ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ကျန်ရစ်နေသေး၏။
ဤမြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ တပ်မတော်ကား စံအိမ်တော်၏ အတွင်းအပြင် ကဏ္ဍနှစ်ခုစလုံးနှင့် မသက်ဆိုင်ဘဲ သီးခြား ရပ်တည်နေသော တပ်ဖွဲ့ ပင်။
ထိုတပ်မတော်ကို စေခိုင်းနိုင်သူမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ စံအိမ်တော် သခင်ကြီး တစ်ဦးသာ ဖြစ်ပေသည်။
အရိုင်းနယ်မြေအား သိမ်းပိုက်ခြင်း နှင့် အဆင့်မြင့် အရင်းအမြစ်များ ရယူခြင်းမှလွဲ၍ ဤတပ်မတော်ကို အင်မော်တယ် ဂိုဏ်း၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် ရန်သူများအား ခြိမ်းခြောက်ရန်အတွက် အဓိက အသုံးပြုလေ့ ရှိ၏။
စစ်သည်တော် (၃၀၀၀) ရှိသော တပ်ဖွဲ့ တစ်ခုမှာ သာမန်အားဖြင့် ထူးခြားမှု မရှိပေ။
သို့သော်.. ထိုစစ်သည်တော် (၃၀၀၀) အားလုံးမှာ ဝိညာဉ်ခွဲထွက် အဆင့်နှင့် ညီမျှသော တိုက်ခိုက်နိုင်စွမ်း ရှိနေကြလျှင်မူကား အကြောင်းမှာ လုံးဝ ပြောင်းလဲသွားချေပြီ။
အားလုံးမှာ တူညီသော နတ်ဘုရား တိုက်ပွဲဝင် ချပ်ဝတ်များ ဝတ်ဆင်ထားကြပြီး အဆင့် (၃) နှင်းဝက်ဝံ မိစ္ဆာသားရဲများ စီးနင်းထားကြ၏။
ဤသို့သော အင်အားစုများ ပေါင်းစပ်မိသွားသောအခါ.. မည်သူကများ ဤပြင်းထန်လှသော တပ်ဖွဲ့ကို ခုခံနိုင်ပါ့မည်နည်း။
ဘယ်သူကများ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်မှ မူလဝိညာဉ် အဆင့်မှ တာအိုရှင်များ၏ အင်အားကြီးမားမှုကို ရင်ဆိုင်နိုင်ပါ့မည်နည်း။
တစ်နှစ်တာ ကာလအတွင်း။
အင်မော်တယ် မြို့တော်များ၌ ပျံ့နှံ့နေသော မငြိမ်မသက်မှုများ၊ ထိန်းချုပ်မရနိုင်တော့ဟု ထင်ရသော ပုန်ကန်မှုများ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ။
မြေကမ္ဘာ စံအိမ်တော်၏ အတွင်းအပြင် ကဏ္ဍနှစ်ခုစလုံးမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည် ရရှိသွားလေပြီ။
ဟွမ်ရှီထောင် ဦးဆောင်သော တပ်မတော်က ပုန်ကန်မှုများကို ချေမှုန်းပြီးနောက်တွင်.. စံအိမ်တော်အတွင်းရှိ မူလဝိညာဉ် အဆင့် တာအိုရှင်များမှာ မြို့တော် အသီးသီးသို့ ပြန်လည် တာဝန်ယူကာ အာဏာကို ပြန်လည် ရယူကြ၏။
ထိုနောက်တွင် အပြင်ဘက်ရှိ အကြီးအကဲများ နှင့် အင်မော်တယ် မိသားစုများအား နှစ်သိမ့်ပေးရန်၊ သစ္စာရှိစေရန်အတွက် နည်းလမ်းမျိုးစုံ သုံး၍ ချော့မော့ စည်းရုံးကြလေသည်။
ဤအဖြစ်အပျက်များကြောင့်ပင်.. ဖန်လုံ နှင့် ဖန်ရှောင်တို့ စံအိမ်တော်ကို သိမ်းပိုက်စဉ် ဖြစ်ပေါ်ခဲ့သည့် မငြိမ်မသက်မှုများကို မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်မှ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်၏။
အခြားသော ဂိုဏ်းများဖြစ်သည့် ဝမ်လုံ မင်းဆက်၊ ဗာဂျရာ ဗုဒ္ဓဂိုဏ်း၊ နှင့် အင်မော်တယ်တစ်သောင်း နန်းတော်တို့မှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ ဤမျှ အင်အားကြီးမားမှုကို မျက်မြင်တွေ့လိုက်ရသောအခါ.. ဂိုဏ်းမှာ လုံးဝ ပျက်စီးသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည့် သူတို့၏ အတွေးများ မှားယွင်းနေကြောင်း ရိပ်မိလိုက်ကြ၏။
တာအိုသားတော် ဖန်လုံနှင့် ဖန်ရှောင်တို့မှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ အာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကြပြီ ဖြစ်သည်။
...
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အတွင်း၌..
အရှင်သခင် ထိုက်ရှီး သည် အရှင်သခင် ယွမ်ရှို့၏ တာအိုကိုယ်ပွားနှင့်အတူ ရောက်ရှိလာ၏။
အင်မော်တယ် နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် အရှင်သခင် ယွမ်ရှို့၏ ကိုယ်ပွားက အထွတ်အထိပ်တွင် ထိုင်နေသော ဖန်ရှောင်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် နန်းတော်ထဲရှိ လူအုပ်စုကို အကြည့်ပို့လိုက်၏။
တာအိုဆရာ ထျန်းယွီ၊ ဟွမ်ကျူး၊ နှင့် အခြားသော ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်များမှာ ဤစပြုလာသော မူလဝိညာဉ် အဆင့် လူသစ်ကို ကြည့်ရင်း မည်သူမှန်း ဝေခွဲမရ ဖြစ်နေကြသည်။
အရှင်သခင် ယွမ်ရှို့၏ အကြည့်မှာ စုယွီထံသို့ ရောက်ရှိသွား၏။
စုယွီက အေးဆေးစွာ ပြုံးလိုက်ပြီး အရှင်သခင် ယွမ်ရှို့၏ ကိုယ်ပွားအား ခေါင်းညိတ် ပြလိုက်၏။
အရှင်သခင် ယွမ်ရှို့မှာ အထွတ်အထိပ်တွင် ရှိနေသော ဖန်ရှောင်အား အရေးမစိုက်ဘဲ စုယွီကို မေးလိုက်၏။
“မင်းက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ရဲ့ နောက်ကွယ်ကနေပြီး..ဟင်းလင်းပြင် မဟာတာအိုကို ထိန်းချုပ်နေတဲ့သူလား”
စုယွီက ပြန်ဖြေလိုက်၏။
“မဟုတ်ပါဘူး.. ကျွန်တော်က ဒီမှာ ပွဲကြည့်ရုံသက်သက်ပါ.. အဆင့်မြင့် ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင် တစ်ယောက် ဘယ်လို အဖမ်းခံလိုက်ရသလဲဆိုတာ မြင်ချင်လို့ပါ”
အရှင်သခင် ယွမ်ရှို့၏ မျက်နှာမှာ မီးသွေးခဲပမာ မည်းမှောင်သွားတော့၏။
အထက်ဘက်တွင်..
ဖန်ရှောင်က ချုပ်နှောင်ခံထားရသော အရှင်သခင် ယွမ်ရှို့၏ ကိုယ်ပွားကို ကြည့်ကာ ရယ်လိုက်သည်။
“အရှင်သခင် ယွမ်ရှို့ရေ.. အင်မော်တယ်တစ်သောင်း နန်းတော်က စီနီယာ့ကို သိပ်မတန်ဖိုးထားဘူးနဲ့ တူတယ်.. တစ်ယောက်တည်း မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ဆီ လွှတ်လိုက်တယ်ဆိုတော့လေ”
အရှင်သခင် ယွမ်ရှို့က ပြန်လည် ခနဲ့လိုက်၏။
“ဒါက ငါ့ရဲ့ တာအိုကိုယ်ပွား တစ်ခုပဲဟာ”
ဖန်ရှောင်က မေးလိုက်၏။
“ဒါဆိုရင် ဘာလို့ တခြားသူကို မလွှတ်ဘဲ စီနီယာရဲ့ ကိုယ်ပွားကိုပဲ ရွေးပြီး လွှတ်လိုက်တာလဲရှင့်”
“အင်မော်တယ်တစ်သောင်း နန်းတော်က ရှင့်ကို အထင်သေးပြီး ပစ်ထားတာ မဟုတ်ဘူးလား”
အရှင်သခင် ယွမ်ရှို့က စူးရဲသော အကြည့်ဖြင့် ဖန်ရှောင်ကို ကြည့်လိုက်တော့၏။
“မင်း စကားများမနေနဲ့.. မင်း ဒီကိုယ်ပွားကို ဖျက်ဆီးပစ်လိုက်ရင် ပိုကောင်းလိမ့်မယ်”
ဖန်ရှောင်က အပြစ်ကင်းစင်သော အပြုံးဖြင့် ပြုံးလိုက်၏။
“မဟုတ်ရပါဘူး.. အရှင်သခင် ယွမ်ရှို့ရယ်.. ရှင်က ကျွန်မတို့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ကို ရှားရှားပါးပါး ရောက်လာတာမို့.. ကျွန်မတို့က ကောင်းကောင်း ဆက်ဆံရမှာပေါ့”
“အခုကစပြီး.. ခင်ဗျားရဲ့ တာအိုကိုယ်ပွားကို ဒီမှာပဲ ထားခဲ့လိုက်ပါတော့”
အရှင်သခင် ယွမ်ရှို့၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွား၏။
ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်တိုင်းတွင် တာအိုကိုယ်ပွား တစ်ခုသာ ရှိကြသည်။
တာအိုကိုယ်ပွားကို ပြန်လည် တည်ဆောက်နိုင်ဖို့ ဆိုသည်မှာ.. တာအိုကိုယ်ပွား ပျက်စီးသွားမှသာ အဖိုးတန် ရတနာများ၏ အကူအညီဖြင့် ဖြစ်နိုင်ခြေ ရှိပေသည်။
အကယ်၍ သူမ၏ တာအိုကိုယ်ပွားသာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်တွင် ပိတ်လှောင်ခံထားရပါက.. အင်မော်တယ်တစ်သောင်း နန်းတော်ရှိ ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင် တစ်ပါး ဖြစ်သော သူမအတွက် တိုက်ခိုက်နိုင်စွမ်း၏ တစ်ဝက်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်ပေတော့မည်။
သိသာစွာပင် အရှင်သခင် ယွမ်ရှို့ အနေဖြင့် ဤကိစ္စကို ဆုံးဖြတ်ချက် မချနိုင်ချေ။
သူမ၏ တာအိုကိုယ်ပွားမှာ လုံးဝ ပိတ်လှောင်ခံထားရပြီး တာအိုကိုယ်ပွားကို ဖျက်ဆီးပစ်ရန်လည်း သူမတွင် စွမ်းအား မရှိတော့ချေ။
ဖန်ရှောင်က အရှင်သခင် ထိုက်ရှီးဘက်သို့ လှည့်ကာ အရိုအသေပေးပြီး မေးလိုက်၏။
“ကျွန်မတို့ရဲ့ အရှင်သခင် ယွမ်ရှို့ရဲ့ တာအိုကိုယ်ပွားကို စောင့်ရှောက်ပေးနိုင်မလားရှင့်”
အရှင်သခင် ထိုက်ရှီးက ခေါင်းညိတ်လိုက်ပြီး ညင်သာစွာ ဆို၏။
“စိတ်ချပါ”
ချက်ချင်းပင် အရှင်သခင် ထိုက်ရှီးသည် အရှင်သခင် ယွမ်ရှို့၏ တာအိုကိုယ်ပွားကို ခေါ်ဆောင်သွားလေတော့သည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ ထိတ်လန့်မှုကြောင့် အနည်းငယ် ပျက်စီးမှုများ ရှိခဲ့သော်လည်း အားလုံးမှာ သည်းခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိနေ၏။ ထို့ပြင် သစ္စာဖောက်များ တစ်စုကို ရှင်းလင်းလိုက်ပြီးနောက်တွင် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ စုစည်းမှုမှာ တစ်စုံတစ်ရာ ပိုမို ခိုင်မာသွားခဲ့၏။
ထို့ပြင် သူတို့သည် အရှင်သခင် ယွမ်ရှို့၏ တာအိုကိုယ်ပွားကို ဖမ်းဆီးထားနိုင်ခဲ့ပြီး သူမ၏ စွမ်းအား တစ်ဝက်ကို ထိထိရောက်ရောက် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အနေဖြင့် ဤအရေးအခင်းတွင် မည်သည့် ဆုံးရှုံးမှုမျှ မရှိခဲ့ပေ။
“နောက်တစ်ဆင့်မှာတော့.. မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အနေဖြင့် တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်ပြီး ကိုယ့်ရဲ့ အင်အားကို မြှင့်တင်ရတော့မှာပဲ”
အပြင်ဘက်တွင်..
ဟွမ်ရှီထောင်၏ မြေကမ္ဘာ အင်မော်တယ် တပ်မတော်က အင်မော်တယ်တစ်သောင်း နန်းတော် နှင့် အခြား အင်အားစုများကို တိတ်ဆိတ်သွားစေခဲ့ပြီး သူတို့အား အနည်းငယ် ခြိမ်းခြောက်မှု ဖြစ်စေခဲ့၏။
အင်မော်တယ်တစ်သောင်း နန်းတော်တို့မှာ မသမာ နည်းလမ်းများကို ရပ်တန့်လိုက်ပြီး မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တဖြည်းဖြည်း တည်ငြိမ်လာသည်ကိုသာ ကြည့်နေကြရတော့သည်။
ကံကောင်းသည်မှာ..
အင်မော်တယ်တစ်သောင်း နန်းတော်တို့ အနည်းငယ် စိတ်သက်သာရာ ရသည့်အချက်မှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်က အခြေအနေကို ပိုမို ကြီးထွားအောင် မလုပ်ဆောင်ခြင်းပင် ဖြစ်၏။ စံအိမ်တော်မှာ တည်ငြိမ်မှု ပြန်ရပြီးနောက် မည်သည့် နောက်ထပ် လုပ်ဆောင်ချက်မှ မလုပ်ဘဲ၊ ဟွမ်ရှီထောင်၏ မြေကမ္ဘာ အင်မော်တယ် တပ်မတော်မှာလည်း တာ့ချန် အင်မော်တယ် လောကမှ ပျောက်ကွယ်သွားပြီး အရိုင်းနယ်မြေဆီသို့ ပြန်သွားလေတော့သည်။
သို့သော်လည်း…
“အရှင်သခင် ယွမ်ရှို့ရဲ့ တာအိုကိုယ်ပွားကို မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်က ဖမ်းဆီးထားတယ်.. သူတို့က သူ့ရဲ့ တာအိုကိုယ်ပွားကို ချုပ်နှောင်ထားပြီး သူ့ရဲ့ ဝိညာဉ်ခွဲထွက် အဆင့် တိုက်ခိုက်နိုင်စွမ်း တစ်ဝက်ကို ဖျက်ဆီးပစ်ဖို့ ကြံရွယ်ထားတာ”