← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း (၂၈၂)

ရွှေ့ပြောင်းခြင်း

မူကျဲရှန်းသည် ကျယ်ဝန်းသော ရုံးခန်းအတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တင်းမာနေသော အငွေ့အသက်ကို ခံစားလိုက်ရလေသည်။

ဒီကောင်လေးသုံးယောက် ထပ်မံ၍ ပြဿနာရှာပြန်ပြီဟု တွေးလိုက်မိသဖြင့် သူသည် မူရှီးချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီပေါ်ယာအား မေးလိုက်လေ၏။

"လောင်ရွှီ၊ ကောင်လေးတွေ ပြဿနာ ရှာပြန်ပြီလား..."

သူ၏ မေးခွန်းကို ကြားသောအခါ ရွှီပေါ်ယာသည် အတွေးများထဲမှ ရုန်းထွက်လာခဲ့သည်။ သူသည် သူ၏ မိတ်ဆွေဟောင်း နှစ်ဦးနှင့် အခြားသော အကြီးတန်း အရာရှိများကို ခဏမျှ ကြည့်လိုက်ပြီးနောက် ပြော လိုက်လေသည်။

"ငါတို့ ဒီနေ့ ရွှေ့ပြောင်းကြမယ်..."

သူ၏ စကားကို ကြားသောအခါ အခြားသူများမှာ အံ့အားသင့်သွားကြလေသည်။

ဟိုင်ချန် အခြေစိုက်စခန်းသည် အင်အားအကြီးမားဆုံး အခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်ပြီး ထိုကဲ့သို့ ထပ်မံ တည်ဆောက်ရန်မှာ မလွယ်ကူလှပေ။ သို့သော်လည်း ယခုအခါတွင် ရွှီပေါ်ယာက သူတို့ကို အခြေ စိုက်စခန်းမှ ရုတ်တရက် ထွက်ခွာရန် ပြောလာသောကြောင့် အခြားသူများမှာ ရှုပ်ထွေးသွားပြီး သိချင် စိတ် ပြင်းပြသွားခဲ့လေသည်။

သူ၏ မိတ်ဆွေသည် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ပြောမည်မဟုတ်ကြောင်း ယုံကြည်ထားသ ဖြင့် ဟွာယန်ခွေက မေးလိုက်၏။

"လောင်ရွှီ၊ ရွှေ့ပြောင်းဖို့ အမိန့်ပေးရတဲ့ အကြောင်းရင်းက ဘာများလဲ..."

ဟွာယန်ခွေ မေးလိုက်သောအခါ ရွှီပေါ်ယာသည် မူရှီးချန်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သူ ၏ အကြည့်ကို သတိပြုမိသော မူရှီးချန်သည် သူ့ရှေ့ရှိ လက်ပ်တော့ပ် မျက်နှာပြင်ကို လူအုပ်စုဘက်သို့ လှည့်ပေးလိုက်ပြီး မနေ့က ဟိုင်ချန်ကမ်းခြေတွင် ဖြစ်ပွားခဲ့သော မိုးသက်မုန်တိုင်းနှင့် ဧရာမဆူနာမီတို့၏ မှတ်တမ်းဗီဒီယိုကို ပြန်လည် ဖွင့်ပြလိုက်လေ၏။

အခြားသူများမှာ မှတ်တမ်းဗီဒီယိုကို ထိတ်လန့်တကြား ကြည့်ရှုနေကြစဉ် ရွှီပေါ်ယာက ပြောလိုက်လေ သည်။

"ရှီးချန်၊ ခုနက အဘိုးကို ပြောပြခဲ့တာတွေကို ပြန်ပြောပြလိုက်ပါဦး..."

မူရှီးချန်က ခေါင်းငြိမ့်ပြကာ သူ၏ ရှင်းပြချက်များကို ပြန်လည် ပြောပြလိုက်သည်။ အခြားသူများသည် အာရုံစိုက်၍ နားထောင်နေကြပြီး နားထောင်လေလေ သူတို့၏ မျက်နှာသွင်ပြင်များမှာ ပို၍ လေးနက် တည်ကြည်လာခဲ့လေလေ ဖြစ်ချေ၏။

မူရှီးချန် စကားပြောပြီးသွားသောအခါ သူ၏ အဘိုးဖြစ်သူက မေးလိုက်လေသည်။

"ရှီးချန်၊ ပင်လယ်ရေက ကုန်းတွင်းပိုင်း ဘယ်လောက်အထိ ရောက်လာမလဲဆိုတာ တွက်ချက်ကြည့်လို့ ရမလား..."

မူရှီးချန်သည် သူ၏ လက်ပ်တော့ပ်ပေါ်တွင် အချိန်အနည်းငယ်ကြာ စာရိုက်နေပြီးနောက် ပြန်ဖြေလိုက် လေ၏။

"ပင်လယ်ရေက ဟိုင်ချန်မြို့ကနေ ကုန်းတွင်းပိုင်း ကီလိုမီတာ တစ်ရာ့ရှစ်ဆယ် အထိ မြေပြင်ကို နစ်မြုပ် သွားစေပါလိမ့်မယ်..."

သူ၏ စကားကြောင့် အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့လေသည်။ မူကျဲရှန်းသည် မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။

"လောင်ရွှီ၊ ငါတို့ ဘယ်သွားကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အစီအစဉ် ဆွဲပြီးပြီလား..."

ရွှီပေါ်ယာသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ငါတို့ ကျွင်းချန်မြို့ကို သွားကြမယ်၊ ငါ့ရဲ့ ဒုတိယသား အဲ့ဒီမှာရှိတယ်… ပြီးတော့ ကျွင်းချန် စစ်အခြေစိုက် စခန်းလည်း ရှိတယ်လေ..."

ထိုသို့ ပြောပြီးနောက် သူသည် မူရှီးချန်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"ရှီးချန်၊ ကျွင်းချန်မြို့ကို သွားဖို့ အလုံခြုံဆုံး လမ်းကြောင်းကို တွက်ချက်ပေးနိုင်မလား..."

မူရှီးချန်က ခေါင်းငြိမ့်ပြလိုက်ပြီး၊

"ကျွန်တော် အခုပဲ လုပ်လိုက်ပါ့မယ်..." ဟု ပြောလိုက်လေသည်။

မူရှီးချန်က ရွှေ့ပြောင်းမည့် လမ်းကြောင်းကို စီစဉ်နေစဉ် ရွှီပေါ်ယာသည် အခြားသူများကို ကြည့်ကာ ပြောလိုက်လေသည်။

"ငါတို့ အသက်ရှင်ကျန်ရစ်သူတွေကို အသိပေးပြီး ပစ္စည်းတွေ သိမ်းဆည်းဖို့ လိုတယ်၊ လေးနာရီအတွင်း ငါတို့ ကျွင်းချန်မြို့ကို ထွက်ခွာကြမယ်..."

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌရွှီ..."

အမိန့်ကို လက်ခံရရှိပြီးနောက် အကြီးတန်း အရာရှိများသည် ပြင်ဆင်မှုများ ပြုလုပ်ရန် ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့ကြလေသည်။

သူတို့ ထွက်သွားပြီးနောက် မူကျဲရှန်းက ပြောလိုက်လေ၏။

"လောင်ရွှီ၊ ကျွင်းချန် စစ်အခြေစိုက်စခန်းကို ချီဖန် တစ်ယောက်တည်းက အုပ်ချုပ်တာ မဟုတ်ဘဲ ကျွင်းချန် စစ်တပ်ရဲ့ ဒုတိယတပ်မတော်က တပ်မှူး တစ်ယောက်ကပါ အုပ်ချုပ်တယ်လို့ ငါ ကြားထား တယ်၊ ငါတို့ အဲ့ဒီကို ရောက်ရင် ဝင်ခွင့်ပြုမယ်ဆိုတာ သေချာရဲ့လား..."

သူ၏ ဒုတိယသားဖြစ်သူနှင့် အဆက်အသွယ် ရှိနေဆဲဖြစ်သော ရွှီပေါ်ယာသည် ဤကိစ္စကို သိရှိထားပြီး ဖြစ်လေသည်။ သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မြေးဖြစ်သူအား မေးလိုက်လေ၏။

"ရူဟန်၊ လက်ရှိ ငါတို့ဆီမှာ ထောက်ပံ့ရေး ပစ္စည်း ဘယ်လောက် ကျန်သေးလဲ..."

ရွှီရူဟန်က ပြန်ဖြေလိုက်လေသည်။

"လူတိုင်းကို တစ်နေ့ နှစ်နပ်နဲ့ ခြောက်လစာ ကျွေးမွေးဖို့ လုံလောက်ပါတယ်၊ ဂိုဒေါင်ထဲက ပစ္စည်းတွေအ ပြင်၊ နိုင်ငံတစ်ဝန်းမှာ ပြန့်ကျဲနေတဲ့ ဗုံးခိုကျင်းတွေထဲမှာလည်း အရန် သိမ်းဆည်းထားတာတွေ ရှိပါသေး တယ်..."

ဟိုင်ချန်မြို့တွင် အသက်ရှင်ကျန်ရစ်သူ တစ်သိန်းခွဲ၊ စစ်သည် အင်အား နှစ်သောင်းနှင့် အုပ်ချုပ်ရေး ဝန်ထမ်း ခုနစ်ထောင်ခန့် ရှိရာ စုစုပေါင်း လူဦးရေ တစ်သိန်းရှစ်သောင်း နီးပါး ရှိလေသည်။

ထိုမျှ များပြားလှသော လူဦးရေကို ရွှေ့ပြောင်းရန်နှင့် ကျွင်းချန် စစ်အခြေစိုက်စခန်းအတွင်း သွားရောက် ပူးပေါင်းရန်မှာ လွယ်ကူမည် မဟုတ်ပေ။ သို့သော်လည်း ထောက်ပံ့ရေး ပစ္စည်းများကို ဝင်ကြေးအဖြစ် ပေးအပ်ခြင်းက လုပ်ငန်းစဉ်ကို ပိုမို ချောမွေ့သွားစေနိုင်ပေသည်။

ထိုအကြောင်းကို သေချာစွာ စဉ်းစားပြီးနောက် ရွှီပေါ်ယာက ပြောလိုက်၏။

"ငါတို့ ကျွင်းချန် စစ်အခြေစိုက်စခန်းကို ဝင်ခွင့်မရရင်… စည်းမျဉ်းတွေအတိုင်း လိုက်နာပြီး ဝင်ကြေး ပေးရမယ်… အဲ့ဒါမှ အဆင်မပြေဘူးဆိုရင်တော့ ငါတို့ရဲ့ အခြေစိုက်စခန်းကို ပြန်လည် တည်ဆောက်နိုင် ပါသေးတယ်၊ လက်ရှိ သယံဇာတတွေနဲ့ဆိုရင် စိန်ခေါ်မှုတွေ ရှိလာနိုင်ပေမယ့်… မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."

သူ၏ စကားများကို နားထောင်ရင်း မူကျဲရှန်းနှင့် ဟွာယန်ခွေတို့သည် သဘောတူသည့် အနေဖြင့် ခေါင်း ငြိမ့်ပြလိုက်ကြလေသည်။ အဘိုးသုံးဦး၏ ဆုံးဖြတ်ချက်ကို သူတို့၏ မြေးများကလည်း အမိန့်အတိုင်း သာ လိုက်နာနိုင်ကြတော့သည်။

သူတို့ ရွှေ့ပြောင်းမည့် လမ်းကြောင်းအား ဆွေးနွေးနေကြစဉ် အခြေစိုက်စခန်းမှ တရားဝင် ကြေညာချက် တစ်ခု ထုတ်ပြန်လိုက်လေသည်။

"အသက်ရှင်ကျန်ရစ်သူ အားလုံးသို့... မနေ့က ဟိုင်ချန်ကမ်းခြေကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဧရာမ ဆူနာမီနဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် ပင်လယ်ရေမျက်နှာပြင်က အလျင်အမြန် မြင့်တက်လာနေပါ တယ်… ဟိုင်ချန်ကမ်းခြေက မနေ့ကတည်းက သမုဒ္ဒရာထဲ နစ်မြုပ်သွားခဲ့ပြီး ပင်လယ်ရေတွေက ကုန်း တွင်းပိုင်းကို ဆက်လက် ဝင်ရောက်လာနေပါတယ်..."

"ပင်လယ်ရေတွေက နာရီနှစ်ဆယ် မပြည့်ခင်မှာ ဟိုင်ချန် အခြေစိုက်စခန်းဆီ ရောက်ရှိလာပါလိမ့်မယ်၊ အကြီးတန်း အရာရှိတွေက ကျွင်းချန်မြို့ကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်ကြပါပြီ၊ ကျွန်တော်တို့နဲ့အတူ လိုက်ပါလိုသူတွေ အနေနဲ့ ပစ္စည်းတွေကို လွယ်လွယ်ကူကူ ထုပ်ပိုးပြီး လေးနာရီအတွင်း ထွက်ခွာဖို့ ပြင်ဆင်ထားကြပါ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးသန့် ထွက်ခွာလိုသူတွေ အနေနဲ့ကတော့ အစားအ သောက်နဲ့ ရေတွေကို ပင်မခန်းမကြီးမှာ သွားရောက် ထုတ်ယူနိုင်ပါတယ်..."

"ပင်မခန်းမကြီးကို သုံးနာရီအတွင်း ပိတ်သိမ်းမှာဖြစ်ပြီး ထုတ်ယူခွင့် လုပ်ငန်းစဉ်တွေ အားလုံး ပြီးဆုံးပါ လိမ့်မယ်၊ အဲ့ဒီအချိန် မတိုင်ခင် ထောက်ပံ့ရေး ပစ္စည်းတွေကို သေချာပေါက် သွားရောက် ထုတ်ယူကြပါ၊ အားလုံးပဲ ကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်၊ ကောင်းကင်ဘုံက ကျွန်တော်တို့ အားလုံးကို ကောင်းချီးပေးပါစေ..."

တရားဝင် ကြေညာချက်သည် အသံချဲ့စက်များမှတစ်ဆင့် အခြေစိုက်စခန်း တစ်ဝိုက်တွင် ပဲ့တင်ထပ် သွားသည်နှင့်တစ်ပြိုင်နက် အသက်ရှင်ကျန်ရစ်သူများကြားတွင် ထိတ်လန့်မှုများ ပျံ့နှံ့သွားခဲ့လေသည်။

အခြေစိုက်စခန်းတွင် အလုပ်လုပ်ကိုင်နေသူများသည် ရွှေ့ပြောင်းရေး အစီအစဉ်အတိုင်း လိုက်ပါရန် အလျင်အမြန် ဆုံးဖြတ်လိုက်ကြသော်လည်း၊ ရည်ရွယ်ချက်မဲ့စွာဖြင့် တစ်နေ့စာ တစ်နေ့ ရုန်းကန်နေထိုင် နေရသူများမှာမူ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြရှာတော့သည်။

အခြားနေရာများတွင် မိသားစုဝင်များ ရှိနေသည့် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများသည် သူတို့ ၏ ထောက်ပံ့ရေး ပစ္စည်းများကို ထုတ်ယူကာ မိသားစုများကို သွားရောက် ရှာဖွေရန် ဆုံးဖြတ်လိုက် ကြလေသည်။ သူတို့ကို ရှာတွေ့နိုင်ပါက အကောင်းဆုံးပင် ဖြစ်သည်။ သို့သော်လည်း အဆင်မပြေခဲ့ပါ က အခြား အခြေစိုက်စခန်း တစ်ခုခုကို ရှာဖွေ၍ ဆက်လက် နေထိုင်နိုင်ပေသည်။

တရားဝင် ကြေညာချက် ထုတ်ပြန်ပြီးနောက် ငါးမိနစ်အကြာတွင် ပင်မခန်းမကြီး၌ ထောက်ပံ့ရေး ပစ္စည်း များ လာရောက် ထုတ်ယူကြသော အသက်ရှင်ကျန်ရစ်သူများနှင့် ပြည့်နှက်နေခဲ့လေတော့သည်။ အချို့ သော အသက်ရှင်ကျန်ရစ်သူများမှာ ဤမြင်ကွင်းကို မြင်သောအခါ ရုတ်တရက် စိုးရိမ်ပူပန်လာ ခဲ့ကြလေ၏။

"မြန်မြန်လုပ်ပြီး ပစ္စည်းတွေ သိမ်းကြစမ်းပါ..."

"မြန်မြန်လုပ်ပါ၊ နောက်မကျခင် ပင်မခန်းမကြီးကနေ ထောက်ပံ့ရေး ပစ္စည်းတွေ သွားယူဖို့ လိုတယ်..."

ဟိုင်ချန် အခြေစိုက်စခန်းတွင် ဖရိုဖရဲ အခြေအနေများ ဖြစ်ပေါ်နေစဉ်၊ အဝေးတစ်နေရာရှိ ဖန်းချန်မြို့ တွင်မူ ကောက်ရှုဝေသည် ဟိုင်ချန်ကမ်းခြေကို ဝင်ရောက်တိုက်ခတ်ခဲ့သော ဧရာမဆူနာမီကြီး၏ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုနေခဲ့လေသည်။

ဗီဒီယို ပြီးဆုံးသွားသောအခါ သူ၏ မျက်နှာသွင်ပြင်မှာ မှုန်မှိုင်းသွားခဲ့၏။ ဘဲဥပုံ ဖန်စားပွဲကြီး၏ ပတ် ပတ်လည်တွင် သေတ္တာတော်မှ အကြီးတန်း အရာရှိများသည် စကားတစ်ခွန်းမျှ မဟရဲဘဲ တိတ်ဆိတ်စွာ ထိုင်နေလျက်ရှိကြလေသည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကောက်ရှုဝေသည် မျက်နှာပြင်ဆီမှ အခြားသူများထံသို့ အကြည့်လွှဲလိုက်ပြီး အမိန့်ပေးလိုက်လေသည်။

"မြေကမ္ဘာ ကျောက်ဖျာချပ်တွေ ရွေ့လျားမှုနဲ့ ပင်လယ်ရေမျက်နှာပြင် အခြေအနေကို ဆက်ပြီး စောင့် ကြည့်နေကြ၊ လေထုထဲမှာ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေကိုပါ သတိထား စောင့်ကြည့်ဖို့ မမေ့ ကြနဲ့..."

သဘာဝဘေးအန္တရာယ်များကို ခြေရာခံ စောင့်ကြည့်ရသည့် တာဝန်ခံ အရာရှိက အလျင်အမြန် ပြန်ဖြေ လိုက်၏။

"ဟုတ်ကဲ့ပါ ဆရာ..."

ထို့နောက် ကောက်ရှုဝေသည် အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးထံသို့ လှည့်ကာ မေးလိုက်လေသည်။

"တိရစ္ဆာန်တွေနဲ့ အပင်တွေမှာ ပိုစောပြီး မျိုးရိုးဗီဇပြောင်းလဲလာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တွေ့ရှိချက် တစ်ခုခု ရှိပြီလား..."

All Chapters