← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆)

သက်သေပြလေ

လူငယ်စစ်သည်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးသည် အသံထွက်ပေါ်လာရာ နေရာသို့ သတိ ကြီးစွာဖြင့် ချဉ်းကပ်သွားခဲ့ကြလေသည်။

အသံပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်သည်ကို ဝူလျန် မြင်တွေ့ခွင့်မရလိုက်ခင်မှာပင် သူ၏ နောက်စေ့၌ အေးစက်သော သတ္တုအထိအတွေ့တစ်ခုကို ခံစားလိုက်ရ၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

"မလှုပ်နဲ့၊ မဟုတ်ရင် ခေါင်းကို ပစ်ခွဲလိုက်မယ်..."

ထိုခြိမ်းခြောက်မှုကြောင့် ဝူလျန်မှာ အေးခဲသွားပြီး လက်နှစ်ဖက်ကို ဖြည်းညင်းစွာ လက်မြှောက်လိုက် လေသည်။ ဘေးသို့ အကဲခတ်ကြည့်လိုက်ရာ လူငယ်စစ်သည်၏ နောက်စေ့တွင်လည်း သေနတ်တစ် လက် ထောက်ထားခံရသည်ကို မြင်တွေ့လိုက်ရ၏။ မိမိ၏ ပေါ့ဆမှုအတွက် စိတ်ထဲမှ ကျိန်ဆဲရင်း ဝူလျန်၏ ရင်ထဲ၌ ဒေါသများ ပွက်ပွက်ဆူလာခဲ့လေတော့သည်။

သေနတ်ကို ကိုင်ဆောင်ထားသော ယောင်ရန်သည် စစ်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးကို အကဲခတ်ကြည့်ရှုရင်း မေးလိုက်လေသည်။

"ရှင်တို့က ဘယ်သူတွေလဲ၊ ဒီနေရာမှာ ဘာလာလုပ်ကြတာလဲ..."

ထိုမေးခွန်းများကို ကြားသောအခါ ဝူလျန်သည် မျက်မှောင်ကြုတ်သွားလေသည်။ ဤအေးစက်စက် အသံမှာ ရင်းနှီးနေသယောင် ရှိလှပေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက တွန့်ဆုတ်စွာဖြင့် မေးလိုက်၏။

"မိန်းကလေးယောင်လား..."

သူမ၏ နာမည်ကို ခေါ်လိုက်သံ ကြားသည်နှင့်တစ်ပြိုင်နက် ယောင်ရန်၏ မျက်ဝန်းများထဲတွင် လူသတ် ချင်သော အငွေ့အသက်များ လက်ဖြာသွားလေသည်။ ဝူလျန်သည် လူငယ်စစ်သည်နှင့်မတူဘဲ စစ်မြေ ပြင်၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ သူ၏ ကျောဘက်မှ ထွက်ပေါ်လာသော အေးစက်၍ သေစေနိုင်သည့် အရှိန်အဝါကို ရှင်းလင်းစွာ ခံစားမိလိုက်ပေသည်။

ရှင်သန်လိုသော ပင်ကိုယ်အသိစိတ်ကြောင့် သူက မိမိကိုယ်ကို အလျင်အမြန် မိတ်ဆက်လိုက်လေသည်။

"မိန်းကလေးယောင်၊ ကျုပ်က ဝူလျန်ပါ..."

သူ၏ နာမည်ကို ကြားလိုက်ရချိန်တွင် ယောင်ရန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ၏ လူသတ် ချင်သော အရှိန်အဝါများ ပျောက်ကွယ်သွားလေသည်။ သို့သော်လည်း သူမက သေနတ်များကို အောက် သို့ချမပေးဘဲ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။

"သက်သေပြလေ..."

သူမ၏ တောင်းဆိုမှုကြောင့် ဝူလျန်မှာ ဆွံ့အသွားရလေသည်။

*သက်သေပြရမယ်တဲ့လား၊ င့ါမျက်နှာကို သေချာကြည့်ဖို့အတွက် ငါ့ကို လှည့်ကြည့်ခွင့် ပေးသင့်တယ် မဟုတ်ဘူးလား…* ဟု သူ တွေးလိုက်မိလေသည်။

သူမက လုံယု၏ ချစ်သူဖြစ်နေသည်မှာလည်း အံ့သြစရာ မရှိတော့ပေ၊ သူတို့နှစ်ဦးစလုံးသည် တူညီ သော စရိုက်လက္ခဏာ ရှိကြပေသည်။

စိတ်ထဲမှ မြည်တွန်တောက်တီးနေသော်ငြားလည်း၊ မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြရန် နည်းလမ်းကို အပြင်းအထန် စဉ်းစားနေစဉ် ဝူလျန်သည် သူ၏ စိတ်ပျက်မှုကို အပြင်သို့ ထုတ်မပြရဲပေ။ အချိန်အနည်းငယ် အကြာတွင်မူ သူ၏ မျက်ဝန်းများ အရောင်လင်းလက်သွားခဲ့လေသည်။

အသံကို နှိမ့်ကာ သူက တိုးတိုးလေး ပြောလိုက်၏။

"မိန်းကလေးယောင်၊ ခင်ဗျားက ကျုပ်တို့ကို မြေသြဇာအရည်နဲ့ ဆေးဝါးတွေ ပေးခဲ့တဲ့သူလေ..."

ထိုစကားကို ကြားသောအခါ ယောင်ရန်သည် သူမ၏ သေနတ်များကို အောက်သို့ချလိုက်ပြီး ပြော လိုက်လေသည်။

"ဗိုလ်ကြီးဝူ… ကျွန်မရဲ့ ရိုင်းစိုင်းမှုအတွက် ခွင့်လွှတ်ပေးပါ..."

မိမိ၏ နောက်စေ့မှ အေးစက်သော သေနတ်ပြောင်းဝ ဖယ်ရှားသွားသည်ကို ခံစားလိုက်ရချိန်တွင် ဝူလျန်သည် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ အကယ်၍ လူငယ်စစ်သည်သာ ဘေး၌ မရှိနေ ပါက သူသည် စိတ်တည်ငြိမ်သွားစေရန် ရင်ဘတ်ကို ဖိလိုက်မိမည်သာ ဖြစ်၏။

နောက်သို့ လှည့်လိုက်ပြီးနောက် ဝူလျန်က ယောင်ရန်အား ပြုံးပြရင်း ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး၊ အပြင်ထွက်တဲ့အခါ သတိထားတာ မှန်ကန်ပါတယ်..."

ထို့နောက်တွင် သူက ယောင်ရန်၏ အနောက်ဘက်သို့ အကဲခတ်ကြည့်လိုက်သော်လည်း လုံယုကို မတွေ့ရပေ။ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ ဝူလျန်က မေးလိုက်၏။

"မိန်းကလေးယောင်၊ တစ်ယောက်တည်းလား၊ ဗိုလ်ကြီးလုံရော ဘယ်မှာလဲ..."

"သူက ကျွန်မတို့ရဲ့ သူငယ်ချင်းတွေကို သွားခေါ်တယ်..."

ယောင်ရန်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလေသည်။

သူမက ထပ်မံရှင်းပြလိုခြင်း မရှိသည်ကို သတိပြုမိသောကြောင့် ဝူလျန်သည် စကားလမ်းကြောင်းကို လိမ္မာပါးနပ်စွာ ပြောင်းလိုက်လေသည်။

"မိန်းကလေးယောင်၊ မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ..."

ယောင်ရန်သည် အနီးနားရှိ နှင်းကဲ့သို့ဖြူဖွေးနေသော ပြွန်ချောင်းများကို လက်ညှိုးထိုးပြရင်း ပြောလိုက် လေသည်။

"ကျွန်မ မျိုးရိုးဗီဇပြောင်း အပင်တွေကို စုဆောင်းနေတာပါ..."

ဝူလျန်သည် သူမ ညွှန်ပြသော နေရာသို့ အကြည့်ကို ရွှေ့လိုက်ရာ ရှည်လျားပြီး နှင်းကဲ့သို့ဖြူဖွေးနေသော ပြွန်ချောင်း အပုံလိုက်ကို တွေ့မြင်လိုက်ရ၏။ ပြွန်ချောင်းတစ်ခုစီ၏ ထိပ်တစ်ဖက်တွင် သေးငယ်သော အမြစ်မြောက်မြားစွာ ပါရှိပြီး အခြားတစ်ဖက်တွင်မူ အနီရောင် သစ်ရွက်အချို့ ပါရှိလေသည်။

သိချင်စိတ် ဖြစ်ပေါ်လာသဖြင့် ဝူလျန်က မေးလိုက်လေသည်။

"မိန်းကလေးယောင်၊ ဘာဖြစ်လို့ မျိုးရိုးဗီဇပြောင်း အပင်တွေကို စုဆောင်းနေတာလဲ..."

သေနတ်များကို သိမ်းဆည်းလိုက်ပြီးနောက် ယောင်ရန်သည် သူမ၏ အပင်တူးရာ နေရာသို့ ပြန်သွားကာ မြေကြီးပေါ်မှ သူမ၏ ပေါက်ပြားငယ်ကို ကောက်ယူလိုက်လေသည်။

သူမ တူးဆွခြင်းကို ပြန်လည်စတင်လိုက်ရင်း ပြန်ဖြေလေသည်။

"ဒါက ဟင်းသီးဟင်းရွက်တွေလို စားလို့ရတဲ့ မျိုးရိုးဗီဇပြောင်း အပင်တစ်မျိုးပါ၊ သူ့အရသာက ဝါးမျှစ်နဲ့ တူပြီး သူ့ရဲ့ အရွက်တွေကို ဆေးဝါးအဖြစ် အသုံးပြုလို့ ရတယ်၊ ဒါပေမယ့်လည်း သူ့ရဲ့ အမြစ်တွေက တော့ အရမ်းအဆိပ်ပြင်းလို့ ဂရုတစိုက်တော့ ကိုင်တွယ်ရတယ်..."

နှင်းကဲ့သို့ဖြူဖွေးနေသော ပြွန်ချောင်းများအကြောင်း ယောင်ရန်၏ ရှင်းပြချက်ကို နားထောင်ရင်း ဝူလျန် ၏ မျက်ဝန်းများ အရောင်လင်းလက်သွားလေသည်။ သူသည် ယောင်ရန်အနီးသို့ လျှောက်သွားကာ သူမ ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမက ဖြူဖွေးသော ပြွန်ချောင်းများကို ဂရုတစိုက် တူးဖော် နေသည်ကို စောင့်ကြည့်နေလိုက်လေ၏။

မြေကြီးထဲမှ နောက်ထပ် အပင်နှစ်ပင်ကို သူမ ဆွဲထုတ်လိုက်သည်ကို ကြည့်ရှုပြီးနောက် ဝူလျန်က မေး လိုက်လေသည်။

"မိန်းကလေးယောင်… ဒီမျိုးရိုးဗီဇပြောင်း အပင်ကို ဘယ်လိုစုဆောင်းပြီး ပြင်ဆင်ရမလဲဆိုတာ ကျွန်တော့်ကို သင်ပေးလို့ ရမလား..."

ယောင်ရန်သည် ဖြူဖွေးနေသော ပြွန်ချောင်းကို အခြားအရာများနှင့်အတူ ထားလိုက်ပြီး ခေါင်းငြိမ့်ပြ လိုက်လေသည်။

"ရပါတယ်..."

ထို့နောက် ယောင်ရန်သည် ဖြူဖွေးနေသော ပြွန်ချောင်းများကို မည်သို့ စုဆောင်းရမည်ကို ဝူလျန်အား ရှင်းပြကာ မည်သို့ လုပ်ဆောင်ရမည်ကိုပါ လက်တွေ့ပြသခဲ့လေသည်။

တစ်ချိန်တည်းမှာပင် လူငယ်စစ်သည်မှာ သူတို့၏ အနောက်ဘက်၌ ရှုပ်ထွေးနေသော မျက်နှာထားဖြင့် မတ်တပ်ရပ်နေခဲ့လေသည်။ သူက ခေါင်းကို ကုတ်ရင်း စဉ်းစားလိုက်လေ၏။

*ငါတို့က ဒီနေရာသို့ နယ်မြေကင်းထောက်ဖို့ ရောက်လာတာမဟုတ်ဘူးလား…. ဒီခရီးစဉ်က ဘယ်လို လုပ် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအဖြစ်ကို ပြောင်းလဲသွားရတာလဲ…*ဟု သူ တွေးနေမိလေသည်။

သူ အတွေးလွန်နေစဉ်မှာပင် ဝူလျန်က သူ့ကို အကဲခတ်ကြည့်လိုက်ကာ ပြောလိုက်လေသည်။

"အဲ့မှာရပ်ပြီး ဘာလုပ်နေတာလဲ… ဒီနေရာကိုလာပြီး မိန်းကလေးယောင်ဆီကနေ သင်ယူစမ်းပါ… အနာဂတ်မှာ မျိုးရိုးဗီဇပြောင်း အပင်တွေက ငါတို့ရဲ့ အစားအစာ ဖြစ်လာနိုင်တယ်… ဒါကြောင့် အဲဒါတွေ ကို ဘယ်လိုစုဆောင်းရမလဲဆိုတာ ငါတို့ သင်ထားဖို့ လိုတယ်..."

ဝူလျန်၏ စကားများကို ကြားသောအခါ အတွေးများထဲမှ ရုန်းထွက်လာကာ လူငယ်စစ်သည်သည် အလျင်အမြန် လျှောက်လာခဲ့လေသည်။ သူသည် ဝူလျန်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ယောင်ရန် သင်ကြားပေးသည်များကို သေချာစွာ နားထောင်နေလိုက်လေ၏။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။

"ဖြူဖွေးနေတဲ့ ပြွန်ချောင်းတွေကို စုဆောင်းတာနဲ့ အဆိပ်ကို ကိုင်တွယ်ဖြေရှင်းပုံတွေကတော့ ဒါအကုန် ပါပဲ၊ ချက်ပြုတ်ပြင်ဆင်ဖို့အတွက် ဝါးမျှစ်ခွာသလိုမျိုး ကြမ်းတမ်းတဲ့ အပြင်ခွံကို ခွာချလိုက်ပြီး ရေဆေး လိုက်ရုံပဲ၊ သူတို့ကို ကြော်စားရင် အရသာအရမ်းကောင်းသလို ဖက်ထုပ်တွေနဲ့ စွပ်ပြုတ်တွေထဲမှာလည်း ထည့်သုံးလို့ ရတယ်..."

အရာအားလုံးကို မှတ်သားထားလိုသော ဝူလျန်သည် ဆန်စေ့ကို ကောက်စားနေသော ကြက်ပေါက် လေးပမာ ခေါင်းကိုတဆတ်ဆတ် ငြိမ့်ပြနေခဲ့လေသည်။

အကယ်၍ သူသာ ဤမစ်ရှင်မှ အသက်ရှင်လျက် ပြန်လည်ရောက်ရှိပါက ဤအချက်အလက်များကို အခြေစိုက်စခန်းသို့ တင်ပြနိုင်မည်ဟု သူ စိတ်ထဲ၌ တွေးလိုက်မိလေသည်။

စားသုံးနိုင်သော အပင်သစ်များကို ရှာဖွေတွေ့ရှိခြင်းက အစားအစာ ရှားပါးမှုကို သက်သာစေနိုင်ပြီး ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးမှုများကို လျှော့ချပေးနိုင်မည် ဖြစ်၏။ အနာဂတ်တွင် သူတို့သည် မျိုးရိုးဗီဇပြောင်း အပင်များကို အစားအစာ အရင်းအမြစ်တစ်ခုအဖြစ် မှီခိုအားထားရပေလိမ့်မည်။

ယောင်ရန်သည် နောက်ဆုံးကျန်ရှိနေသော ရင့်ကျက်သည့် ဖြူဖွေးသော ပြွန်ချောင်းများကို ရိတ်သိမ်းပြီး စီးသွားချိန်တွင် ဝူလျန်၏ တစ်ကိုယ်လုံး၌ ဖုန်မှုန့်များနှင့် သွေးများ ပေကျံနေသည်ကို သတိပြုမိသွားခဲ့ လေသည်။ ထိုအရာက တောင်ပေါ်သို့ သူ ဘာကြောင့် ရောက်ရှိနေသနည်းဟု သူမ မမေးရသေးကြောင်း သတိရသွားစေခဲ့လေ၏။

သူမ၏ ကျောပိုးအိတ်ထဲမှ ကြိုးတစ်ခွေကို ထုတ်ယူလိုက်ကာ ယောင်ရန်သည် ဖြူဖွေးသော ပြွန်ချောင်း များကို စည်းနှောင်လိုက်ရင်း မေးလိုက်လေသည်။

"ဗိုလ်ကြီးဝူ… ရှင် ဒီနေရာကို ဘာလုပ်ဖို့ ရောက်နေတာလဲ..."

သူတို့ကို ကြိုးချည်ရာတွင် ကူညီပေးရင်း ဝူလျန်က ပြန်ဖြေလေသည်။

"ကျွင်းချန်မြို့မှာ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်တစ်ကောင် ရှိနေတယ်ဆိုတဲ့ သတင်းကို အခြေစိုက်စခန်း က ရရှိခဲ့လို့ အဲဒါကို နှိမ်နင်းဖို့ ကျွန်တော့်ကို တာဝန်ပေးလိုက်တာပါ..."

သိချင်စိတ် ဖြစ်ပေါ်လာသဖြင့် ယောင်ရန်က ထပ်မံ၍ မေးလိုက်လေသည်။

"ရှင့်ရဲ့ မစ်ရှင်က ပြီးဆုံးသွားပြီလား..."

ဝူလျန်က ခေါင်းခါပြရင်း ပြန်လည်ဖြေကြားလေသည်။

"မပြီးသေးပါဘူး၊ ကျွင်းချန်မြို့မှာရှိတဲ့ မျိုးရိုးဗီဇပြောင်း ကြွက်အရေအတွက်က ကျွန်တော်တို့ မျှော်လင့် ထားတာထက် အများကြီး ပိုများနေခဲ့တယ်..."

All Chapters