← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) ဝက်သတ်ခြင်းနှင့် စားနပ်ရိက္ခာရုံပိုင် ကျိုးတာ့ဖူ

"ကျိုးတာ့ဖူ..."

ဤစိမ်းသက်နေသော အမည်နာမကို ကြားလိုက်ရသည့်အခါ လီလန်က မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။

ဟန်ကျန်းတန်၏ တုံ့ပြန်မှုကို ကြည့်ရခြင်းအားဖြင့် ဤကျိုးတာ့ဖူဆိုသူမှာ အတော်အတန် အရေးပါသောသူတစ်ဦး ဖြစ်ပုံရသည်။

"ကျိုးတာ့ဖူ... ငါတို့မြို့နယ် စားနပ်ရိက္ခာရုံက ကျိုးတာ့ဖူလား..."

လီလန်တစ်ယောက် တွေးတောနေစဉ်မှာပင် ဘေးနားရှိ မာလောင်တထံမှ အာမေဍိတ်သံတစ်ချက် ထွက်ပေါ်လာလေသည်။

မာလောင်တမှာ အလွန်တရာ အံ့အားသင့်နေပုံရသည်။ သူသည် ဤကျိုးတာ့ဖူကို ရှင်းလင်းစွာ သိရှိနေပုံရ၏။

"လီလန် မင်းကတော့ တကယ့်ကို ကံကောင်းတာပဲ... ကျိုးတာ့ဖူရဲ့ သားကိုမှ ကယ်တင်နိုင်ခဲ့တယ်..."

မာလောင်တသည် လီလန်အား အားကျသည့်ဟန်ဖြင့် ပြောလိုက်သည်။

"မာလောင်တ... ရဲဘော်ကျိုးတာ့ဖူက ဘယ်သူမို့လို့လဲ..."

လီလန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"မင်းက ကျိုးတာ့ဖူကို မသိဘူးလား... သူက ငါတို့မြို့နယ် စားနပ်ရိက္ခာရုံရဲ့ ရုံပိုင်ကြီးပဲ... ဝက်သတ်တဲ့ကိစ္စတွေကို တာဝန်ယူရတဲ့သူပေါ့..."

မာလောင်တက လီလန်အား ရှင်းပြလိုက်သည်။

စားနပ်ရိက္ခာရုံဆိုသည်မှာ အခြားတစ်နည်းအားဖြင့် ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းများပင် ဖြစ်သည်။

သို့ရာတွင် စားနပ်ရိက္ခာရုံနှင့် ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းများအကြားတွင် ကွာခြားချက်အချို့တော့ ရှိပေသည်။

နေ့စဉ်သုံး ပစ္စည်းများအပြင် ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းသည် ဝက်သတ်သည့် လုပ်ငန်းကိုပါ လုပ်ကိုင်ကြလေသည်။

ဝက်သတ်သည့်လုပ်ငန်းဆိုသည်မှာ ဝက်များကို သတ်ဖြတ်၍ ဝက်သားရောင်းချခြင်းပင် ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အစိုးရသည် မူဝါဒကို ပြောင်းလဲခဲ့ပြီး ဝက်မွေးမြူရေးအတွက် ဌာနခွဲတစ်ခုတည်းစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ ယခင်က ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းမှ လုပ်ကိုင်ခဲ့သော ဝက်မွေးမြူရေးလုပ်ငန်းကို စီးပွားရေးဗျူရို လက်အောက်ရှိ စားသောက်ကုန်ကုမ္ပဏီထံသို့ လွှဲပြောင်းပေးခဲ့လေသည်။

ဤစားသောက်ကုန်ကုမ္ပဏီကို စားနပ်ရိက္ခာရုံဟုလည်း ခေါ်ဆိုကြသည်။

ဝက်မွေးမြူကြသော သာမန်ပြည်သူများအနေဖြင့် မိမိတို့ဘာသာ ပုဂ္ဂလိက ဝက်သတ်ခွင့်မရှိကြောင်း အစိုးရက မူဝါဒချမှတ်ထားပြီး စားနပ်ရိက္ခာရုံများကသာ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများကို တာဝန်ယူရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုခေတ်ကာလတွင် သာမန်ပြည်သူများ စီးပွားရေးလုပ်ကိုင်၍ ကုန်ပစ္စည်းများ ရောင်းချခြင်းမှာ တရားမဝင်သော မှောင်ခိုခေါင်းပုံဖြတ်ခြင်းဟု သတ်မှတ်ခံရသောကြောင့်ပင်။

သို့ဖြစ်၍ အသက်ရှင်နေသော ဝက်များကို သတ်ဖြတ်ရန်နှင့် အရှင်လတ်လတ် ကြက်ဘဲများ၊ ကြက်ဥများနှင့် အခြားသော အခြေခံမဟုတ်သည့် စားသောက်ကုန်များကို ဝယ်ယူရန် တာဝန်ယူရသော စားနပ်ရိက္ခာရုံများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။

ကျိုးတာ့ဖူသည် မြို့နယ်စားနပ်ရိက္ခာရုံ၏ ရုံပိုင်ကြီးဖြစ်သည်။ သူသည် အနီးနားရှိ ကျေးရွာအတော်များများမှ ဝက်၊ နွား၊ သိုး၊ ကြက်၊ ဘဲနှင့် ငန်းများကို သတ်ဖြတ်ခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့အတွက် တာဝန်ခံရသူ ဖြစ်သည်။

စားနပ်ရိက္ခာသည် ပြည်သူများအတွက် ပထမဆုံးသော လိုအပ်ချက်ဖြစ်ပြီး ယခုအခါတွင် အငတ်ဘေးဆိုက်နေချိန်လည်း ဖြစ်သည်။ ဝက်နှင့် သိုးများကို သတ်ဖြတ်ရန် တာဝန်ယူရသော စားနပ်ရိက္ခာရုံပိုင်တစ်ယောက်သည် သဘာဝကျစွာပင် ကျေးရွာအသီးသီးနှင့် ကွန်မြူနစ်အဖွဲ့များမှ တပ်ဖွဲ့ခေါင်းဆောင်များသာမက သာမန်ပြည်သူများ၏ မျက်နှာချိုသွေးမှုကိုပါ ခံရသူ ဖြစ်လာတော့သည်။

ဤနေရာတွင် ရှာဖွေနိုင်သော ငွေကြေးများစွာ ရှိနေပေသည်။

ရိက္ခာခွဲတမ်းဖြင့် စားသောက်ရသော ကာလများတွင် ဝက်သား၊ အထူးသဖြင့် အဆီပါသော ဝက်သားတုံးများမှာ အလွန်တရာ ရှားပါးလှသည်။ စားနပ်ရိက္ခာရုံမှ အသားဝယ်လက်မှတ်များကို ထုတ်ပေးလိုက်သည်နှင့် "ယနေ့ ဝက်သား ရပြီ" ဆိုသည့် သတင်းမှာ ချက်ချင်းပျံ့နှံ့သွားတတ်ပြီး နာရီဝက်အတွင်းမှာပင် အဝင်ဝ၌ လူအုပ်ကြီး တန်းစီနေတတ်ကြသည်။

အချို့သော ဖောက်သည်များဆိုလျှင် ဈေးခြင်းတောင်းကိုဆွဲကာ ခုံပုလေးတစ်လုံးကို ကိုင်ရင်း တံခါးဝတွင် နာရီပေါင်းများစွာ ထိုင်စောင့်နေတတ်ကြသော်လည်း ဝက်သားတစ်ဝက်ကျင်းမျှပင် ဝယ်မရနိုင်သည်များ ရှိလေသည်။

ဆီတဝေ့ဝေ့ဖြင့် ချက်ပြုတ်ထားသော ဝက်သုံးထပ်သားဟင်းမှာ ယခုခေတ်ကာလ၏ အလွန်တရာ ဇိမ်ကျလှသော ဟင်းလျာတစ်ခွက်ပင် ဖြစ်တော့သည်။

မာလောင်တ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လီလန်သည် ခေါင်းညိတ်လိုက်သည်။ စားနပ်ရိက္ခာရုံပိုင်တစ်ယောက်အနေဖြင့် ကျိုးတာ့ဖူသည် တစ်မြို့နယ်လုံး၏ အရှင်လတ်လတ် ဝက်များ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းကို ထိန်းချုပ်ထားသဖြင့် သူ၏ အဆင့်အတန်းနှင့် အာဏာမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။

သို့သော်လည်း လီလန်၏ မိသားစုမှာ ဝက်မွေးမြူထားခြင်း မရှိသောကြောင့် ဤကိစ္စမှာ သူနှင့် ဘာမျှသက်ဆိုင်ခြင်း မရှိပေ။

ထို့အပြင် လူများပင်လျှင် ငတ်မွတ်၍ သေလုမျောပါးဖြစ်နေပြီး စားစရာပင် မရှိသည့်အခြေအနေတွင် ဝက်များကို ကျွေးမွေးရန် အပိုအစာများ မည်သည့်နေရာမှ ရလာနိုင်မည် မဟုတ်ပေ။

အကယ်၍ ကျွေးမွေးမည်ဆိုလျှင်ပင် ဤခက်ခဲလှသော နေ့ရက်များ ကုန်ဆုံးသွားပြီး စပါးကျီထဲတွင် ရိက္ခာများ အလုံအလောက် ရှိလာမည့်အချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

ဤအချိန်တွင် မာလောင်တ၏ ချွေးမကြီးသည်လည်း ကလေးကို ရေချိုးပေးပြီးသွားပြီဖြစ်ရာ သန့်ရှင်းသော ပန်းပွင့်အဆင် အင်္ကျီလေးကို လဲလှယ်ပေးထားပြီး အလွန်လှပသော ကျားခေါင်းပုံဖိနပ်လေး တစ်ရံကို စီးပေးထားလေသည်။

"ဒီဖိနပ်လေးတွေက တကယ်ကို လှတာပဲ... မရီးရဲ့ လက်ရာက တော်တော်ပြောင်မြောက်တာပဲ..."

လီလန်သည် ကျားခေါင်းပုံဖိနပ်လေးများကို ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်တော့ပေ။

သူသည် ကလေးငယ်ကို လက်ထဲမှ လှမ်းယူ၍ ဂရုတစိုက် ပွေ့ချီထားလိုက်သည်။

ကလေးငယ်မှာ ရေချိုးပြီး နို့သောက်ထားရသဖြင့် အသားအရည်မှာ ပန်းသွေးရောင် သမ်းနေကာ အလွန်တရာ ကျန်းမာရေးကောင်းမွန်ပုံရသည်။

"ဒါက ကံဆိုးရာက ကံကောင်းလာတာပဲ... ကလေးရဲ့အမေက ဝံပုလွေတွေ စားတာခံလိုက်ရပေမယ့် ကလေးကတော့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့တယ်..."

မာလောင်တက အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

လအနည်းငယ်သာ ရှိသေးသော ကလေးငယ်တစ်ယောက် ဝံပုလွေဂူထဲတွင် ခြေတစ်ဖက် လက်တစ်ဖက်မျှ မဆုံးရှုံးဘဲ သုံးရက်သုံးညတိုင်တိုင် တစ်ယောက်တည်း နေထိုင်နိုင်ခဲ့ရုံသာမက အရှေ့မြောက်ပိုင်းဝံပုလွေများ၏ ကျွေးမွေးစောင့်ရှောက်မှုကြောင့် ပြည့်ဖြိုးကျန်းမာနေခဲ့လေသည်။

ဤသည်မှာ အလွန်တရာ အံ့မခန်း ကံကောင်းမှုတစ်ခုဟု ဆိုနိုင်ပြီး ကံဆိုးမသွားရာ ကံကောင်းလာခြင်းပင် ဖြစ်သည်။

"ရဲအရာရှိဟန်... ရုံပိုင်ကျိုးက လာနေပြီလား..."

လီလန်က ဟန်ကျန်းတန်ကို ကြည့်၍ မေးလိုက်သည်။

"ဟုတ်တယ်... မြို့နယ်ပြည်သူ့လုံခြုံရေးဗျူရိုက ရဲဘော်တွေနဲ့အတူ ငါ လာခဲ့တာ... ရွာကိုရောက်ဖို့ အချိန်နည်းနည်းတော့ ကြာဦးမယ်..."

ဟန်ကျန်းတန်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... ကျွန်တော့်အိမ်ကို ပြန်ပြီး စောင့်နေကြတာပေါ့..."

"ရဲအရာရှိဟန်... အဲဒီအမွှေးဖြူဝံပုလွေဘုရင်ရဲ့ သားရေကို ယူဖို့ ကျေးဇူးပြုပြီး ကူညီပေးပါဦး..."

ကလေးငယ်ကို ချီပိုးထားသော လီလန်နှင့် ဝံပုလွေဘုရင်၏ သားရေကို သယ်ဆောင်လာသော ဟန်ကျန်းတန်တို့သည် မာလောင်တအား နှုတ်ဆက်၍ ရွှမ်းရွှေရွာသို့ ပြန်လာခဲ့ကြလေသည်။

အိမ်သို့ရောက်သောအခါ ကလေးငယ်၏ ဇာစ်မြစ်ကို အဖေဖြစ်သူအား ရှင်းပြလိုက်ပြီးနောက် ကလေးကို ကန်းပေါ်သို့ ညင်သာစွာ ချသိပ်ထားလိုက်သည်။

သူ၏ အဖေဖြစ်သူ ဟင်းသွားချက်နေစဉ် လီလန်သည် ကန်းပေါ်တွင် ထိုင်၍ လက်ဖက်ရည်သောက်ရင်း ဟန်ကျန်းတန်နှင့် စကားစမြည် ပြောဆိုနေလေသည်။

နှစ်နာရီကျော်ခန့် စကားပြောဆိုပြီးနောက် အိမ်ဝိုင်းတံခါးဝ၏ အပြင်ဘက်မှ အသံကုန်ဟစ်၍ အော်ခေါ်နေသော လူတစ်ယောက်၏ အသံကို လီလန် ကြားလိုက်ရသည်။

"လူလေးတို့... ဒီအိမ်က အဖွဲ့ခေါင်းဆောင် လီလန်ရဲ့ အိမ်လားဗျ..."

"သူတို့ ရောက်လာကြပြီ..."

ဟန်ကျန်းတန်မှာ အလွန်တရာ ဝမ်းသာသွားပြီး ကန်းပေါ်မှ အမြန်ဆင်းကာ အပြင်ထွက်၍ ကြိုဆိုလိုက်သည်။

ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ လီလန်သည် အိမ်ဝိုင်းတံခါးဝ အပြင်ဘက်ရှိ လူနှစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်မှာ ဟန်ကျန်းတန်နှင့် ဆင်တူ ဝတ်ဆင်ထားပြီး အဖြူရောင် ဦးထုပ်နှင့် စစ်ယူနီဖောင်းကုတ်အင်္ကျီကို ဝတ်ဆင်ထားရာ မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦး ဖြစ်ပေသည်။

အခြားတစ်ယောက်မှာမူ အသားမည်းမည်းနှင့် ဝတုတ်တုတ်လူတစ်ယောက်ဖြစ်ပြီး မျက်နှာပေါ်တွင် အဆီများဖြင့် ပြည့်နှက်နေကာ ကြွက်သားများ ထွားကြိုင်းသဖြင့် အလွန်တရာ သန်မာပုံရသည်။

ဤသူမှာ စားနပ်ရိက္ခာရုံမှ ကျိုးတာ့ဖူပင် ဖြစ်ရပေမည်။

သူတို့နှစ်ဦးစလုံးမှာ စက်ဘီးများဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ဟန်ကျန်းတန်သည် တံခါးကိုဖွင့်၍ အဖြူရောင်ဦးထုပ် ဝတ်ဆင်ထားသော ရဲအရာရှိနှင့် စကားပြောနေစဉ် လူလတ်ပိုင်းအရွယ် ဝတုတ်တုတ်အမျိုးသားကြီးမှာမူ မိမိ၏စက်ဘီးကို နံရံတွင် ပေါ့ပေါ့ပါးပါး မှီထားလိုက်ပြီး ခြံဝင်းအတွင်းသို့ စိတ်မရှည်စွာဖြင့် ပြေးဝင်လာလေသည်။

"ကလေး ဘယ်မှာလဲ... ကလေးလေး ဘယ်မှာလဲ..."

အိမ်ထဲသို့ပင် မဝင်ရသေးခင် ဝတုတ်တုတ်အမျိုးသားကြီး၏ စိုးရိမ်တကြီး အသံမှာ ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားတော့သည်။

ထူထဲသော လိုက်ကာကြီးမှာ ရုတ်တရက် ပွင့်သွားပြီး ဝတုတ်တုတ်အမျိုးသားကြီးသည် ချွေးသံတရွဲရွဲဖြင့် ပြေးဝင်လာလေသည်။

"ကလေးလေး..."

"ကလေးက ကန်းပေါ်မှာပါ..."

လီလန်က သူ့အား သတိပေးလိုက်သည်။

ဤစကားကို ကြားလိုက်ရသည့်အခါ ဝတုတ်တုတ်အမျိုးသားကြီးသည် ကန်းဆီသို့ အမြန်လှမ်းကြည့်လိုက်ရာ ပန်းပွင့်အဆင် အင်္ကျီလေး ဝတ်ဆင်ထားသော ကလေးငယ် လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် ရူးသွပ်နေသူတစ်ယောက်ပမာ အလန့်တကြား ပြေးသွားတော့သည်။

ဝတုတ်တုတ်အမျိုးသားကြီးသည် ကန်းပေါ်မှ ကလေးငယ်ကို ဂရုတစိုက် ပွေ့ချီလိုက်ရာ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲလာပြီး အသံများ တုန်ယင်ကာ ရှိုက်ငင်လာတော့သည်။

"အဖေ မင်းကို နောက်ဆုံးတော့ ရှာတွေ့သွားပြီ..."

"အဖေ တောင်းပန်ပါတယ်... မင်းရဲ့အမေကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး..."

"အဖေ သူ့ကို မင်းနဲ့အတူ ရွာကို တစ်ယောက်တည်း မပြန်ခိုင်းသင့်ခဲ့ဘူး..."

"အဖေ တကယ့်ကို တောင်းပန်ပါတယ်ကွာ..."

ဝတုတ်တုတ်အမျိုးသားကြီးသည် ငိုကြွေးချလိုက်ပြီး သူ၏ ရှိုက်သံများထဲတွင် မိမိကိုယ်ကိုယ် အပြစ်တင်မှုများ၊ အပြစ်ရှိသလို ခံစားရမှုများနှင့် နောင်တတရားများ ပြည့်နှက်နေလေသည်။

ကျိုးတာ့ဖူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးအောက်တွင် အမည်းရောင် စက်ဝိုင်းများ ဖြစ်ပေါ်နေကာ မျက်နှာမှာ ဖြူရော်၍ ချိနဲ့နေသည်ကို လီလန် သတိပြုမိလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် သူ၏ ချစ်ဇနီးနှင့် ကလေးငယ်ကို လိုက်လံရှာဖွေရင်း ရူးသွပ်လုမတတ် ဖြစ်နေခဲ့သည်မှာ ထင်ရှားလှပေသည်။

သူသည် ဘေးနားတွင် ရပ်လျက် အမျိုးသားကြီး၏ မိမိကိုယ်ကိုယ် အပြစ်တင်နေသော စကားများကို နားထောင်ရင်း ရင်ထဲတွင် ဝမ်းနည်းမှုတစ်ချက်ကို ခံစားလိုက်ရသည်။

အမျိုးသားကြီး၏ စကားများအရ သူသည် အလုပ်များလွန်းသဖြင့် ဇနီးဖြစ်သူအား ကလေးကိုခေါ်၍ မိဘအိမ်သို့ တစ်ယောက်တည်း ပြန်ခိုင်းခဲ့ရကာ အိမ်အပြန်လမ်းတွင် ဤကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပုံရသည်။

"ဟူး..."

လီလန်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ထိုသားအဖနှစ်ယောက်အတွက် အလွန်တရာ စာနာသနားမိသွားလေသည်။

မိမိကိုယ်ကိုယ် အပြစ်တင်နေပြီး ခဏအကြာတွင် လူလတ်ပိုင်း ဝတုတ်တုတ်အမျိုးသားကြီးသည် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို အလျင်အမြန် သဘောပေါက်သွားတော့သည်။

သူသည် ကလေးကို ပွေ့ချီထားရင်း ဒူးထောက်ချလိုက်ကာ လီလန်အား အရိုအသေပေးလိုက်သည်။

"ကျွန်တော့်ရဲ့ သားလေးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်..."

"ဟိုင်ယန်အတွက် ကလဲ့စားချေပေးပြီး အဲဒီ လူသားစားသားရဲတွေကို သတ်ဖြတ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..."

"ကျေးဇူးရှင်ကြီး... တကယ့်ကို ကျေးဇူးတင်ပါတယ်... ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ..."

"ကျေးဇူးရှင်သာ မရှိခဲ့ရင် ကျွန်တော့်သားလေးက..."

ဒုန်း... ဒုန်း... ဒုန်း…

သူသည် သူ၏ခေါင်းဖြင့် ကြမ်းပြင်ကို သုံးချက်ဆက်တိုက် ဆောင့်ချလိုက်လေသည်။

"ရုံပိုင်ကျိုး... အမြန်ထပါ... ဝံပုလွေဂူထဲမှာ ခင်ဗျားရဲ့ သားလေးကို တွေ့ခဲ့တာက ကံကောင်းလို့ပါ..."

[ဒင်... ကျိုးတာ့ဖူ၏ နှစ်သက်ခြင်းအမှတ် +၁၀၀၀]

[ဒင်... ကျိုးတာ့ဖူ၏ နှစ်သက်ခြင်းအမှတ် +၁၀၀၀]

...

All Chapters