← Chapters

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း (၃၄၂) ဝမ့်ရှန်းလုံမှ လုပ်ကြံသတ်ဖြတ်သူများ စုံစမ်းရန် ရောက်ရှိလာခြင်း

"သခင်..."

သွေးနဂါးက ဆင်ခြေဖုံးရှိ တောင်တစ်တောင်ပေါ်သို့ ဆင်းသက်လာသော ကျောက်လင်ကို နှုတ်ဆက်လိုက်၏။

"ပြောစမ်း... ခရိုင်မြို့ထဲက ဝမ့်ရှန်းလုံရဲ့ အခြေဆိုက်စခန်းက ဘယ်နေရာမှာလဲ..."

ကျောက်လင်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

မိုးလင်းနေပြီ ဖြစ်သော်လည်း ကျောက်လင်မှာ အလျင်လိုနေ၏။ သူက တစ်နေကုန် စောင့်ဆိုင်းပြီးမှ ညဘက်တွင် ဝမ့်ရှန်းလုံ၏ အခြေဆိုက်စခန်းကို သွားရောက်စုံစမ်းခြင်းမျိုး မလုပ်ချင်ပေ။

ထို့ပြင် တစ်ညတည်းနှင့် အခြေဆိုက်စခန်း ငါးခုနှင့် လုပ်ကြံသတ်ဖြတ်သူများ၏ စခန်းများကို ဝင်ရောက်စီးနင်းခဲ့မှုက ဝမ့်ရှန်းလုံမှ အထက်လူကြီးများကို သတိပေးလိုက်သလို ဖြစ်သွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပတ်ဝန်းကျင်ရှိ ခရိုင်မြို့များသို့ ကျွမ်းကျင်သူများကို စေလွှတ်ကာ သူ လာရောက်မည့်အချိန်ကို စောင့်ဆိုင်းနေမည်ဟု ကျောက်လင်က ကြိုတင်ခံစားမိနေသည်။

"လရေကန်ဥယျာဉ်ပါ..."

သွေးနဂါးက တိုးတိုးလေး ပြန်ဖြေလိုက်၏။

ဤလရေကန်ဥယျာဉ်သည် ချန်တန်ခရိုင်၏ အလယ်ဗဟိုတွင် တည်ရှိပြီး ထိုနေရာတွင် လခြမ်းပုံသဏ္ဍာန်ရှိသော သဘာဝရေကန်တစ်ခု ရှိသည်။

လရေကန်ဥယျာဉ်သည် ဝမ့်ရှန်းလုံ၏ အခြေဆိုက်စခန်းဖြစ်ကြောင်းကို သွေးနဂါး၏ အမြင်အာရုံမှတစ်ဆင့် ကျောက်လင်က ကြိုတင်သိရှိထားပြီး ဖြစ်၏။

"လုပ်ကြံသတ်ဖြတ်သူတွေရဲ့ စခန်းကရော ဘယ်မှာလဲ..."

ကျောက်လင်က အပေါ်ယံသဘောမျိုးဖြင့် နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။

"ဆင်နှာမောင်းကမ်းခြေမှာပါ..."

သွေးနဂါးက အလျင်အမြန် ပြန်ဖြေလိုက်၏။

ကျောက်လင်က ခေါင်းညိတ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"အဲ့ဒီဆင်နှာမောင်းကမ်းခြေမှာ ငါ့ကို သွားစောင့်နေ... ငါ လရေကန်ဥယျာဉ်ကို အရင်သွားလိုက်ဦးမယ်..."

ထိုသို့ပြောပြီးနောက် ကျောက်လင်က ကောင်းကင်သို့ ပျံတက်သွားကာ ချန်တန်ခရိုင်၏ ကောင်းကင်ယံသို့ ရောက်ရှိသွား၏။

လေထဲမှကြည့်လျှင် လရေကန်ကို အလွယ်တကူ မြင်တွေ့နိုင်ပေသည်။

မကြာမီမှာပင် ကျောက်လင်သည် လရေကန်ဥယျာဉ်၏ အစွန်အဖျားရှိ သစ်တောအုပ်လေးတစ်ခုထဲသို့ ဆင်းသက်လိုက်၏။

"မိုးလင်းခါစပဲ ရှိသေးတာဆိုတော့ ဒီအခြေဆိုက်စခန်းက လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်က နိုးတောင်မနိုးလောက်သေးဘူး..."

ကျောက်လင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ချက်ချင်းပင် ကျောက်လင်က မြေကြီးကို သူ၏ လက်ဖြင့် ထိလိုက်၏။

မြေကြီး တစ်ကုဗမီတာခန့် ပျောက်ကွယ်သွားသည်။

ထို့နောက် ကျောက်လင်က လရေကန်ဥယျာဉ်ဆီသို့ တိုက်ရိုက်သွားနိုင်မည့် ဥမင်လှိုင်ခေါင်းတစ်ခုကို တူးဖော်လိုက်၏။

ကျောက်လင်၏ မီတာနှစ်ရာအထိ ရောက်ရှိသော စိတ်စွမ်းအားဖြင့် စူးစမ်းမှုကြောင့် လရေကန်ဥယျာဉ်၏ မြေအောက်ခန်းကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားပြီး ထိုနေရာတွင် လူတစ်ယောက် နေထိုင်လျက်ရှိသည်။

"ဝမ့်ရှန်းလုံ အခြေဆိုက်စခန်းရဲ့ တာဝန်ခံက တော်တော်လေးကို သတိကြီးတာပဲ... ညဘက်တွေမှာ သူက ဂိုဒေါင်ထဲမှာ အိပ်တာဆိုတော့ ဘယ်သူမှ ခိုးလို့မရနိုင်တော့ဘူးပေါ့..."

ကျောက်လင်က ဥမင်လှိုင်ခေါင်းထဲတွင် မီတာတစ်ရာခန့် အကွာမှ ရပ်နေရင်း မြေအောက်ခန်းထဲရှိ လုပ်ကြံသတ်ဖြတ်သူကို သူ၏ စိတ်စွမ်းအားဖြင့် အာရုံခံကာ တည်ငြိမ်စွာ သက်ပြင်းချလိုက်၏။

ဤအတိုင်း ဆက်စောင့်နေမည်ဆိုလျှင် ဤတာဝန်ခံက ဘယ်အချိန်မှ နိုးလာမည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

ကျောက်လင်တွင် ဤနေရာ၌ အချိန်ဖြုန်းနေရန် အချိန်မရှိပေ။

"ဖက်တီး... သွားပြီး အဲ့ဒီကောင်ကို အာရုံလွှဲလိုက်စမ်း..."

ကျောက်လင်က ရုတ်တရက် လှမ်းပြောလိုက်၏။

ချက်ချင်းပင် ကျောက်လင်၏ အသိစိတ်က ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းနှင့် ပေါင်းစပ်သွားပြီး သူ၏ စိတ်ထဲတွင် လွင့်မျောနေသော ကြွက်လေး၏ ပုံရိပ်ကို အာရုံစိုက်ကာ အမိန့်ပေးလိုက်သည်။

ကြွက်လေးက အရိပ်ထဲတွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်၏။ ကျောက်လင်၏ အမိန့်ကို လက်ခံရရှိပြီးနောက် ၎င်းသည် ကောင်းကင်ယံသို့ ချက်ချင်း ရောက်ရှိသွားကာ လရေကန်ဥယျာဉ်၏ အပေါ်သို့ ရောက်ရှိသွားသည်။

ကြွက်လေးက မြေပြင်ပေါ်သို့ပင် ဆင်းသက်ခြင်းမရှိဘဲ လေထဲတွင်သာ လွင့်မျောနေရင်း ပါးစပ်ကို ဟကာ အနက်ရောင် စက်လုံးတစ်ခုကို ထွေးထုတ်လိုက်၏။

၎င်းမှာ ဗုံးပင် ဖြစ်သည်။

ကြွက်လေးတွင် အတွင်းနေရာလံတ်ကမ္ဘာတစ်ခုရှိပြီး ပစ္စည်းများကို သိုလှောင်ရာတွင် အလွန်ပင် အဆင်ပြေစေသည်။

ဗုံးက ကောင်းကင်မှ ကျဆင်းလာကာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အသံမြည်ဟည်းသွား၏။

"အဲ့ဒါ ဘာကြီးလဲ..."

လရေကန်ဥယျာဉ်ထဲတွင် ဝမ့်ရှန်းလုံ၏ တာဝန်ခံအပြင် ကျောက်စိမ်းဗိမာန်နယ်ပယ်မှ လုပ်ကြံသတ်ဖြတ်သူတစ်ဦးလည်း ကင်းပုန်းဝပ်လျက် ရှိသည်။

ထိုလုပ်ကြံသတ်ဖြတ်သူက ကောင်းကင်မှ ကျဆင်းလာသော ဗုံးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လေထဲသို့ ပျံတက်သွားပြီး သူ၏ လက်ထဲရှိ ဓားရှည်ဖြင့် ရှေ့သို့ ထိုးစိုက်လိုက်၏။

ထိုဗုံးတွင် ဝိညာဉ်စွမ်းအင် လက္ခဏာ တစ်စုံတစ်ရာမှ မပြသသောကြောင့် လုပ်ကြံသတ်ဖြတ်သူက ၎င်းကို အထူးကျောက်တုံးတစ်တုံးအဖြစ်သာ သတ်မှတ်လိုက်သည်။

ဓားရှည်က ဗုံးဆီသို့ ရောက်ရှိသွားသည်နှင့် ထိုလုပ်ကြံသတ်ဖြတ်သူက ထိုကျောက်တုံးကို နှစ်ပိုင်းခွဲရန် ရည်ရွယ်ကာ သူ၏ ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်လိုက်၏။

“ဝုန်း…”

ဗုံးမှာ စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကြောင့် ချက်ချင်း ပေါက်ကွဲသွားသည်။

မရေမတွက်နိုင်သော ဗုံးစများ ထွက်ပေါ်လာပြီး အချို့မှာ လုပ်ကြံသတ်ဖြတ်သူအား ထိမှန်သွား၏။

ကံကောင်းထောက်မစွာဖြင့် ဤလုပ်ကြံသတ်ဖြတ်သူမှာ ကျောက်စိမ်းခန္ဓာနယ်ပယ်၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကြံ့ခိုင်သော ရုပ်ခန္ဓာရှိသည်။ ဗုံးစများက မည်မျှပင် အစွမ်းထက်နေပါစေ လုပ်ကြံသတ်ဖြတ်သူကို အန္တရာယ် မပေးနိုင်ခဲ့ပေ။

သို့သော်လည်း ဗုံးပေါက်ကွဲသံက ပတ်ဝန်းကျင်ရှိ နေထိုင်သူများ၏ အာရုံစိုက်မှုကို သဘာဝကျကျ ဆွဲဆောင်သွားခဲ့၏။

လရေကန်ဥယျာဉ် ပတ်ဝန်းကျင်မှာ ရုတ်တရက် ဆူညံသွားသည်။

မြေအောက်ခန်းထဲတွင် အိပ်ပျော်နေသော လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်မှာ ပေါင်းစည်းခြင်းနယ်ပယ်မှ ကောင်းကင်အဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်၏။ ဗုံးပေါက်ကွဲလိုက်သည့် အခိုက်အတန့်တွင်ပင် သူ နိုးလာခဲ့သည်။

ထို့ကြောင့် လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်က မြေအောက်ခန်းထဲမှ အလျင်အမြန် ထွက်ခွာလာပြီး လေထဲသို့ ပျံတက်သွား၏။

"မင်းတော့ အလိမ်ခံလိုက်ရပြီ..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။

ချက်ချင်းပင် ကျောက်လင်က မြေကြီးများကို အလျင်အမြန် သိမ်းဆည်းလိုက်ရာ ဥမင်လှိုင်ခေါင်းမှာ မကြာမီမှာပင် မြေအောက်ခန်းဆီသို့ ရောက်ရှိသွား၏။

ကျောက်လင်က မြေအောက်ခန်းထဲတွင် ခင်းကျင်းထားသော မှတ်တမ်းများနှင့် ငွေစက္ကူများကို တစ်ချက်မျှပင် မကြည့်တော့ပေ။ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဝိညာဉ်စွမ်းအင် မုန်တိုင်းတစ်ခုက ပစ္စည်းအားလုံးကို စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းသွားသည်။

လုပ်ကြံသတ်ဖြတ်သူများ၏ ခေါင်းဆောင်က လေထဲသို့ ရောက်ရှိလာပြီး ကျောက်စိမ်းနယ်ပယ်မှ လုပ်ကြံသတ်ဖြတ်သူ၏ ရှေ့တွင် ရပ်လိုက်၏။

"ဘာဖြစ်တာလဲ..."

လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်က တင်းမာသော အမူအရာဖြင့် လုပ်ကြံသတ်ဖြတ်သူကို ကြည့်လိုက်သည်။

"သခင်ကြီးလျို... ကျွန်တော်လည်း မသိဘူး..."

"ကောင်းကင်ပေါ်ကနေ အလုံးပုံစံ ကျောက်တုံးတစ်တုံး ကျလာလို့ လရေကန်ဥယျာဉ်ကို မထိအောင်လို့ ကျွန်တော် အဲ့ဒါကို ခွဲပစ်လိုက်တာ..."

"ကျွန်တော် နားမလည်တာက အဲ့ဒီကျောက်တုံးက ဘယ်လိုလုပ်ပြီး ပေါက်ကွဲသွားရတာလဲဆိုတာပဲ..."

လုပ်ကြံသတ်ဖြတ်သူက နားမလည်နိုင်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်က ရုတ်တရက် အော်ဟစ်လိုက်သည်။

"သေစမ်း..."

စကားပြောအပြီးတွင် လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်က ကျောက်တုံးကြီးတစ်တုံးကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မြေအောက်ခန်းဆီသို့ ချက်ချင်း ပြေးသွား၏။

သူ မြေအောက်ခန်းသို့ ရောက်ရှိသွားသောအခါ အတွင်းရှိ မှတ်တမ်းများနှင့် ငွေစက္ကူများအားလုံး ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။

ဥမင်လှိုင်ခေါင်းကို ပြန်လည်ဖုံးအုပ်ထားသော်လည်း မြေအောက်ခန်း၏ နံရံတစ်ဖက်တွင် သိသာထင်ရှားသော အရာများ ကျန်ရစ်နေဆဲ ဖြစ်၏။

"ကျစ်... ငါတို့ ဝမ့်ရှန်းလုံရဲ့ ရတနာတွေကို ဘယ်သူကများ ရဲရဲတင်းတင်း လာခိုးရဲတာလဲ..."

လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်၏။

ထို့နောက် လုပ်ကြံသတ်ဖြတ်သူများ၏ ခေါင်းဆောင်က ဓားရှည်ကို ကိုင်ဆောင်ကာ ပြန်လည်ဖုံးအုပ်ထားသော ဥမင်လှိုင်ခေါင်းကို အကြိမ်ကြိမ် ခုတ်ပိုင်းလိုက်ပြီး ပြန်လည်ဖွင့်ဟလိုက်သည်။

သူတို့က ရှေ့သို့ တည့်တည့် ပြေးသွားကြပြီး နောက်ဆုံးတွင် လုပ်ကြံသတ်ဖြတ်သူများ၏ ခေါင်းဆောင်က သစ်တောအုပ်ထဲရှိ မြေပြင်ပေါ်သို့ ထွက်ပေါ်လာ၏။

"ဘယ်ရောက်သွားတာလဲကွ..."

လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုပ်ကြံသတ်ဖြတ်သူများ၏ ခေါင်းဆောင်က လရေကန်ဥယျာဉ်ဆီသို့ ပြန်လည်ပျံသန်းတော့မည့် အချိန်မှာပင် ဝေဝါးသော ပုံရိပ်တစ်ခုက လေထဲမှ ပျံသန်းလာကာ သူ၏ ရှေ့တွင် ဆင်းသက်လိုက်၏။

"အာ့..."

"ရေဘုရင်..."

လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်က သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို မြင်လိုက်ရပြီးနောက် အလျင်အမြန် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

အသစ်ရောက်လာသူမှာ ဘုရင်အဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်၏။

ထိုသူမှာ သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

"မနေ့ညက ပတ်ဝန်းကျင် ခရိုင်ငါးခုမှာရှိတဲ့ အခြေဆိုက်စခန်းတွေနဲ့ လုပ်ကြံသတ်ဖြတ်သူတွေရဲ့ စခန်းတွေ အားလုံး ဒုက္ခတွေ့သွားခဲ့တာဆိုတော့ ငါတို့ ဝမ့်ရှန်းလုံကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေပြီဆိုတာကို ငါ သိလိုက်တယ်..."

"ငါ သံသယဝင်နေတဲ့အတိုင်းပဲ အဲ့ဒီအင်အားစုက ချန်တန်ခရိုင်ထဲကို ရောက်လာခဲ့ပြီ..."

"သူတို့က ချန်တန်ခရိုင်ထဲက အခြေဆိုက်စခန်းကို အခုလေးတင် ဝင်ရောက်စီးနင်းသွားတာဆိုတော့ နောက်ထပ် လုပ်ကြံသတ်ဖြတ်သူတွေရဲ့ စခန်းကို တိုက်ခိုက်လိမ့်မယ်လို့ ငါ ထင်တယ်…”

"ဆင်နှာမောင်းကမ်းခြေကို ငါနဲ့ လိုက်ခဲ့စမ်း..."

ရေဘုရင်က တည်ငြိမ်စွာ ပြောလိုက်၏။

စကားပြောအပြီးတွင် ရေဘုရင်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားသည်။ သူသည် ရေတစ်ပေါက်ကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားပုံရပြီး သူ၏ အမြန်နှုန်းမှာ ပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးထက် ဆယ်ဆကျော် ပိုမိုမြန်ဆန်လှ၏။

ထိုစကားများကို ကြားလိုက်ရသောအခါ လုပ်ကြံသတ်ဖြတ်သူများ၏ ခေါင်းဆောင်က တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး လရေကန်ဥယျာဉ်ဆီသို့ လေချွန်လိုက်ကာ ကျောက်စိမ်းနယ်ပယ်မှ လုပ်ကြံသတ်ဖြတ်သူကို လှမ်းခေါ်လိုက်သည်။

ထို့နောက် သူတို့နှစ်ဦးက ဆင်နှာမောင်းကမ်းခြေဆီသို့ အတူတကွ ဦးတည်သွားကြ၏။

လရေကန်ဥယျာဉ်မှ ထွက်ခွာလာပြီးနောက် ကျောက်လင်က လေထဲသို့ ပျံတက်သွားပြီး မောင်းသူမဲ့ယာဉ်ကို အမြင့်သို့ ပျံသန်းရန် ထိန်းချုပ်လိုက်သည်။

သုံးမိနစ်ပင် မပြည့်မီအချိန်အတွင် မောင်းသူမဲ့ယာဥ်ည် ၎င်း၏ အမြန်နှုန်းဖြင့် ဆင်နှာမောင်းကမ်းခြေ၏ အပေါ်သို့ ရောက်ရှိသွား၏။

ဤနေရာသည် မိုင်ဆယ်လီခန့် ရှည်လျားသော ငွေရောင်သဲမြစ်ကြမ်းပြင်တစ်ခုဖြစ်ပြီး မြစ်ကြမ်းပြင်၏ အလယ်ဗဟိုတွင် ရေသောက်နေသော ဆင်တစ်ကောင်ကဲ့သို့ ရှည်လျားသော နှာမောင်းတစ်ခုပါရှိသည့် ကျောက်တောင်တစ်တောင် ရှိသည်။

ထို့ကြောင့် ဤမြစ်ကမ်းစပ်ကို ဆင်နှာမောင်းကမ်းခြေဟု အမည်ပေးထားခြင်း ဖြစ်၏။

လုပ်ကြံသတ်ဖြတ်သူ၏ စခန်းမှာ ဆင်နှာမောင်းတောင်ပေါ်ရှိ ကျောက်ဂူတစ်ခုအတွင်း တည်ရှိသည်။

ကျောက်လင်၏ အမိန့်အတိုင်း သွေးနဂါးက ဆင်နှာမောင်းတောင်သို့ ရောက်ရှိလာပြီး တောင်ထွတ်ရှိ အက်ကွဲကြောင်းတစ်ခုထဲတွင် ပုန်းအောင်းနေကာ တောင်ပေါ်ရှိ လှုပ်ရှားမှုအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေ၏။

ထိုအခိုက်တွင် ကျောက်လင်က ကောင်းကင်မှ ဆင်းသက်လာပြီး သွေးနဂါး၏ ရှေ့သို့ တည့်တည့် ရောက်ရှိလာသည်။

All Chapters