အခန်း ၃၄၇
Vol. 35 Ch. 347
အခန်း (၃၄၇) နိုင်ငံ့စစ်ပွဲသတင်း၊ သွားကိုသွားရမည်
သူသည် စတုတ္ထအဆင့် ဝိညာဉ်ဆေးပင် အမျိုးအစား တစ်ရာ့ငါးဆယ့်ငါးမျိုးထဲမှ တစ်မျိုးလျှင် အပင်ငါးဆယ်စီ ဝယ်ယူလိုက်၏။
ပဉ္စမအဆင့် ဝိညာဉ်ဆေးပင် အမျိုးအစား ရှစ်ဆယ့်ခုနစ်မျိုးထဲမှ တစ်မျိုးလျှင် အပင်သုံးဆယ်စီ ဝယ်ယူလိုက်၏။
ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် အမျိုးအစား ခုနစ်ဆယ့်ရှစ်မျိုးထဲမှ တစ်မျိုးလျှင် ဆယ်ပင်စီ ဝယ်ယူလိုက်၏။
မူလက သန်းကိုးထောင်ကျော်ရှိသော စနစ်အမှတ်များအားလုံး ကုန်စင်သွားခဲ့သည်။
ယခုအခါ စနစ်အမှတ် တစ်သန်းပင် မပြည့်တော့ချေ။
တစ်ပင်လျှင် စနစ်အမှတ် သိန်းဂဏန်းမှ သန်းဂဏန်းအထိ တန်ဖိုးရှိသော ဤအဆင့်မြင့် ဝိညာဉ်ဆေးပင်များကို ဝယ်ယူလိုက်ခြင်းဖြင့် စုစုပေါင်း စနစ်အမှတ် သန်းကိုးထောင်ကျော်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ရ၏။
စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် ပျိုးပင်ပေါင်း တစ်သောင်းတစ်ထောင်တိတိ ရှိနေသည်။
ထိုပမာဏသည် ဝိညာဉ်စိုက်ခင်း ဧကတစ်ထောင်နီးပါးကို ပြည့်သွားစေရန် လုံလောက်ပေသည်။
ချက်ချင်းပင် ကျောက်လင်သည် အမှတ်(၃)ဂူထဲသို့ ဝင်သွားကာ ဆေးဖက်ဝင်အပင် မျိုးစေ့များအားလုံးကို ဂူခန်းထဲတွင် ချထားလိုက်၏။
ကျောက်လင်သည် ပိုင်ဝမ်ချင်းထံ ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းမှတစ်ဆင့် ဆက်သွယ်ကာ ဤဝိညာဉ်ဆေးပင်မျိုးစေ့များကို ဂူထဲမှလာယူပြီး ချီလျန်တောင်တန်းတွင် စိုက်ပျိုးရန် အကြောင်းကြားလိုက်သည်။
"အခု ငါ့ဆီမှာ ငွေစက္ကူ ကိုးသိန်းပဲ ရှိတော့တယ်... အဲ့တာတွေအားလုံးကို တာ့ချန်ငွေလဲဌာနမှာ ငွေသားသွားလဲပြီး စနစ်အမှတ်တွေအဖြစ် ပြောင်းလိုက်ရင်တောင် စနစ်အမှတ် သန်းကိုးရာပဲရမှာ…"
"ဒီအမှတ် သန်းကိုးရာနဲ့က အလုပ်ရုံ နည်းနည်းအတွက်ပဲ ထုတ်လုပ်ရေးလိုင်း စက်ပစ္စည်းတွေ ဝယ်လို့ရမှာ..."
"စနစ်အမှတ်တွေက လိုအပ်ချက်နဲ့ အများကြီး ဝေးကွာနေသေးတယ်..."
ထိုအခိုက်တွင် ကျောက်လင်သည် ထင်းရှူးနက်တောင်၏ မြေရိုင်းတောင်ကုန်းပေါ်တွင် ရပ်ရင်း သက်ပြင်းချလိုက်၏။
လက်ရှိတွင် သူ၏ နယ်မြေအတွင်းရှိ စီးပွားရေးလုပ်ငန်းများထဲမှ လက်ဝတ်ရတနာအလုပ်ရုံတစ်ခုသာလျှင် လစဉ် ငွေသားအမြောက်အမြား ရှာဖွေပေးနိုင်စွမ်း ရှိသည်။ အခြားအလုပ်ရုံများသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ကာစ သို့မဟုတ် တည်ဆောက်ဆဲသာဖြစ်ပြီး မည်သည့် အကျိုးအမြတ်မှ ပြန်မရသေးချေ။
ထို့ကြောင့် ကျောက်လင်သည် ငွေသားအများအပြားရရှိရန် မိမိနယ်မြေရှိ အလုပ်ရုံများကို မှီခိုနေ၍ မရနိုင်ပေ။
ဝမ့်ရှန်းလုံထံမှ ငွေစက္ကူများကို လုယူရန်ကိစ္စနှင့် ပတ်သက်၍မူ စီရင်စုခြောက်ခုရှိ လုပ်ကြံသတ်ဖြတ်သူများ၏ အခြေစိုက်စခန်းများကို ဖျက်ဆီးပြီးနောက် ဝမ့်ရှန်းလုံသည် ကွမ်းနန်စီရင်စု တစ်ခုလုံးရှိ ၎င်းတို့၏ လုပ်ကြံသတ်ဖြတ်ရေး မစ်ရှင်များကို ရပ်တန့်သွားဖွယ်ရှိကြောင်း ကျောက်လင်က ကြိုတင်ခံစားမိနေသည်။
တနည်းအားဖြင့်ဆိုသော် ဝမ့်ရှန်းလုံထံမှ ငွေစက္ကူများကို ဓားပြတိုက်ရန် အခွင့်အလမ်းမှာ သိပ်မများလှတော့ချေ။
"ကောင်းဖန်တိုင်းပြည်ကို သွားကိုသွားရမယ်..."
ကျောက်လင်က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ ငွေစက္ကူများကို အသေးအဖွဲ လုယက်နေရုံဖြင့် မလုံလောက်ပေ။ ကျောက်လင်၏ အလုပ်ရုံ နှစ်ထောင်ကျော်သည် သေချာပေါက် ဧရာမ ငွေတွင်းကျယ်ကြီးတစ်ခု ဖြစ်နေသည်။
နိုင်ငံတော်၏ ဘေးဒုက္ခများမှ အကျိုးအမြတ်ရယူကာ အသက်မွေးဝမ်းကျောင်းပြုခြင်းဖြင့်သာ သူ ရပ်တည်နိုင်ပေမည်။
မဟာချင်မင်းဆက်သည် ကောင်းဖန်တိုင်းပြည်နှင့် စစ်ပွဲကြီးတစ်ခု ဆင်နွှဲတော့မည်ဖြစ်ရာ ကျောက်လင်အနေဖြင့် ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်လွတ်မခံနိုင်ဘဲ အရယူရပေမည်။
ကျောက်လင် ဤအကြောင်းကို စဉ်းစားနေစဉ်မှာပင် မင်ချွမ်မြို့မှ ထင်းရှူးနက်ကျေးရွာသို့ ဘိလပ်မြေလမ်းမကြီးတစ်လျှောက် မြင်းကောင်းတစ်ကောင် ဒုန်းစိုင်းပြေးလာ၏။
မကြာမီတွင် ထိုမြင်းသည် တဲအမိုးကြီးအောက်ရှိ ရင်ပြင်တွင် ရပ်တန့်သွားသည်။
ယွီရွှေတပ်စခန်း တပ်မှူး ရှန့်ယွင်ချွမ်းသည် မြင်းပေါ်မှ ခုန်ဆင်းလာပြီး ဒုက္ခသည်တစ်ဦးကို ချက်ချင်းဖမ်းဆွဲကာ ကျောက်လင်
နေထိုင်ရာကို မေးမြန်းလိုက်၏။
ထို့နောက် ချက်ချင်းပင် ဒုက္ခသည်တစ်ဦးက ရှန့်ယွင်ချွမ်းကို နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်အောက်ရှိ နေရာသို့ ခေါ်ဆောင်သွားသည်။
ထင်းရှူးနက်တောင်ပေါ်တွင် ရှိနေသော ကျောက်လင်သည် သူ၏ လင်းယုန်မျက်လုံးများဖြင့် ရှန့်ယွင်ချွမ်း၏ ပုံရိပ်ကို အသေအချာ ကြည့်လိုက်၏။
"ဒါက... ယွီရွှေတပ်စခန်းက နောက်ထပ် စစ်ရေးလှုပ်ရှားမှုတစ်ခု ထပ်လုပ်ဖို့ စီစဉ်နေတာများလား..."
ကျောက်လင်က သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်ပြီးနောက် ရှန့်ယွင်ချွမ်း၏ ဘေးသို့ ချက်ချင်း ပျံသန်းဆင်းသက်လာသည်။
"တပ်မှူး... ဘာလို့ တစ်ယောက်တည်း လာခဲ့တာလဲ..."
ကျောက်လင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
ရှန့်ယွင်ချွမ်း၏ အဆင့်အတန်းအရ သူသည် ကျောက်လင်ထံ အကြောင်းကြားရန် မည်သည့်စစ်သားကိုမဆို အလွယ်တကူ စေလွှတ်နိုင်ပေသည်။
ယခု ရှန့်ယွင်ချွမ်း ကိုယ်တိုင်ရောက်လာခြင်းဖြစ်ရာ သူနှင့် ဆွေးနွေးရန် အရေးကြီးသောကိစ္စ တစ်ခုခုရှိရမည်ဟု ကျောက်လင် သဘောပေါက်သွားသည်။
"ကျောက်လင်... ငါ မင်းကို လာတွေ့တာ... မင်းကို ကိုယ်တိုင်ပြောပြစရာ အရေးကြီးတဲ့ သတင်းတစ်ခုရှိလို့..."
ရှန့်ယွင်ချွမ်းက ကျောက်လင်၏ အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ၏ စိတ်စွမ်းအားက ကျောက်လင်၏ အစစ်အမှန် ကျင့်ကြံမှုအဆင့်ကို မထောက်လှမ်းနိုင်ကြောင်း သိလိုက်ရသောအခါ အံ့သြသွား၏။
ကျောက်လင်သည် သူ၏ကိုယ်တိုင်ထက် များစွာပို၍ အင်အားကြီးမားနေကြောင်း ရှန့်ယွင်ချွမ်းက ချက်ချင်း သဘောပေါက်လိုက်သည်။
ဤမျှတိုတောင်းသော အချိန်ကာလအတွင်း ကျောက်လင်သည် သာမန်နယ်ခြားစောင့်တပ်သား တစ်ဦးဘဝမှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"အိုး... တပ်မှူး... အရင်ထိုင်ကြတာပေါ့... ဖြည်းဖြည်းချင်းပြောပါ..."
ကျောက်လင်က သူ၏ ညာဘက်လက်ကိုဖြန့်ကာ ရှန့်ယွင်ချွမ်းကို ကျောက်တုံးစားပွဲဝိုင်းတွင် ထိုင်ရန် ခေါ်ဆောင်သွား၏။
"ကျောက်လင်... မင်းလည်း သတင်းတချို့ သိထားလောက်မှာပါ... မဟာလီမင်းဆက် ပြိုကွဲသွားပြီးနောက်ပိုင်း မင်းသားသုံးပါးက စစ်တပ်တွေကို ကိုယ်စီဦးဆောင်ပြီး မတူညီတဲ့ တိုင်းပြည်သုံးခုဆီ ထွက်ပြေးသွားကြတယ်လေ..."
"ဒုတိယမင်းသားက အနောက်ပိုင်းဒေသစစ်တပ်ကို ဦးဆောင်ပြီး ကောင်းဖန်တိုင်းပြည်ဆီကို ထွက်ပြေးသွားခဲ့တာ..."
"ငါတို့ မဟာချင်မင်းဆက်ကို တည်ထောင်ပြီးနောက်ပိုင်း ဧကရာဇ်မင်းမြတ်က ကောင်းဖန်တိုင်းပြည်ဆီကို စာတစ်စောင်ပို့ပြီး အနောက်ပိုင်းဒေသစစ်တပ်ကို သူတို့နယ်မြေထဲကနေ နှင်ထုတ်ဖို့ အမိန့်ပေးခဲ့တယ်... အဲ့ဒီအခါကျရင် မဟာချင်စစ်တပ်က အနောက်ပိုင်းဒေသတပ်ဖွဲ့ဝင် အားလုံးကို သတ်ဖြတ်နိုင်မှာပေါ့..."
"ဒါပေမဲ့ ကောင်းဖန်တိုင်းပြည်က အနောက်ပိုင်းဒေသစစ်တပ်နဲ့ ပူးပေါင်းပြီး ရှီးလန်စီရင်စုကို ကျူးကျော်ဝင်ရောက်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး... ပြီးတော့ တစ်ဟုန်ထိုးနဲ့ပဲ အဲ့ဒီနယ်မြေရဲ့ ထက်ဝက်ကို သိမ်းပိုက်လိုက်ကြတယ်လေ..."
"ဧကရာဇ်မင်းမြတ်က အရမ်းကို ဒေါသထွက်သွားခဲ့တယ်... မင်းဆက်က အသစ်တည်ထောင်ခါစဖြစ်ပြီး အင်အားပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတာကိုတောင် လျစ်လျူရှုပြီး ရှီးလန်စီရင်စုဆီကို စစ်သည်အင်အား တစ်သိန်းကို ရဲရဲဝံ့ဝံ့ စေလွှတ်လိုက်တာ... အဲ့ဒီမှာရှိတဲ့ ကောင်းဖန်စစ်တပ်နဲ့ အနောက်ပိုင်းဒေသစစ်တပ်ကို အမြစ်ဖြတ် ချေမှုန်းဖို့လေ..."
"ဒါပေမဲ့ ရှေ့တန်းကနေ ကြားရတဲ့ သတင်းတွေအရ အင်အားတစ်သိန်းရှိတဲ့ မဟာချင်စစ်တပ်က တိုက်ခိုက်မှုမှာ အရေးနိမ့်ခဲ့ပြီး စစ်သားနှစ်သောင်းလောက် ဆုံးရှုံးခဲ့ရတယ်တဲ့... အဲ့ဒီနောက် သူတို့က နေရာယူထားပြီး ဆက်မတိုက်တော့တဲ့အတွက် နှစ်ဖက်စလုံး အခြေအနေ တင်းမာနေကြတယ်..."
"ဧကရာဇ်မင်းမြတ်က တစ်နိုင်ငံလုံးကို စစ်သည်စုဆောင်းရေးအမိန့် ထုတ်ပြန်လိုက်ပြီ... လွတ်လပ်သော ကျင့်ကြံသူတွေ၊ နယ်ခြားစောင့်တပ်သားတွေ၊ လှည့်လည်သွားလာနေတဲ့ သိုင်းသမားတွေနဲ့ တခြားစစ်ရေးအင်အားစုတွေ အားလုံးက နိုင်ငံ့စစ်ပွဲမှာ ပါဝင်ဖို့ ရှီးလန်စီရင်စုဆီ ကိုယ့်သဘောနဲ့ကိုယ် သွားနိုင်တယ်တဲ့..."
"မင်းက သုံးရာ့သတ်သမား တစ်ယောက်ဖြစ်နေပြီလေ... မင်း ကျောက်လင်က အစွမ်းထက်ပြီး နာမည်ဂုဏ်သတင်း ကြီးမားလာဖို့ စိတ်အားထက်သန်နေမှန်း ငါ သိတယ်... သတင်းရရချင်း ငါ မင်းကို လာပြောပြတာပဲ..."
ရှန့်ယွင်ချွမ်းက ဖြည်းညင်းစွာနှင့် သေချာစဉ်းစားလျက် ပြောလိုက်၏။
သူက လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
ယင်းကို ကြားလိုက်ရသောအခါ ကျောက်လင်သည် ဤစစ်ပွဲ၏ အကြောင်းရင်းနှင့် အကျိုးဆက်ကို နောက်ဆုံးတွင် နားလည်သွား၏။
ယွမ်ကော်ကော်ထံမှ သတင်းကို ကြားပြီးနောက် ကျောက်လင်သည် မူလက ကောင်းဖန်တိုင်းပြည်သို့ သူ့ဘာသာ လျှို့ဝှက်စွာသွားရောက်ပြီး စစ်ပွဲအတွင်း ပရမ်းပတာဖြစ်မှုများကို အခွင့်ကောင်းယူရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ မဟာချင်မင်းဆက်၏ ဧကရာဇ်မင်းမြတ်မှ ထုတ်ပြန်သော တပ်ဖွဲ့များ စုဆောင်းရန် အမိန့်ကြောင့် ကျောက်လင်သည် နယ်ခြားစောင့်တပ်သားတစ်ဦးအနေဖြင့် စစ်ပွဲတွင် ပွင့်ပွင့်လင်းလင်း ပါဝင်နိုင်ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှန့်ယွင်ချွမ်းသည် ယခင်တစ်ခေါက်က သူ့အား ရွှေခန္ဓာနယ်ပယ်၏ အထွတ်အထိပ်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သော ဝိညာဉ်သစ်သီးကို ပေးခဲ့သည့် ကျောက်လင်၏ အကူအညီအတွက် ကျေးဇူးတင်နေကြောင်းကိုလည်း ကျောက်လင် ခံစားမိလိုက်သည်။ ထို့ကြောင့်ပင် သူက သတင်းရသည်နှင့် တစ်ပြိုင်နက် ကျောက်လင်ထံ ကိုယ်တိုင်လာရောက် ပြောပြခဲ့ခြင်း ဖြစ်သည်။
"တပ်မှူး... ကျွန်တော် ရှီးလန်စီရင်စုကို သွားမယ်..."
ကျောက်လင်က ချက်ချင်းပင် အတည်ပြုသော အဖြေတစ်ခုကို ပေးလိုက်၏။
ရှန့်ယွင်ချွမ်းက ကျောက်လင်ကို ဝမ်းမြောက်ဝမ်းသာ ကြည့်လိုက်သည်။ သူသည် ကျောက်လင်အပေါ် တကယ်ကို အထင်ကြီးလေးစားပြီး ကျောက်လင်အနေဖြင့် ဤစစ်ပွဲကို အခွင့်ကောင်းယူကာ သူ၏ ကိုယ်ပိုင် စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်များကို ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်မိ၏။
တစ်ချိန်တည်းမှာပင် ကျောက်လင်သည် သူ၏ ဝတ်ရုံထဲသို့ ညာဘက်လက်ကို နှိုက်ကာ သစ်သားသေတ္တာ တစ်လုံးကို ထုတ်ယူလိုက်သည်။
"တပ်မှူး... ခင်ဗျားက အခု ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရောက်နေပြီလေ... ဒီမှာ ကျွန်တောိ ဝိညာဉ်သစ်သီးတစ်လုံး ရထားလို့... အဲ့တာကို ယူပြီး စားလိုက်ပါ..."
"ခင်ဗျားလည်း ကျောက်စိမ်းဗိမာန်နယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
ရှန့်ယွင်ချွမ်း၏ စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်များအရ သူသည် စစ်တပ်၏ ရတနာတိုက်မှ ပဉ္စမအဆင့် သိုင်းပညာကျင့်စဉ်တစ်ခုကို လဲလှယ်ထားပြီး ဖြစ်သင့်ပေသည်။
ကျောက်လင်က လင်းလုံသစ်သီးကို ပေးလိုက်ခြင်းသာ ဖြစ်သည်။ ရှန့်ယွင်ချွမ်းက ၎င်းကို မျိုချလိုက်သရွေ့ ကျောက်စိမ်းဗိမာန်နယ်ပယ်သို့ အလွယ်တကူ ချိုးဖြတ်ဝင်ရောက်နိုင်မည် ဖြစ်၏။
ယခင်က ကျားရဲစစ်တပ်၏ ဗိုလ်ချုပ်တစ်ဦးအနေဖြင့် ရှန့်ယွင်ချွမ်းသည် သူ၏ စစ်သားများအပေါ် အလွန် ဂရုစိုက်ခဲ့သည်။ နောက်ပိုင်းတွင် ရှရွှယ်ချန်တောင်ရှိ ဓားပြနှိမ်နင်းရေး စစ်ဆင်ရေးအတွင်း သူသည် ကျောက်လင်ကို အတော်လေး ယုံကြည်ခဲ့၏။ ထို့ကြောင့် ကျောက်လင်က ရှန့်ယွင်ချွမ်းကို အလွန် လေးစားခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း ရှန့်ယွင်ချွမ်းက သူ့ကို အမှန်တကယ် ကူညီချင်ပြီး သူ၏ ကိုယ်ပိုင် စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်များကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ မြှင့်တင်ပေးချင်နေကြောင်း ကျောက်လင် ခံစားမိလိုက်သည်။
ထို့ကြောင့် ကျောက်လင်သည် တန်ဖိုးဖြတ်မရသော လင်းလုံသစ်သီးကို ရှန့်ယွင်ချွမ်းအား ပေးရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။
"ဟင်..."
ရှန့်ယွင်ချွမ်းက ကျောက်လင်ကို အံ့သြတကြီး စိုက်ကြည့်လိုက်၏။ သူသည် ကျောက်လင်ထံမှ ဝိညာဉ်သစ်သီးတစ်လုံး ရလိမ့်မည်ဟု တကယ့်ကို မျှော်လင့်မထားခဲ့ပေ။
ထို့အပြင် ကျောက်လင်၏ စကားများအရ ဤဝိညာဉ်သစ်သီးသည် အနည်းဆုံး ပဉ္စမအဆင့် ဝိညာဉ်သစ်သီးတစ်ခုဖြစ်ပြီး သူ့အား ကျောက်စိမ်းဗိမာန်နယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်ကြောင်းကိုလည်း ရှန့်ယွင်ချွမ်း သဘောပေါက်သွားသည်။
"တပ်မှူး... လာမယ့်ရက်အနည်းငယ်အတွင်း ကျွန်တော် ရှီးလန်စီရင်စုကို သွားတော့မှာ..."
"အကယ်လို့ တပ်မှူးက ကျောက်စိမ်းဗိမာန်နယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်နိုင်သွားရင် ခင်ဗျားလည်း နယ်ခြားစောင့်တပ်သားတစ်စုကို ဦးဆောင်ပြီး ရှီးလန်စီရင်စုဆီကို သွားလို့ရတယ်လေ... ဒီစစ်ပွဲကို အခွင့်ကောင်းယူပြီး နာမည်ဂုဏ်သတင်း ကြီးမားလာအောင် လုပ်နိုင်ကောင်းပါရဲ့..."
ကျောက်လင်က ပြုံးလျက် ပြောလိုက်၏။
ရှန့်ယွင်ချွမ်းသည် ကျောက်လင်၏
ကြင်နာမှုကို မငြင်းဆန်ဘဲ ဝိညာဉ်သစ်သီးကို အသင့်လက်ခံလိုက်သည်။
"ကောင်းပြီလေ... ငါ ကျောက်စိမ်းဗိမာန်နယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်ပြီးတာနဲ့ နယ်ခြားစောင့်တပ်သားတစ်စုကို ဦးဆောင်ပြီး မင်းနဲ့တွေ့ဖို့ ရှီးလန်စီရင်စုဆီကို လာခဲ့မယ်..."
ရှန့်ယွင်ချွမ်းက သဘောတူလိုက်၏။