← Chapters

အခန်း (၂၂၇၁-၂၂၇၂)

Vol. 228 Ch. 2271-2272

အခန်း (၂၂၇၁-၂၂၇၂)

Vol. 228 Ch. 2271-2272

အခန်း (၂၂၇၁) ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းတစ်ခုဖြင့် ကမ္ဘာကို ပျံ့နှံ့စေခြင်း

ရှီးမျိုးနွယ်စု ကျောင်းတော်

လူငယ်လေးမှာ တစ်စုံတစ်ခုကို သတိပြုမိဟန်ရှိကာ နန်းတော်ပြင်ပသို့ လမ်းလျှောက်ထွက်သွားသည်။ ထိုအခိုက်တွင် အနီးအနား၌ ရှိနေသော သူတော်စင်အားလုံးမှာလည်း အမူအရာပြောင်းလဲသွားကြပြီး အသီးသီး နောက်မှလိုက်ပါသွားကြသည်။ နန်းတော်ပြင်ပသို့ ရောက်ရှိသွားသောအခါ သူတို့၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်း နုနုလေးတစ်ခု ထင်ဟပ်နေသည်ကို တွေ့လိုက်ရသည်။ မိုးကောင်းကင်တွင် တောက်ပနေသော 'ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်း' မှာ အလင်းရောင်ဝါဂွမ်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

“စာရင်းတစ်ခုတည်းဖြင့် ကမ္ဘာကို ပျံ့နှံ့စေခြင်း…”

လူငယ်လေးမှာ သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီလောကကြီးမှာ ဒီလိုမျိုး ဂုဏ်ပုဒ်ကို ရရှိနိုင်မယ့်သူ ဘယ်နှစ်ယောက်လောက် ရှိမလဲ”

ထိုအချိန်တွင် ရှီးမျိုးနွယ်စု ကျောင်းတော်ရှိ သူတော်စင်များသာမက၊ လူသားမျိုးနွယ်စု ကျောင်းတော်ရှိ သူတော်စင်များကလည်း ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းကို အရှင်းသား မြင်နေကြရသည်။ ကောင်းကင်ငါးပါး နယ်မြေနှင့် သက်ဆိုင်သော ဟင်းလင်းပြင်နယ်မြေတိုင်းတွင် ဤတောက်ပနေသော စာရင်းကို ချိတ်ဆွဲထားခြင်း ဖြစ်သည်။

ဟင်းလင်းပြင်တံခါးပေါက်တစ်ခု

ကော်ယန်လီမှာ တရားကျင့်ကြံနေရာမှ ဖြည်းညှင်းစွာ နိုးထလာပြီးနောက် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ သူသည် မျက်မှောင်ကြုတ်လျက် တံခါးပေါက်သို့ ရောက်ရှိသွားပြီး အပြင်ဘက်ကို ကြည့်လိုက်မိရာ ထိုနေရာတွင်ပင် ကြောင်အမ်းသွားတော့သည်။ တောက်ပနေသော ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းတွင် နံပါတ် (၁) အဖြစ် ဖော်ပြထားသော နာမည်မှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ပင် သူ၏ နှလုံးသားထဲသို့ ပြင်းပြင်းထန်ထန် ထိုးစိုက်ဝင်သွားသည်။

……

“ဘာဖြစ်လို့ ငါ့မေးခွန်းကို ပြန်မဖြေကြတာလဲ”

လူငယ်လေးမှာ ရုတ်တရက် ဆုန်ချန်းတောက်၊ ယန်ယွမ်၊ ရှီထျန်ကျုံး စသည့် ရှီးမျိုးနွယ်စု သူတော်စင်များဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဒီလို ဂုဏ်ပုဒ်မျိုး ရနိုင်မယ့်သူ ဘယ်နှစ်ယောက် ရှိမလဲ ငါတို့ ရွှေဟွေး ကျောင်းတော်မှာ ကျောင်းသားတွေ နေမင်း ခုနစ်ပါးကျောင်းတော်မှာ ဒီလိုရလဒ်မျိုး ရနိုင်ခဲ့တာ ဘယ်နှစ်နှစ်လောက် ရှိပြီလဲ စာရင်းတစ်ခုတည်းနဲ့ ကမ္ဘာကို ပျံ့နှံ့စေတာ၊ ဟေး။”

“…”

ဆုန်ချန်းတောက်တို့ အုပ်စုမှာ ဆက်လက်၍ တိတ်ဆိတ်နေပြီး မည်သို့ဖြေဆိုရမည်ကို မသိတော့ပေ။ သူတို့၏ အပြင်ပန်းမှာ တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ ရှုပ်ထွေးဆူပွက်နေကြသည်။ နင်ကျောင်းအုပ်မှာ ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းကို ကြည့်နေရင်း သူ၏ မျက်လုံးထဲတွင် အံ့ဩမှုနှင့်အတူ စိတ်သက်သာရာရမှုတစ်ချို့ ပေါ်လာသည်။

သူ၏ နောက်ကွယ်တွင် ရှိနေသော ချင်ဂွေ့ ၊ နာလန်ချိုဟုန် စသည့် စောင့်ရှောက်သူ ဆရာများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပြီး လူသားမျိုးနွယ်စု ကျောင်းတော်က ရရှိတော့မည့် ဆုလာဘ်များကို ချက်ချင်းပင် တွက်ချက်နေကြသည်။

“ဒီကိစ္စ… အကြီးအကဲ၊ ဒါက သဘာဝမကျပါဘူး။”

ရှီထျန်ကျုံးမှာ မျက်နှာတွင် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးလျက် ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းကို လက်ညှိုးထိုးကာ ပြောသည်။

“နေမင်း ခုနစ်ပါးကျောင်းတော်ဘက်က မှားတာများလား၊ ဖန့်ချန်က ဒီတစ်ခေါက် ဆယ်ပွဲနိုင်ရင်တောင် နံပါတ် (၁၀) နေရာပဲ ရသင့်တာ…”

“ဟုတ်တယ်၊ ဘယ်လိုလုပ်ပြီး တန်းပြီး နံပါတ် (၁) ဖြစ်သွားတာလဲ သူက လုကွမ်ကို နိုင်ရင်တောင်မှ ရှန်ရှိုးယွမ်၊ ဖူယွမ်ဖေး၊ ရင်တန့်ဆိုတဲ့ ထိပ်တန်းသုံးယောက်ကို မနိုင်နိုင်လောက်ပါဘူး ”

“ဒီသုံးယောက်က… ငါတို့နဲ့ တစ်ခေတ်တည်းသားတွေလေ…”

ရှီးမျိုးနွယ်စု စောင့်ရှောက်သူ အများအပြားမှာ ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းအပေါ် သံသယရှိကြောင်း တိုးတိုးလေး ဆွေးနွေးနေကြသည်။ လူငယ်လေးမှာ ဒေါသထွက်လွန်း၍ပင် ရယ်မိမလို ဖြစ်သွားသည်။ ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းကို နှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ရရုံနှင့် ယခုအခါတွင် သူတော်စင်အချို့က ဤစာရင်းကို သံသယဝင်နေကြပြီလော။

“အကယ်၍ ဒီစာရင်းက မှားနိုင်တယ်ဆိုရင်၊ မင်းတို့ပြောတာက ကောင်းကင်ငါးပါးထဲက ကြီးကြပ်တဲ့သူတော်စင်တွေက… အလကား အချိန်ဖြုန်းနေကြတယ်လို့ ပြောချင်တာလား ”

လူငယ်လေးက ပြုံး၍ ပြောလိုက်သည်။

ရှီထျန်ကျုံးမှာ စကားစမည် ပြုလုပ်ခါနီးတွင် ဆုန်ချန်းတောက်မှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး ပြင်းထန်သော အကြည့်ဖြင့် တားဆီးလိုက်သည်။

ထို့နောက် သူသည် လက်ယှက်ကိုးကွယ်ကာ

“အကြီးအကဲ၊ ဒီကိစ္စက… တကယ်ကို ထူးခြားနေလို့ပါ၊ ဒါကြောင့်…”

ဟု လျှောက်တင်သည်။

ထိုအချိန်တွင် လူငယ်လေးမှာ နားရွက်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် တည်ငြိမ်စွာ ရယ်မောလိုက်သည်။

“မထူးခြားပါဘူး၊ ဘာဖြစ်ခဲ့လဲဆိုတာ ငါ သိတယ်။ မင်းတို့ ရှီးမျိုးနွယ်စုရဲ့ လုကွမ်က ဖန့်ချန်ရဲ့ လက်ထဲမှာ သေသွားပြီ။ သူသုံးသွားတာက မျှတခြင်း တားမြစ်နယ်မြေမှာ နားလည်ခဲ့တဲ့ အသက်သေခြင်းချိန်ခွင် အတတ်ပဲ။”

“ဟူး”

နေရာတွင်ရှိနေသော ရှီးမျိုးနွယ်စု သူတော်စင်များမှာ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကြသည်။

“မင်းတို့လည်း အသက်သေခြင်းချိန်ခွင် အတတ်ကို သိကြမှာပါ။ ကိုယ်ထိခိုက်မှု ရှစ်ရာ၊ ရန်သူထိခိုက်မှု တစ်ထောင်ဆိုတဲ့ နည်းလမ်းလေ။ လုကွမ် ဒီအတတ်ကို နားလည်နိုင်တာက မင်းတို့ ရှီးမျိုးနွယ်စုက ပျိုးထောင်ထားတဲ့ ကောင်းကင်အရှင် ဆက်ခံသူ ပီသပါတယ်။ ဒါပေမဲ့… သူ သေသွားပြီ၊ သူကိုယ်တိုင် နားလည်ထားတဲ့ အတတ်နဲ့တင် သေသွားတာ။ ဒါက ဘာကို ဆိုလိုသလဲဆိုတာ မင်းတို့ သိသင့်တယ်မလား”

လူငယ်လေးက တည်ငြိမ်စွာ ပြောသည်။

ဒါကဆိုလိုသည်မှာ… ဖန့်ချန်၏ စွမ်းအားမှာ လုကွမ်ထက် အနည်းဆုံး တစ်ဆပို၍ အစွမ်းထက်နေခြင်း ဖြစ်သည်။ ယခုအခါ နင်ကျောင်းအုပ်၏ အကြည့်တို့မှာလည်း ပြောင်းလဲသွားပြီး လေးနက်လာသည်။

တစ်ဆပို အစွမ်းထက်တယ် ဒါက အရမ်းကို… လွန်လွန်းနေပြီ မဟုတ်လား။

“ဒါကြောင့် နောက်ကကျန်ခဲ့တဲ့ ကောင်းကင်အရှင် ဆက်ခံသူတွေက ဖန့်ချန်နဲ့ မတိုက်ခိုက်ချင်ကြတော့ဘဲ အဆင့်တက်ဖို့ ရွေးချယ်လိုက်ကြတာ။”

လူငယ်လေးက တည်ငြိမ်စွာ ပြောသည်။

“ရှန်ရှိုးယွမ်တို့ သုံးယောက်တောင် အဆင့်တက်သွားကြတယ်။ ဒါကြောင့် နေမင်း ခုနစ်ပါးကျောင်းတော်ရဲ့ စည်းမျဉ်းအရ ဖန့်ချန်က လက်ရှိ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရဲ့ တကယ်တမ်း နံပါတ် (၁) ဖြစ်သွားတာ။”

“…”

ရှင်းပြချက်ပြီးနောက်မှ သူတော်စင်များမှာ ဖြစ်ပျက်ခဲ့သည်ကို နားလည်သွားကြသည်။ သို့သော် သူတော်စင်အချို့မှာမူ နားမလည်နိုင် ဖြစ်နေကြသည်။ ရှီးမျိုးနွယ်စု သူတော်စင်တစ်ဦးက တိုးတိုးလေး ရေရွတ်သည်။

“ဒီကောင်တွေက ဒီနေရာမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးမှ အခုတော့ ဖန့်ချန်နဲ့ တိုက်ဖို့တောင် မဝံ့ရဲတော့တာလား ဒီလိုနဲ့ပဲ သန့်စင်သော အကန့်သက် အဆင့်ကျော်လွန်ခြင်းအကြောင်း ပြောနေတာလား ဒါက ရယ်စရာကောင်းလွန်းမနေဘူးလား ဒါမှမဟုတ် ရှီးမျိုးနွယ်စုကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန့်ချန်ကို နံပါတ် (၁) ဖြစ်စေချင်လို့ လုပ်နေတာလား ”

“ဟားဟားဟား”

လူငယ်လေးမှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်ပြီး ထိုသူတော်စင်ကို လက်ညှိုးထိုးကာ စကားမပြောနိုင် ဖြစ်သွားသည်။ ထိုသူတော်စင်မှာလည်း ကြောက်လန့်တကြားဖြင့် ဆုန်ချန်းတောက်၏ နောက်သို့ ပုန်းကွယ်သွားသည်။

“မင်းတို့ စဉ်းစားကြည့်ပါ။ ကောင်းကင်အရှင် ဆက်ခံသူတွေတောင် ဖန့်ချန်ရဲ့ အစွမ်းအစကို အတည်ပြုပြီးမှတော့၊ ရန်ငြိုးမရှိရင်တောင် ဘယ်သူက သူ့ကို တိုက်ခိုက်ရဲမှာလဲ ဒါက မင်းတို့ကို ထိပ်တန်း သူတော်စင်တွေနဲ့ တိုက်ခိုက်ခိုင်းတာနဲ့ အတူတူပဲ။ သူတို့က စိတ်ကူးပေါက်လို့ မင်းတို့ကို သတ်ချင်ရင် သတ်ပစ်နိုင်တယ်။”

လူငယ်လေးက ပြုံး၍ ပြောသည်။

ထိုစကားကို ကြားလိုက်ရသောအခါ သူတော်စင်အများစု၏ စိတ်ထဲတွင် ရှိနေသော ရှုပ်ထွေးမှုများမှာ ပျောက်ကွယ်သွားပြီး အံ့ဩဟန်ဖြင့် နားလည်သွားကြသည်။ ဟုတ်ပေသည်။ နေမင်း ခုနစ်ပါးကျောင်းတော်ရှိ ကျောင်းသားများမှာ အဆင့်နီးစပ်ကြပြီး စွမ်းအားမှာလည်း သိပ်မကွာခြားပေ။

ထို့ကြောင့် တိုက်ခိုက်ရာတွင်လည်း အနိုင်အရှုံးအပြင် တကယ့်ကို သေစေနိုင်သည့် အခြေအနေ မရောက်ပေ။ သို့သော် ယခုမူ သူတို့ထက် ပိုမိုအစွမ်းထက်သောသူ ရောက်လာပြီဆိုလျှင်… သူတို့ဆိုလျှင်လည်း တိုက်ခိုက်ရဲမည် မဟုတ်ပေ။

စစ်မြေပြင်တွင် သေသွားလျှင် ဘယ်သူ့ကို သွားတိုင်ရမည်နည်း။

“နေမင်း ခုနစ်ပါးကျောင်းတော်က ဆုလာဘ်တွေက မကြာခင် ရောက်လာတော့မယ်။ အဲ့ဒီအခါကျရင် မင်းတို့ လူသားမျိုးနွယ်စု ကျောင်းတော်ကို အကြွေးပြန်ဆပ်ကြပါ။”

လူငယ်လေးက တည်ငြိမ်စွာ ပြောသည်။

“ဒီကိစ္စကို ငါ အမြဲ စောင့်ကြည့်နေမှာ၊ မင်းတို့လည်း အရင်က စင်ကြယ်သော ဗောဓိသီးတွေကို အမြန်ဆုံး ပြန်ဆပ်ပါ။ မလုပ်နိုင်ဘူးဆိုရင်တော့ မင်းတို့ ဟင်းလင်းပြင်တံခါးကို စောင့်ကြပ်တဲ့သူတွေနဲ့ ကျောင်းအုပ်တွေအားလုံးကို ဟင်းလင်းပြင်တံခါး စောင့်ဖို့ပဲ ပို့လိုက်တော့မယ်။”

ရှီးမျိုးနွယ်စု သူတော်စင်များမှာ စိတ်ထဲတွင် ကြောက်လန့်နေကြပြီး ရှီထျန်ကျုံးကို အပြစ်တင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဆုန်ချန်းတောက်မှာလည်း သူ့ကို မပြောပြထားသဖြင့် သက်ပြင်းချကာ လက်ယှက်၍ ပြောလိုက်သည်။

“အကြီးအကဲ စိတ်ချပါ။ ဒီကိစ္စကို ကျွန်တော် အနီးကပ် စောင့်ကြည့်ပြီး အမြန်ဆုံး ပြီးပြတ်အောင် လုပ်ပါ့မယ်။”

ဟု ပြောသည်။

“ပြီးတော့ အောက်ဝူဖားက ကြီးကြပ်သူအဖြစ် ကောင်းကောင်း လုပ်နေတာကို မင်းတို့ ရှီးမျိုးနွယ်စုကနေ အပြင်မှာ ပိတ်လှောင်ထားတာက မသင့်တော်ဘူး မဟုတ်လား သူသာ လူသားမျိုးနွယ်စု ကျောင်းတော်ရဲ့ ကြီးကြပ်သူအဖြစ် ဆက်ရှိနေရင် ဒီလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး။”

လူငယ်လေးက တည်ငြိမ်စွာ ပြောသည်။

“ဒီကိစ္စအတွက် ကျွန်တော်တို့ ရှီးမျိုးနွယ်စုဘက်က မှားပါတယ်၊ တောင်းပန်ပါတယ်။”

ဆုန်ချန်းတောက်မှာ ရိုးသားစွာပင် တောင်းပန်လိုက်သည်။

“အင်း”

လူငယ်လေးမှာ ခေါင်းညိတ်လိုက်ပြီးနောက် နင်ကျောင်းအုပ်ဘက်သို့ လှည့်ကာ ပြုံး၍ ပြောလိုက်သည်။

“သွားကြရအောင်၊ ငါ မင်းတို့ လူသားမျိုးနွယ်စု ကျောင်းတော်ကို ဧည့်သည်အဖြစ် သွားလည်ချင်တယ်။ တကယ်တော့ နှစ်ပေါင်းများစွာ ရှိပြီ၊ ငါ တစ်ခါမှ လူသားမျိုးနွယ်စု ကျောင်းတော်ကို မရောက်ဖူးဘူး။”

ရှီးမျိုးနွယ်စု သူတော်စင်များမှာ ထိုစကားကို ကြားလိုက်ရသော်လည်း မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

နင်ကျောင်းအုပ်မှာ ငြင်းဆန်စရာ မလိုဘဲ ဝမ်းမြောက်စွာပင် ပြောလိုက်သည်။

“ပိုင် အကြီးအကဲ လူသားမျိုးနွယ်စု ကျောင်းတော်ကို လာလည်ချင်တာကို ကျွန်တော်တို့ အထူးပင် ကြိုဆိုပါတယ်။”

ဟု ပြောသည်။

“ဒါဆို သွားကြရအောင်”

ခဏအကြာတွင် လူငယ်လေးမှာ နင်ကျောင်းအုပ်တို့နှင့်အတူ ရှီးမျိုးနွယ်စု ကျောင်းတော်မှ ထွက်ခွာသွားသည်။

“ကျောင်းအုပ်၊ ကျွန်တော်…”

ရှီထျန်ကျုံးမှာ တွန့်ဆုတ်သွားပြီး စကားစမည် ပြုလုပ်လိုက်သော်လည်း ဆုန်ချန်းတောက်က ဖြတ်ပြောလိုက်သည်။

“လုကွမ်ရဲ့ သေဆုံးမှုအတွက် မင်း တန်လင် ကျောင်းတော်ကို ကောင်းကောင်း ရှင်းပြဖို့ ပြင်ထားပါ။ ပြီးတော့ အခုနက ပိုင်အကြီးအကဲ ပြောတဲ့အတိုင်း အမြန်ဆုံး လုပ်လိုက်ပါ။ နောက်ပြီး စကားမပြောပါနဲ့၊ မင်းရဲ့ အသံကို ငါ မကြားချင်ဘူး။”

ယန်ယွမ်က ထပ်ဖြည့်ပြောလိုက်သည်။

“ဖန့်ချန်ဘက်ကိုလည်း ချော့မော့ဖို့ လိုအပ်တယ်။ မဟုတ်ရင် ငါတို့ ရှီးမျိုးနွယ်စုက ကျောင်းသားတွေ ပိုသေသွားလိမ့်မယ်၊ အားလုံးက နေမင်း ခုနစ်ပါးကျောင်းတော် တံဆိပ်ကို စွန့်လွှတ်လိုက်တာမှလွဲရင်ပေါ့။”

ရှီထျန်ကျုံး၏ အမူအရာမှာ ဝမ်းနည်းဟန်နှင့် ဒေါသထွက်ဟန် ရောထွေးလျက် ရှိနေတော့သည်။

အခန်း (၂၂၇၂) နောင်တစ်ချိန်ကျရင် မင်းအတွက် ကြွားလုံးထုတ်စရာ ဖြစ်လာလိမ့်မယ်

ဂျူလင် ကျောင်းတော်

အောက်ယွင်ယင်းမှာ တောင်ထိပ်တွင်ရပ်လျက် သူ၏ လက်အောက်မှ ကျောင်းသားများနှင့်အတူ ဟင်းလင်းပြင်တွင် တောက်ပနေသော ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်း ကို စူးစိုက်ကြည့်နေသည်။

“ဖန့်ချန်က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရဲ့ နံပါတ် (၁) ဖြစ်သွားပြီ…”

“ဒီနည်းလမ်း… အောက်ဝူဖားက ဘာလို့ သူ့ကို ညီကိုရင်းလို သဘောထားပြီး ရင်းနှီးမှုတည်ဆောက်ချင်ခဲ့တာလဲဆိုတာ နားလည်သွားပြီ၊ အောက်ဝူဖားရဲ့ အမြင်က တကယ်ကို ထက်မြက်တာပဲ ”

မိမိ၏ တပည့်များ တိုးတိုးလေး ဆွေးနွေးနေကြသည့် စကားသံများကို ကြားရသောအခါ၊ အစက အောက်ဝူဖား၏ လုပ်ရပ်ကို အနည်းငယ် နားမလည်ခဲ့သော အောက်ယွင်ယင်းမှာ ယခုအခါတွင်မူ ရုတ်တရက် သက်ပြင်းကြီးတစ်ခုကို ချလိုက်နိုင်သည်။ သူ၏ မျက်လုံးများထဲတွင် အပြုံးတို့ ရစ်ဝိုင်းနေပြီး ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။

……

မီးခိုးရောင် သမ်းနေသော ကောင်းကင်ကြီးထဲတွင် အလင်းရောင်ဟူ၍ လုံးဝမရှိသလို၊ အမှောင်ထုဖုံးလွှမ်းနေခြင်းလည်း မဟုတ်ပေ။ ဤသို့သော နယ်မြေမျိုးတွင် နေထိုင်ရခြင်းသည် စိတ်နှလုံးကို အမြဲတမ်း ဖိစီးမှုပေးနေသကဲ့သို့ ခံစားရစေသည်။ တစ်ခါတစ်ရံတွင် အချို့သော တည်ရှိမှုများမှာ အသက်ပင် ဝအောင်မရှူနိုင်ဘဲ အလွန်အမင်း ဝေဒနာ ခံစားရတတ်သည်။ သို့သော် ရုတ်တရက်တွင် မီးခိုးရောင် ကောင်းကင်ထဲ၌ ရွှေရောင်အလင်းတန်းလေးတစ်ခု ပေါ်ထွက်လာသည်။

ဆက်လက်၍ ထိုရွှေရောင်အလင်းတန်းမှာ စာလုံးများအဖြစ် ပြောင်းလဲသွားပြီး၊ တစ်ဆက်တည်း ပေါ်လာသော အမည်များမှာ ထိုနေရာတွင် ရှိနေသူများ၏ မျက်စိကိုပင် ပြာသွားစေလောက်အောင် အရှိန်အဟုန်ပြင်းစွာ ပေါ်လာသည်။

“ဟန်ချွန်းရှောင်း၊ မင်း ခေါင်းမော့ကြည့်လိုက်စမ်း ”

တည်ရှိမှုတစ်ခုက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ဟန်ချွန်းရှောင်းမှာ အဓိပ္ပာယ်မဲ့စွာ ခေါင်းမော့လိုက်သည်။ သူ၏ ပင်ပန်းနေသော မျက်နှာပေါ်တွင် ယုံမှားသံသယများ ရှိနေသော်လည်း၊ ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းကို မြင်လိုက်သည့်အခါ ထိုယုံမှားသံသယများမှာ ထိတ်လန့်တုန်လှုပ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

မကြာမီတွင် သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။

“ဖန့်ချန်”

" ဖန့်ချန်”

ဟန်ချွန်းရှောင်းမှာ အံ့အားသင့်သွားပြီး

“သူက နံပါတ် (၁) ဖြစ်သွားတာလား” ဟု ပြောလိုက်သည်။

“မင်းကို အရင်က ဒီလူက သတ်ခဲ့တာ မဟုတ်လား”

တည်ရှိမှုတစ်ခုက အားကျသည့်အကြည့်ဖြင့် -

“ဒီလို တည်ရှိမှုမျိုးနဲ့ တိုက်ခိုက်ခွင့်ရပြီး သူ့လက်ထဲမှာပဲ သေဆုံးခဲ့ရတာ၊ နောင်တစ်ချိန်ကျရင် မင်းအတွက် ကြွားလုံးထုတ်စရာ ဖြစ်လာလိမ့်မယ်။”

ဟု ပြောသည်။

“…”

ဟန်ချွန်းရှောင်းမှာ ထိုသူကို ဆဲဆိုချင်သော်လည်း၊ သူ၏ ခွန်အားများအားလုံး ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပါးစပ်ပင် ဟ၍ မရတော့ပေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းကို ဆက်လက် မကြည့်တော့ပေ။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးမှာလည်း ထိုနေရာရှိ နေရာအသီးသီးတွင် ဖြစ်ပေါ်နေသည်။

……

နေမင်း ခုနစ်ပါးခန်းမ နယ်‌မြေ

ကောင်းကင်ငါးပါး စစ်မြေပြင် စာရင်းမှာ ကျောင်းသားများ၏ ခေါင်းပေါ်တွင် တောက်ပသော အလင်းရောင်များဖြင့် ဆက်လက်လင်းလက်နေသည်။ ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ဖန့်ချန်၏ ကိုယ်ကို ဖုံးလွှမ်းသွားသည်။

“ညီမလေးတို့၊ ဆက်ပြီး ကြိုးစားကြပါဦး၊ လူသားမျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေကို ပြသလိုက်ပါ ”

ဖန့်ချန်က ဖန့်ကျစ်ရွှယ်တို့ဘက်သို့ လှည့်ကာ ပြုံး၍ လက်ခါပြလိုက်ပြီးနောက် ရွှေရောင်အလင်းတန်းနှင့်အတူ ထွက်ခွာသွားသည်။ ရှူကျန့်မှာ ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ရင်ကော့လိုက်ပြီး ချောင်းအနည်းငယ် ဟန့်လိုက်သည်။

“အားလုံးပဲ၊ နေမင်း ခုနစ်ပါးကျောင်းတော်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပျက်သွားပြီ၊ ကျွန်တော်တို့ အခုလုပ်ရမှာက တည်ငြိမ်မှု ရှိအောင် ထိန်းထားဖို့ပဲ။

ဒီလို အပြောင်းအလဲတွေကြောင့် ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေပါနဲ့။ ဖြစ်သင့်တာတွေက ဖြစ်လာမှာပဲ၊ ကျွန်တော်က နံပါတ် (၂) ဖြစ်တဲ့အတွက်၊ နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်နဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက် ရှိလာရင် ကျွန်တော့်ကို အလယ်ကနေ အဆင်ပြေအောင် ညှိနှိုင်းပေးဖို့ ခေါ်နိုင်ပါတယ်။”

ကျောင်းသားများမှာ ၎င်းကို ကြားသောအခါ ခေါင်းညိတ်၍ လက်ခံကြသည်။ ရှူကျန့်၏ နံပါတ် (၂) နေရာမှာ အနည်းငယ် အခွင့်အရေး ယူထားသော်လည်း သူသည်လည်း စစ်မှန်သော ကောင်းကင်အရှင် ဆက်ခံသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သာမန်ကျောင်းသားများမှာ သူ့ကို အနည်းငယ်တော့ မျက်နှာသာ ပေးကြပေလိမ့်မည်။

လူသားမျိုးနွယ်စု ကျောင်းတော်

ပိုင်အကြီးအကဲ ရောက်ရှိလာခြင်းကြောင့် ဆရာများအားလုံး ထွက်၍ ကြိုဆိုကြသည်။ နင်ကျောင်းအုပ်မှာ ဧည့်ခံပွဲပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။ ချင်ဂွေ့တို့ကဲ့သို့သော စောင့်ရှောက်သူများမှာလည်း မိမိတို့၏ ထူးချွန်သော တပည့်များကို ခေါ်ယူ၍ ဧည့်ခံစေသည်။ ကျောက်ကျိတို့ကဲ့သို့သော သူများမှာလည်း သက်ဆိုင်ရာ ကာကွယ်ရေးဆရာများ၏ နောက်တွင် ရပ်နေကြသည်။

သို့သော် သူတို့ထဲတွင် ပုဂ္ဂိုလ်တစ်ဦးမှာမူ ပိုင်အကြီးအကဲ၏ ထိုင်ခုံ ချီးမြှင့်ခြင်းကို ခံရသည်။

“ဝူဆန့် ၊ ဒီနှစ်တွေအတွင်း ဒီနေရာမှာ တည်ငြိမ်အောင် နေနိုင်ခဲ့ရဲ့လား”

ပိုင်အကြီးအကဲမှာ အဓိကနေရာတွင် ထိုင်နေရင်း အောက်ဘက်တွင် ရှိနေသော ချင်ဝူဆန့်ကို ကြင်နာစွာ ကြည့်၍ မေးလိုက်သည်။ ဤမျှများပြားသော သူတော်စင်များထဲတွင် ချင်ဝူဆန့်တစ်ဦးတည်းသာ ထိုင်ခုံ ချီးမြှင့်ခြင်း ခံရသည်။

ကရုဏာတောင်မှ ရှူရှန့်ပင်လျှင် ဆရာများနှင့်အတူ ရပ်နေရသည်။ ထိုနေရာရှိ ဆရာများမှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသော်လည်း ချင်ဝူဆန့်မှာ ဟော်ဆွေ့မျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက် ဖြစ်ကြောင်း ဝန်ခံရပေမည်။

သူ၏ ကိုယ်ထဲတွင် ဟော်ဆွေ့ဘိုးဘေးနှင့် တူညီသော သွေးများ စီးဆင်းနေသည်။ ကောင်းကင်အရှင် သူတော်စင်၏ နောက်မျိုးဆက် ဖြစ်ခြင်းမှာ အဆင့်မြင့် သူတော်စင်များကပင် လေးစားရမည့် အချက်ဖြစ်သည်။

“ပိုင်အကြီးအကဲ၊ ဒီနှစ်တွေအတွင်း ရွှေဟွေး ကျောင်းတော်မှာ နေခဲ့ရလို့ စိတ်အေးချမ်းသွားပြီး အရင်ကလို စိတ်လှုပ်ရှားမှုတွေ မရှိတော့ပါဘူး။”

ချင်ဝူဆန့်မှာ ထရပ်၍ လက်ယှက်ကာ ပြောလိုက်သည်။

“ထိုင်ပြီး ပြောပါ”

ပိုင်အကြီးအကဲမှာ ပြုံး၍ လက်ကာပြလိုက်သည်။ ချင်ဝူဆန့်မှာ ပြန်ထိုင်လိုက်သည်။

“အရင်က မင်းက စိတ်လောလွန်းပြီး တည်ငြိမ်မှု မရှိခဲ့လို့ အမှားလုပ်မိခဲ့တာလေ၊ ဒါကြောင့် မင်းရဲ့ ဘိုးဘေးက မင်းကို ဒီနေရာမှာပဲ ပညာသင်စေခဲ့တာ။ အခုလို နားလည်သဘောပေါက်လာတာကလည်း မလွယ်ကူလှပါဘူး"

ပိုင်အကြီးအကဲက ပြုံး၍ ပြောသည်။

ထိုနေရာရှိ လူသားမျိုးနွယ်စု သူတော်စင်များမှာ စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေကြသည်။ အနည်းငယ်သော သူများသာ အခြေအနေကို နားလည်သော်လည်း၊ ကျန်သူများမှာမူ . ချင်ဝူဆန့် ဘာအမှားလုပ်ခဲ့သလဲဆိုတာ မသိကြပေ။

အမျိုးမျိုး မှန်းဆကြသော်လည်း အမှန်တရားကိုမူ မသိနိုင်ကြပေ။ ချင်ဝူဆန့်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အရိပ်အယောင် ပေါ်လာသည်။

ထိုအချိန်တွင် ပိုင်အကြီးအကဲက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ငါကြားတာတော့ မဟာမိတ်အဖွဲ့ဘက်မှာ ဒုတိယအလွှာ ဟင်းလင်းပြင်ကို သွားနိုင်တဲ့ ဝင်ပေါက်တစ်ခုကို တွေ့ရှိထားတယ်တဲ့၊ အဲ့ဒီထဲမှာ ကောင်းတဲ့ အရာတွေ ရှိနိုင်တယ်။ မင်းရဲ့ ဘိုးဘေးက ဒီတာဝန်ကို ရထားတော့ မကြာခင် မင်းကို တာဝန်ပေးတော့မှာပါ။”

“ဒုတိယအလွှာ ဟင်းလင်းပြင်ကို သွားတဲ့ ဝင်ပေါက်လား”

လူတိုင်းမှာ အံ့အားသင့်သွားကြပြီး အံ့ဩတုန်လှုပ်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ချင်ဝူဆန့်မှာလည်း ကြောင်အမ်းသွားပြီး အလိုအလျောက် ထရပ်လိုက်သည်။

“ပိုင်အကြီးအကဲ၊ ကျွန်တော် ရွှေဟွေး ကျောင်းတော်ကနေ ပြောင်းရွှေ့ခံရမှာလား”

သူ၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း ထရပ်လိုက်သည့် အပြုအမူနှင့် အသံတုန်နေခြင်းတို့မှာ သူ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

“အင်း၊ ငါ လျှောက်လွှာ လက်ခံရရှိထားပြီ၊ မကြာခင် မင်း လူသားမျိုးနွယ်စု ကျောင်းတော်ကနေ ထွက်ခွာရတော့မယ်။”

ပိုင်အကြီးအကဲမှာ ပြုံး၍ ခေါင်းညိတ်သည်။

“အဲ့ဒီအခါကျရင် ငါ့လက်အောက်က ကလေးတွေကိုလည်း ဒီခရီးစဉ်မှာ ပါဝင်စေမယ်၊ မင်းပဲ ကူညီစောင့်ရှောက်ပေးလိုက်ပါ။”

“ပိုင်အကြီးအကဲ စိတ်ချပါ”

ချင်ဝူဆန့်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ သူသည် ဤမှောင်မိုက်သော နေ့ရက်များကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် သူ၏ အရည်အချင်းကို ပြသနိုင်မည့် နေရာသို့ ပြန်သွားနိုင်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က နန်းတော်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

“ဖန့်ချန် ပြန်ရောက်လာပြီ။”

စကားဆုံးသည်နှင့် ဖန့်ချန်မှာ လင်ဖုန်းနှင့်အတူ နန်းတော်ထဲသို့ ဝင်ရောက်လာသည်။

“အဲ့ဒါ ပိုင်အကြီးအကဲ၊ ဒီတစ်ခါ မင်းအတွက် ရှီးမျိုးနွယ်စုကို အပြင်းအထန် ဆုံးမပေးခဲ့တဲ့သူလေ။”

လင်ဖုန်းက တိုးတိုးလေး ပြောပြသည်။

နန်းတော်အတွင်းရှိ လူတိုင်း၏ အကြည့်များမှာ ဖန့်ချန်၏ ကိုယ်ပေါ်သို့ စိုက်ရောက်သွားသည်။ ကျိုကျိတောင်မှ ဝေလျန့်ယွမ်၊ ဝေကွမ်ရှောင် ညီအစ်ကိုနှစ်ယောက်၏ အကြည့်များမှာလည်း ယခုအခါတွင် အလွန်ပင် နူးညံ့သွားကြသည်။

“မင်းက ဖန့်ချန်လား ဒီကို လာခဲ့။”

ပိုင်အကြီးအကဲမှာ ပြုံးလျက် ဖန့်ချန်ကို လက်ယက်ခေါ်လိုက်သည်။ ချင်ဝူဆန့်မှာ ဖန့်ချန်ကို ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးများမှာ တည်ငြိမ်နေသည်။

“မျိုးဆက်သစ် ဖန့်ချန်၊ ပိုင်အကြီးအကဲကို ဂါရဝပြုပါတယ်။”

ဖန့်ချန်မှာ အနီးသို့ရောက်သောအခါ လက်ယှက်၍ ဂါရဝပြုလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”

ပိုင်အကြီးအကဲမှာ သုံးကြိမ်တိုင်တိုင် ချီးကျူးလိုက်ပြီး ပြုံး၍ ပြောသည်။

“မင်းက နေမင်း ခုနစ်ပါးကျောင်းတော် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရဲ့ နံပါတ် (၁) ကို ရခဲ့တယ်၊ စာရင်းတစ်ခုတည်းနဲ့ ကမ္ဘာကို ပျံ့နှံ့စေခဲ့တာ ငါတို့ ရွှေဟွေး ကျောင်းတော်အတွက် ဂုဏ်ယူစရာပဲ။ တန်လင်က ငါတို့ထက် ဆယ်ဆ ပိုကောင်းတယ်လို့ ပြောကြပေမဲ့ ဘာဖြစ်လဲ သူတို့ထဲမှာ မင်းလိုမျိုး အံ့ဩစရာကောင်းတဲ့ ရလဒ်မျိုး ရခဲ့တဲ့သူ ရှိလား မရှိဘူး ဟားဟားဟား ”

ပိုင်အကြီးအကဲ၏ ရယ်သံမှာ လူသားမျိုးနွယ်စု ကျောင်းတော်တစ်ခုလုံးကို ပဲ့တင်ထပ်စေသည်။ ကာကွယ်ရေးဆရာများနှင့် ဆရာများမှာလည်း ဝမ်းမြောက်စွာ ရယ်မောလိုက်ကြသည်။ ဤရယ်မောသံများထဲတွင် ဂုဏ်ယူမှုများ အပြည့်ရှိနေသည်။ ရွှေဟွေးအတွက် ဂုဏ်ယူသည်၊ လူသားမျိုးနွယ်စုအတွက် ဂုဏ်ယူသည်။

“မင်းအပြင် မင်းတို့ ကျောင်းတော်မှာ ဖန့်ကျစ်ရွှယ်ဆိုတာ ရှိသေးတယ် မဟုတ်လား အတွင်းပိုင်းနယ်မြေ အခြေခံအုတ်မြစ်က အထွတ်ထိပ်တာအိုသူတော်စင် အဆင့်ရှိတယ်လို့ ကြားတယ်။

အဲ့ဒါလည်း ကောင်းတဲ့ ပျိုးပင်လေးပဲ၊ နောက်ဆိုရင် ထိပ်တန်း (၁၀) ထဲ ပါနိုင်မှာပါ။ အခုကြည့်ရတာ လူသားမျိုးနွယ်စုတွေက တိုးတက်နေတာပဲ။ ဒါတွေအားလုံးက ဟော်ဆွေ့ဘိုးဘေး ရဲ့ လမ်းညွှန်မှုတွေကြောင့်ပေါ့။”

ပိုင်အကြီးအကဲက ပြုံး၍ ပြောသည်။ လူတိုင်းမှာလည်း ထိုစကားကို ထောက်ခံလိုက်ကြသည်။ ၎င်းမှာ အမှန်တရားပင် ဖြစ်သည်။

“မင်းနဲ့ ရှီးမျိုးနွယ်စုကြားက ရန်ငြိုးကို ငါ သိပြီးသားပါ၊ သူတို့ကိုလည်း ပြောပြီးသား၊ မကြာခင် မင်းရဲ့ ပစ္စည်းတွေကို မင်းဆီ ပြန်ပေးလိမ့်မယ်၊ တစ်ခုမှ လျော့သွားမှာ မဟုတ်ဘူး။”

ပိုင်အကြီးအကဲက ထပ်ပြောသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ”

ဖန့်ချန်မှာ ချက်ချင်းပင် လက်ယှက်၍ ဂါရဝပြုသည်။

ပိုင်အကြီးအကဲမှာ ထိုမြင်ကွင်းကို မြင်သောအခါ ရုတ်တရက် သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ စိတ်နေသဘောထားကိုတော့ နည်းနည်းလျှော့သင့်တယ်၊ ကိုယ့်လူမျိုးအချင်းချင်းဆိုတော့ အဲ့ဒီလောက်ထိ ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့တော့လား။”

All Chapters