အခန်း (၂၂၇၃-၂၂၇၄)
Vol. 228 Ch. 2273-2274
အခန်း (၂၂၇၃) သေဆုံးရမည်ဖြစ်သော်လည်း နောင်တမရှိ
ပိုင်အကြီးအကဲ၏ ထိုစကားသံ ထွက်ပေါ်လာသည်နှင့် နန်းတော်အတွင်းရှိ လေထုမှာ ချက်ချင်းပင် အလွန်အမင်း တင်းမာသွားသည်။
၎င်းမှာ ကောင်းကင်ငါးပါး၏ အဆင့်မြင့်အာဏာပိုင်များထံမှ လာသော သတိပေးချက်တစ်ခု ဖြစ်သည်။ ဖန့်ချန်သည် နေမင်း ခုနစ်ပါးခန်းမတွင် မဟာမိတ်အဖွဲ့မှ ကျောင်းသားများအပေါ် အလွန်အမင်း ရက်စက်ပြင်းထန်စွာ ဆက်ဆံခဲ့ခြင်းမှာ အချို့သော အဆင့်မြင့်အာဏာပိုင်များ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သောကြောင့် ပိုင်အကြီးအကဲကို အထူးတလည် ထိုစကားကို ပြောကြားစေရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။
နင်ကျောင်းအုပ်၏ မျက်လုံးများထဲတွင် ရုတ်တရက် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ အစက သူသည် ပိုင်အကြီးအကဲမှာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် နံပါတ် (၁) ဖြစ်လာသော စွမ်းအင်စုစည်းခြင်းသူတော်စင်နှင့် တွေ့ဆုံရန်နှင့် ရင်းနှီးမှုရယူရန် လာခြင်းဖြစ်မည်ဟု ထင်ခဲ့သည်။
သို့သော် ယခုကြည့်ရသော် ထိုမျှလောက်သော အကြောင်းပြချက်ဖြင့် စွမ်းအင်စုစည်းခြင်းသူတော်စင်တစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ ခရီးနှင်လာစေရန် လုံလောက်မှု မရှိပေ။
ထိုအချိန်တွင် ဆရာအများစုမှာလည်း ဖန့်ချန်ကို စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေကြသည်။ ချင်ဝူဆန့် အပါအဝင် လူတိုင်းသည် ဖန့်ချန်က ထိုသတိပေးချက်ကို မည်သို့ ဆုံးဖြတ်ချက်ချမည်ကို သိရှိလိုနေကြသည်။
ခန့်မှန်းခြေအားဖြင့် တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန်မှာ လက်ယှက်ဂါရဝပြုလျက် ရိုကျိုးခြင်းမရှိ၊ မောက်မာခြင်းမရှိဘဲ ပြောလိုက်သည်။
“သူတို့သာ ကျွန်တော့်လမ်းကို မပိတ်ဆို့ဘူးဆိုရင်၊ ကျွန်တော်က သူတို့ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ သူတို့သာ လမ်းပိတ်ဆို့မယ်ဆိုရင်၊ မဟာမိတ်အဖွဲ့မှ ကျောင်းသားပဲဖြစ်ဖြစ်၊ တစ်မျိုးသားတည်း ဖြစ်နေပါစေ ကျွန်တော်ကတော့ အသေအလဲ တိုက်ခိုက်မှာပါပဲ။
သန့်စင်သော အကန့်သက်အဆင့် ကျော်လွန်ခြင်း လမ်းစဉ်ဆိုတာ ဒီလိုပါပဲ၊ ကိုယ်က တစ်မှတ်ရဖို့ဆိုရင် တစ်မှတ်အတွက် ကြိုးစားရမယ်၊ မကြိုးစားရင်တော့ ကိုယ့်ဆီက တစ်မှတ် လျော့သွားမှာပဲ။ ပိုင်အကြီးအကဲအနေနဲ့ ကျွန်တော့်ကို နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။”
ချင်ဂွေ့တို့ကဲ့သို့သော စောင့်ရှောက်သူများမှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ချီးကျူးသော အရိပ်အယောင်များ ပေါ်လာသည်။ ဖန့်ချန်၏ ဤစကားများသည် သူတို့၏ ရင်ထဲတွင် ရှိနေသော စကားများပင် ဖြစ်သည်။
သူတို့သည် တစ်ခါတစ်ရံတွင် အလုံးစုံသော အခြေအနေကို ထည့်သွင်းစဉ်းစားပြီး ရသင့်ရထိုက်သော အကျိုးအမြတ်များကိုပင် စွန့်လွှတ်လိုက်ရတတ်သည်။ အကယ်၍သာ သူတို့ လျှောက်လှမ်းခဲ့သော လမ်းစဉ်ကို အစကတည်းက စိတ်ဓာတ်မကျဘဲ ခိုင်ခိုင်မာမာ လျှောက်လှမ်းခဲ့မည်ဆိုလျှင် ယခုလက်ရှိ မြင်ကွင်းမျိုး ဖြစ်လာမည်မဟုတ်ပေ။
ရှူရှန့်မှာ လူအုပ်ကြားထဲတွင် ရပ်နေရင်း အလိုအလျောက် ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်များမှာ ရုတ်တရက် ထောင့်စွန်းတွင် ရပ်နေသော ရှူလျန်ထံသို့ ရောက်သွားပြီး ထိုနေရာတွင် သူသည်လည်း တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေပုံ ရသည်။
“အို ဒီလမ်းစဉ်က မင်းရဲ့ သန့်စင်သော အကန့်သက် အဆင့် ကျော်လွန်ခြင်း လမ်းစဉ်ကို အန္တရာယ်တွေနဲ့ ပြည့်နှက်စေပြီး၊ အစွမ်းထက်တဲ့ မျိုးနွယ်စုတွေ၊ လူအုပ်စုကြီးတွေကို စော်ကားမိရင်တောင်မှ မင်းက နောက်မဆုတ်ဘူးပေါ့ ”
ပိုင်အကြီးအကဲမှာ ဒေါသထွက်ခြင်းမရှိဘဲ စူးစမ်းလိုသော အကြည့်ဖြင့် ပြန်လည်မေးမြန်းသည်။
“သေဆုံးရမယ်ဆိုရင်တောင် နောင်တမရှိပါဘူး”
ဖန့်ချန်က ပြောသည်။
“ဟားဟားဟား၊ သေဆုံးရမယ်ဆိုရင်တောင် နောင်တမရှိဘူး ဟုတ်လား၊ ကောင်းပြီ။ မင်းက ဒီလမ်းကို လျှောက်လှမ်းချင်တယ်ဆိုရင်တော့ ကျောင်းတော်ဘက်က မင်းကို အပြည့်အဝ ပံ့ပိုးပေးနိုင်တာတွေကို ဘာအခွင့်အရေးမှမတောင်းဘဲ ပံ့ပိုးပေးမယ်။
မင်းက အခု ငါတို့ကျောင်းတော်ရဲ့ ကောင်းကင်ငါးပါးမှာ မျက်နှာပန်းလှစေမယ့်သူ၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် နံပါတ် (၁) ဖြစ်တဲ့အတွက် မင်းရသင့်ရထိုက်တဲ့ အခွင့်အရေးအားလုံး မင်းရလိမ့်မယ်။
နောင်ဆိုရင် နေမင်း ခုနစ်ပါးခန်းမမှာ ကျောင်းတော်ဘက်က နေမင်း ခုနစ်ပါးခန်းမကျောင်းသားတွေက မင်းအတွက် လမ်းဖယ်ပေးလိမ့်မယ်။ မဟာမိတ်အဖွဲ့ထဲက နေမင်း ခုနစ်ပါးခန်းမကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့တော့… မင်းလည်း သိတဲ့အတိုင်းပဲ မဟာမိတ်အဖွဲ့ရဲ့ အင်အားစုတွေက ရှုပ်ထွေးလွန်းတော့ ကျောင်းတော်အနေနဲ့လည်း အမြဲတမ်း ထိန်းချုပ်ဖို့ ခက်ခဲတယ်။
တကယ်လို့ လမ်းပိတ်ဆို့တဲ့သူတွေနဲ့ တွေ့ရင် မင်းသတ်ချင်ရင် သတ်ပစ်လိုက်၊ သတ်လိုက်ရင်လည်း ကျောင်းတော်ကပဲ မင်းအတွက် တာဝန်ယူပေးလိမ့်မယ်။”
ပိုင်အကြီးအကဲမှာ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ခဏနားပြီးနောက်
“နောင်တစ်ချိန်မှာ မင်းအားရင် ငါ့ရဲ့ ခြံဝင်းကို လာလည်နိုင်ပါတယ်။”
ဟု ပြောသည်။
စကားပြောနေရင်း သူသည် ဖန့်ချန်အား 'ပိုင်' ဟူသော စာလုံး ရေးသားထားသည့် ရွှေရောင် တောက်ပသော တံဆိပ်တစ်ခုကို ပစ်ပေးလိုက်သည်။ တံဆိပ်ကို လက်ခံရရှိလိုက်သည်နှင့် လမ်းကြောင်းပြမြေပုံတစ်ခုသည် ဖန့်ချန်၏ စိတ်ထဲတွင် ပေါ်လာသည်။ ၎င်းမှာ ပိုင်အကြီးအကဲ ရှိနေသော ခြံဝင်းသို့ သွားရောက်နိုင်သည့် ဟင်းလင်းပြင် လမ်းကြောင်းဖြစ်ကြောင်း ထင်ရှားနေသည်။
နေရာတွင် ရှိနေသော လူသားမျိုးနွယ်စု သူတော်စင်များမှာ အလွန်ပင် အံ့အားသင့်သွားကြသည်။ ပိုင်အကြီးအကဲက ဖန့်ချန်ကို ဤမျှအထိ သဘောကျလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ သူ့နေအိမ်သို့ သွားရောက်နိုင်သည့် တံဆိပ်ကိုပင် ပေးလိုက်ခြင်းမှာ အခြားသူများကို ဖန့်ချန်သည် မိမိ၏ နောက်ကွယ်မှ အားကိုးရာ ဖြစ်ကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းပင် မဟုတ်ပါလော။
“ဖန့်ချန်၊ ပိုင်အကြီးအကဲကို ကျေးဇူးတင်စကား မဆိုသေးဘူးလား ”
နင်ကျောင်းအုပ်မှာ သတိပေးလိုက်သည်။
ဖန့်ချန်မှာ ချက်ချင်းပင် လက်ယှက်၍ ဂါရဝပြုလိုက်သည်။
“မျိုးဆက်သစ် ဖန့်ချန်၊ ပိုင်အကြီးအကဲကို ကျေးဇူးတင်ပါတယ်။”
“ရပါတယ်၊ ကဲ… အားလုံးလည်း ထိုင်နေကြတော့၊ ထိုင်ခုံတွေ ချပေးလိုက်ကြ၊ ဒီနေ့တော့ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ကြ၊ ပြီးတော့ ကျောင်းတော်ရဲ့ အနာဂတ်အလားအလာတွေအကြောင်းကိုလည်း အားလုံးနဲ့အတူ စကားကောင်းကောင်း ပြောကြတာပေါ့ ”
ပိုင်အကြီးအကဲမှာ လက်ကိုဝှေ့ယမ်း၍ အားလုံးကို ထိုင်ရန် အချက်ပြသည်။
ထို့နောက်တွင်တော့ ဧည့်ခံပွဲမှာ ပျော်ရွှင်စွာဖြင့် ပြီးဆုံးသွားသည်။ ပွဲအတွင်းတွင် ပိုင်အကြီးအကဲမှာ ချင်ဝူဆန့်၏ နောက်ပိုင်းစီစဉ်မှုများအကြောင်းကိုလည်း ဆွေးနွေးခဲ့ပြီး၊ ချင်ဝူဆန့်မှာ ရွှေဟွေး ကျောင်းတော်မှ မကြာခင် ထွက်ခွာတော့မည်ဖြစ်ကြောင်းကို ဖန့်ချန် သိရှိလိုက်ရသည်။
ထိုအချက်နှင့် ပတ်သက်ပြီး ဖန့်ချန်မှာ အံ့ဩခြင်း မရှိပေ။ ချင်ဝူဆန့်မှာ ဟော်ဆွေ့မျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက် ဖြစ်သောကြောင့် အမှားလုပ်မိခဲ့သော်လည်း အနည်းငယ်သော ပြစ်ဒဏ်နှင့်ပင် လုံလောက်ပြီဖြစ်သည်။
ဟော်ဆွေ့ဘိုးဘေးအနေဖြင့် သူ့ကို တစ်သက်လုံး ဖိနှိပ်ထားမည် မဟုတ်ပေ။ သဘာဝကျစွာပင် သူသည် ချင်ဝူဆန့်အတွက် ပိုမိုကောင်းမွန်သော လမ်းကြောင်းတစ်ခုကို ရှာဖွေပေးရန် အခွင့်အရေးကို စောင့်ဆိုင်းနေပေလိမ့်မည်။
ဧည့်ခံပွဲ ပြီးဆုံးသွားသောအခါ ဖန့်ချန်မှာ နင်ကျောင်းအုပ်တို့နှင့်အတူ ပိုင်အကြီးအကဲကို လမ်းတစ်ဝက်အထိ လိုက်လံပို့ဆောင်ပြီးမှ ကျောင်းတော်သို့ ပြန်လှည့်လာခဲ့သည်။
“ဖန့်ချန်၊ မင်းက အခု 'စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် နံပါတ် (၁) သူတော်စင်' ဆိုတဲ့ ဘွဲ့ကို ရထားပြီ၊ ကျောင်းတော်ရဲ့ စည်းမျဉ်းအရဆိုရင် မင်းက ကျောင်းသားတစ်ဦးအဖြစ် ဆက်လက်နေထိုင်လို့ မရတော့ဘူး။
မင်းရဲ့ အရည်အချင်းကို မပြောနဲ့၊ မင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ကျောင်းတော်အတွက် ရရှိလာတဲ့ အကျိုးအမြတ်တွေကို ကြည့်ရမှာ။ မင်းက အခုထိ ကျောင်းသားတစ်ဦးအဖြစ် ရှိနေရင် ငါတို့ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာ ရှိတော့မလဲ”
နင်ကျောင်းအုပ်မှာ ကာကွယ်ရေးဆရာများနှင့် ဆရာများ၏ ရှေ့မှောက်တွင် ဤစကားကို ပြောလိုက်သည်။ ကာကွယ်ရေးဆရာများမှာ အမူအရာ ပြောင်းလဲသွားပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
နင်ကျောင်းအုပ်၏ နောက်ပိုင်းစီစဉ်မှုများကို သူတို့အနေဖြင့် သဘောမတူစရာ အကြောင်းမရှိပေ။ ဆရာများမှာလည်း နင်ကျောင်းအုပ်အနေဖြင့် ဖန့်ချန်ကို ဘယ်လိုရာထူးပေးမလဲဆိုတာကို သိချင်နေကြသည်။
“ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်မှာ အလွတ်ဖြစ်နေတဲ့ ရာထူးတစ်ခု ရှိနေတာ အတော်ကြာပြီ။ မင်းက ဒီရာထူးအတွက် အသင့်တော်ဆုံးပဲလို့ ငါထင်တယ်။”
နင်ကျောင်းအုပ်က ပြုံး၍ ပြောသည်။
ဤစကားကို ကြားလိုက်ရသောအခါ ကာကွယ်သူများနှင့် ဆရာများထဲမှ အချို့မှာ တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး အံ့ဩသော အရိပ်အယောင်များ ပေါ်လာသည်။
“နေဦး”
ရှူရှန့်မှာ ရုတ်တရက် ထွက်လာပြီး နင်ကျောင်းအုပ်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။
“နင်ကျောင်းအုပ်၊ အကြီးကဲက ဖန့်ချန်ကို အဲ့ဒီရာထူးပေးဖို့ စဉ်းစားနေတာလား အကယ်၍သာ ဟုတ်တယ်ဆိုရင်တော့ ကျွန်တော် သဘောမတူဘူး။”
ဖန့်ချန်မှာ သူ့ဆရာက အဘယ်ကြောင့် ဤမျှအထိ တုံ့ပြန်မှုပြင်းထန်ရသလဲဆိုသည့် ရာထူးအမျိုးအစားကို သိလိုစိတ် ဖြစ်သွားသည်။
“ရှူရှန့်၊ သူ့ရဲ့ ဂုဏ်ပုဒ်က ဒီရာထူးနဲ့ အသင့်တော်ဆုံးပဲ။ အရင်က ဘယ်သူပဲ တာဝန်ယူယူ လူတိုင်းက စိတ်ထဲမှာ မကျေမနပ် ဖြစ်ခဲ့ကြတာပဲ။ ဒါပေမဲ့ သူ တာဝန်ယူလိုက်ရင်တော့ လူတိုင်း စိတ်ကျေနပ်ကြလိမ့်မယ်။”
နင်ကျောင်းအုပ်က ပြုံး၍ ပြောသည်။
ချင်ဂွေ့စောင့်ရှောက်သူမှာ စဉ်းစားဟန်ဖြင့် -
“နင်ကျောင်းအုပ် ပြောတာ မှန်ပါတယ်။ အဲ့ဒီရာထူးကို ကျွန်တော်တို့ထဲက ဘယ်သူပဲ တာဝန်ယူယူ ကျွန်တော်တို့ကတော့ ကျေနပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖန့်ချန် တာဝန်ယူမယ်ဆိုရင်တော့ ကျွန်တော်တို့ အကုန်လုံး ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။
ဘာပဲပြောပြော နှစ်ပေါင်းများစွာအတွင်းမှာ ငါတို့ လူမျိုးထဲက ဘယ်သူမှ ကောင်းကင်ငါးပါးမှာ ဒီလိုမျိုး နံပါတ် (၁) သူတော်စင် ဆိုတဲ့ ဘွဲ့ကို မရခဲ့ဖူးဘူးလေ။”
ကာကွယ်သူများမှာ ခေါင်းညိတ်ကြသည်။ သူတို့ ငယ်စဉ်က ထိုသူလောက် အစွမ်းမထက်ခဲ့ကြပေ။ သူ့ကို အလုပ်အကျွေးပြုရမည်ဆိုလျှင်ပင် မလုံလောက်နိုင်ပေ။ ဤနံပါတ် (၁) သူတော်စင်ဆိုသည့် ဘွဲ့၏ တန်ဖိုးမှာ အလွန်မြင့်မားသဖြင့် သူတို့၏ ထိပ်တန်း အဆင့်မြင့် သူတော်စင်များကပင် လေးစားရပေလိမ့်မည်။
သူတို့နောက်မှ တပည့်များဖြစ်သည့် ကျောက်ကျိ၊ ချင်ရှောင်းတို့မှာလည်း သူတို့နှင့် နံပါတ် (၁) သူတော်စင်ကြားက ကွာဟချက်ကို လက်ခံရပေတော့မည်။
“ခင်ဗျားတို့ကတော့ စဉ်းစားတတ်လိုက်တာ၊ ဒီလိုမျိုး လူမုန်းများတဲ့ အလုပ်ကို ကျွန်တော့်တပည့်ကို လုပ်ခိုင်းမလို့လား ခင်ဗျားတို့ကတော့ အလကားနေရင်း အကျိုးအမြတ် ခံစားမလို့ပေါ့ အကျိုးအမြတ် မရှိရင် သူလုပ်မှာ မဟုတ်ဘူး”
ရှူရှန့်မှာ မျက်စောင်းထိုးလိုက်သည်။ သူ၏ ရှေ့တွင် ရှိနေသော အဆင့်မြင့် သူတော်စင်များကို ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ဖန့်ချန်မှာ စိတ်လှုပ်ရှားသွားပြီး -
“တပည့်ကတော့ ဆရာ့အမိန့်အတိုင်းပဲ လုပ်ပါ့မယ်”
ဟု လက်ယှက်ပြောသည်။
ရှူရှန့်နှင့် ဖန့်ချန်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် အကြည့်လွှဲလိုက်ကြသည်။
“အကျိုးအမြတ်ကတော့ ရှိမှာပေါ့၊ သူက နောက်ပိုင်း နှစ်ငါးရာတိုင်းမှာ တရားစီရင်ရေး အကြီးအကဲ တစ်ယောက်ရဲ့ လစာကို ရလိမ့်မယ်။ ခဏတာအားဖြင့် ရွှေဟွေးတံဆိပ် ငါးရာ လို့ သတ်မှတ်လိုက်မယ်၊ ဘယ်လိုလဲ”
နင်ကျောင်းအုပ်က ပြုံး၍ ပြောသည်။
ဆရာများ၏ မျက်လုံးများထဲတွင် အားကျသည့် အရိပ်အယောင်များ ပေါ်လာသည်။ သာမန်ကျောင်းသားများမှာ ကောင်းကင်ငါးပါး စစ်မြေပြင်တွင် ဆယ်ပွဲဆက်တိုက်နိုင်လျှင်ပင် ရွှေဟွေးတံဆိပ် (၁၀) ခုသာ ရရှိပြီး၊ နှစ်တစ်ရာတိုင်းမှ တစ်ခါသာ သွားရောက်ခွင့် ရှိသည်။ သူတို့ကဲ့သို့သော ဆရာများပင်လျှင် နှစ်ငါးရာတိုင်းတွင် ရွှေဟွေးတံဆိပ် (၃၀၀) သာ လစာအဖြစ် ရရှိကြသည်။
ဖန့်ချန်သာလျှင် တရားစီရင်ရေး အကြီးအကဲ ရာထူးကို ရရှိမည်ဆိုလျှင် သူတို့ထက်ပင် လစာပိုများသွားပေလိမ့်မည်။
အခန်း ၂၂၇၄ - တရားစီရင်ရေး အကြီးကဲ
“ရွှေဟွေး တံဆိပ် ငါးရာလား နည်းလွန်းတယ်။ တရားစီရင်အကြီးကဲ ဆိုတာက လူတွေရဲ့ ရန်ငြိုးကို အများဆုံး ခံရမယ့် ရာထူးမျိုး၊ ဒီလို ခပ်သေးသေး ဆုလာဘ်အတွက်နဲ့တော့ မတန်ပါဘူး"
ရှုရှန့်က ခေါင်းခါယမ်းလိုက်သည်။
နင်ကျောင်းအုပ်ကလည်း ကလည်းရှုရှန့်သာ ခေါင်းငြိမ့်မှသာ ဖန့်ခန်က ဒီရာထူးကို လက်ခံလိမ့်မည်ဟု နားလည်သွားသဖြင့် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဒါဆိုရင် ဘယ်လိုအခြေအနေမျိုး ထပ်ဖြည့်သင့်တယ်လို့ မင်းထင်သလဲ ”
“လူသားမျိုးနွယ်ဆိုင်ရာ ကျောင်းတော်မှာရှိတဲ့ နတ်ဘုရား စွမ်းရည်တွေကို သူ အနာဂတ်မှာ စိတ်ကြိုက်လေ့လာခွင့်ရရမယ်၊ ဘယ်သူ့ဆီကမှ အခကြေးငွေ တောင်းခံခွင့်မရှိရဘူး။”
ရှုရှန့်က ဆက်ပြောသည်
“တခြားတောင်တန်းတွေက ထိန်းသိမ်းစောင့်ရှောက်သူတွေမှာရှိတဲ့ အစွမ်းတွေလည်း အတူတူပဲ။ အဲဒီအချက်ကို သဘောတူမယ်ဆိုရင် ဒီတရားစီရင်ရေးအကြီးကဲ ရာထူးကို သူ လက်ခံဖို့ စဉ်းစားပေးလို့ရတယ်။”
တောင်တန်းအသီးသီးမှ ဆရာများ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ကာကွယ်ရေးဆရာ အချို့၏ မျက်ဝန်းထဲတွင် မကျေမနပ်ဖြစ်သော အရိပ်အယောင်များ ပေါ်လာသည်။
“ရှုရှန့် မင်းက လောဘကြီးလွန်းမနေဘူးလား"
“မင်းတို့ကမှ ကိုယ့်အစွမ်းတွေကို ကိုယ်ဖက်တွယ်ပြီး ပညာမပေးချင်ကြတာ။ အရင်တုန်းက မင်းတို့တွေ ကရုဏာတောင်ကို လာပြီး ထိပ်တန်းအစွမ်းသုံးမျိုးကို လေ့လာတဲ့အခါ၊ အထူးသဖြင့် ကရုဏာတံဆိပ် ကို နားလည်အောင် သင်ယူချင်တဲ့အခါ ငါတို့ ကရုဏာတောင်က ဘာတစ်ခုမှ ဖုံးကွယ်မထားခဲ့ဘူး။
ဒါပေမဲ့ ခင်ဗျားတို့ကတော့ တချို့သော အစွမ်းတွေကို ဖွက်ထားပြီး ကိုယ့်တပည့်တွေကိုပဲ သင်ပေးတယ်။ တခြားသူတွေကိုတော့ ဘာမှလုပ်ခွင့်မပေးဘူး၊ ဒါက ဘာသဘောလဲ”
“……”
“ဒီအချက်ကိုတော့ ငါ သဘောတူတယ်လို့ ထင်တယ်။”
နင် ကျောင်းအုပ်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။
သူကိုယ်တိုင် အဖြေပေးလိုက်သည်ကို မြင်သောအခါ၊ မကျေမနပ်ဖြစ်နေကြသော ကာကွယ်ရေးဆရာများမှာလည်း စကားဆက်မပြောရဲတော့ပေ။
“ဖန့်ချန်က အခုဆိုရင် ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အပြည့်အဝ ထောက်ပံ့မှုနဲ့ လေ့ကျင့်ပေးမှုတွေကို ရထိုက်နေပြီလေ။ ရှုရှန့်သာ ဒီအချက်ကို မတောင်းဆိုရင်တောင် မင်းတို့အားလုံးက သူ့ကို လမ်းညွှန်ပေးဖို့ ဝန်လေးကြမှာ မဟုတ်ဘူးလို့ ငါယုံကြည်ပါတယ်။”
နင် ကျောင်းအုပ်ကြီးက ပြုံး၍ ပြောလိုက်သည်။
လူသားမျိုးနွယ်မှ ပညာရှိအများစုမှာ ထိုစကားကို ကြားသောအခါ ခေါင်းငြိမ့်ကြပြီး မှန်ကန်သည်ဟု ယူဆသွားကြသည်။
စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်းကာလမှာတင် နံပါတ်တစ် ဖြစ်လာသူကို လမ်းညွှန်ပေးနိုင်ခြင်းမှာ သူတို့အတွက်လည်း ဂုဏ်ယူစရာပင်။
“ဒါဆိုရင်တော့ ရပြီ။ ဖန့်ချန်၊ နောက်ပိုင်းကိစ္စကို မင်းဘာသာ စဉ်းစားကြည့်တော့။ ဒီတရားစီရင်ရေးအကြီးကဲ ရာထူးကို လက်ခံမလား ဆိုတာပေါ့။”
ရှုရှန့် ခေါင်းငြိမ့်လိုက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ကို ဖန့်ချန်ထံ ပြန်ပေးလိုက်သည်။
“ဆရာ၊ နင် ကျောင်းအုပ်ကြီး ၊ တရားစီရင်ရေး အကြီးကဲ ဆိုတာ ဘာလုပ်ရတာလဲ ”
ဖန်ချန်းက ချက်ချင်းပင် မေးလိုက်သည်။
“တရားစီရင်ရေးအကြီးကဲဆိုတာ နာမည်အတိုင်းပဲ၊ ငါတို့ လူသားမျိုးနွယ် ကျောင်းတော်ရဲ့ အငြင်းပွားမှုတိုင်းကို တာဝန်ယူရတာ။
တစ်စုံတစ်ယောက်က ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရင် တရားစီရင်ရေးအကြီးကဲက ဝင်ရောက်ကိုင်တွယ်ရလိမ့်မယ်။
ဘက်လိုက်မှုမရှိဘဲ တရားမျှတတဲ့ စံနမူနာပြဖြစ်ရမယ်၊ ဘယ်အင်အားစုရဲ့ လွှမ်းမိုးမှုမှ မခံရစေရဘူး။”
နင် ကျောင်းအုပ်ကြီးက ပြုံးလျက်
“အရင်တုန်းက ဒီရာထူးက လူတွေကို ရန်သူဖြစ်အောင် လုပ်တဲ့အတွက် သင့်တော်တဲ့သူ မရှိခဲ့ဘူး။ အခုတော့ မင်း ဒီရာထူးနဲ့ သင့်တော်မယ်လို့ ငါထင်တယ်။”
“ကျောင်းတော်ရဲ့ အငြင်းပွားမှုတွေကို တာဝန်ယူရတာ”
ဒါက ပညာရေးဌာနမှူးလိုပဲလား
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ချက်ဝင်လာသည်။ သူသည် အနီးနားရှိ ဆရာများနှင့် ကာကွယ်သူများကို အကဲခတ်ကြည့်လိုက်သည်။
“ကျောင်းသားတွေကိုပဲ စီရင်ရမှာလား၊ ဒါမှမဟုတ် ကာကွယ်ရေးဆရာတွေနဲ့ ဆရာတွေကိုပါ စီရင်ရမှာလား"
“ကာကွယ်ရေးဆရာတွေကိုသာမကဘဲ၊ ငါ့လို ကျောင်းအုပ် တစ်ယောက်ကတောင် စည်းမျဉ်းချိုးဖောက်ရင် မင်းမှာ အထောက်အထားရှိသရွေ့ ငါ့ကိုလည်း စီရင်နိုင်တယ်။”
နင် ကျောင်းအုပ်ကြီး က ရယ်မောရင်း ပြောသည်။
“အာဏာက အရမ်းကြီးတာပဲလား”
ဖန့်ချန်က စိတ်ထဲမှ တိုးတိုးလေး တွေးလိုက်မိသည်။ ဒါဆိုရင်တော့ ရိုးရိုးပညာရေးဌာနမှူးထက် ပိုအာဏာရှိနေပြီ။
“ဘယ်လိုလဲ၊ မင်း ဒီရာထူးကို ထမ်းဆောင်ဖို့ ဆန္ဒရှိလား”
နင် ကျောင်းအုပ်ကြီး က မေးလိုက်သည်။
ဖန့်ချန်သည် ရှုရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ ရှုရှန့်က ခေါင်းအနည်းငယ် ငြိမ့်ပြသည်ကို မြင်သောအခါ သူ နားလည်သွားပြီး လက်ဆုပ်ချီကာ -
“တပည့် တရားစီရင်ရေးအကြီးကဲ ရာထူးကို ထမ်းဆောင်ပါ့မယ်။”
“ကောင်းပြီ၊ ဒါက တရားစီရင်ရေးအကြီးကဲရဲ့ တံဆိပ်ပဲ။ ဒီတံဆိပ်ကို မြင်ရင် စည်းမျဉ်းကို မြင်ရသလိုပဲ။
နောက်ပိုင်းမှာ မင်းဆိုတာ ငါတို့ ကျောင်းတော်ရဲ့ စည်းမျဉ်းကို ကိုယ်စားပြုတဲ့သူပဲ။
မင်းသာ တရားမျှတစွာ ဆောင်ရွက်ပြီး စည်းမျဉ်းကို အဓိကထားမယ်ဆိုရင်၊ ဘယ်သူမဆို စည်းကမ်းမလိုက်နာဘူး၊ စီရင်ချက်ကို မကျေနပ်ဘူးဆိုရင် အနည်းဆုံးတော့ ကျောင်းတော်က ထုတ်ပယ်မယ်၊ အများဆုံးဆိုရင်တော့… စကြာဝဠာထဲကနေ ပျောက်ကွယ်သွားအောင် တမလွန်ဘဝကို ပို့လိုက်ရုံပဲ။”
နင် ကျောင်းအုပ်ကြီး က ဖန်ချန်းထံသို့ တံဆိပ်တစ်ခုကို ပစ်ပေးလိုက်သည်။ အပေါ်တွင် ‘စည်းမျဉ်း’ ဟု အဓိပ္ပာယ်ရသော စာလုံးတစ်လုံးသာ ပါရှိသည်။
ဒီတံဆိပ်သည် အလွန်လေးလံပြီး ထူးခြားသော ရတနာတစ်မျိုးဖြင့် ပြုလုပ်ထားမှန်း သိသာသည်။
သူသည် တံဆိပ်ကို အသာအယာ ဆုပ်ကိုင်ကြည့်လိုက်သော်လည်း အမှတ်အသား တစ်စက်ကလေးမျှ မကျန်ခဲ့ပေ။
နင် ကျောင်းအုပ်ကြီး သည် လူအများရှေ့တွင် ဖန့်ချန်ကို မှာကြားစရာရှိသည်များ မှာကြားပြီးနောက် လူစုခွဲရန် လက်ယပ်လိုက်သည်။
ဖန့်ချန်သည် ရှုရှန့်နောက်သို့ လိုက်၍ ကရုဏာတောင်သို့ ပြန်လာခဲ့သည်။
“ဒီတရားစီရင်ရေးအကြီးကဲ ရာထူးက လုပ်ရတာ မလွယ်ဘူး၊ ဒါပေမဲ့ အကျိုးအမြတ်လည်းရှိတယ်။
နောက်ပိုင်းမှာ စည်းမျဉ်းအတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် ဒီအကျိုးအမြတ်တွေက မင်းကျောင်းကနေထွက်ပြီး မဟာမိတ်အဖွဲ့မှာ အလုပ်ဝင်တဲ့အခါ ပေါ်လာလိမ့်မယ်။”
ရှုရှန့်က ပြုံး၍ ပြောသည်။
“ဆရာ၊ ဒီရာထူးက လူတွေကို ရန်သူဖြစ်အောင် လုပ်တာကလွဲရင် အကျိုးအမြတ် ဘာမှမရှိဘူးလို့ ထင်တာပဲ။ တကယ်ပဲ မဟာမိတ်အဖွဲ့မှာ အလုပ်ဝင်တဲ့အခါ အကျိုးရှိမှာလား ”
ဖန့်ချန်က လက်ထဲရှိ တံဆိပ်ကို ငုံ့ကြည့်လိုက်သည်။
“မဟာမိတ်အဖွဲ့ထဲက အဓိကအရာရှိကြီးများ အကြောင်း သိလား ”
“မသိပါဘူး။”
“အဓိကအရာရှိဆိုတာ အာဏာအရှိဆုံး လူတန်းစားပဲ။ ချင်းမင်သံတမန် လောက် တန်ခိုးကြီးတဲ့သူတွေတောင် အဓိကအရာရှိတွေ မဟုတ်သေးဘူး။ သူတို့က အဓိကအရာရှိတွေရဲ့ အမိန့်ကို နာခံရဦးမှာ။
မင်းက အခု နံပါတ်တစ် ဘွဲ့ကို ရထားပြီး နင် ကျောင်းအုပ်ကလည်း လူသားမျိုးနွယ် ကျောင်းတော်ရဲ့ တရားစီရင်ရေးအကြီးကဲအဖြစ် ခန့်အပ်ထားတယ်။
မင်းရဲ့ ရလဒ်တွေသာ ကောင်းမွန်ပြီး လမ်းကြောင်းမှန်ရင် မဟာမိတ်အဖွဲ့ထဲကို ရောက်တဲ့အခါ မင်းကို အဓိကအရာရှိ လမ်းကြောင်းအတိုင်းပဲ ပြုစုပျိုးထောင်ပေးလိမ့်မယ်။”
ရှု့ာရှန့်က သက်ပြင်းချရင်း -
“ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ။ တစ်ခါတစ်ရံမှာ မင်းရဲ့ သူတော်စင်လမ်းကြောင်းကို ပိုချောမွေ့သွားစေလိမ့်မယ်။ အကျိုးအမြတ်တွေကို နောက်တော့ မင်းနားလည်လာပါလိမ့်မယ်။ ဒီတစ်ခါတော့ နင် ကျောင်းအုပ်ကြီး က မင်းကို တကယ်ပဲ အလေးအနက် ပြုစုပျိုးထောင်ဖို့ စိတ်ကူးထားပုံပဲ။”
မဟာမိတ်အဖွဲ့ထဲက အဓိကအရာရှိလား
ဖန့်ချန်၏ မျက်ဝန်းများ တောက်ပသွားပြီး စိတ်ဝင်စားသွားသည်။
မဟာမိတ်အဖွဲ့ထဲမှာ ရာထူးတစ်နေရာ ရလိုက်မယ်ဆိုရင် မဟာမိတ်အဖွဲ့ရဲ့ အင်အားကို အသုံးချလို့ရပြီ။
ဒီလမ်းကြောင်းအတိုင်း အတိုင်းအတာတစ်ခုအထိ ရောက်သွားမယ်ဆိုရင် ဖော်ထုတ်ခံရမည့် ရှန်းဟုန် မျိုးနွယ်အဖြစ်ကနေ ပေါ်ပေါက်သွားရင်တောင် ဟော်ဆွေ့ ဘိုးဘေးတွေကတောင် သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။
“မဟာမိတ်အဖွဲ့ရဲ့ အင်အားကို ချေးငှားတာက ဖြတ်လမ်းလျှောက်တာပဲ၊ အခုအချိန်မှာ အသင့်တော်ဆုံး လမ်းကြောင်းပဲ။”
“အရမ်းကြီး မတွေးနဲ့တော့၊ ပြန်ပြီးတော့ ကောင်းကောင်းလေ့ကျင့်တော့။”
ရှုရှန့်က လက်ခါပြလိုက်သည်။
“ဒါဆို တပည့်ကို ခွင့်ပြုပါဦး”
ဖန့်ချန် ခေါင်းငြိမ့်လိုက်သည်။
သူသည် ကျန်းတောက်ယွဲ့တို့ကို သွားတွေ့ပြီး ဝမ်ချုံစန်းတို့နှင့် ခဏတာ စကားပြောဆိုကာ အိမ်ပြန်ခဲ့တော့သည်။
အချိန်အနည်းငယ် ကုန်လွန်သွား၏။
ကောင်းကင်ငါးပါး စစ်မြေပြင် ပြိုင်ပွဲ ပြီးဆုံးသွားသည်။
လူသားမျိုးနွယ် ကျောင်းသားတစ်ယောက်ပြီးတစ်ယောက် စစ်မြေပြင်ထဲကနေ ထွက်လာကြရာ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ ကျန်ရှိနေသေးသည်။
ရင်းနှီးသူများ တွေ့ဆုံသောအခါ မိမိတို့ ရင်ထဲရှိ စိတ်ကူးများကို အပြိုင်အဆိုင် ဝေမျှကြသည်။
“ချိုင်ညီကို ဖန့်ချန် နံပါတ်တစ် ဖြစ်သွားပြီ ”
လုကျိုဝမ်က ချိုင်စစ်ရှိုကို မြင်သောအခါ အော်ခေါ်လိုက်သည်။
“ဟုတ်တယ်၊ ငါလည်း မြင်လိုက်တယ်။ မထင်ထားဘူး၊ တကယ်ကို မထင်ထားခဲ့မိဘူး။”
ချိုင်စစ်ရှို က ခေါင်းခါယမ်းရင်း မျက်ဝန်းထဲတွင် စိတ်ခံစားမှုများ ပြည့်နှက်နေသည်။
ဒီအချိန်မှာ သူ နောင်တရနေမိသည်။ အရင်တုန်းက ကရုဏာတောင်ကနေ ထွက်ခွာခဲ့မိတဲ့အတွက်ပေါ့။
သာမန်လူတွေ မရောက်နိုင်တဲ့ အဆင့်အထိ သူ တက်လှမ်းသွားလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ။
ဒီလို မြင်ကွင်းမျိုးတွေ နေရာတိုင်းမှာ ပေါ်ပေါက်နေသည်။
ကျိလင်ကတော့ အလောင်းကောင် တစ်ကောင်လို ဖြစ်နေသည်။ ဝူချုံက သူ့ဘေးနားမှာ တိုးတိုးလေး ပြောနေပေမဲ့ သူ ဘာတစ်ခုမှ ကြားပုံမရပေ။
ဝူချုံနှင့် ရွှီဇီယွမ်တို့သည် သူ့အခြေအနေကို ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။
သို့သော် သူတို့သည် ကျိလင်၏ ခံစားချက်ကို နားလည်သည်။
ကျောင်းစတက်ကတည်းက ရန်ငြိုးထားခဲ့ရတဲ့သူက အခုဆိုရင် သာမန်လူတွေ မရောက်နိုင်တဲ့ နေရာအထိ တက်လှမ်းသွားပြီလေ။
သူတို့သာဆိုရင်လည်း ဒီလိုမျိုး နာကျင်ခံစားရမှာ အသေအချာပါပဲ။
“ဖန့်ညီမလေး၊ ဂုဏ်ယူပါတယ်နော် ဒီတစ်ခါ ၁၀ ပွဲဆက်တိုက် အနိုင်ရတာ၊ အရင်က ဖန့်အစ်ကိုကြီးရဲ့ ပုံစံအတိုင်းပဲ ”
“ဖန့်ညီမလေး၊ မင်း ထိပ်ဆုံးသုံးယောက်စာရင်းထဲ ဝင်နိုင်မယ်လို့ ငါယုံကြည်တယ်။ နောက်ဆိုရင် နေမင်း ခုနှစ်ပါး ခန်းမရဲ့ နံပါတ်သုံးထဲမှာ ငါတို့လူသားမျိုးနွယ်က နှစ်ယောက်တောင် ပါလာတော့မယ် ကြိုးစား”
ထိုနည်းတူစွာပင် ဖန့်ကျစ်ရွှယ် ပေါ်လာသောအခါ လူအများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။ ကျောင်းသားများက ဂုဏ်ပြုစကားဆိုကြပြီး မနာလိုဖြစ်မှု အနည်းငယ်နှင့်အတူ အားကျမှုများလည်း ရှိနေသည်။
အရင်က တုန်ဖုန်းဟို့ သေဆုံးမှုကြောင့် လူသားမျိုးနွယ် ကျောင်းသားများ စိတ်ဓာတ်ကျနေခဲ့သော်လည်း၊ ဖန့်ချန် နှင့် ဖန့်ကျစ်ရွှယ် တို့၏ နေမင်း ခုနှစ်ပါး ခန်းမမှာ ပြသခဲ့သည့် အလွန်ကောင်းမွန်သော ရလဒ်များကြောင့် လူသားကျောင်းသားများ၏ စိတ်ထဲတွင် အားအင်နှင့် ဆုံးဖြတ်ချက်များ ပိုမိုတိုးပွားလာကာ သွေးဆူလာသလို ခံစားလိုက်ရသည်။
ဒီတစ်ခါ ရလဒ်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အားလုံးက နောက်တစ်ခါ ကောင်းကင် ငါးပါး စစ်မြေပြင်မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပြဖို့ စိတ်ထဲမှာ တိုင်တည်လိုက်ကြသည်။
တစ်စုံတစ်ခုကို မသိစိတ်က ခံစားမိလိုက်သည်၊ သူတို့၏ မျက်ဝန်းများထဲတွင် ယခင်က မရှိခဲ့ဖူးသည့် ယုံကြည်ချက်များ တိုးပွားလာကြသည်။