← Chapters

အခန်း (၂၂၇၇-၂၂၇၈)

Vol. 228 Ch. 2277-2278

အခန်း (၂၂၇၇-၂၂၇၈)

Vol. 228 Ch. 2277-2278

အခန်း (၂၂၇၇) - ငှက်ဆိုးနှုတ်သီး

“ဖန့်အစ်ကိုဆိုတာ နေမင်းခုနှစ်ပါးခန်းမက ကျောင်းသားဖြစ်တာနဲ့အညီ တကယ်ပဲ တမူထူးခြားတာပဲ၊ အဆင့်တက်တဲ့ ပုံစံကအစ ငါတို့နဲ့ မတူဘူး။ ဒီအတွင်းကမ္ဘာနယ်မြေကို နေမင်းကြီးလို့ ခေါ်ရင်တောင် လွန်မယ်မထင်ဘူးနော်”

“ဒီလို အလင်းရောင်မျိုး၊ ဒီလို အပူချိန်မျိုးသာ ဒီနေရာက ကောင်းကင်ယံမှာ မဟုတ်ဘဲ၊ ငါတို့တွေက သူတော်စင်တွေ မဟုတ်ရင်၊ နီးကပ်သွားတာနဲ့တင် နေလောင်ပြီး သေသွားလောက်ပြီ”

“နေမင်းခုနှစ်ပါး တံဆိပ်ဆိုတာ... တကယ့်ကို နတ်ဘုရားစွမ်းရည် တစ်ခုလိုပဲ...”

လူသားမျိုးနွယ်စု ကျောင်းတော်မှ သူတော်စင်များ ပိုမိုများပြားစွာ စုဝေးရောက်ရှိလာကြသည်။

သူတို့သည် အဝေးတွင်ရှိသော ‘နေမင်းကြီး’ ကို မြင်သောအခါ မျက်ဝန်းထဲတွင် အားကျမှုနှင့် လေးစားသမှုများ ထင်ဟပ်နေသည်။

ယခုအခိုက်အတန့်တွင် နေမင်းခုနှစ်ပါး တံဆိပ်၏ စွမ်းအားကို သူတို့ ထင်ရှားစွာ ခံစားနေရသည်။

၎င်းသည် သာမန် နတ်ဘုရားစွမ်းရည်များနှင့် မတူညီသော်လည်း နေမင်းခုနှစ်ပါးခန်းမမှ ကျောင်းသားတိုင်းအား ပေးအပ်ထားခြင်း ဖြစ်သည်။

သို့သော် ၎င်း၏ တည်ရှိမှုသည် နတ်ဘုရားစွမ်းရည်နှင့် ကွာခြားမှု မရှိတော့ဘဲ၊စင်ကြယ်သော နေမင်းခုနှစ်ပါး စွမ်းအင်များသည် အခြားသူများကို အနာတရဖြစ်စေနိုင်သည်။

“စကားမစပ်၊ နေမင်းခုနှစ်ပါး တံဆိပ်ဆိုတာ နတ်ဘုရားစွမ်းရည် တစ်ခုပဲ၊ ဒါကြောင့် နေမင်းခုနှစ်ပါးခန်းမက ကျောင်းသားတိုင်းဟာ ငါတို့ထက် နတ်ဘုရားစွမ်းရည် တစ်မျိုး ပိုများနေကြတာလေ”

“တကယ် အားကျဖို့ကောင်းတယ်၊ ရန်သူကို တိုက်ခိုက်ရုံတင်မကဘဲ နေမင်းခုနှစ်ပါး တံဆိပ်ရဲ့ အမှန်တကယ် ထူးခြားချက်က နေမင်းခုနှစ်ပါးခန်းမက ကျောင်းသားတွေရဲ့ စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်တာပဲ ”

“အစ်ကိုကြီး... အဲဒါ တကယ်ပြောတာလား”

မကြာသေးခင်ကမှ ရောက်လာသော ကျောင်းသားသစ်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့သည် နေမင်းခုနှစ်ပါး တံဆိပ်နှင့် ပတ်သက်၍ နားမလည်ကြသေးပေ။

ထိုကျောင်းသားဟောင်းက ရယ်မော၍ ပြောသည်။

“မင်းတို့ကလည်း၊ ဒါလိမ်ပြောစရာလား အမှန်တော့ ငါတို့လည်း အရင်က သေချာ မသိခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက လူသားမျိုးနွယ်စု ကျောင်းတော်မှာ နေမင်းခုနှစ်ပါးခန်းမက ကျောင်းသား မရှိသေးလို့လေ။

နောက်ပိုင်း ဖန့်ကျောင်းသားနဲ့ တုန်းဖန်ကျောင်းသားတို့ နေမင်းခုနှစ်ပါးခန်းမက ကျောင်းသားတွေ ဖြစ်လာမှပဲ ငါတို့လည်း နေမင်းခုနှစ်ပါး တံဆိပ်အကြောင်း နည်းနည်းပါးပါး သိလာရတာ”

“အဲဒီလိုဆိုရင်... ဖန့်အစ်ကိုက နေမင်းခုနှစ်ပါး တံဆိပ်တစ်ခုတည်းနဲ့တင် အဆင့်တူတွေထက် အများကြီး သာလွန်နေပြီပေါ့...”

“ဖန့်အစ်ကိုတင် မဟုတ်ဘူး၊ မင်းနဲ့ ငါတို့လိုလူတွေတောင် အပြင်ထွက်ရင် သာမန်အဆင့်တူတွေကို လက်တစ်ဖျားစာနဲ့တင် အနိုင်ပိုင်းနိုင်တာပဲ မဟုတ်လား။

ဖန့်ကျောင်းသားအကြောင်း ပြောရရင်တော့... သူက သာမန် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်တွေကိုတောင် အနိုင်ပိုင်းနိုင်မယ်လို့ ငါထင်တယ်။

အခု သူက အလယ်အလတ်အဆင့်ကို တက်တော့မှာဆိုတော့ သူ့ရဲ့ နည်းလမ်းတွေက ဘယ်လောက်အထိ အစွမ်းထက်လာမလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရတော့ဘူး”

“ဒါပေမဲ့... ဖန့်အစ်ကိုက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရဲ့ နံပါတ်တစ် ဖြစ်တာ မကြာသေးဘူး၊ အခုချက်ချင်း အဆင့်တက်ဖို့ ရွေးလိုက်တာက... ဒီနေရာမှာ နွေးတောင် မနွေးရသေးဘူးနော်...”

“ဒါလည်း ဟုတ်တာပဲ၊ ငါသာဆိုရင် နှစ်ပေါင်းသုံးထောင်လောက် ဒီနေရာမှာ ထိုင်နေဦးမှာ၊ ဒါမှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရာ ရောက်မယ်”

တစ်ဖက်တွင်လည်း ရွှေရှင်းအမှူးပြုသော တောင်အသီးသီးမှ ခေါင်းဆောင်များလည်း စုဝေးနေကြသည်။

ကျန်းတောက်ယွဲ့ သည် နေမင်းကြီးကဲ့သို့ တောက်ပနေသော ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေကို ကြည့်၍ စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြုံးနေသည်။

ရွှေရှင်းသည် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ကျန်းတောက်ယွဲ့ ကို ကြည့်၍ ရုတ်တရက် မေးသည်။

“သူက သန့်စင်သောအဆင့် အကန့်အသတ် ကျော်လွန်ခြင်း လမ်းကြောင်းကို မလျှောက်တော့ဘူးလား”

တောင်အသီးသီးမှ ခေါင်းဆောင်များ၏ အမူအရာ တစ်ချက် လှုပ်ရှားသွားပြီး အတွေးပွားနေကြသည်။

ယုတ္တိအရဆိုလျှင် ဖန့်ချန်၏ စွမ်းအားနှင့် အခြေခံအုတ်မြစ်မှာ အထွတ်အထိပ် သူတော်စင်များနှင့် မနိမ့်ကျပေ၊ ထို့ကြောင့် ထိုလမ်းကြောင်းကို ရွေးချယ်နိုင်သည်မှာ သဘာဝကျသည်။

“ရွှေရှင်း၊ ဖန့်ညီလေးက လျှောက်ချင်တိုင်း လျှောက်လို့ ရတာလား ဒိန်ရွှမ်အသီးကို ဘယ်ကနေ ရှာမလဲ သန့်စင်သောအဆင့် အကန့်အသတ် ကျော်လွန်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေက ငါတို့ တွေးထားတာထက် အများကြီး ပိုများတယ်”

ကျန်းတောက်ယွဲ့ သည် ပြုံး၍ ခေါင်းခါလိုက်သည်။

“ရှန်ရှိုးယွမ်တို့ လျှောက်တဲ့လမ်းကို ကြည့်လေ၊ ဒီနှစ်တွေအတွင်း သူတို့ ဘယ်လောက်တောင် အရင်းအမြစ်တွေ ကုန်ကျသွားလဲဆိုတာ သိလား အဲဒါက မယုံနိုင်စရာ ကိန်းဂဏန်းပဲ”

“ဟူး... ငါတို့ လူသားမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က ပိုသာလွန်ခဲ့ရင် ကောင်းမှာပဲ။ ဒါဆိုရင် အောက်ခြေကလူတွေကို ပိုအားကောင်းတဲ့ လမ်းကြောင်း လျှောက်နိုင်အောင် ထောက်ပံ့ပေးနိုင်မှာ။ သန့်စင်သော အဆင့် အကန့်အသတ် ကျော်လွန်ခြင်းက ခက်ခဲပေမဲ့ ကြိုးစားကြည့်လို့ ရသေးတယ်၊ အခုတော့ ကြိုးစားဖို့အတွက်တောင် အရင်းအမြစ် မရှိဘူး”

ဒီဂျွန်းတောင်မှ ခေါင်းဆောင်က သက်ပြင်းချ၍ ပြောသည်။

“အမှန်တော့ သန့်စင်သော အဆင့် အကန့်အသတ် ကျော်လွန်ခြင်း မလျှောက်တာလည်း ကောင်းပါတယ်။ လမ်းကြောင်းတိုင်းက ငါတို့ လူသားမျိုးနွယ်စုနဲ့ မကိုက်ညီဘူးလေ၊ သူတော်စင် ကျမ်းစာလမ်းစဉ်တွေကလည်း လူတစ်ယောက်နဲ့ တစ်ယောက် မတူဘူး”

ရွှေရှင်းက ဆိုသည်။

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ သူတော်စင် ကျမ်းစာလမ်းစဉ်များကပင် ဤအချက်ကို သက်သေပြနေသည်။

လူသားမျိုးနွယ်စု၏ သူတော်စင် ကျမ်းစာလမ်းစဉ်များမှာ ဆင်တူယိုးမှား ရှိသော်လည်း၊ အခြားမျိုးနွယ်စုများ၏ လမ်းစဉ်မှာ ထူးဆန်းလွန်းပြီး လူသားများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

သို့သော် ကျမ်းစာမှာမူ အတူတူပင် ဖြစ်သည်။

၎င်းက သူတော်စင်တိုင်းသည် လျှောက်လှမ်းမည့် လမ်းကြောင်းမှာ တူညီနိုင်မည် မဟုတ်ကြောင်း ပြသနေသည် မဟုတ်လော။

တစ်လခွဲအကြာတွင်။

ဖန့်ကျစ်ရွှယ် နှင့် အောက်ရုလင်တို့လည်း ရောက်ရှိလာကြသည်။

သူတို့သည် ဝမ်ချုံစန်း တို့နှင့် ပေါင်းစည်းပြီးနောက်နေမင်းကြီးကဲ့သို့ တောက်ပနေသော အတွင်းကမ္ဘာနယ်မြေကို ကြည့်လိုက်ကြသည်။

“ဝမ်အစ်ကို၊ ဖန့်အစ်ကိုကြီး ဒီလိုအခြေအနေမျိုး ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ”

ဖန့်ကျစ်ရွှယ် သိလိုစိတ်ဖြင့် မေးသည်။

“ခဏတော့ ရှိပြီ။ ဖန့်အစ်ကိုရဲ့ အငွေ့အသက်တွေက တဖြည်းဖြည်း ငြိမ်သက်လာတာကို ကြည့်ရတာ၊ မကြာခင် အဆင့်တက်နိုင်တော့မယ်လို့ ထင်တယ်”

ဝမ်ချုံစန်းက ရယ်မော၍ ပြောသည်။

“ဒါဆိုရင်လည်း ကောင်းတာပေါ့”

ဖန့်ကျစ်ရွှယ် သက်ပြင်းချလိုက်သည်။

သူတော်စင်တစ်ဦး အဆင့်တက်ခြင်းမှာ တစ်ခါတစ်ရံ မမျှော်လင့်ဘဲ အခက်အခဲများနှင့် ကြုံတွေ့ရပြီး မအောင်မြင်သည်မျိုး ဖြစ်တတ်သည်။

ထိုအခါ အတွင်းကမ္ဘာနယ်မြေ၏ အခြေခံအုတ်မြစ်ကို ကြီးစွာသော ထိခိုက်မှု ဖြစ်စေနိုင်သည်။

နောက်တစ်ကြိမ် အဆင့်တက်ရန်ဆိုသည်မှာလည်း လွယ်ကူတော့မည် မဟုတ်ပေ။

“ဖန့်ညီမ စိတ်မပူပါနဲ့၊ ငါတို့ ကရုဏာတောင်က တပည့်တွေက ဒီနေရာကို ဝိုင်းပတ် စောင့်ရှောက်ထားပြီးသား။ နောက်ပြီး ဆရာ‌ တွေလည်း ဒီမှာ ရှိနေတာမို့ ဖန့်အစ်ကိုရဲ့ အဆင့်တက်ခြင်းမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး”

ဟွမ်းချင်းကျူက ရယ်မော၍ ပြောသည်။

စကားပြောပြီးသည်နှင့် ကောင်းကင်ယံမှ ရုတ်တရက် အငွေ့အသက်တစ်ခု လှုပ်ရှားသွားသည်။

မမြင်နိုင်သော ဓားတစ်ချောင်းသည် ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေကို ဖြတ်တောက်သွားသယောင်။

အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသည်။

မည်သည့် အရိပ်အယောင်မျှ မရှိခဲ့ပေ။

ဖန့်ချန်နှင့် အနီးဆုံးတွင်ရှိသော ရှူရှန့်က ပထမဆုံး တုံ့ပြန်နိုင်ခဲ့ပြီး အတွင်းကမ္ဘာနယ်မြေကို အသုံးပြုကာ ထိုမမြင်နိုင်သော ဓားချက်ကို တားဆီးရန် ကြိုးပမ်းလိုက်သည်။

“ရဲတင်းလိုက်တာ”

ဝေကွမ်းရှောင်နှင့် အခြားဆရာများမှာလည်း ဒေါသတကြီးဖြင့် ဝိုင်းဝန်း တားဆီးကြသည်။

သို့သော် ဤမမြင်နိုင်သော ဓားချက်ရှေ့တွင် သူတို့မှာ အလွန်သေးငယ်နေပြီး တစ်ချက်တည်းဖြင့်ပင် မိုင်ပေါင်းများစွာ လွင့်စင်သွားကြသည်။

အစမှ အဆုံးတိုင်အောင်ပင် ထိုဓားချက်ကို ခဏလေးမျှပင် မနှောင့်နှေးစေနိုင်ခဲ့ပေ။

သူတော်စင်များမှာ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသည်ကို မယုံနိုင်စွာ ကြည့်နေကြပြီး၊ နေမင်းကြီးကဲ့သို့သော အတွင်းကမ္ဘာနယ်မြေကို ထိခိုက်တော့မည့် ဓားချက်ကို ကြည့်နေကြရသည်။

သို့သော် နောက်တစ်စက္ကန့်တွင်၊ ကြီးမားလှသော အလင်းရောင်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။

ကောင်းကင်ယံမှာ အလွန်တိတ်ဆိတ်သွားသည်။

ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေမှာ လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မမြင်နိုင်သော ဓားချက်မှာလည်း လေဟာနယ်တွင် ပျက်ပြယ်သွားပြီး အနည်းငယ်သော လှိုင်းလုံးအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

“ဟွမ်းချင်းကျူ၊ နင့် ပါးစပ်က ဘာလို့ ဒီလောက်တောင် စီးနေရတာလားဟ ”

ရှဲ့အာမန်က ဟွမ်းချင်းကျူ ကို အေးစက်စက် လှမ်းကြည့်လိုက်သည်။

ဟွမ်းချင်းကျူ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မည်သို့ ဖြစ်ပျက်သွားသည်ကို နားမလည်နိုင် ဖြစ်နေသည်။

သို့သော် သူသည် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ကို ဝိုင်းကြည့်လိုက်သည်။

“ဖန့်အစ်ကိုကို ဘယ်သူ ထိရဲတာလဲ ဒါက လူသားမျိုးနွယ်စု ကျောင်းတော်လေ ”

အနီးနားရှိ သူတော်စင်များမှာလည်း တုန်လှုပ်မှုမှ ရုန်းထွက်လာပြီး၊ တိုက်ခိုက်သူကို ရှာဖွေရန် ဒေါသတကြီး လှည့်လည် ကြည့်ရှုနေကြသည်။

တစ်ချိန်တည်းတွင် ရှူရှန့်နှင့် အခြားသူများမှာ သွေးအန်လျက် ဖန့်ချန် အဆင့်တက်သည့် နေရာသို့ ပြန်လည် ပျံသန်းလာကြသည်။

“ယုတ်မာလိုက်တာ၊ ဖန့်ချန်ရဲ့ သူတော်စင် လမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားနေတာပဲ ”

ဝေကွမ်းရှောင်သည် လည်ချောင်းထဲမှ အန်တက်လာသည့် သွေးများကို အတင်းမျိုချလိုက်ပြီး၊ မျက်ဝန်းထဲတွင် ရက်စက်သော အငွေ့အသက်များဖြင့် ပြောလိုက်သည်။

“ရှူရှန့်၊ မင်းရဲ့ တပည့် ဘယ်ရောက်သွားလဲ ”

ဝေလျန်ယွမ်က ပဝါဖြင့် ပါးစပ်ကို သုတ်လိုက်သည်။

“ထွီ”

ရှူရှန့်က သွေးကို ထွေးထုတ်လိုက်ပြီးနောက်၊ ဒီနေရာရှိ အငွေ့အသက်ကို ငြိမ်သက်စွာ ခံစားကြည့်ပြီးမှ ပြောလိုက်သည်။

“ထွက်ပြေးသွားပြီ ဖြစ်မယ်၊ ဖန့်ချန်မှာ ထူးခြားတဲ့ ထွက်ပြေးနည်းလမ်း ရှိတာ လျှို့ဝှက်ချက် မဟုတ်ဘူးလေ”

“ထွက်ပြေးသွားရင်လည်း တော်သေးတာပေါ့၊ ဒီတစ်ခါ အဆင့်တက်တာကို ထိခိုက်သွားမလားဆိုတာပဲ စိုးရိမ်မိတယ်”

“အရင်က ဖန့်ကျစ်ရွှယ်. ကို လုပ်ကြံဖို့ လူတွေ လာတယ်၊ အခု ဖန့်ချန် အဆင့်တက်တော့လည်း လမ်းဖြတ်တောက်ဖို့ ကြိုးစားကြတယ်။ ဟားဟား၊ ငါတို့ လူသားမျိုးနွယ်စုက ဖိနှိပ်ခံရလွယ်တယ်လို့ ထင်နေတာလား အရည်အချင်းရှိတဲ့သူတိုင်းကို ဒီလို လုပ်ရမတဲ့လား”

ဝေကွမ်းရှောင်က ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။

“အစီရင်ခံစာ တင်ရမယ်၊ ဒီကိစ္စကို ကျောင်းတော်ကနေ သေချာ စုံစမ်းစစ်ဆေးခိုင်းရမယ် ”

အခန်း (၂၂၇၈) - စုံစမ်းစစ်ဆေးရေးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာခြင်း

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် နင်ကျောင်းအုပ်ဦးဆောင်သော ကောင်းကင်နိမိတ် အဆင့် သူတော်စင်များမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။

သူတို့သည် ထိုမမြင်နိုင်သော ဓားချက်၏ အငွေ့အသက် အကြွင်းအကျန်များကို အတိုင်းအတာတစ်ခုအထိ ခံစားမိနေဆဲ ဖြစ်သည်။

"ဘယ်သူတွေ သိထားလဲ၊ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာ ပြောကြဦး"

နင်ကျောင်းအုပ်က အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်သည်။

ရှူရှန့်က ညင်သာစွာ ချောင်းဟန့်လိုက်ပြီးနောက် ရှေ့သို့တိုးလာကာ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည် ပြောပြလိုက်သည်။

နင်ကျောင်းအုပ်၏ လက်အောက်ရှိ ရွှီဆရာ ၏ မျက်ဝန်းများမှာ တစ်ချက် လှုပ်ရှားသွားသည်။

"ဒီပုံစံအရဆိုရင် ငါတို့ လူသားမျိုးနွယ်စု တိုးတက်ကောင်းမွန်လာတာကို မမြင်လိုသူ တစ်ယောက်ယောက်တော့ ရှိနေတာပဲ"

"အဲဒီအချိန်တုန်းက မင်းတို့တွေ အတူတူရှိနေတာပဲ၊ ဘာလို့ မတားဆီးနိုင်ခဲ့တာလဲ"

နင်ကျောင်းအုပ်၏ အမူအရာမှာ တစ်ချက် ပြောင်းလဲသွားသည်။

"ဟုတ်ကဲ့... အဲဒီလိုပါပဲ..."

ဆရာများမှာ အရှက်ရသည့်ဟန်ဖြင့် မျက်နှာပျက်သွားကြသည်။

"ဒါဆိုရင် မင်းတို့တွေ ဘာလို့ မသေတာလဲ"

နင်ကျောင်းအုပ်က မေးသည်။

"..."

ဆရာများမှာ ရုတ်တရက် အသံတိတ်သွားကြသည်။

ခဏကြာပြီးနောက် ရှူရှန့်က တွေးတောရင်း ပြောလိုက်သည်။

"ကိစ္စကို ပိုကြီးသွားအောင် မလုပ်ချင်တာ ဖြစ်မယ်..."

"ဆိုလိုတာက တိုက်ခိုက်သူမှာ စိုးရိမ်စရာတွေ ရှိနေတာပဲ၊ တကယ်တမ်း စစ်ဖြစ်ပွားဖို့တော့ မလိုလားဘူး၊ ဒါပေမဲ့ ဖန့်ချန်ရဲ့ သူတော်စင် လမ်းကြောင်းကိုတော့ ဖြတ်တောက်ချင်နေတာပဲ"

နင်ကျောင်းအုပ်၏ မျက်လုံးများမှာ အနည်းငယ် မှေးကျဉ်းသွားသည်။

...

"ကျောင်းအုပ်နဲ့ ကာကွယ်ရေးဆရာ တွေ ရောက်လာကြပြီဆိုတော့ ဒီကိစ္စအတွက် အဖြေတစ်ခုတော့ ရလာလိမ့်မယ်"

ဝမ်ချုံစန်းက လေးနက်သော လေသံဖြင့် ပြောသည်။

အောက်ရုလိုင် သည် ဖန့်ကျစ်ရွှယ် ကို တစ်ချက် ကြည့်လိုက်သည်။

"ဖန့်ညီမ၊ အရင်က ညီမလည်း လုပ်ကြံခံခဲ့ရတယ်၊ အခု ဖန့်ဘိုးဘေးလည်း လုပ်ကြံခံရပြန်ပြီ၊ ညီမတို့ လူသားမျိုးနွယ်စုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာပဲ ဖြစ်မယ်"

"ငါ စိုးရိမ်နေတာလည်း ဒါပဲ"

ဖန့်ကျစ်ရွှယ် သည် မျက်မှောင်ကြုတ်လျက် ပြောသည်။

ထို့နောက်တွင် သူသည် မျက်နှာကို ပြန်လည် ပြေလျော့စေကာ ပြုံးလိုက်သည်။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဖန့်အစ်ကိုကြီးက အဲဒီလုပ်ကြံမှုကို ရှောင်ရှားနိုင်ခဲ့ပုံရပါတယ်"

ချန်အင်းရွှယ် နှင့် ရှဲ့အာမန် တို့လည်း ထိုစကားကို ကြားပြီးနောက် စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချနိုင်လိုက်သည်။

"တွေးကြည့်ရင် တိုက်ခိုက်သူက အရင်က ညီမကို လုပ်ကြံတဲ့သူပဲ ဖြစ်မလား"

ဝမ်ချုံစန်း၏ မျက်ဝန်းထဲတွင် အတွေးများ ဖြတ်ပြေးသွားသည်။

"ဖြစ်နိုင်ခြေ ရှိပါတယ်"

ဖန့်ကျစ်ရွှယ် က ခေါင်းညိတ်လိုက်သည်။

"ဒီလူက ဘယ်သူလဲဆိုတာ သိရင်တော့ အလုပ်လုပ်ရတာ ပိုလွယ်သွားမှာပါ"

...

နက်ရှိုင်းသော လေဟာနယ်အတွင်း၌။

ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေမှာ ဆက်လက်၍ တိုးတက်နေဆဲ ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူသည် လက်တွေ့ကျသော သိုင်းသတော်စင်ပုံစံ ကို တိုက်ရိုက် ပေါ်ထွန်းစေသည်။

အတွင်းကမ္ဘာနယ်မြေနှင့် ခန္ဓာကိုယ်မှာ တစ်သားတည်း ဖြစ်သွားပြီး၊ တစ်လက်မချင်းစီ တိုးတက်လာတိုင်း သူ အထင်အရှား ခံစားမိသည်။

မကြာမီက ဖြစ်ခဲ့သည့် မမြင်နိုင်သော ဓားချက်မှာ သူ့အတွက် မမျှော်လင့်ထားသည့် အရာဖြစ်သည်၊ ရှူရှန့်တို့ ခဏမျှ တားဆီးမပေးခဲ့လျှင် ရိပ်ခြေဗုဒ္ဓ နည်းလမ်းကို အသုံးပြုရန် အချိန်မှီမည် မဟုတ်ပေ။

တိုက်ခိုက်သူသည် မည်သူဖြစ်သည်ကို သူ မသေချာပေ၊ အကြောင်းမှာ သူ အပြစ်ပြုမိထားသူများမှာ များပြားလှသောကြောင့် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ချင်းမင် အဆင့်မြင့် မဟာမိတ်မှ သူတော်စင် တစ်ဦးဦး ဖြစ်နိုင်သလို၊ ကျန်ကောင်းကင်လေးခုမှ သူတော်စင်များလည်း ဖြစ်နိုင်သည်။

ကျောင်းတော်မှ သူတော်စင်ကိုယ်တိုင် ဖြစ်နေရန်လည်း ရှိသေးသည်။

သို့သော် အရေးမကြီးပါ၊ သူ့အတွက် လက်ရှိအချိန်တွင် အရေးအကြီးဆုံးမှာ အဆင့်တက်ခြင်းသာ ဖြစ်သည်။

အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

ကျယ်ပြောလှသော လေဟာနယ်ထဲတွင် ဖန့်ချန်တစ်ဦးတည်းသာ ရှိနေသဖြင့် အလွန်တိတ်ဆိတ်ခြောက်ကပ်နေသည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိလိုက်၊ ရုတ်တရက် ဖန့်ချန်၏ ခန္ဓာကိုယ်မှ အငွေ့အသက်များမှာ အလွှာလိုက် အလွှာလိုက် တိုးပွားလာပြီး၊ ရေနွေးအိုးဆူသကဲ့သို့ အတွင်းကမ္ဘာ စွမ်းအင်များမှာ ပွက်ပွက်ဆူလာသည်။

ယခုအခါ သူ့၏ အငွေ့အသက်မှာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တုန်းကနှင့် လုံးဝ မတူညီတော့ပေ။

အတွင်းကမ္ဘာနယ်မြေမှာ အဆပေါင်းများစွာ တိုးတက်သွားခဲ့သည်။

"အောင်မြင်သွားပြီပဲ"

လီဝူ သည် ထိုအငွေ့အသက်ကို ခံစားမိပြီးနောက် စိတ်ကျေနပ်စွာ ပြောလိုက်သည်။

ချီယန်သူတော်စင်က သက်ပြင်းချရင်း ဆိုသည်။

"ဖန့်ငရဲမင်း က သူတော်စင် ဖြစ်လာတာ ဘယ်လောက်မှ မကြာသေးဘူး၊ အခုတင် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို ရောက်သွားပြီ၊ ငါတို့ရဲ့ ကျင့်စဉ်ကာလတွေက နှစ်ထောင်ချီ ရှိနေတာကိုး။

ငါ အရင်က စွမ်းအင်စုစည်းခြင်း အစောပိုင်းကနေ အလယ်အလတ်ကို တက်ဖို့ဆိုရင် နှစ်ပေါင်း တစ်သောင်း၊ တစ်သိန်းလောက်တောင် ကြာခဲ့တာ..."

လီဝူ က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းက ဘာမို့လို့လဲ၊ အရှင်သခင်နဲ့ ယှဉ်လို့ ရမလား"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"

ချီယန်သူတော်စင်က အပေါ်ယံမျှသာ ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့... အရှင်သခင် ဒီတစ်ခါ အဆင့်တက်တာကို ကြားဝင်ဖျက်ဆီးသူ ရှိတယ်ဆိုတော့ အချို့သော အရာတွေက သူ့ကို အမြဲတမ်း စောင့်ကြည့်နေတာပဲ"

လီဝူ ၏ မျက်လုံးများမှာ အနည်းငယ် မှေးကျဉ်းသွားသည်။

"လူသားမျိုးနွယ်စု ကျောင်းတော်ထဲမှာတောင် သူတို့ရဲ့ သူလျှိုတွေ ရှိနေနိုင်တယ်၊ ဒါမှလည်း အရှင်သခင်ရဲ့ အခြေအနေကို ချက်ချင်း သိနိုင်မှာပေါ့"

"ဒါဆိုရင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ၊ သူလျှိုကို ဘယ်လို ဖမ်းမလဲ"

ချီယန်သူတော်စင်က စိတ်လှုပ်ရှားစွာ မေးသည်။

"ဟော်ဆွေ့ မျိုးနွယ် က အရှင်သခင်ကို ပစ်မှတ်ထားနေတာများလား သူ ဒီရက်ပိုင်းအတွင်း ထူးချွန်လွန်းနေတာကိုး..."

"စောင့်ကြည့်နေရင် ဘာဖြစ်လဲ၊ အရှင်သခင်ရဲ့ နောက်ကြောင်းမှာ ဘာပြဿနာမှ မရှိဘူး၊ အခုဆိုရင်လည်း ချင်းမင် အဆင့်မြင့် မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲတွေ အများကြီးရဲ့ အကြည့်ခံ ဖြစ်နေရပြီ။

ဟော်ဆွေ့ မျိုးနွယ်ဆိုတာ ဒီလို အကြီးကဲ တွေနဲ့ ယှဉ်ရင် အဆင့်မမီဘူး"

လီဝူ က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"တကယ်တမ်း အထောက်အထား မရှိဘဲ ဟော်ဆွေ့ မျိုးနွယ်က လှုပ်ရှားရဲမှာ မဟုတ်ဘူး၊ ဖြစ်နိုင်တာက ဒီတစ်ခါ လုပ်ကြံသူက အရှင်သခင် အရင်က အပြစ်ပြုခဲ့တဲ့ ယန်တန်း မျိုးနွယ် ဒါမှမဟုတ် ချီထျန်းမျိုးနွယ် ဖြစ်လိမ့်မယ်"

"ဒါဆိုရင်တော့ ပိုခက်ပြီ၊ ဒီအတိုင်းပဲ ခံလိုက်ရတော့မှာပေါ့"

ချီယန်သူတော်စင်က တိုးတိုးလေး ညည်းတွားသည်။

ထိုအချိန်တွင် ဖန့်ချန်သည် အတွင်းကမ္ဘာနယ်မြေ၏ ပြောင်းလဲမှုကို ခံစားနေသည်။

ယခင်က အတွင်းကမ္ဘာနယ်မြေသည် ရေအပြည့်ဖြည့်ထားသော ရေဘူးနှင့် တူလျှင်၊ ယခုမူ သူသည် ရေကန်တစ်ခု ဖြစ်သွားပြီး ရေမှာ တစ်ဝက်ခန့်သာ ရှိသေးကာ နောက်ထပ် တိုးတက်နိုင်သည့် နေရာများစွာ ကျန်ရှိနေသေးသည်။

"သူတော်စင်အဆင့် တက်ခြင်းဆိုတာ အတွင်းကမ္ဘာနယ်မြေ တိုးတက်ခြင်းပဲ၊ သူတော်စင်တွေ အသုံးပြုနိုင်တဲ့ အတွင်းကမ္ဘာ စွမ်းအားတွေက ပိုမို အားကောင်းလာတယ်၊ ဒါ့အတူ... နတ်ဘုရားစွမ်းရည်တွေရဲ့ အစွမ်းသတ္တိလည်း တိုးလာတာပေါ့..."

ဖန့်ချန်က စိတ်ကို စုစည်း၍ လေဟာနယ်တွင် နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို စမ်းသပ်ကြည့်ရာ တစ်မျိုးစီ၏ စွမ်းအားမှာ ယခင်ကထက် များစွာ သာလွန်နေသည်ကို တွေ့ရသည်။

"အတွင်းကမ္ဘာနယ်မြေမှာ နေရာပိုကျန်သေးတယ်၊ ဒီအတိုင်းဆိုရင် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်မှာ နောက်ထပ် နတ်ဘုရားစွမ်းရည် အချို့ကို ထပ်မံ ထွင်းထုနိုင်ဦးမှာပဲ..."

ဖန့်ချန်၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။

သူသည် အခြားသူများနှင့် နှိုင်းယှဉ်ရန် မလိုဘဲ သူ၏ တိုးတက်မှုမှာ သူတို့နှင့် အနှစ်သာရချင်း လုံးဝ မတူညီကြောင်း သိရှိသည်။

ယခင်က လီဝူ ပြောခဲ့သည့်အတိုင်း သာမန်သူတော်စင်များမှာ အဆင့်သေးသေးလေးများ တက်သော်လည်း အတွင်းကမ္ဘာနယ်မြေတွင် နတ်ဘုရားစွမ်းရည် တစ်ခုကို ထွင်းထုရန်ပင် အရင်းအမြစ် မလောက်ငှတတ်ပေ။

သို့သော် သူသည် နောက်ထပ် နတ်ဘုရားစွမ်းရည် နှစ်ခုကို အနည်းဆုံး ထပ်မံ ထွင်းထုနိုင်ရန် ယုံကြည်မှု ရှိသည်။

အကယ်၍...

စိတ်ထဲတွင် စဉ်းစားလိုက်သည်နှင့် သိုင်းသူတော်စင် ပုံစံနှင့် ပေါင်းစပ်ထားသော စင်ကြယ်‌ေသာ ဗောဓိသီး ခုနစ်လုံးမှာ ချက်ချင်းပင် သွေးနဂါး ခုနစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။

၎င်း၏ အစွမ်းသတ္တိများမှာ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားပြီး ချက်ချင်းပင် စုပ်ယူ လေ့ကျင့်လိုက်သည်။

သာမန် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် သူတော်စင်များသာ ဤဗောဓိသီး ခုနစ်လုံးကို တစ်ပြိုင်နက် စားသုံးပါက ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်ပြီး ဝိညာဉ်ပင် မကျန်ရစ်နိုင်ပေ။

သို့သော် ဖန့်ချန်မှာမူ အလွန်ပင် ပေါ့ပါးသွက်လက်စွာဖြင့် ၎င်း၏ အာနိသင်ကို တည်ငြိမ်စွာ စုပ်ယူနေသည်။

စင်ကြယ်သော ဗောဓိသီးများ၏ အကျိုးသက်ရောက်မှုမှာ သူ၏ အတွင်းကမ္ဘာနယ်မြေတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ဤတစ်ကြိမ် စားသုံးမှုသည် သူ၏ ကျင့်စဉ်ကို စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ ပိုမို မြန်ဆန်စွာ ရောက်ရှိစေရန်သာ အထောက်အကူ ဖြစ်စေသည်။

တစ်ဖက်တွင် နှစ်နှစ်၊ သုံးနှစ်ခန့် ကြာမြင့်သွားပြီးနောက် နောက်ဆုံး အာနိသင်ကို စုပ်ယူပြီးသည့်အခါ ဖန့်ချန်သည် သိုင်းသူတော်စင် ပုံစံကို ရုပ်သိမ်းကာ ကျောင်းတော်သို့ ပြန်လာခဲ့သည်။

သူ ပေါ်လာသည်နှင့် လူသားမျိုးနွယ်စု ကျောင်းတော်ထဲတွင် သူတော်စင်များ ပိုမိုများပြားလာသည်ကို တွေ့လိုက်ရသည်။

ထိုသူတော်စင်များ၏ ကျင့်စဉ်မှာ ကမ္ဘာငယ် အဆင့်ထက် မြင့်မားပြီး တောင်အသီးသီးမှ ဆရာများနှင့် တူညီကာ၊ တောင်ကုန်းအသီးသီးသို့ လှည့်လည်သွားလာနေကြသည်။ လူတိုင်းမှာ အလွန်တည်ကြည်သော အမူအရာဖြင့် မည်သူနှင့်မျှ မစနောက်ကြပေ။

ဖန့်ချန်သည် ကျောင်းသားတစ်ဦးကို အမှတ်တမဲ့ တားလိုက်သည်။

"ဒီသူတော်စင်တွေက ဘယ်ကလာတာလဲ"

အခြားတစ်ဖက်မှ အံ့အားသင့်သွားပြီး ဖန့်ချန်၏ မျက်နှာကို သေချာကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောသည်။

"ဖန့်အစ်ကိုကြီး၊ ပြန်ရောက်လာပြီလား"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်သည်။

အခြားသူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ တိုးတိုးလေး ပြောသည်။

"ဖန့်အစ်ကိုကြီး၊ သူတို့က စုံစမ်းစစ်ဆေးရေးဌာန က သူတော်စင်တွေပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အစ်ကိုကြီး အဆင့်တက်တုန်းက လျှို့ဝှက် လုပ်ကြံသူတွေ လာခဲ့တာ မှတ်မိလား "

"ကျောင်းတော်ဘက်က ငါတို့ ကျောင်းတော်ထဲမှာ အတွင်းလူ ရှိနေမယ်လို့ ယူဆတဲ့အတွက် စုံစမ်းစစ်ဆေးရေးဌာနကို အထူးစေလွှတ်ပြီး စုံစမ်းခိုင်းတာပါ။"

"တောင်အသီးသီးက ဆရာတွေ အတော်များများလည်း စစ်ဆေးမေးမြန်း ခံထားရပါတယ်"

All Chapters