← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အခန်း။ ၃၅၇

ထိုထည်ဝါလှသည့် ပလ္လင်ယာဉ်ပျံကြီး၏ ပတ်ပတ်လည်တွင်မူ အစောင့်အရှောက်အဖြစ် လမ်းဖွင့်ပေးနေကြသော ကျင့်ကြံသူ အမျိုးသား၊ အမျိုးသမီး ခြောက်ဆယ့်လေးယောက်က ဝန်းရံလျက် ရှိနေကြသည်။

ယာဉ်ပျံအတွင်း၌မူ နွဲ့နှောင်းလှပသော ကချေသည်အလား အမျိုးသမီးကျင့်ကြံသူလေးတစ်ဦးသည် သူမ၏ ဝတ်စုံရှည်ကို အနည်းငယ် လျှောကျစေလျက် နံရံကို အမှီပြုကာ ကျကျနန လျှောင်းစောင်းနေခဲ့၏။

သူမ၏ ကောက်ကြောင်းအလှမှာ အရိုးမရှိသကဲ့သို့ နူးညံ့လွန်းလှပြီး လှုပ်ရှားမှုတိုင်းမှာလည်း ကြည့်ကောင်းလွန်းသည်။

ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ ဂိုဏ်းချုပ်ကိုယ်တိုင် ကြွရောက်လာခြင်း ဖြစ်သည်နှင့်အညီ ဤကဲ့သို့ ခမ်းနားထည်ဝါသော အစီအစဉ်မျိုး ရှိနေခြင်းမှာ ဆန်းကြယ်သောအရာတော့ မဟုတ်ချေ။

ဤအရှိန်အဝါ ကြီးမားပုံမှာ လူသားလောကမှ ဧကရာဇ်မင်းတစ်ပါး တိုင်းခန်းလှည့်လည်သည့်အလား တက်ကြွထည်ဝါသည်။ အကယ်၍ သူသည် တိတ်တဆိတ် ရတနာလာရောက် ရှာဖွေခြင်းသာ ဖြစ်ခဲ့မည်ဆိုလျှင် မည်သူမျှ ရိပ်မိနိုင်လိမ့်မည်မဟုတ်သလို ဤကဲ့သို့သော ခမ်းနားမှုမျိုးလည်း ရှိနေလိမ့်မည်မဟုတ်ပေ။

သို့သော် ယခုအခါ ဂိုဏ်းချုပ်သည် လူအများသိအောင် တရားဝင် အုန်းအုန်းကျွက်ကျွက် ကြွရောက်လာခဲ့ခြင်းပင်။

ခရီးစဉ်အတွင်း အောက်ခြေရှိ စီမံထားသော ကျင့်ကြံသူများသည် စုန်ယန့်ထံသို့ လာရောက်ဂါရဝပြုကြစဉ် “သံတမန်ကြီးကို ကြည်ညိုလေးစားနေတဲ့ အမျိုးသမီးကျင့်ကြံသူလေးတစ်ယောက် ရှိပါတယ်။ သူမကို ယာဉ်ပျံထဲမှာ အနီးကပ် ခြေဆုပ်လက်နယ် ပြုစုခွင့် ပြုနိုင်မလားခင်ဗျာ” ဟု တောင်းဆိုခဲ့ကြသည်။

၎င်းမှာ အမှန်စင်စစ် သူ့အတွက် အပျော်အပါး အမျိုးသမီး လိုအပ်ပါသလားဟု သွယ်ဝိုက်၍ မေးမြန်းလိုက်ခြင်းပင်။

စုန်ယန်ကလည်း အေးဆေးစွာပင် “ခွင့်ပြုတယ်” ဟု ပြန်လည် မိန့်ကြားခဲ့သည်။

ထို့ကြောင့်ပင် ယခုအခါ၌ သူသည် ယာဉ်ပျံအတွင်းတွင် သက်တောင့်သက်သာ လျောင်းနေလျက် ထူးကဲချီစွမ်းအင်အခြေခံအဆင့်မျှသာ ရှိသော်လည်း အလွန်တရာ တင့်တယ်လွန်းလှသည့် အမျိုးသမီးကျင့်ကြံသူလေး၏ စိတ်ရောကိုယ်ပါ အနီးကပ် ပြုစုယုယမှုများကို ခံယူနေခဲ့ခြင်းပင်။

လောက၏ ကာမသုခများကို အမိအရ ဆုပ်ကိုင်လျက် စိတ်အာရုံနှင့် ရာဂဆန္ဒများကြားတွင် ပျော်မွေ့နေခဲ့၏။ သူသည် ဘဝကို မည်ကဲ့သို့ ပျော်ရွှင်စွာ ဖြတ်သန်းရမည်ဆိုသည်ကို နားလည်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။

သုံးရက်ကြာပြီးနောက် ယာဉ်ပျံကြီး မြေပြင်သို့ သက်ဆင်းတော့မည့် အချိန်တွင်မူ စုန်ယန်သည် ရှေးဟောင်းမျိုးနွယ်စု၏ အကျိုးပြုအမှတ်အချို့ကို ထုတ်ပေးလိုက်ရုံတင်မက ထိုအမျိုးသမီးကျင့်ကြံသူလေးနှင့် သင့်တော်မည့် ကျင့်စဉ်ကျမ်းတစ်စောင်၊ ထူးကဲကျောက်စိမ်းအချို့နှင့် အနောက်ဘက်ရှိ ဂိုဏ်းကြီးတစ်ခုသို့ ဝင်ရောက်ခွင့်ရမည့် ထောက်ခံစာတစ်စောင်တို့ကိုပါ သူမထံသို့ တိတ်တဆိတ် ပေးအပ်လိုက်သည်။

အောက်ခြေကျင့်ကြံသူလေးတစ်ဦးအနေဖြင့် ထိုရှေးဟောင်းမျိုးနွယ်စု၏ အကျိုးပြုအမှတ်များကို ကိုယ်တိုင်သိမ်းဆည်းထားနိုင်လိမ့်မည်မဟုတ်ဘဲ ဂိုဏ်းထံသို့ မလွဲမသွေ အပ်နှံရမည်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။ သို့သော် ကျန်ရှိသော ပစ္စည်းသုံးမျိုးမှာမူ ထိုအမျိုးသမီးလေးအတွက် စစ်မှန်သော ကံကောင်းခြင်း အခွင့်အလမ်းများ ဖြစ်လာပေလိမ့်မည်။ သူအား စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ခဲ့သူများအတွက်မူ သူသည် မည်သည့်အခါမျှ ဆုလာဘ်ပေးရန် ဝန်လေးခဲ့ခြင်းမရှိချေ။

အမျိုးသမီးကျင့်ကြံသူလေးသည် သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး ကျေးဇူးတင်

စကား ဆိုရန် ပြင်လိုက်သော်လည်း စုန်ယန်မှာမူ ယာဉ်ပျံအတွင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်ကာ သက်တံရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် တည်ခင်းဧည့်ခံပွဲရှိရာဆီသို့ သာယာစွာ ဆင်းသက်သွားခဲ့သည်။

သူသည် ထိုအမျိုးသမီးလေး၏ မျက်နှာ၊ စရိုက်လက္ခဏာ၊ ဝါသနာတို့ကို မှတ်မိနေလိမ့်မည်မဟုတ်သလို သူမ၏ အတိတ်၊ ဘဝ သို့မဟုတ် နောင်ရေးအစီအစဉ်များကိုလည်း စူးစမ်းနားလည်ရန် ကြိုးစားလိမ့်မည်မဟုတ်ချေ။

အကြောင်းမူကား အကယ်၍ သူသာ အားလုံးကို မှတ်မိပြီး နားလည်သွားခဲ့မည်ဆိုလျှင် လောကီသံယောဇဉ်တရားများ ကပ်ငြိလာနိုင်သောကြောင့်ပင်။

ဂိုဏ်းချုပ်က ပြုံးလျက် လှမ်း၍ လက်ဟန်ပြလိုက်ရာ သူသည်လည်း တိုက်ရိုက် ပျံသန်းသွားခဲ့ပြီး ဂိုဏ်းချုပ်၏ ဘေးနားရှိ ခုံနေရာတွင် ဝင်ရောက်ထိုင်လိုက်တော့သည်။ ဂိုဏ်းချုပ်၏ အကြည့်များမှာ နက်ရှိုင်းပြီး အဝေးသို့ ဦးတည်နေခဲ့၏။

ဤဂိုဏ်းချုပ်ကြီးသည် မဆင်မခြင် ပြုမူတတ်သူတစ်ဦး လုံးဝမဟုတ်ပေ။

သူသည် စုန်ယန်၏ စကားများကို ထောက်ခံခဲ့ပြီး ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် ဆုံးဖြတ်လိုက်ကတည်းက ၎င်းကို အကောင်းဆုံးဖြစ်အောင် သေချာပေါက် အကောင်အထည်ဖော်လိမ့်မည်ပင်။

နှင်းနိုင်ငံသည် အပေါ်ယံကြည့်လျှင် ပုံမှန်အတိုင်း ငြိမ်သက်နေသကဲ့သို့ ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ အမြောက်အမြားလှသော တပည့်ကျင့်ကြံသူများသည် နေရာအနှံ့အပြားသို့ တိတ်တဆိတ် စိမ့်ဝင်ပျံ့နှံ့နေခဲ့ကြပြီ ဖြစ်သည်။ ထိုကျင့်ကြံသူများ အားလုံးမှာ ဂိုဏ်းချုပ်၏ လက်အောက်ခံလူများသာ ဖြစ်ကြ၏။

မီးကိုးကွယ်သူမိစ္ဆာဂိုဏ်းကို နှိမ်နင်းရန်အတွက် ဂိုဏ်းချုပ်ကိုယ်တိုင် လက်ရောက်

လှုပ်ရှားနေရန် မလိုအပ်ပေ။

သူက “အမြစ်ပြတ်ချေမှုန်းလိုက်” ဟု စကားတစ်ခွန်း ဖွဖွလေး ပြောလိုက်ရုံမျှဖြင့် ထိုမိစ္ဆာဂိုဏ်းကြီးတစ်ခုလုံးမှာ ဧကန်မလွဲ ပျက်စီးခြင်းသုသာန်သို့ ရောက်ရှိသွားပေလိမ့်မည်။

အကယ်၍ သူက ထိုအမိန့်ကို ညအချိန်တွင် ထုတ်ပြန်ခဲ့မည်ဆိုပါက မီးကိုးကွယ်သူမိစ္ဆာဂိုဏ်း၏ တပည့်များသည် နောက်တစ်နေ့နံနက်ခင်း၏ နေထွက်ချိန်ကို မြင်တွေ့ခွင့်ရကြတော့မည်မဟုတ်ချေ။

နှင်းနိုင်ငံ၏ နယ်စပ်ဒေသသို့ ရောက်ရှိလာပြီးနောက်တွင်မူ ဂိုဏ်းချုပ်ထန်ရှောင်ရွှမ်းသည် အိမ်နီးနားချင်းနိုင်ငံ၏ အတွင်းရေးပဋိပက္ခများကို သဘာဝကျကျပင် အလေးအနက်ထား၍ စောင့်ကြည့်တော့သည်။

ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ လူဦးရေမှာ အကန့်အသတ် ရှိသည်။

သူတို့ပိုင်ဆိုင်သော နိုင်ငံပေါင်း တစ်ဆယ့်ငါးနိုင်ငံနှင့် ဆန်းကြယ်သော တောင်တန်းကြီးမှာ မျိုးနွယ်စုတစ်ခုလုံးကို ရေရှည်ထောက်ပံ့ထားရန်အတွက် လုံလောက်လှသည်ဖြစ်ရာ ပြင်ပသို့ နယ်မြေချဲ့ထွင်ရန် မလိုအပ်ချေ။

သို့သော်ငြားလည်း ထန်ရှောင်ရွှမ်းသည် ယခုအခွင့်အရေးကို အသုံးချပြီး ညဘုရင် ရှေးဟောင်းလူမျိုးစုကို တစ်ခါတည်း ဝါးမြိုဖျက်ဆီးပစ်နိုင်မလားဟူသော အချက်ကို အလေးအနက်

ထား၍ တွက်ချက်ကြည့်ခဲ့သေးသည်။ သို့သော် ရရှိလာသော အဖြေမှာ မဖြစ်နိုင်ဘူးဟူ၍ပင်။

ထိုမျိုးနွယ်စုကို ဝါးမြိုဖျက်ဆီးပစ်ရန် မဖြစ်နိုင်သည့်အတွက်ကြောင့် သူသည် ကြားဝင်စဖျန်ပေးသူတစ်ဦးအဖြစ် ဆောင်ရွက်ရန်သာ ကြံစည်လိုက်တော့သည်။

အကြောင်းမူကား သူတို့နှင့် ပိုမိုနီးကပ်စွာ ထိတွေ့ခွင့်ရရှိပြီး ပိုမိုနားလည်သဘောပေါက်လာသည့်အခါတွင်မူ ညဘုရင် ရှေးဟောင်းလူမျိုးစုအတွင်း ဖြစ်ပွားနေသော အတွင်းပဋိပက္ခကြီးမှာ တကယ်ကို သံသယဖြစ်ဖွယ် ကောင်းလွန်းနေသည်ကို သူ စတင်ရိပ်မိလာသောကြောင့်ပင်။

ဆိတ်ငြိမ်ကျင့်ကြံခြင်းအုပ်စုနဲ့ အပျော်အပါးမက်တဲ့အုပ်စုက ဘာလို့ စပြီး ချကြတာလဲ။ အငြင်းပွားစရာ အကြောင်းရင်းကကော ဘာရှိလို့လဲ။ ထူးထူးခြားခြား အခုလို အချိန်မျိုးမှာ ဖြစ်နေတာက ပိုတောင် ထူးဆန်းသေးတယ်။

သူက မေးစေ့ကို ပွတ်သပ်ရင်း စိတ်ထဲကနေ ဆက်တွေးလိုက်၏။

ဒါကြောင့် ငါက ကြားဝင်စေ့စပ်ပေးတဲ့သူလုပ်ပေးပြီး နောက်ကွယ်ကနေ ဘယ်သူက ပြဿနာရှာနေလဲဆိုတာ ငါမသိပေမဲ့ ညဘုရင် ရှေးဟောင်းလူမျိုးစုရဲ့ အတွင်းပဋိပက္ခသာ ပြီးသွားရင်တော့ အဲဒီ ပြဿနာရှာနေတဲ့ကောင် သေချာပေါက် ရင်ဘတ်စိမ့်သွားမယ်ဆိုတာ ငါကောင်းကောင်းကြီး သိတာပေါ့...

ဤစိတ်ကူးမှာ စုန်ယန့်၏ အတွေးအမြင်နှင့် လုံးဝဥဿုံ တစ်ထပ်တည်း ကျနေခဲ့သည်။

စုန်ယန်သည်လည်း ထိုမိစ္ဆာရဟန်း၏ စစ်မှန်သော ရည်ရွယ်ချက်ကို အသေအချာ မသိသော်လည်း မီးကိုးကွယ်သူမိစ္ဆာဂိုဏ်းကို ဖိအားပေးခြိမ်းခြောက်ထားနိုင်ပြီး သူတို့၏ မိစ္ဆာရင်သွေး ပူဇော်သက္ကာပြုမည့် အစီအစဉ်ကို ချောမွေ့စွာ မလုပ်ဆောင်နိုင်အောင် တားဆီးထားနိုင်သရွေ့ ထိုမိစ္ဆာရဟန်းသည် သေချာပေါက် ပျာယာခတ်လာလိမ့်မည်ဆိုသည်ကို သိရှိထားသည်။ ညဘုရင် ရှေးဟောင်းလူမျိုးစု၏ အတွင်းပဋိပက္ခကို ဖြေရှင်းမည့် သဘောတရားမှာလည်း ဤနည်းအတိုင်းပင်။

ထန်ရှောင်ရွှမ်းက “ငါ ညဘုရင် ရှေးဟောင်းလူမျိုးစုရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲကို ဖိတ်ကြားထားပြီးပြီ။ ဂိုဏ်းချုပ်က ဆိတ်ငြိမ်ကျင့်ကြံခြင်းအုပ်စုကဖြစ်ပြီး အကြီးအကဲကတော့ အပျော်အပါးမက်တဲ့အုပ်စုက။ အဲဒီနှစ်ယောက်ကတော့ အခုထိ ကိုယ်တိုင်လက်မပါကြသေးပေမဲ့ သူတို့ရဲ့ လက်အောက်ခံတွေကတော့ အနိုင်အရှုံးအမျိုးမျိုးနဲ့ မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်နေကြပြီ။ ဒါကြောင့် သူတို့က မျိုးနွယ်စုအတွင်းမှာ တရားဝင် ကျင့်စဉ်ချင်း နှီးနှောဖလှယ်တဲ့ တိုက်ပွဲတစ်ခု ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အုပ်စုတစ်စုချင်းစီကနေ လူ ဆယ်ယောက်စီ စေလွှတ်ရမှာဖြစ်ပြီး ထူးကဲချီစွမ်းအင်အခြေခံအဆင့် လေးယောက်၊ ကြက်သွေးရောင်နန်းတော်အဆင့် သုံးယောက်၊ ခရမ်းရောင်နန်းတော်အဆင့် နှစ်ယောက်နဲ့... နတ်ဘုရားရင်သွေးအဆင့်မှာတော့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲ ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ကြလိမ့်မယ်။ ပြီးရင် အဲဒီတိုက်ပွဲရလဒ်နဲ့တင် ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်ဆိုတာကို သက်သေပြကြမလို့တဲ့။ ဒါက တကယ့်ကို မိုက်မဲလွန်းတဲ့ လုပ်ရပ် မဟုတ်ဘူးလား...” ဟု ပြောလိုက်သည်။

စုန်ယန်က “သူတို့ရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်က ကမောက်ကမဖြစ်အောင် တမင်တကာ မွှေနှောက်နေတယ်ဆိုတာကို သူတို့တွေ သဘောပေါက်သွားအောင် ငါတို့ လုပ်ရမယ်။ ဒါပေမဲ့ အဲဒီလူက ဘယ်သူလဲဆိုတာကို သက်သေပြဖို့ကျတော့ ငါတို့မှာ အထောက်အထားမရှိဘူး” ဟု ပြောလိုက်သည်။

ထန်ရှောင်ရွှမ်းက “ဒါဆို မင်းအထင် ဘယ်သူဖြစ်မလဲ...” ဟု လှမ်းမေးလိုက်၏။

စုန်ယန်က “သူကတော့ လူတွေရဲ့ စိတ်အာရုံကို ညှို့နှိုင်းချုပ်ကိုင်နိုင်စွမ်းရှိပြီး ဘယ်လိုခြေရာလက်ရာမျှ ချန်ထားခဲ့ခြင်းမရှိတဲ့ ဖြစ်တည်မှုမျိုး ဖြစ်ရမယ်” ဟု ပြန်ဖြေလိုက်သည်။

ထန်ရှောင်ရွှမ်းက “ဒီလိုပြောရရင်တော့... ဒါက မိုးကောင်းကင်မိစ္ဆာတစ်ကောင်နဲ့ အတော်လေး တူနေတာပဲ...” ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် အကြည့်ကို ရွှေ့လိုက်ကာ စုန်ယန့်ပုခုံးကို ပုတ်လျက် လေးနက်စွာ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ ပုံသဏ္ဌာန်မဲ့ မျိုးနွယ်စုဝင်တစ်ယောက်ပဲ။ မင်းမှာရှိတဲ့ စွမ်းအားမှန်သမျှဟာ ငါတို့ ပုံသဏ္ဌာန်မဲ့ မျိုးနွယ်စုရဲ့ အခြေခံ အင်အားတွေပဲ။ ညဘုရင် ရှေးဟောင်းလူမျိုးစုဆိုတာက အခုမှ အရှိန်အဟုန်နဲ့ တက်လှမ်းလာတဲ့ မျိုးနွယ်စုအသစ်တစ်ခုပဲ ဖြစ်တာမို့လို့ တကယ့် ကြီးမားတဲ့ လှိုင်းတံပိုး ဒုက္ခတွေကို မကြုံတွေ့ဖူးသေးဘူး။ ဒါကြောင့် သဘာဝကျကျပဲ ငါတို့မျိုးနွယ်စုလိုမျိုး နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ် မရှိကြသေးဘူး။ ငါတို့ကတော့ ဘယ်တော့မှ အတွင်းပဋိပက္ခတွေကြားထဲမှာ ပျက်စီးသွားမှာမဟုတ်ဘူး။ ဒါကြောင့် မင်း စိုးရိမ်စရာမလိုပါဘူး။

လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတာပဲ။ အကယ်လို့ မျိုးနွယ်စုဝင်တိုင်းရဲ့ လျှို့ဝှက်

ချက်တွေကို လိုက်လံတူးဖော်နေရမယ်ဆိုရင်တော့ အဲ့မျိုးနွယ်စုက ပြင်ပရန်သူတွေ လာရောက်တိုက်ခိုက်စရာမလိုဘဲ သူတို့ရဲ့ အတွင်းရေးပြဿနာတွေနဲ့တင် အလိုအလျောက် ပျက်စီးသွားလိမ့်မယ်။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သဘောထားကြီးမှုက အဓိကအကျဆုံးပဲ။ နောင်အနာဂတ်မှာ မင်းလည်း ဒီအချက်ကို သေချာပေါက် မှတ်သားထားရမယ်”

ထန်ရှောင်ရွှမ်း၏ အကြည့်များမှာ စူးရှတောက်ပနေပြီး လေသံမှာလည်း အလွန်တရာ အလေးအနက် ရှိသည်။

စုန်ယန်သည် အတန်ငယ် စဉ်းစားဆင်ခြင်ဟန်ဖြင့် ဦးခေါင်းကို ညိတ်လိုက်ပြီး ရင်ထဲ၌ အတော်ပင် စိတ်လှုပ်ရှားသွားခဲ့ရသော်လည်း “အဲဒီခေါင်းဆောင်ပိုးမွှားကြီးရဲ့ ရုပ်ခန္ဓာကို သိမ်းပိုက်ထားတာ မိစ္ဆာရဟန်းပါ” ဟုတော့ သူ မည်သည့်အခါမျှ အမှန်အတိုင်း ထုတ်ဖော်ပြောဆိုလိမ့်မည်မဟုတ်ချေ။

သူက “သူက ဘယ်သူလဲ ဘာလဲဆိုတာကိုတော့ ကျွန်တော် အသေအချာ မသိပါဘူး။ ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ ကံကောင်းခြင်းအခွင့်အလမ်းကို ရရှိထားသလို... ကျွန်တော်ကလည်း သူ့ရဲ့ ကံကောင်းခြင်းအခွင့်အလမ်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်က သူ့ကို အာရုံခံလို့ရသလို သူကလည်း ကျွန်တော့်ကို အာရုံခံလို့ရနေတယ်” ဟုသာ ပြောလိုက်သည်။

ထန်ရှောင်ရွှမ်း၏ မျက်နှာထက်တွင် တွေးတောဆင်ခြင်သော အမူအရာ ပေါ်လွင်လာခဲ့ပြီး ရုတ်တရက် ပြောလိုက်သည်။

“သူက စိတ်အာရုံကို ညှို့နှိုင်းချုပ်ကိုင်နိုင်တယ်ဆိုရင်... မင်းကော... မင်းကော ချုပ်ကိုင်ခြင်း ခံထားရနိုင်သလား”

စုန်ယန်က ခေါင်းကို ခါယမ်းလိုက်၏။

ထန်ရှောင်ရွှမ်းက တည်ငြိမ်စွာပင်...

“ဘာမှမဖြစ်ပါဘူး... ညှို့နှိုင်းချုပ်ကိုင်ခြင်းဆိုတာ နောက်ဆုံးတော့ အောက်တန်းကျတဲ့ လှည့်ကွက်တစ်ခုမျှသာ ဖြစ်တာမို့လို့ တစ်ကြိမ်လောက် ဖျက်ဆီးပစ်လိုက်နိုင်တာနဲ့ အမြစ်မရှိတဲ့ သစ်ပင်တစ်ပင်လို ပျက်စီးသွားမှာပဲ။ ဒါက ကံကြမ္မာ အကျိုးအကြောင်းတရားတွေကို ဖြစ်ပေါ်စေတယ်ဆိုရင်တောင်မှ နှစ်ဖက်စလုံးက လူတွေသာ စိတ်အေးလက်အေးနဲ့ အနည်းငယ် စုံစမ်းစစ်ဆေးပြီး တွေးတောဆင်ခြင်ကြည့်လိုက်မယ်ဆိုရင်တော့ သဘာဝကျကျ အမှန်တရားကို နားလည်သွားကြလိမ့်မယ်။ ငါကိုယ်တိုင် ဒီမှာ ရှိနေတာဖြစ်တဲ့အတွက် ညဘုရင် ရှေးဟောင်းလူမျိုးစုက လူတွေကို သေချာပေါက် စိတ်အေးသွားစေရမယ်” ဟု ပြောလိုက်သည်။

သူ၏ လေသံထဲတွင် ပြင်းထန်လှသော ယုံကြည်ချက်များ ပြည့်နှက်နေခဲ့၏။

စုန်ယန်သည် ထိုမိစ္ဆာရဟန်းအကြောင်းကို အသေးစိတ် ထပ်မံရှင်းပြရန် အစီအစဉ်မရှိသော်လည်း နောက်ဆုံးအနေဖြင့်မူ “သူက အဲဒီ ခေါင်းနှစ်လုံးပါ တန်ခိုးကြီးလှတဲ့ ပိုးမွှားမျိုးနွယ်စုရဲ့အထဲမှာ ပုန်းကွယ်နေတာပါ” ဟု တိတိကျကျ သတိပေးလိုက်သည်။

အခန်း။ ၃၅၈

ဂိုဏ်းချုပ်ထန်ရှောင်ရွှမ်း၏ မျက်ဝန်းအစုံမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့ပြီး သူ၏မျက်နှာထက်တွင် လေးနက်တည်ကြည်သော အမူအရာတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားကာ နှာခေါင်းရှုံ့လျက် အေးစက်စွာ ပြောလိုက်သည်။

“ဘေးပတ်ဝန်းကျင်က အင်အားစုတွေကို ချေမှုန်းပြီးတော့မှ ကပ်လျက်နယ်မြေရဲ့ နယ်စပ်နားမှာ ပုန်းအောင်းနေတာပေါ့လေ။ စိတ်ဝိညာဉ်ကို ကြိုးဆွဲချယ်လှယ်နိုင်တဲ့အစွမ်း ရှိတဲ့အပြင် အဲဒီလို အဖျက်စွမ်းအားကြီးတဲ့ သတ္တဝါတွေကြားထဲမှာ ခိုအောင်းနေတယ်ဆိုတာကတော့ ပေါ့ဆလို့မရတဲ့ ဘေးဆိုးတစ်ခုပဲ။ ဒါကို ထောက်ဆကြည့်ရင် ဒီလူရဲ့ အကွက်က တော်တော်လေး ကျယ်ပြန့်ပြီးတော့ တစ်ကွက်ချင်းစီကို သေသေချာချာ ချိတ်ဆက်ထားတာ။ ရည်ရွယ်ချက်ကတော့ သေးသေးမွှားမွှား မဟုတ်ဘူး။ ငါတို့အနေနဲ့ ညဘုရင်အနွယ်စုကို သေချာပေါက် ကာကွယ်ပေးရမယ်။ အနည်းဆုံးတော့ ငါတို့အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ ကာကွယ်ရေးတံတိုင်းအဖြစ် အသုံးတော်ခံခိုင်းရမယ်”

မကြာမီအချိန်ကအထိ စိုးရိမ်ပူပန်မှုမရှိဘဲ ယုံကြည်ချက်အပြည့် ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ဉာဏ်ပညာကို အစွမ်းကုန်အသုံးချကာ အသည်းအသန် စတင်တွက်ချက်နေခဲ့ပြီ ဖြစ်သည်။

ပုံသဏ္ဌာန်မဲ့မျိုးနွယ်စု၏ အကြီးအကဲပီပီ သူသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံရုံတင်မကဘဲ အရာရာကို သတိကြီးစွာ ကိုင်တွယ်တတ်သူပင်။

သူသည် သူ၏အမှားကြောင့် မျိုးနွယ်စုတစ်ခုလုံး ဒုက္ခရောက်မည့်အခြေအနေမျိုးကို မည်သည့်အခါမျှ အဖြစ်ခံမည့်သူ မဟုတ်ချေ။

အမှန်စင်စစ် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေကြသူများမှာ အသိဉာဏ်ကင်းမဲ့စွာဖြင့် ခွန်အားသက်သက်ကိုသာ အားကိုးတတ်သည့် လူအုပ်စုမျိုး လုံးဝမဟုတ်ကြပေ။

သူတို့၏ ကျင့်စဉ်အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ ဆင်ခြင်တုံတရားနှင့် အတွေးအခေါ်ဉာဏ်မှာလည်း အဆမတန် ထက်မြက်လာတတ်စမြဲပင်။

သာမန်လူသားများမှာ အာဏာစက်ကို တည်ဆောက်ရန်အတွက် ပရိယာယ်ဝေဝေဆာဆာ သုံးတတ်ကြသော်လည်း ကျင့်ကြံသူများကမူ လှည့်ကွက်များအပြင် ဆန်းကြယ်လှသော နည်းဗျူဟာစွမ်းရည်များကိုပါ အဓိကအသုံးချတတ်ကြသည်။

ဆန်းကြယ်လှသော အတတ်ပညာရပ်များနှင့် ထူးဆန်းအံ့ဩဖွယ် နည်းစနစ်မျိုးစုံကို ထိုအကွက်များအတွင်း၌ ယှက်နွှယ်ထည့်သွင်းထားခြင်း ဖြစ်ရာ လက်တွေ့တွင် ထိပ်တိုက်ရင်ဆိုင်ရသည့် ဓားချင်းလုပွဲကြီးများ ပေါ်ပေါက်လာပြီဆိုလျှင် ၎င်းမှာ နောက်ကွယ်၌ အကြိမ်ကြိမ်အလီလီ အရင်ဆုံး ဉာဏ်ချင်းအရှုံးအနိုင် တွက်ချက်ပြီးမြောက်သွားခဲ့ပြီးမှသာ ဖြစ်လာခြင်းပင်။

...

မိုးချုပ်စပြုလာသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံး ပိုမိုမှောင်မိုက်လာခဲ့သည်။

ကောင်းကင်ယံကြီးတစ်ခုလုံး လုံးဝ ညဥ့်နက်သွားခဲ့သည့် အခိုက်အတန့်တွင်မူ လူရိပ်အချို့သည် တစ္ဆေပမာ မှောင်မိုက်ခြင်းထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့ကြပြီး တည်ခင်းဧည့်ခံပွဲ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ ခုံနေရာများတွင် တိတ်ဆိတ်စွာ ဝင်ရောက်ထိုင်လိုက်ကြတော့သည်။

ထန်ရှောင်ရွှမ်းက လက်ခုပ်တစ်ချက် တီးလိုက်သည်နှင့် အမျိုးသမီးကျင့်ကြံသူများသည် ချက်ခြင်းပင် လက်ဖက်ရည်များနှင့် အရသာရှိလှသော အစားအစာများကို လာရောက်ချထားပေးပြီး သာယာလှပစွာ စတင်ကပြဖျော်ဖြေကြတော့၏။

ဤနေရာသို့ ရောက်ရှိလာကြသူ အားလုံးမှာ လောကဓံကို ပါးနပ်စွာ ဖြတ်သန်းလာခဲ့ကြသည့် ဝါရင့်ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့၏ ရည်ရွယ်ချက်များကို စကားလုံးများဖြင့် အထူးတလည် ဖွင့်ဟပြောကြားနေရန် မလိုအပ်ကြချေ။

အမှန်စင်စစ်အားဖြင့် ညဘုရင် ရှေးဟောင်းလူမျိုးစု၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲတို့သည် ဤနေရာသို့ လာရောက်ရန် သဘောတူခဲ့ကြခြင်းမှာလည်း သူတို့၏ မျိုးနွယ်စုအတွင်း တစ်စုံတစ်ခု မမှန်ကန်ကြောင်းကို ကြိုတင်၍ ရိပ်မိထားခဲ့ကြပြီး ဖြစ်သော်လည်း ကြားဝင်ဖြေရှင်းရန်အတွက် အခွင့်အရေးအနည်းငယ် လိုအပ်နေခဲ့သောကြောင့်ပင်။

ယခုအခါ ထန်ရှောင်ရွှမ်း ရောက်ရှိလာခဲ့ပြီဖြစ်ရာ ထိုအခွင့်အရေးမှာလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အရက်အချို့ကို အပြန်အလှန် သောက်သုံးပြီးကြသည့်နောက် ထန်ရှောင်ရွှမ်းသည် ကပြဖျော်ဖြေနေသော အမျိုးသမီးကျင့်ကြံသူများကို ပြန်လည်ထွက်ခွာစေလိုက်ပြီး မျက်ဝန်းများကို အနက်ရောင်အဝတ်ဖြင့် စည်းနှောင်ထားကာ စိမ်းပြာရောင်ဝတ်စုံများကို ဆင်မြန်းထားကြသည့် ညဘုရင် ရှေးဟောင်းလူမျိုးစု၏ အဆင့်မြင့်လူကြီးများဘက်သို့ အကြည့်ကို ပို့လိုက်ရင်း အေးဆေးစွာ မေးမြန်းလိုက်တော့သည်။

“ညီအစ်ကိုချင်း အချင်းချင်း သတ်ဖြတ်နေကြတာက... အပြင်က ရန်သူတွေကို တမင်တကာ တံခါးဖွင့်ပြီး ဖိတ်ခေါ်နေတာနဲ့ ဘာကွာလို့လဲ...”

ညဘုရင် ရှေးဟောင်းလူမျိုးစု၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲ နှစ်ဦးစလုံးမှာမူ တစ်ခွန်းမျှ မတုံ့ပြန်ဘဲ တိတ်ဆိတ်နေခဲ့ကြပြီး ရင်ထဲမှ ပြင်းထန်လှသော သက်ပြင်းရှည်ကြီးများကိုသာ အသီးသီး လွှတ်ထုတ်နေကြ၏။

ထန်ရှောင်ရွှမ်းက “ကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခု အနားကို ရောက်ရှိလို့နေပြီဆိုတာကို ငါ မြင်တွေ့နေရတယ်။ မင်းတို့နှစ်ယောက်အနေနဲ့ အချင်းချင်း တိုက်ခိုက်နေမယ့်အစား... ဘယ်သူက ရန်သူတွေကို ပိုပြီးတော့ အများကြီး သတ်ဖြတ်နိုင်မလဲဆိုတာကို ပြိုင်ဆိုင်ကြည့်ကြတာက ပိုပြီးတော့ မကောင်းဘူးလား” ဟု ပြောလိုက်သည်။

ညဘုရင် ရှေးဟောင်းလူမျိုးစု၏ ဂိုဏ်းချုပ်အမည်မှာ ယေးဝူကျန့် ဖြစ်ပြီး အကြီးအကဲ၏ အမည်မှာမူ ယေးဆွေယွမ် ဖြစ်ကာ နှစ်ဦးစလုံးမှာ နတ်ဘုရားရင်သွေးအဆင့် အစောပိုင်းသို့ ရောက်ရှိထားကြသူများ ဖြစ်ကြ၏။

ယေးဆွေယွမ်က ရုတ်တရက် “အဲဒီကပ်ဘေးက ဘယ်နေရာကနေ ပေါ်ထွက်လာမှာမလို့လဲ...” ဟု လှမ်း၍ မေးခွန်းထုတ်လိုက်သည်။

ထန်ရှောင်ရွှမ်းက “အနောက်ဘက်ကနေပဲ...” ဟု ပြန်ဖြေလိုက်သည်။

ယေးဆွေယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး “ပိုးမွှားမျိုးနွယ်စုလား။ သူတို့တွေက ငါတို့ကို လာရောက်တိုက်ခိုက်ပြီးတော့ ဘာလုပ်ချင်တာလဲ။ သူတို့တွေက...”

သူသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သော်လည်း လိုရင်းကိုသာ တိုက်ရိုက် ဆက်ပြောလိုက်သည်။

“အဲဒီ ရေခဲမှန်ပြင် ဝိညာဉ်တံခါးရဲ့ အကျိုးအမြတ်တွေကို လာရောက်လုယူချင်တာလား။ ဒါပေမဲ့ ဒီဝိညာဉ်တံခါးက ငါတို့ ရှေးဟောင်းမျိုးနွယ်စုတွေရဲ့ နယ်မြေအတွင်းမှာ ရှိနေတာလေ သူတို့ထဲက ဘယ်သူကများ တစ်ကိုယ်တည်း လာရောက်စွန့်စားရဲမှာလဲ။ အကယ်လို့ မျိုးနွယ်စုတစ်ခုလုံး အလုံးအရင်းနဲ့ လာရောက်ကျူးကျော်မယ်ဆိုရင်ကော... အဲဒီလောက်အထိ လုပ်ဖို့ လိုအပ်လို့လား”

ယေးဝူကျန့်က ရုတ်တရက် “အကယ်လို့ တကယ်ပဲ တစ်စုံတစ်ခု လှုပ်ရှားမှု ရှိလာခဲ့မယ်ဆိုရင်... အဲဒီ ရှေးဟောင်းနယ်မြေကူးပြောင်းခြင်း အစီအရင်ကို ဖျက်ဆီးပစ်လိုက်ရုံပဲလေ။ ငါတို့တွေ ပြန်ပြီးတော့ အသုံးပြုချင်တဲ့အချိန်ကျမှပဲ အဲ့ဒါကို ပြန်လည်ပြင်ဆင်လိုက်ရင် ရတာပဲဥစ္စာ” ဟု ပြောလိုက်သည်။

ယေးဆွေယွမ်သည် ဒေါသတရားတို့ လှစ်ခနဲဖြစ်ပေါ်လာကာ “ယေးဝူကျန့်... မင်း အသိစိတ်လွတ်နေတာလား။ အဲဒီရှေးဟောင်းနယ်မြေထဲမှာ ငါတို့ရဲ့ ဂိုဏ်းခွဲတွေ အမြောက်အမြား တည်ရှိနေတာ။ ပြီးတော့ ငါတို့အနွယ်စုရဲ့ မျိုးဆက်သစ်တပည့်တွေလည်း အများကြီး ရှိနေသေးတယ်။ မင်းက ကျင့်စဉ်နောက်လိုက်ရင်းနဲ့ သွေးအေးရက်စက်ပြီး အားလုံးကို စတေးပစ်ဖို့အထိ စဉ်းစားရက်တာလား...” ဟု ပြင်းထန်စွာ အော်ဟစ်၍ တုံ့ပြန်လိုက်တော့သည်။

ယေးဝူကျန့်ကမူ တည်ငြိမ်အေးစက်သော လေသံဖြင့် “ငါက အန္တရာယ်ရှိလာရင် ဖျက်ဆီးပစ်မယ်လို့ပဲ ဆိုလိုတာပါ။ အခုချက်ချင်း လုပ်မယ်လို့ မပြောပါဘူး။ မင်းအနေနဲ့ အရေးပေါ်အခြေအနေအဖြစ် အဲဒီဘက်က တပည့်တွေကို အမြန်ဆုံး ရုပ်သိမ်းနိုင်သလို နယ်မြေကူးပြောင်းခြင်း အစီအရင်ကို စောင့်ကြပ်ဖို့ လူယုံတွေကို စေလွှတ်ထားလို့ရတာပဲ။ အကယ်လို့ ပိုးမွှားမျိုးနွယ်စုက တကယ်ပဲ ကျူးကျော်ဖို့ ကြိုးစားလာခဲ့ရင်... အဲဒီမန္တန်အစီအရင်ရဲ့ အဓိကဗဟိုချက်တစ်ခုကို ဖြုတ်ပစ်လိုက်ရုံပဲ။ ဒါဆိုရင် သူတို့တွေ ဒီဘက်ကို ဘယ်လိုမှ ဖြတ်ကျော်လာနိုင်မှာ မဟုတ်တော့ဘူး။ အကြီးအကဲ... မင်း ဘာလို့ အဲဒီလောက်တောင် စိတ်လောနေရတာလဲ...” ဟု အေးဆေးစွာ ပြန်လည်ချေပလိုက်၏။

ယေးဆွေယွမ်သည် မျက်ဝန်းများကို မှေးစိုက်လိုက်ပြီး ရင်ထဲမှ ဒေါသလှိုင်းများကို အတင်းအကျပ် ဖိနှိပ်လျက် “မင်းက ငါ့ကို မျိုးနွယ်စုအတွင်းမှာ တမင်တကာ သွေးခွဲနေတယ်လို့ သံသယဝင်နေတာလား...” ဟု မေးလိုက်သည်။

ယေးဝူကျန့်သည် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်၏။ ဘာပဲဖြစ်ဖြစ် အကြီးအကဲသည် ညဘုရင် ရှေးဟောင်းလူမျိုးစုအပေါ် သစ္စာရှိသူတစ်ဦး ဖြစ်သည်ကို သူ ယုံကြည်သည်။

ယေးဆွေယွမ်သည် ဂိုဏ်းချုပ်ဖြစ်သူ ခေါင်းခါပြသည်ကို မြင်တွေ့လိုက်ရသည့်အခါမှသာ တင်းမာနေသော မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားခဲ့ပြီး “ဂိုဏ်းချုပ်ရဲ့ အစီအစဉ်အတိုင်းပဲ... ငါကိုယ်တိုင် အဲဒီနယ်မြေကူးပြောင်းခြင်း အစီအရင်ဆီ သွားပြီး စောင့်ကြပ်ပေးမယ်။ ဒီလောက်ဆိုရင်ကော မင်း စိတ်ကျေနပ်ပြီလား...” ဟု ဆိုလိုက်တော့သည်။

နတ်ဘုရားရင်သွေးအဆင့် ကျွမ်းကျင်သူတစ်ဦးက ထိုကဲ့သို့သော နေရာတွင် သွားရောက်စောင့်ကြပ်ခြင်းမှာ သာမန်အားဖြင့် အင်အားကို အလဟဿ ဖြုန်းတီးခြင်းဟု ထင်မှတ်စရာရှိသော်လည်း ယခုအခြေအနေတွင်မူ “လူတစ်ယောက်တည်းက တံခါးဝကို စောင့်ကြပ်ရုံဖြင့် ရန်သူပေါင်းသောင်းချီကိုပင် ဟန့်တားနိုင်ခြင်း” ဟူသော တင်စားချက်နှင့် အညီပင်။

ပတ်ဝန်းကျင် လေထုတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

ထန်ရှောင်ရွှမ်းက ညင်သာစွာ ပြုံးလိုက်ပြီး “အကြီးအကဲ ဆွေယွမ်ကိုယ်တိုင် သွားရောက်တာဝန်ယူမယ်ဆိုရင်တော့ တကယ်ကို လုံးဝ စိတ်ချလိုက်ရပါပြီ။ မင်းတို့နှစ်ယောက်ကြားက ဝါဒကွဲပြားမှုနဲ့ ပတ်သက်လို့ကတော့... ငါ့ရဲ့ ကြားဝင်စဖျန်ပေးမှုက အရာမထင်ဘူးဆိုရင်တောင်မှ အဲဒီ ဝိညာဉ်တံခါး ကိစ္စပြီးဆုံးသွားမှပဲ အေးအေးဆေးဆေး ဆက်လက်ဆွေးနွေးကြတာပေါ့။ ဒါဆိုရင် အခုလိုမျိုး ဘေးကျပ်နံကျပ် အချိန်အခါမျိုးမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေရဲ့ အသုံးချခြင်းကို မခံရတော့ဘူးပေါ့။ ဒီလိုဆိုရင် အဆင်ပြေရဲ့လား...” ဟု ဝင်ရောက်စေ့စပ်ပေးလိုက်သည်။

ယေးဝူကျန့်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး “ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစုရဲ့ အခုလို ကူညီစောင့်ရှောက်မှုကို ငါတို့ အစဉ်အမြဲ မှတ်သားထားမှာပါ...” ဟု ပြောလိုက်သည်။

ထန်ရှောင်ရွှမ်းက “ငါတို့ မျိုးနွယ်စုနှစ်ခုစလုံးက နီးကပ်လွန်းပါတယ်။ နှုတ်ခမ်းမရှိရင် သွားတွေ ချမ်းရတတ်သလိုမျိုးပေါ့...” ဟု ပြန်လည်ပြောကြားခဲ့သည်။

“ကောင်းပြီ...”

ယေးဝူကျန့်က ချီးကျူးစကားဆိုလိုက်ပြီးနောက် ယေးဆွေယွမ်ကို လှည့်ကြည့်လျက် “အကြီးအကဲကော ဘယ်လိုထင်လဲ...” ဟု မေးလိုက်သည်။

ယေးဆွေယွမ်က “မျိုးနွယ်စုတစ်ခုတည်း ဖြစ်နေတာပဲ ထပ်ပြီးတော့ ငြင်းခုံနေဖို့ မလိုအပ်တော့ပါဘူး...” ဟု ပွင့်လင်းစွာ ပြောလိုက်သည်။

ယေးဝူကျန့်က “ပုံသဏ္ဌာန်မဲ့မျိုးနွယ်စုရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် ကြားဝင်ပေးတာဖြစ်တဲ့အတွက် ဒါက သေးငယ်တဲ့ ကိစ္စရပ်တစ်ခု မဟုတ်တာ သေချာတယ်။ ဒါကြောင့် ရှေးဟောင်းနယ်မြေပေါ်မှာရှိတဲ့ ငါတို့ရဲ့ တပည့်တွေကို ချက်ခြင်း အမိန့်ထုတ်ပြီး ပြန်ခေါ်လိုက်တော့။ အဲဒီနယ်မြေကူးပြောင်းခြင်း အစီအရင် ကိစ္စကိုတော့ အကြီးအကဲပဲ အခက်အခဲခံပြီး သွားရောက်စစ်ဆေးပေးပါဦး...” ဟု အမိန့်ထုတ်လိုက်သည်။

“ရတာပေါ့...”

ယေးဆွေယွမ်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။

ယေးဝူကျန့်က ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်ပြီး “မင်း ငယ်ရွယ်စဉ်တုန်းက ဘာတွေကို ကြုံတွေ့ခဲ့လို့ မင်းရဲ့ စရိုက်က ဒီလောက်အထိ ပြောင်းလဲသွားရတာလဲဆိုတာ ငါ မသိပါဘူး။ မင်းရဲ့ အတွေးအခေါ်တွေဟာ ငါနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီး ပင်ပန်းဆင်းရဲခံ ကျင့်ကြံခြင်းကို မလုပ်ဆောင်တော့ဘဲ အပျော်အပါးတွေနောက်ကိုပဲ လိုက်ပါသွားခဲ့တယ်။ မင်းကိုယ်တိုင် ပျော်ပါးရုံတင်မကဘဲ မျိုးဆက်သစ်လူငယ် တပည့်အမြောက်အမြားကိုပါ အပျော်အပါးတွေနောက် လိုက်ပါသွားအောင် လမ်းပြခဲ့တယ်...” ဟု လျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်သည်။

ယေးဆွေယွမ်သည် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် “သေခြင်းတရားတွေကို အများကြီး မြင်တွေ့ခဲ့ရလွန်းလို့ပဲ။ တစ်နေ့ကျရင် မင်းနဲ့ငါလည်း သေဆုံးသွားရမှာပဲလေ ဒါဆိုရင် ဘာလို့ အသက်ရှိတုန်း ပိုပြီးတော့ မပျော်ပါးရမှာလဲ...” ဟု ပြန်ပြောလိုက်၏။

ယေးဝူကျန့်က “ဒါက ကြောက်ရွံ့စိတ်ပဲ...” ဟု ကောက်ချက်ချသည်။

ယေးဆွေယွမ်က “ကြောက်ရွံ့စိတ်ကလည်း လူတွေကို ပိုပြီးတော့ အားကောင်းလာစေနိုင်တာပဲ။ ငါ့ရဲ့ နတ်ဘုရားစွမ်းအားတွေက မင်းနဲ့ မတူတာက... မတူညီတဲ့ အတွေးအခေါ်တွေကြောင့် ဖြစ်ပေါ်လာရတာ မဟုတ်ဘူးလား...” ဟု ပြောလိုက်တော့သည်။

ယေးဝူကျန့်က ခေါင်းညိတ်လိုက်ပြီး “ဖြစ်နိုင်တာက မင်းပြောတာ မှန်လိမ့်မယ်။ မျိုးနွယ်စုတစ်ခုအတွင်းမှာ အသံအမျိုးမျိုး ရှိနေနိုင်တာပဲ...” ဟု ပြောလိုက်သည်။

ထိုနှစ်ဦးသည် သူတို့၏ အမြင်များကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီး လေးနက်သော စကားအချို့ကို ဆက်လက်ပြောဆိုပြီးသည့်နောက်တွင်မူ သက်တံရောင်အလင်းတန်းများအဖြစ် ပြောင်းလဲလျက် အသီးသီး ထွက်ခွာသွားကြတော့သည်။

ယခုအခါတွင်မူ တည်ခင်းဧည့်ခံပွဲ၌ လူနှစ်ယောက်သာ ကျန်ရှိတော့၏။

ထန်ရှောင်ရွှမ်းက “အားလုံးက ထက်မြက်တဲ့လူတွေပဲ။ စကားတစ်ခွန်း ဖွဖွလေး ပြောလိုက်ရုံနဲ့တင် သူတို့တွေ သဘောပေါက်သွားကြပြီ။ ငါကိုယ်တိုင် လာခဲ့တာဖြစ်တဲ့အတွက် သူတို့တွေက အလေးအနက်ထားစဉ်းစားကြပြီး ကပ်ဘေးကြီးကတော့ သဘာဝကျကျပဲ ပြေလည်သွားခဲ့ပြီ။ အဲဒီနယ်မြေကူးပြောင်းခြင်း အစီအရင်ကိုသာ ဖြတ်တောက်ထားလိုက်မယ်ဆိုရင်တော့... အဲဒီပိုးမွှားမျိုးနွယ်စုက လူတွေမှာ ဘယ်လောက်ပဲ ကြီးမားတဲ့ စွမ်းရည်တွေ ရှိနေပါစေ ဒီဘက်ကို လာရောက်ဖို့အတွက် ဘယ်လိုမှ တွေးတောနိုင်ကြတော့မှာ မဟုတ်ဘူး...” ဟု ပြောလိုက်သည်။

စုန်ယန်ကမူ တစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ တွေးတောနေခဲ့၏။

ထန်ရှောင်ရွှမ်းက ပြုံးလျက် သူ၏ ပုခုံးကို ပုတ်ကာ “စိတ်ဓာတ်မကျပါနဲ့။ အဲဒီ ဝိညာဉ်တံခါး ကိစ္စ ပြေလည်သွားပြီးတဲ့အခါကျရင်... ငါ မင်းအတွက် အကွက်တစ်ခု စီမံပေးပြီးတော့ အခွင့်အလမ်းကောင်းတွေကို ဆွဲခေါ်ပေးပါ့မယ်။ မင်းအနေနဲ့ ထမင်းကို တစ်လုတ်ချင်းစားပြီး ကိစ္စရပ်တွေကိုလည်း တစ်ခုချင်းစီ အေးဆေးစွာ ဖြေရှင်းသွားရုံပဲပေါ့...” ဟု ဉာဏ်ပညာပါရှိသော စကားများဖြင့် နှစ်သိမ့်လိုက်သ

All Chapters