← Chapters

အခန်း (၆၂၉-၆၃၀)

Vol. 58 Ch. 629-630

အခန်း (၆၂၉-၆၃၀)

Vol. 58 Ch. 629-630

အပိုင်း (၆၂၉)

လင်းပိုင်ဖန်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ကောင်းကင်နှင့် မြေကမ္ဘာ၏ အချုပ်အခြာအာဏာထံသို့ ချဉ်းကပ်သွားလိုက်သည်။

ကောင်းကင်နှင့် မြေကမ္ဘာ၏ အချုပ်အခြာ အာဏာဆိုသည်မှာ ဤလောကကြီးတစ်ခုလုံး လည်ပတ်ရာ ဗဟိုချက်မဖြစ်ပြီး ကမ္ဘာမြေ၏ စည်းမျဉ်းစည်းကမ်းအားလုံး စုစည်းရာနေရာလည်း ဖြစ်သည်။

၎င်းကို ဆုပ်ကိုင်နိုင်ခြင်းသည် လောကတစ်ခုလုံးကို မိမိလက်ဝါးပြင်ပေါ်တွင် တင်ထားနိုင်ခြင်းပင် ဖြစ်ချေသည်။

ယခုအချိန်တွင်မူ သူ့ကို တားဆီးနိုင်မည့်သူ တစ်ယောက်မှ မရှိတော့ပေ။

သူသည် လက်ကိုလှမ်းဆန့်ကာ ကောင်းကင်နှင့် မြေကမ္ဘာ၏ အချုပ်အခြာအာဏာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

၎င်းထံမှ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ပတ်ပတ်လည်ရှိ စည်းမျဉ်းကြိုးကွင်းများမှာ တုန်ခါသွားကာ လင်းပိုင်ဖန်၏ ခန္ဓာကိုယ်ကို ဝန်းရံကာ ချုပ်နှောင်လိုက်ကြတော့သည်။

ဒါဟာ ဟန့်တားနှောင့်ယှက်ခြင်းမျိုး မဟုတ်ဘဲ လင်းပိုင်ဖန်တွင် ဤလောကကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်းသာ ဖြစ်သည်။

လင်းပိုင်ဖန်၏ အတိတ်သမိုင်းကြောင်းများသည် မှတ်တမ်းရုပ်ရှင်တစ်ခုကဲ့သို့ တစ်ကွက်ချင်းစီ ထင်ဟပ်ပေါ်ထွက်လာခဲ့သည်။

သူသည် ဧကရာဇ်အဖြစ် နန်းတက်ပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည့် အချိန်မှစ၍ တိုက်ပွဲတိုင်းတွင် အောင်ပွဲခံခဲ့ကာ နယ်မြေများကို လျင်မြန်စွာ ချဲ့ထွင်နိုင်ခဲ့သည်။

သူသည် တိုင်းသူပြည်သားများ အေးချမ်းသာယာပြီး ချမ်းသာကြွယ်ဝစေမည့် မင်းကောင်းမင်းမြတ်တို့၏ ကျင့်ဝတ်နှင့်အညီ အုပ်ချုပ်ခဲ့ရာ တိုင်းပြည်အတွင်း မည်မျှပင် အေးချမ်းလှသနည်းဆိုလျှင် ညအခါ လမ်းပေါ်၌ တန်ဖိုးရှိပစ္စည်းများ ကျန်ရစ်ခဲ့လျှင်ပင် ကောက်ယူမည့်သူမရှိဘဲ ဘေးကင်းလုံခြုံလှပေသည်။

သူသည် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ခဲ့ပြီး ဥပဒေနှင့်အညီ အုပ်ချုပ်ခဲ့ကာ ပြည်တွင်းတည်ငြိမ်မှုကို ဆောင်ကြဉ်းပေးခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုကို ပိုမိုအင်အားတောင့်တင်းလာစေခဲ့သည်။

ယခုအခါတွင်မူ သူသည် နတ်ဘုရားအင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့ပြီဖြစ်ရာ ခေတ်အဆက်ဆက်တွင် ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီဟု ဆိုနိုင်သည်။

သူ၏ အရပ်ဘက်၊ စစ်ဘက် အုပ်ချုပ်ရေး စွမ်းဆောင်ရည် အားလုံးက ပြီးပြည့်စုံနေခဲ့ပြီး အမှန်တကယ်ပင် စိတ်ကျေနပ်ဖွယ်ကောင်းသော မှတ်တမ်းတစ်ခု ဖြစ်ချေသည်။

ထို့ကြောင့် ကောင်းကင်နှင့် မြေကမ္ဘာ၏ အချုပ်အခြာအာဏာသည် တုံ့ပြန်သည့်အနေဖြင့် ပိုမိုတောက်ပစွာ လင်းလက်လာပြီး လင်းပိုင်ဖန်ကို အသိအမှတ်ပြုကာ သူ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း ပေါင်းစပ်ဝင်ရောက်သွားတော့သည်။

ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်နှင့် မြေကမ္ဘာကြားရှိ အရာခပ်သိမ်းကို သိမြင်နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူသည် ဤလောကအတွင်းရှိ စွမ်းအင်နှင့် ရုပ်ဝတ္ထုအားလုံးကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိသွားခဲ့သည်။

ထိုခံစားချက်က စိမ်းသက်နေသလို ရှိသော်လည်း ထူးဆန်းစွာပင် ရင်းနှီးနေခဲ့ပြန်သည်...၊ အတိအကျပြောရလျှင် အင်ပါယာ မြေပုံကို ထိန်းချုပ်နေရသကဲ့သို့ပင် ဖြစ်သည်။

သို့မဟုတ်လျှင် အင်ပါယာ မြေပုံဆိုသည်မှာ ကောင်းကင်နှင့် မြေကမ္ဘာ အချုပ်အခြာအာဏာ၏ အခြားသော ပုံစံတစ်မျိုးသာ ဖြစ်နေပေလိမ့်မည်။

ထိုစဉ် အင်ပါယာ မြေပုံထံမှ သတိပေးချက်တစ်ခုသည် အချိန်ကိုက် ပေါ်ထွက်လာခဲ့သည်။

“ဒင်!... ကစားသမားက ကောင်းကင်နှင့် မြေကမ္ဘာ၏ အချုပ်အခြာအာဏာကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ယနေ့မှစ၍ ဤလောကအတွင်းရှိ အရာခပ်သိမ်းသည် သင်၏ အမိန့်ပေး စေခိုင်းမှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် ကစားသမား၏ နိုင်ငံတော်ကို ကောင်းကင်အင်ပါယာအဆင့်သို့ အဆင့်မြှင့်တင်လိုက်ပြီး အင်ပါယာ မြေပုံကိုလည်း ‘ကောင်းကင်တာအိုပုံစံ’ သို့ အဆင့်မြှင့်တင်လိုက်ပါသည်”

အင်ပါယာ မြေပုံ ( ကောင်းကင်တာအိုပုံစံ)

ပိုင်နက်နယ်မြေ ဧရိယာ: ×× ဘီလီယံ စတုရန်းလီ (စိုက်ပျိုးနိုင်သောမြေ ×× ဘီလီယံ စတုရန်းလီ)

ပြည်တွင်း အရင်းအမြစ်: ×× ဘီလီယံ တေး (ရွှေတွင်း ၁၃၀၊ ငွေတွင်း ၄၃၀၊ ကြေးနီမိုင်း ၉၀၈၊ သံမိုင်း ၄၄၈၀)

လူဦးရေ: ×× ဘီလီယံ ( လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၂၀%၊ ဆင်းရဲသား ၇၉%)

စစ်အင်အား: ၈.၁ သန်း (မဟာကောင်းကင်အဆင့် ၂ ယောက်၊ ကောင်းကင်အဆင့် ၉ ယောက်၊ ချီဖွဲ့တည်ခြင်းအဆင့် ၂၂၇ ယောက်၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၅၂၀၀၀...)

စုစုပေါင်း နိုင်ငံတော်အင်အား: ×× (ကောင်းကင်အင်ပါယာအဆင့်)

အချက်အလက်များက များပြားလွန်းလှသည်။

အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သောကြောင့် ဤကိန်းဂဏန်းများက အဓိပ္ပာယ်မရှိတော့သဖြင့် ×× ဟုသာ ပြသထားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အင်ပါယာ မြေပုံက နောက်ထပ် သတိပေးချက်တစ်ခု ပေးလာပြန်သည်။

“ဒင်!... ကစားသမား၏ နိုင်ငံတော်အင်အား ကြီးထွားလာမှုကြောင့် သင်၏ ခွန်အားများလည်း တစ်ပြိုင်နက်တည်း မြင့်တက်လာပြီး အဓိကကျင့်စဉ် အဆင့်ကြီး တစ်ဆင့် တိုးတက်ခြင်းကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်သည်”

ချက်ချင်းဆိုသလိုပင် လင်းပိုင်ဖန်၏ ခွန်အားများသည် ပြောင်းလဲမှုတစ်ခုကဲ့သို့ အသွင် ကူးပြောင်းသွားတော့သည်။

သူ မည်မျှအထိ သန်မာလာသနည်း... လင်းပိုင်ဖန်တွင် နှိုင်းယှဉ်စရာ မရှိသဖြင့် သူကိုယ်တိုင်ပင် မသိတော့ပေ။

သူသိသည်မှာ ယခုအချိန်တွင် သူ၏ လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် ယခင်က မြေကမ္ဘာအင်မော်တယ်အဆင့်သို့ စတင်ထိုးဖောက်အောင်မြင်ခဲ့သည့် မိမိကိုယ်ကိုယ် အမှုန့်ခြေပစ်နိုင်သည်ဆိုသောအချက်ပင် ဖြစ်သည်။

ဒါက ကောင်းကင်တာအို၏ စွမ်းအားကိုပင် အသုံးမပြုရသေးသည့် အခြေအနေ ဖြစ်သည်။

အကယ်၍ သူသာ ကောင်းကင်တာအို၏ စွမ်းအားကိုပါ ထုတ်သုံးမည်ဆိုပါက သူ၏အစွမ်းက များစွာ တိုးတက်သွားပေလိမ့်မည်။

“ဤကျင့်စဉ်အဆင့်သည် လုံးဝအသစ်စက်စက် ဖြစ်ပြီး ယခင်က ဤလောကတွင် တစ်ခါမျှ ပေါ်ပေါက်ဖူးခြင်း မရှိသောကြောင့် ကစားသမားကိုယ်တိုင် အမည်ပေးနိုင်ပါသည်”

လင်းပိုင်ဖန်က ပြုံးလိုက်ရင်း - “ဒါက အသစ်စက်စက် အဆင့်တစ်ခုဖြစ်ပြီး ငါကိုယ်တိုင် ထိုးဖောက်နိုင်ခဲ့တာဆိုတော့... ငါက ဒီအဆင့်ကို ‘ဧကရာဇ်အဆင့်’ လို့ နာမည်ပေးမယ်။ ဒီအဆင့်ကို ထိုးဖောက်နိုင်တဲ့သူ မှန်သမျှကို ဧကရာဇ်လို့ ခေါ်ဝေါ်စေရမယ်”

လောကကြီး၏ အုပ်ချုပ်သူဖြစ်သည့် လင်းပိုင်ဖန်၏ စကားသည် အမိန့်တော် ဖြစ်လာခဲ့သည်။

ဤသတင်းသည် တစ်လောကလုံးသို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားတော့သည်။

ထိုအချိန်မှစ၍ ဤလောကတွင် ကျင့်စဉ်အဆင့်အသစ်တစ်ခုဖြစ်သည့် 'ဧကရာဇ်အဆင့်' ပေါ်ပေါက်လာခဲ့ပြီး ထိုအဆင့်သို့ ရောက်ရှိသူများကို ဧကရာဇ်ဟု ခေါ်တွင်စေခဲ့သည်။

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” လောကကြီးအတွင်းရှိ သက်ရှိအားလုံးက တုံ့ပြန်လိုက်ကြသည်။

ထို့နောက် လင်းပိုင်ဖန်သည် ကောင်းကင်တာအို၏ စွမ်းအားကို အသုံးပြု၍ ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်၏ ဒဏ်ရာများကို ကုသပေးလိုက်ပြီးနောက် လိုအပ်သည့်အခါ ပြန်လည်ဆင့်ခေါ်နိုင်ရန်အတွက် အရပ်လေးမျက်နှာကို ဆက်လက်စောင့်ကြပ်ဖို့ ပြန်လည်စေလွှတ်လိုက်သည်။

ထို့နောက်တွင်တော့ သူသည် နောက်ဆက်တွဲကိစ္စရပ်များကို ဖြေရှင်းရန် အင်ပါယာ နန်းတော်သို့ ပြန်လာခဲ့သည်။

မိဖုရားများသည် လင်းပိုင်ဖန်ကို ကြည့်ရင်း ရင်းနှီးသလိုလို၊ စိမ်းသက်သလိုလို ခံစားနေရပြီး ရင်ထဲတွင်လည်း အနည်းငယ် ကြောက်ရွံ့ထိတ်လန့်နေကြသည်။

သူတို့၏ ဧကရာဇ်သည် ကမ္ဘာတည်သရွေ့ တစ်ပါးတည်းသာ ပေါ်ထွန်းမည့် အုပ်ချုပ်သူ ဖြစ်ရုံတင်မကဘဲ ယနေ့ခေတ် လောကကြီးတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

ပို၍ပင် မတွေးရဲစရာကောင်းသည်မှာ သူက ယနေ့ခေတ်တွင် အစွမ်းထက်ဆုံး ဖြစ်ရုံတင်မကဘဲ မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ရောက်ရှိထားသည့်၊ ခေတ်အဆက်ဆက်တွင် ပြိုင်ဖက်ကင်းသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခြင်းပင်။

ထို့ထက်မက ပို၍ အံ့သြစရာကောင်းသည်မှာ သူက မြေကမ္ဘာအင်မော်တယ်အဆင့် ဖြစ်ရုံတင်မကဘဲ ဤလောကကြီးတစ်ခုလုံး၏ အရှင်သခင် ဖြစ်သွားခြင်းပင်။

ထို့ထက်မက ပို၍ပင် မတွေးရဲစရာကောင်းသည်မှာ သူက လောကကြီး၏ အရှင်သခင် ဖြစ်သွားရုံသာမကဘဲ အသစ်စက်စက် ကျင့်စဉ်အဆင့်တစ်ခုကိုပါ လမ်းဖွင့်ပေးခဲ့ပြီး ယနေ့ခေတ်လောကတွင် တစ်ဦးတည်းသော ဧကရာဇ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။

အခြေအနေများက မြန်ဆန်လွန်းလှသဖြင့် သူတို့ ဉာဏ်မမှီနိုင်လောက်အောင် ဖြစ်နေရဆဲပဲ ဖြစ်သည်။

လင်းပိုင်ဖန်က သူ၏လက်များကို အကျယ်ကြီး ဆန့်လိုက်ပြီး ပြုံးကာ ဆိုလိုက်သည် - “ဘာဖြစ်လို့လဲ... ငါ့ကို မမှတ်မိကြတော့ဘူးလား”

“အရှင်... အရှင်က တကယ်ပဲ အရှင်မင်းကြီးလားဟင်” မိဖုရားရှန်းက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မေးလိုက်သည်။

“ဒါပေါ့၊ ငါက ငါပဲလေ။ အစစ်အမှန်အတိုင်းပဲ၊ လုံးဝ မလိမ်ဘူး” လင်းပိုင်ဖန်က ရယ်မောလိုက်သည်။

“ဒါပေမဲ့ အရှင်မင်းကြီးက ပြောင်းလဲသွားသလိုပဲ... ကျွန်မတို့ သိခဲ့တဲ့ အရှင်မင်းကြီးနဲ့ မတူတော့ဘူး” ယောင်ယောင်က လျှာလေးထုတ်ကာ နောက်ပြောင်သော လေသံဖြင့် ဆိုလိုက်သည်။

လင်းပိုင်ဖန်က လက်ကိုဆန့်ကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး - “ဘယ်နားက ကွာခြားသွားလို့လဲ။ ငါက အမြဲတမ်း အတူတူပဲဆိုတာကို မကြာခင် မင်းကို သိစေရမယ်၊ မင်းအပေါ်ထားတဲ့ ငါ့ရဲ့အချစ်က ဘယ်တော့မှ မပြောင်းလဲဘူး”

ထို့ကြောင့် လင်းပိုင်ဖန်သည် သူတို့အား ယခင်ကလို ရင်းနှီးမှုမျိုး ပြန်လည်ရရှိစေရန် ရက်အနည်းငယ်မျှ အချိန်ပေးခဲ့သည်။

ဧကရာဇ်သည် ယခင်အတိုင်း ဧကရာဇ်သာဖြစ်ပြီး အမြဲတမ်း လူဆိုးကောင်ကြီးအတိုင်းပင် ဖြစ်သည်။

သို့သော်လည်း ကိုင်တွယ်ဖြေရှင်းရန် ကျန်ရှိနေသေးသည့် မိန်းမပျိုတစ်ဦး ရှိနေသေးသည်။

မိုယုယန်သည် လင်းပိုင်ဖန်ကို အနီးကပ် ကြည့်ရှုရင်း လက်လှမ်းတို့ချင်သော်လည်း မဝံ့မရဲ ဖြစ်နေကာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် - “အရှင်မင်းကြီး... အရှင်က အဲဒီစီနီယာပဲ မဟုတ်လား....”

လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး - “ဟုတ်တယ်။ ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်က အမှောင်ထဲမှာ ပုန်းအောင်းပြီး မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တွေကို လိုက်လံသတ်ဖြတ်နေခဲ့တာမလို့ ငါ့မှာ လျှို့ဝှက်ထားခဲ့ရတာ။ အခုတော့ စိုးရိမ်စရာတွေ မရှိတော့ဘူး...”

“အရှင်မင်းကြီး ရှင်းပြနေဖို့ မလိုပါဘူး၊ ကျွန်မ နားလည်ပါတယ်”

မိုယုယန်က မိန်းမပျိုလေးတစ်ဦး၏ ရှက်သွေးဖြာနေသော လေသံဖြင့် - “စီနီယာ...၊ အရှင်မင်းကြီးလည်း ကျွန်မရဲ့ အရှင့်အပေါ် ထားတဲ့ စိတ်ဓာတ်ကို သိမှာပါ။ အခု ကျွန်မ သိချင်တာက အရှင်မင်းကြီး ကျွန်မကို ဘယ်လို စီစဉ်ပေးမှာလဲ ဆိုတာပါပဲ...”

လင်းပိုင်ဖန်က သူ၏လက်ကို ဆန့်တန်းပေးလိုက်ရာ မိုယုယန်သည် ချက်ချင်းပင် သူ၏ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့ပြီး - “တခြား ဘာရှိဦးမှာလဲ။ မင်းကို ငါ့ရဲ့ မိဖုရားအဖြစ် သိမ်းပိုက်ရမှာပေါ့”

မိုယုယန်က အံ့ဩတုန်လှုပ်စွာဖြင့် - “အာ...”

“ဘာလဲ... မင်းက မလိုလားဘူးလား”

“မဟုတ်... မဟုတ်ပါဘူး၊ လိုလားပါတယ်” မိုယုယန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးငုံ့သွားပြီး သူမ၏ မျက်နှာလေးမှာ ရဲရဲနီနေခဲ့ပြီ ဖြစ်သည်။

လင်းပိုင်ဖန်က သူမကို ဝင့်ကြွားစွာ ပွေ့ချီကာ နဂါးနန်းကုတင်ပေါ်သို့ တက်လှမ်းသွားတော့သည်။

ထို့ကြောင့် နောက်ထပ် အိပ်စက်ခြင်းမရှိသည့် ညတစ်ည ဖြစ်ပေါ်လာခဲ့ပြန်သည်။

ဘုရင်မ မယ်ဒူဆာအတွက်မူ... သူမသည်လည်း နောက်ဆုံးတွင် မလွတ်မြောက်နိုင်ခဲ့ပေ။

မလိုလားသလိုလိုနှင့် သဘောတူညီမှုများ ကြားတွင်ပဲ သူမသည်လည်း လင်းပိုင်ဖန်၏ မိဖုရားတစ်ဦး ဖြစ်လာခဲ့ရတော့သည်။

အပိုင်း (၆၃၀) တစ်လောကလုံးကို အမိန့်ပေးစေခိုင်းပြီး လောကအပေါင်းကို စစ်ကြေညာခြင်း

အချိန်မှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ မသိလိုက်ဘာသာသာဖြင့် တစ်လ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

လင်းပိုင်ဖန်သည် ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်ကို နှိမ်နင်းပြီး လောကကြီး၏ အရှင်သခင် ဖြစ်လာခဲ့သည်ဟူသော သတင်းသည် ကောင်းကင်အောက်ရှိ နေရာအနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း အသိပင် ဖြစ်လာခဲ့သည်။

ယခုအခါတွင်မူ လောကအတွင်းရှိ နိုင်ငံများနှင့် အင်အားစုအားလုံးသည် မဟာရှနိုင်ငံတော်သို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြရသည်။

နိုင်ငံတစ်ခု ဖြစ်ပါက ဧကရာဇ်ကိုယ်တိုင် လာရောက်ရပြီး၊ သိုင်းလောကနယ်ပယ်မှ အင်အားစုတစ်ခု ဖြစ်ပါက ဂိုဏ်းချုပ် သို့မဟုတ် ဂိုဏ်းခေါင်းဆောင်များ ကိုယ်တိုင် လာရောက်ကြရသည်။

ထိပ်သီး အင်ပါယာကြီးလေးခုနှင့် ရှေးဟောင်းဂိုဏ်းကြီး သုံးဂိုဏ်းပင်လျှင် ချွင်းချက်မရှိ ထိုသို့ပင် လုပ်ဆောင်ကြရသည်။ လောကကြီး၏ အရှင်သခင်၏ အမိန့်တော်ကို မနာခံဘဲ စော်ကားဝံ့သူ မည်သူမျှ မရှိချေ။

ယခုအခါတွင်မူ သူတို့အားလုံးသည် မဟာရှအင်ပါယာ နန်းတော်၏ ရင်ပြင်ကျယ်ကြီးထဲတွင် စုဝေးနေကြပြီး စိုးရိမ်စိတ်အပြည့်ဖြင့် လေသံတိုးတိုးဖြင့် တီးတိုး ဆွေးနွေးနေကြသည်။

“မဟာရှဧကရာဇ်က ငါတို့ကို ဒီကို ခေါ်ယူရတာ ဘာရည်ရွယ်ချက် ရှိလို့လဲမသိဘူး”

“ငါလည်း မသိဘူး။ အခု မဟာရှဧကရာဇ်က လောကမှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တင်မကဘဲ လောကကြီးတစ်ခုလုံးရဲ့ အရှင်သခင်လည်း ဖြစ်နေပြီလေ။ အရာအားလုံးရဲ့ အတက်အကျကို ထိန်းချုပ်ထားနိုင်တဲ့သူဆိုတော့ ငါတို့ကို ခေါ်ယူတာက သေးငယ်တဲ့ ကိစ္စတော့ မဟုတ်တာ သေချာတယ်။ ငါထင်တာတော့ ကောင်းကင်အောက်က အရာအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ဖို့ ထင်တယ်”

“အာ... လောကကြီးက ဒီလောက် ကျယ်ပြောလှတာ၊ နိုင်ငံတွေနဲ့ အင်အားစုတွေကလည်း ရေတွက်လို့မရအောင် များပြားလှတာကို ဘယ်လိုလုပ်ပြီး တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်နိုင်မှာလဲ”

“တခြားသူတွေမှာ နည်းလမ်းမရှိရင် ရှိမယ်၊ ဒါပေမဲ့ လောကကြီးရဲ့ အရှင်သခင်မှာ နည်းလမ်းမရှိဘဲ နေမလား”

“လျှောက်ပြီး ခန့်မှန်းမနေကြနဲ့တော့။ ဘယ်လိုအမိန့်တော်ပဲ ဖြစ်ဖြစ် ငါတို့မှာ ဆန့်ကျင်ပိုင်ခွင့် မရှိတာတော့ အမှန်ပဲ”

အင်ပါယာ နန်းတော်၏ အရှေ့ဘက် ခန်းမဆောင်အတွင်း၌လည်း လူများစွာ စုဝေးနေကြသည်။

ဤနေရာတွင်မူ အဓိကအားဖြင့် အင်ပါယာကြီးများ၏ ဧကရာဇ်များ၊ ပထမတန်းစား ဂိုဏ်းများ၏ ခေါင်းဆောင်များနှင့် ကောင်းကင်အဆင့်နှင့် အထက်ရှိသူများသာ ရှိနေကြသည်။

သူတို့သည် အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ စိုးရိမ်ထိတ်လန့်စွာဖြင့် ဘာဖြစ်နေသည်ကို စုံစမ်းရန် ကြိုးစားနေကြသည်။

“အောမီထောဖော... မိစ္ဆာအိုကြီး၊ သင်က အရှင်မင်းကြီးနဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံရေး ရှိပြီး သင့်ရဲ့ မြေးမလေးကလည်း အရှင်မင်းကြီးရဲ့ မိဖုရားတစ်ပါး ဖြစ်နေတာပဲ။ ဒီဆုံတွေ့ပွဲရဲ့ ရည်ရွယ်ချက်ကို ငါတို့ကို နည်းနည်းလောက် လမ်းညွှန်ပေးနိုင်မလား” ဆရာတော် လျောင်ချန်းက နှိမ့်ချစွာဖြင့် မေးလိုက်သည်။

သူ စကားပြောလိုက်သည်နှင့် အားလုံး၏ အကြည့်များက သူ၏ထံသို့ ရောက်ရှိသွားတော့သည်။

လူတိုင်း၏ အကြည့်အောက်တွင် လီထျန်းချန်းက လက်နှစ်ဖက်ကို အားကိုးရာမဲ့စွာ ဆန့်ထုတ်လိုက်ရင်း - “ငါ့ကို မမေးနဲ့၊ ငါလည်း ဘာမှမသိဘူး”

လူတိုင်းက ဝေခွဲမရ ဖြစ်သွားကြသည် - “မင်းက ဘယ်လိုလုပ်ပြီး မသိရတာလဲ”

တစ်ယောက်က ထပ်မံ ဖိအားပေးလိုက်သည် - “အရှင်မင်းကြီးက သားရဲကြီးလေးကောင်ကို တစ်ယောက်တည်း တိုက်ခိုက်ပြီး လောကကြီးရဲ့ အုပ်ချုပ်သူ ဖြစ်လာတဲ့အချိန်တုန်းက မင်းလည်း ရှိနေတာပဲ မဟုတ်လား။ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ”

“ဒါက မတူဘူးလေ။ အဲဒီနေ့ကစပြီး ငါလည်း အရှင်မင်းကြီးကို မတွေ့ရသေးဘူး၊ ဒါကြောင့် ငါလည်း ဘာမှမသိဘူး”

လီထျန်းချန်းက ရွှမ်ရွှီ တာအိုဆရာကြီးကို လက်ညှိုးထိုးပြလိုက်ရင်း - “သူ့ကို မေးကြည့်ပါလား။ တာအိုဂိုဏ်းရဲ့ တာအိုသမီးတော်က အရှင်မင်းကြီးနဲ့ လက်ထပ်ထားတာဆိုတော့ သူ တစ်ခုခု သိနိုင်တယ်”

လူတိုင်းက ရွှမ်ရွှီ တာအိုဆရာကြီးထံသို့ လှည့်ကြည့်လိုက်ကြသည်။

ရွှမ်ရွှီ တာအိုဆရာကြီးက စိတ်ပျက်လက်ပျက်ဖြင့် - “ငါ့ကိုလည်း မကြည့်ကြနဲ့၊ ငါလည်း သေချာမသိဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က ငါ တာအိုသမီးတော်နဲ့ ဆက်သွယ်ခဲ့သေးတယ်၊ ဒါပေမဲ့ သူမက ဘာမှမပြောဘဲ အရမ်း လျှို့ဝှက်လွန်းနေတယ်”

ထို့နောက် သူက မဟာလီအင်ပါယာ၏ အိမ်ရှေ့မင်းသား လီထျန်ချုံးကို လက်ညှိုးထိုးပြလိုက်ပြန်သည် - “သူက အရှင်မင်းကြီး တပည့်ရဲ့ တပည့်ပဲလေ။ သူ တစ်ခုခု သိမှာပေါ့”

ထို့ကြောင့် လူတိုင်း၏ အကြည့်က လီထျန်ချုံးထံသို့ ပြောင်းရွှေ့သွားပြန်သည်။

လူအများကြီး၏ ပြင်းထန်သော အကြည့်များအောက်တွင် လီထျန်ချုံးသည် ထိတ်လန့်သွားပြီး ထစ်ထစ်အအဖြင့် - “ကျွန်တော်... ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် မနေ့ကမှ ရောက်တာဆိုတော့ ကျွန်တော့်ရဲ့ ဆရာဘိုးဘိုးကိုလည်း မဖူးမြော်ရသေးဘူး၊ ကျွန်တော့်ဆရာနဲ့လည်း မတွေ့ရသေးပါဘူး...”

ထိုစဉ်မှာပင် ပန်းချီဆရာကြီးသည် လူစုတစ်စုနှင့်အတူ ထွက်လာခဲ့သည်။

ထိတ်လန့်နေသော လူအုပ်ကြီးကို မြင်သောအခါ သူက မုတ်ဆိတ်မွေးကို သပ်လိုက်ရင်း ပြုံးကာ ဆိုလိုက်သည် - “ဒီလောက်အထိ စိုးရိမ်မနေကြပါနဲ့။ ဒါက လူတိုင်းအတွက် ကောင်းတဲ့အရာမလို့ စိတ်အေးအေးထားပြီး အနားယူကြပါ”

လက်ဖက်ရည်တစ်ခွက် သောက်စာခန့် အချိန်ကြာပြီးနောက် လင်းပိုင်ဖန်သည် အမတ်များစွာ ခြံရံလျက် ရောက်ရှိလာခဲ့သည်။

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

“အခမ်းအနားတွေ လုပ်မနေပါနဲ့”

လင်းပိုင်ဖန်၏ အသံ ဆုံးသွားသည်နှင့်အမျှ လူတိုင်းသည် အစွမ်းထက်သော အင်အားတစ်ခုက မိမိတို့၏ ခန္ဓာကိုယ်ကို မတင်ပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ယခုအခါတွင်မူ လင်းပိုင်ဖန်သည် ကောင်းကင်နှင့် မြေကမ္ဘာ၏ အချုပ်အခြာအာဏာနှင့် ပေါင်းစပ်သွားခဲ့ပြီဖြစ်ရာ ကောင်းကင်တာအို၏ ကိုယ်ပွား ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သူ၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းက ကောင်းကင်ဘုံ၏ အလိုတော်ကို ကိုယ်စားပြုနေပြီး သူ၏ အမိန့်တော်များကို နာခံရမည်ဖြစ်ရာ မည်သူမျှ မနာခံဝံ့ခြင်း မရှိချေ။

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်” လူတိုင်းက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ပြီးနောက် ရိုသေစွာဖြင့် မတ်တတ်ရပ်လိုက်ကြသည်။

ထိုနေရာတွင် လူပေါင်းသောင်းချီ ရှိနေသော်လည်း ယခုအခါတွင်မူ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေကြပြီး မည်သူမျှ စကားတစ်လုံးမျှ မဟဝံ့ကြချေ။

လင်းပိုင်ဖန်မှာ ဒါကို အလွန်သဘောကျသွားပြီးနောက် ဆိုလိုက်သည် - “ငါကိုယ်တော် သင်တို့ကို ဒီကို ခေါ်ယူရတာက အရေးကြီးတဲ့ ကိစ္စအချို့ ရှိလို့ပဲ”

“ပထမအချက်အနေနဲ့ ဒီနေ့ကစပြီး လောကကြီးတစ်ခုလုံးကို ငါ့ရဲ့ မဟာရှ ကောင်းကင်အင်ပါယာအောက်မှာ တစ်စုတစ်စည်းတည်း ဖြစ်စေရမယ်။ အားလုံးက ငါ့ရဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်ရမယ်”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

လူအများအပြားက ခါးသီးသော မျက်နှာအမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်ကြသည်။

ယခုအခါတွင်မူ သူတို့ သဘောမတူလျှင်ပင် ရွေးချယ်စရာ မရှိတော့ပေ။

သူတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အရေးမကြီးတော့ပေ။ အကြောင်းမူကား လင်းပိုင်ဖန်အတွက်မူ သူတို့ကို ဖျက်ဆီးပစ်ရန်မှာ စကားတစ်လုံး ပြောရုံမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။

“ဒုတိယအချက်အနေနဲ့ လောကကြီးက အခု တစ်စုတစ်စည်းတည်း ဖြစ်သွားပြီဆိုပေမဲ့ နယ်မြေက ကျယ်ပြောပြီး လူဦးရေက များပြားလွန်းလှတဲ့အတွက် စီမံခန့်ခွဲရတာ အရမ်း အဆင်မပြေဘူး။ ဒါကြောင့် ငါတို့က လက်ရှိ အင်အားစုတွေရဲ့ ခွဲဝေမှုကို ဆက်လက်ထိန်းသိမ်းထားပြီး ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စနစ်ကို ကျင့်သုံးမယ်”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” လူအုပ်ကြီးက ထပ်မံ တုံ့ပြန်လိုက်ကြပြီး အများအပြားက သက်ပြင်းချနိုင်ခဲ့ကြသည်။

လောကကြီးက တစ်စုတစ်စည်းတည်း ဖြစ်သွားသော်လည်း နိုင်ငံတစ်ခုချင်းစီတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိနေဆဲဖြစ်ပြီး အာဏာအများအပြားကို ဆက်လက်ထိန်းသိမ်းထားနိုင်သဖြင့် ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။

“တတိယအချက်အနေနဲ့ ငါက ကိုယ်ပိုင်အုပ်ချုပ်ခွင့် စနစ်ကို ကျင့်သုံးခွင့်ပေးထားပေမဲ့ မဟာရှအင်ပါယာအနေနဲ့ ကြီးကြပ်ကွပ်ကဲပိုင်ခွင့် ရှိတယ်။ အကယ်၍ မည်သူမဆို ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်ဘူးဆိုရင် ငါက ပိုပြီး သင့်တော်တဲ့သူနဲ့ အစားထိုးပစ်မယ်။ ဒါကြောင့် ဒီနေရာမှာ ရှိနေတဲ့ ဧကရာဇ်တွေအားလုံးဟာ ပြည်သူလူထုကို မိမိရဲ့ ရင်ဝယ်သားလိုမျိုး ချစ်ခင်မြတ်နိုးတဲ့ မင်းကောင်းမင်းမြတ်တွေ ဖြစ်လာကြဖို့ မျှော်လင့်သလို၊ ဂိုဏ်းချုပ်တွေအားလုံးလည်း ထိရောက်စွာ ဦးဆောင်ပြီး တရားမျှတမှု ရှိကြဖို့ မျှော်လင့်တယ်”

လူတိုင်း၏ မျက်နှာထားများ တင်းမာသွားကြသည်။ သူတို့အနေဖြင့် ပေါ့ပေါ့ဆဆ နေ၍မရတော့ကြောင်း သိလိုက်ကြပြီ ဖြစ်သည်။

“စတုတ္ထအချက်အနေနဲ့ လောကကြီးက အခု တစ်စုတစ်စည်းတည်း ဖြစ်သွားပြီဆိုတော့ ငါက မျက်နှာလိုက်မှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး ငါက ကောင်းကင်တာအို၏ စွမ်းအားကို အသုံးပြုပြီး လောကရဲ့ အရင်းအမြစ်တွေကို ခွဲဝေညှိနှိုင်းပေးမှာဖြစ်လို့ နိုင်ငံတော် လုံခြုံရေးကို အာမခံနိုင်သလို ပြည်သူလူထုကိုလည်း ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သဘာဝဘေးအန္တရာယ်ကနေ ကင်းဝေးစေရမယ်”

“အရှင်မင်းကြီးရဲ့ ကရုဏာတော်ကို ကျေးဇူးတင်ပါတယ်”

“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ”

လူအုပ်ကြီးက စိတ်အားထက်သန်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

“ပဉ္စမအချက်အနေနဲ့ ငါ ဒီအကြောင်းအရာကို မဆွေးနွေးခင်မှာ မင်းတို့ကို အမှန်တရားတစ်ခု အရင်ပြောပြမယ်”

လူအုပ်ကြီးက အာရုံစိုက်ပြီး နားထောင်လိုက်ကြသည်။

လင်းပိုင်ဖန်က တည်ကြည်သော မျက်နှာအမူအရာဖြင့် - “ငါတို့ နေထိုင်တဲ့ လောကကြီးက တစ်ခုတည်းသော လောကမဟုတ်ဘူး။ ငါတို့လောကရဲ့ ပြင်ပမှာ တခြားသော လောကတွေ အများကြီး ရှိသေးတယ်။ အဲဒီမှာ ရေတွက်လို့မရတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေ ရှိသလို၊ ရေတွက်လို့မရတဲ့ အခွင့်အလမ်းတွေလည်း ရှိတယ်။ ငါတို့သာ အပြင်ကို ထွက်သွားနိုင်ရင် တောင်တွေကို ရွှေ့နိုင်ပြီး ပင်လယ်တွေကို မှောက်လှန်နိုင်တဲ့ စွမ်းအားတွေကို ရရှိနိုင်မှာဖြစ်သလို၊ ထာဝရအသက်ကို ရရှိဖို့ဆိုတာကလည်း အိမ်မက်သက်သက် မဟုတ်တော့ဘူး”

လင်းပိုင်ဖန်၏ စကားကြောင့် တစ်လောကလုံး တုန်လှုပ်သွားခဲ့ရသည်။

တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် - “အရှင်မင်းကြီး... အရှင်မင်းကြီး ပြောတာတွေက တကယ်ပဲလား။ ကျွန်တော်တို့လောကရဲ့ ပြင်ပမှာ တခြားလောကတွေ တကယ်ပဲ ရှိတာလား။ ကျွန်တော်တို့သာ ပြင်ပကို ထွက်သွားရင် တောင်တွေကို ရွှေ့နိုင်ပြီး ပင်လယ်တွေကို မှောက်လှန်နိုင်တဲ့ စွမ်းအားတွေနဲ့ ထာဝရအသက်ကို တကယ်ပဲ ရရှိနိုင်မှာလား”

“ငါကိုယ်တော်က မင်းတို့ကို ဘာလို့ လိမ်ရမှာလဲ။ အားလုံးပဲ ကြည့်လိုက်ကြ” လင်းပိုင်ဖန်က ဆိုလိုက်သည်။

သူ၏ စကားအဆုံးတွင် လူတိုင်း၏ ရှေ့မှောက်၌ ကြီးမားလှသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး လင်းပိုင်ဖန်၏ အခြားသော နယ်ပယ်များတွင် ကြုံတွေ့ခဲ့ရသည့် အရာများကို ပြသပေးခဲ့သည်။

ယင်းကို မြင်ပြီးနောက် လူတိုင်းသည် တောင့်တမှုများဖြင့် ပြည့်နှက်သွားကြတော့သည်။

“ဒါကြောင့် ငါကိုယ်တော် နောက်ဆုံး ဆွေးနွေးချင်တဲ့ ကိစ္စကတော့...”

လင်းပိုင်ဖန်က မတ်တတ်ရပ်လိုက်ပြီး သူ၏ အသံထဲတွင် စိတ်အားထက်သန်မှုများဖြင့် - “ငါတို့က တစ်လောကလုံးရဲ့ အင်အားကို စုစည်းပြီးရင် လောကအပေါင်းကို စစ်ကြေညာမယ်၊ နယ်မြေတွေကို ချဲ့ထွင်ပြီး ကမ္ဘာတည်သရွေ့ တည်တံ့မယ့် အမွေအနှစ်ကို ချန်ထားရမယ်၊ ငါကိုယ်တော် ဒီမှာ ရှိနေသရွေ့ မင်းတို့ အိမ်မက်မက်သမျှ အရာအားလုံးက လက်တစ်ကမ်းမှာပဲ ရှိစေရမယ်”

လူအုပ်ကြီးမှာ စိတ်လှုပ်ရှားသွားခဲ့ကြသည် - “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးတို့ အသက်ထက်ဆုံး သစ္စာရှိရှိ တာဝန်ထမ်းဆောင်ပါ့မယ်”

ထို့ကြောင့် လောကကြီး၏ အင်အားစုများသည် တစ်စုတစ်စည်းတည်း ဖြစ်သွားခဲ့ပြီး နေရာအနှံ့အပြားမှ အစွမ်းထက် ပုဂ္ဂိုလ်များသည် မဟာရှနိုင်ငံတော်သို့ စုရုံးရောက်ရှိလာကြတော့သည်။

သုံးလအကြာတွင် လောကအတွင်းရှိ အတော်ဆုံးသော သူရဲကောင်းများနှင့် ဖွဲ့စည်းထားသည့် အထူးစစ်တပ်ကြီးသည် မဟာရှနိုင်ငံတော်၏ မြို့တော်သို့ စုရုံးရောက်ရှိလာခဲ့သည်။

လင်းပိုင်ဖန်က စိတ်အားထက်သန်နေသော လူအုပ်ကြီးကို ကြည့်ရင်း ဟင်းလင်းပြင် ဝင်ပေါက်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ပြီး - “ချီတက်ကြတော့၊ ငါကိုယ်တော် မင်းတို့ရဲ့ သတင်းကောင်းကို စောင့်မျှော်နေမယ်”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

ခန့်ညားထည်ဝါလှသော စစ်တပ်ကြီး ချီတက်သွားသည်ကို ကြည့်ရင်း လင်းပိုင်ဖန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“လောကအပေါင်းတို့ရေ... ငါ လာပြီ......”

(ပြီးပါပြီ)

All Chapters