အခန်း ၁၁၁၃
Vol. 106 Ch. 1113
အခန်း ၁၁၁၃ ဝိညာဉ်နက်ဂိုဏ်းဆီသို့ ဦးတည်ခြင်း
"ဒါဆို သူက အထဲမှာ ပုန်းနေတုန်းပဲပေါ့။ ငါတို့ ဒီနန်းတော်ကို ရှာဖွေရလိမ့်မယ်။ ငါတို့နောက်ကို လိုက်ခဲ့" ပထမဆုံး သံတမန်က ဧကရာဇ်တုကို ပြောဆိုကာ အရှိန်အဝါ နောက်ကြောင်းကို ထပ်မံခြေရာခံလျက် ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။
သံတမန်င ါးဦးသည် လုံချန်း၏ အရှိန်အဝါ နောက်ကြောင်းကို လိုက်လံရှာဖွေရင်း တုအင်ပါယာ၏ တော်ဝင်နန်းတော်ဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ထိုအရှိန်အဝါ လမ်းကြောင်းမှာ ထိုနေရာပင် ရပ်တန့်မသွားဘဲ အခန်းတစ်ခန်းဆီသို့ ဦးတည်သွားခဲ့၏။
"ဒီအခန်းက အရှိန်အဝါ လမ်းကြောင်း ဆုံးတဲ့နေရာပဲ။ ဒါဆို သူက ဒီထဲမှာ ပုန်းနေတာပေါ့" ပထမဆုံးသံတမန်က အဖွဲ့ဝင်များကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။ "တိုက်ပွဲအတွက် ပြင်ဆင်ထားကြ"
"ဒါက..." ဧကရာဇ်တုက ရေရွတ်လိုက်၏။ "သူ ဒီနေရာကို ဝင်သွားတာဆိုရင်တော့ ခင်ဗျားတို့ သူ့ကို ဒီမှာ ရှာတွေ့မှာ မဟုတ်ဘူး။ ဒါကြောင့် တိုက်ပွဲအတွက် ပြင်ဆင်နေစရာ မလိုပါဘူး"
"ဘာဖြစ်လို့လဲ" ပထမဆုံး သံတမန်က မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲဒီအခန်းက တကယ်တော့ အခြားကမ္ဘာ တစ်ခုဆီကို သွားနိုင်တဲ့ နေရာပြောင်း အခန်းဖြစ်နေလို့ပါ။ သူ အဲဒီအခန်းထဲ ဝင်သွားတယ်ဆိုရင် ချိတ်ဆက်ထားတဲ့ ကမ္ဘာဆီကို ထွက်ခွာသွားပြီလို့ပဲ ယူဆရမယ်" ဧကရာဇ်တုက ပြောဆိုရင်း တံခါးကို ဖွင့်ပြလိုက်ရာ ဗလာဖြစ်နေသော အခန်းလွတ်ကြီး တစ်ခန်းအား တွေ့လိုက်ရတော့သည်။
ထိုအခန်းအတွင်း၌ ဟင်းလင်းပြင် အစီအရင် တစ်ခု ခင်းကျင်းထားသည်ကို မြင်တွေ့နိုင်၏။
သံတမန်များသည် ဤအစီအရင်ကို အလွယ်တကူ မှတ်မိလိုက်ကြသည်။
"ဒါက အဆင့် တစ်ဆင့်တည်းရှိတဲ့ နေရာပြောင်း အစီအရင်ပဲ။ ကောင်းတာပေါ့။ အဲဒါက တခြားနေရာတွေ အများကြီးဆီကို သွားလို့ မရဘဲ တစ်နေရာတည်းပဲ သွားလို့ရတဲ့ သဘောပဲ။ ငါတို့ သူ့ကို မျက်ခြေမပြတ်သေးဘူး။ သူသွားတဲ့နေရာဆီ ငါတို့ လိုက်သွားပြီး ဖမ်းဆီးကြမယ်" ပထမဆုံး သံတမန်က ပြောဆိုကာ အစီအရင်ပေါ်သို့ လှမ်းတက်လိုက်၏။
ကျန်ရှိနေသော သံတမန်များလည်း အတူတူ လှမ်းတက်လိုက်ကြသည်။
"တကယ်တော့... ဒီအစီအရင်က ခင်ဗျားတို့ကို အဲဒီအထိ ပို့ဆောင်ပေးနိုင်လောက်အောင် စွမ်းအားမပြည့်ဝသေးဘူး။ အစီအရင်ကို ကူညီပေးဖို့ မူလစွမ်းအင် ကျောက်တုံး အချို့ ကျွန်တော် သွားယူပေးမယ်" ဧကရာဇ်တုက အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
"မလိုပါဘူး။ ငါတို့က ဒီအစီအရင် အကြောင်း သိပြီးသားပဲ။ အဲဒါရဲ့ ကန့်သတ်ချက်တွေကို ငါတို့မသိဘူးလို့ ထင်နေတာလား။ စိုးရိမ်မနေနဲ့၊ ငါတို့ဘာသာ မူလစွမ်းအင် ဖြည့်တင်းလိုက်မယ်" သံတမန်များက ဧကရာဇ်ကို ပြောလိုက်၏။
သူတို့ ပြောလိုက်သည့်အတိုင်းပင် ဧကရာဇ်တုသည် နေရာပြောင်း အစီအရင် အရှိန်အဟုန်ဖြင့် စတင်လင်းထိန်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအလင်းတောက်ပမှုမှာ အလွန်တရာ ပြင်းထန်လွန်းသဖြင့် သူသည် အံ့အားသင့်စွာဖြင့် မျက်လုံးများကိုပင် မှိတ်ထားလိုက်ရတော့၏။
အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ ဧကရာဇ်တု မျက်လုံးဖွင့်ကြည့်လိုက်ရာ နေရာပြောင်း အစီအရင်က တကယ် အလုပ်လုပ်သွားသည်ကို သတိပြုမိလိုက်သည်။ သံတမန်လေးဦးလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
...
လုံချန်း၏ ခရီးစဉ်မှာ ရက်ပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး ပင်လယ်ပြင်ကလွဲ၍ မည်သည်ကိုမျှ မမြင်တွေ့ရချေ။ ရက်များမှသည် သီတင်းပတ်များအထိ ပြောင်းလဲ ကုန်လွန်သွားခဲ့ပြီးနောက် တစ်မနက်တွင်မူ သူတို့သည် ဆိပ်ကမ်းတစ်ခုဆီသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ကြတော့သည်။
ထိုဆိပ်ကမ်းမှာ ဤတိုက်ကြီးရှိ ကြီးမားသော အဖြူရောင်ဂိုဏ်းကြီး နှစ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော နေရာဖြစ်၏။
လုံချန်း ဤနေရာသို့ ရောက်ရှိလာသောအခါ ယခင်အတိတ်တုန်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် အမှတ်ရသွားခဲ့သည်။ ထိုစဉ်က သူသည် အဖြူရောင်ဂိုဏ်း၊ မိစ္ဆာဂိုဏ်းမကျန် ဂိုဏ်းကြီးအားလုံး၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသည် မဟုတ်ပါလား။
ထိုစဉ်တုန်းက ဂိုဏ်းကြီးများက သူတို့၏ အဓိကတပည့်များကို မိမိ သတ်ပစ်ခဲ့သည်အား မည်သို့ သိသွားကြသနည်းဟု သူ အံ့သြခဲ့ဖူးသော်လည်း ယခုအခါတွင်မူ အားလုံးက ဝူလျာ၏ လက်ချက်ဖြစ်ကြောင်း သူ အသေအချာ နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ထိုဂိုဏ်းကြီးများ အပေါ် စိတ်ခုနေဆဲဖြစ်သော်လည်း ကလဲ့စားချေရန်အတွက်မူ အချိန်ကုန်မခံချင်တော့ချေ။ သူသည် သူတော်စင် ဘုရင်၏ ဂူဗိမာန်ကို ဖွင့်လှစ်ပြီး အထဲတွင် မည်သည့်ရတနာများ ရှိနေမလဲဆိုသည်အား ကြည့်ရှုရန် တစ်စက္ကန့်မျှပင် အချိန်မဆိုင်းချင်တော့ပေ။ ထိုနေရာရှိ ရတနာများမှာ အံ့မခန်းစရာ ကောင်းမည်ဟု သူ စိတ်ထဲမှ ခံစားနေရသည်။
ထို့အပြင် သူ တစ်ချိန်က တပည့်အဖြစ် ဝင်ရောက်ခဲ့ဖူးသော ဝိညာဉ်နက်ဂိုဏ်းမှာလည်း သူ သွားမည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေခဲ့၏။ ထိုနေရာသို့ ခေတ္တ ဝင်ရောက်ကာ လူအချို့ကို သွားရောက်တွေ့ဆုံရမည့် အကြောင်း သူ တွေးတောလိုက်မိသည်။ ထိုဂိုဏ်းအတွင်း၌ သူ သေချာပေါက် သွားရောက်တွေ့ဆုံချင်သည့် မိန်းကလေးတစ်ဦး ရှိနေခဲ့ပေသည်။
သူ ဝိညာဉ်နက်ဂိုဏ်းတွင် ရှိနေခဲ့စဉ် တစ်လျှောက်လုံး သူ့ကို အမြဲတမ်း ကူညီပံ့ပိုးပေးခဲ့သည့် မိန်းကလေး ဖြစ်၏။ ထို့ပြင် ဂိုဏ်းကြီးအားလုံး၏ တပည့်များနှင့်အတူ နတ်ကောင်းကင်ဘုံဂိုဏ်း အတွင်းသို့ ဝင်ရောက်ခဲ့ကြစဉ်ကလည်း သူမက သူ့အနားတွင်သာ အမြဲရှိနေပေးခဲ့သည်။
သူ့အဖွဲ့ထဲရှိ တပည့်တိုင်းက သူ့ကို ပစ်ပယ်ပြီး အတူတူ အလုပ်မလုပ်ရန် ငြင်းဆင်ခဲ့ကြသော်လည်း ထိုမိန်းကလေးကမူ သူ့အနားတွင် ကြံ့ကြံ့ခံ ရပ်တည်ပေးခဲ့သည်။ ထို့အပြင် ထိုစဉ်တုန်းက အခြားမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းမှ ဖြစ်သော်လည်း သူ့အား ကူညီပေးခဲ့သည့် ပြတ်သားခိုင်မာသော စိတ်ဓာတ်ရှိသည့် အမျိုးသား တစ်ဦးကိုလည်း သူ ပြန်လည်သတိရလိုက်မိသေးသည်။
သူတို့သည် မိမိ၏ ကလဲ့စားချေလိုစိတ်ကြောင့် အဖြူရောင်ဂိုဏ်း တစ်ဂိုဏ်း၏ ထိပ်သီးတပည့်ခေါင်းဆောင်၏ မင်္ဂလာပွဲ အခမ်းအနား အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်စီးနင်းကာ ဖျက်ဆီးပစ်ခဲ့ကြဖူးသည်။
"ငါက တကယ်ကို အစကတည်းက ကလဲ့စားချေရတာကို သဘောကျတဲ့လူပဲ။ တကယ့်ကို ရှက်စရာကောင်းတဲ့ အမှတ်တရတွေပါပဲလား။ အခုတော့ ငါ တော်တော်လေး အရွယ်ရောက် ရင့်ကျက်လာပြီလို့ ခံစားရတယ်" လုံချန်းက ဤနေရာ၌ ကုန်ဆုံးခဲ့ဖူးသော အချိန်များကို ပြန်လည်အောက်မေ့ရင်း တိုးတက်စွာ ရေရွတ်လိုက်မိသည်။
သူသည် စွန့်စားခန်းများစွာကို ဖြတ်သန်းခဲ့ရပြီး အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ ရံဖန်ရံခါတွင် အလွန် ပင်ပန်း ဆင်းရဲခဲ့ရသော်လည်း ယနေ့ကဲ့သို့ အခြေအနေသို့ ရောက်ရှိလာအောင် ပုံဖော်ပေးခဲ့သည့် ထိုအတွေ့အကြုံ အားလုံးကို သူက တန်ဖိုးထားနေခဲ့ခြင်း ဖြစ်၏။
"ကဲ... ငါ ဆုံးဖြတ်လိုက်ပြီ။ ငါ ဝိညာဉ်နက်ဂိုဏ်းမှာ ခဏရပ်နားပြီး မျက်နှာဟောင်း အချို့ကို သွားတွေ့ဦးမယ်" လုံချန်းက မိမိဘာသာ ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
"မြွေကလေး... ဆက်သွားရအောင်။ ငါတို့ သွားရမယ့် ခရီးက အဝေးကြီး လိုသေးတယ်" သူက မြွေဘုရင်ကို အမိန့်ပေးလိုက်၏။
"ငါတို့ဆီကို ပျံသန်းလာနေတဲ့ ဟိုပိုးမွှားကောင်တွေကို မင်း စကားမပြောချင်ဘူးလား" မြွေဘုရင်က သူတို့ထံသို့ သားရဲများကို စီးနင်းကာ ပျံသန်းလာနေကြသော မြို့စောင့်အစောင့်များအား လှမ်းကြည့်ရင်း မေးလိုက်သည်။
"အင်း... ငါ အလျင်လိုနေတာဆိုတော့ သူတို့နဲ့ စာရင်းရှင်း မနေချင်တော့ပါဘူး။ သွားကြစို့" လုံချန်းက ခေါင်းခါရင်း ဆိုလိုက်၏။
သူသည် ကောင်းကင်ကြီးဆီသို့ လက်မြှောက်ကာ မိုးကြိုးဓားသွား ပညာရပ်ကို အသုံးပြုလိုက်သော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် လမ်းကြောင်းအား လွှဲလိုက်သဖြင့် ထိုမိုးကြိုး တိုက်ခိုက်မှုမှာ အစောင့်များနှင့် လက်မအနည်းငယ်ခန့်သာ လိုတော့သည့် နေရာဆီသို့ တည့်တည့် ကျရောက်သွားခဲ့တော့သည်။
"ငါက အလင်းတိုက်ကြီးကနေ အရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ ဒီကိုလာတာ။ ငါ့လမ်းကို လာမပိတ်နဲ့၊ ငါ့ကိုလည်း လာမနှောင့်ယှက်ကြနဲ့။ အဲဒါဆို မင်းတို့ ဘာမှဖြစ်မှာမဟုတ်ဘူး။ မင်းတို့ ငါ့ကို လာရှုပ်ရင်တော့ မင်းတို့တင်မကဘူး မင်းတို့ရဲ့ ဂိုဏ်းတစ်ဂိုဏ်းလုံးပါ ဒုက္ခရောက်သွားလိမ့်မယ်။ မင်းတို့ဂိုဏ်းကို ဒုတိယ နတ်ကောင်းကင်ဘုံဂိုဏ်း အဖြစ် ပြောင်းလဲပစ်အောင် ငါ့ကို မလုပ်ခိုင်းကြနဲ့" လုံချန်းက အချိန်ဓားကို အစောင့်များဆီသို့ ချိန်ရွယ်ရင်း ခြိမ်းခြောက်လိုက်တော့သည်။
ထိုခြိမ်းခြောက်သံကို ကြားလိုက်ရပြီး အစွမ်းထက်သော တိုက်ခိုက်မှုအား မြင်တွေ့လိုက်ရသောအခါ အစောင့်များမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြတော့၏။ မည်သို့ဆိုစေ သူတို့တွင် လုံချန်းကို ရန်စလိုစိတ် လုံးဝမရှိကြချေ။
ကောင်းကင်ပေါ်က လူသည် ပင်လယ်ပြင် တစ်ပြင်လုံးကို သားရဲကြီး တစ်ကောင်တည်းဖြင့် ဖြတ်သန်းလာနိုင်ခဲ့သည်အား သူတို့ သိမြင်ထားကြပြီး ဖြစ်သည်။ ဤသည်က သူသည် အလင်းတိုက်ကြီးမှ လာသော အလွန်အမင်း သန်မာသည့် ကျင့်ကြံသူကြီး တစ်ဦး ဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်၏။ ဤကဲ့သို့သော လူမျိုးကို မိမိတို့ ဂိုဏ်းချုပ်ကြီးများ ကိုယ်တိုင်ပင် အထူးဧည့်သည်တော်အဖြစ် ရိုရိုသေသေ ဆက်ဆံရမည်ဖြစ်ပြီး သူ့ကို သွားရောက် ရန်စခြင်းက သေကြောင်း ကြံစည်ခြင်းနှင့် အတူတူပင် မဟုတ်လော။
သူတို့ ဧရာမ မြွေကြီးနားသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ကောင်းကင်ပေါ်က လူကို နှုတ်ဆက် ဂါရဝပြုရန်နှင့် သူသည် ဤနေရာတွင် လူစိမ်းဖြစ်နေသဖြင့် မိမိတို့ဘက်က မည်သို့ ကူညီပေးရမည်နည်း။ မည်သည့် အရပ်သို့ သွားလိုသနည်းကို မေးမြန်းချင်ရုံသက်သက်သာ ဖြစ်သည်။
ယခုအခါ ကြီးမားသော ခြိမ်းခြောက်မှုအား ခံလိုက်ရသဖြင့် ထိုအစီအစဉ်ကိုပါ လုံးဝ လက်လျှော့လိုက်ကြတော့၏။
သူတို့သည် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်သွားကြပြီး မည်သည်ကိုမျှ ဆက်လက် မလုပ်ဆောင်ရဲကြတော့ချေ။
"လိမ္မာတဲ့ ကလေးတွေပဲ။ စွမ်းအား အပြင်ဘက်မှာ လူတွေက ပိုပြီး အမြော်အမြင် ရှိလာကြတာပဲကိုး။ ငါ ဒီတိုက်ကြီးကနေ မထွက်ခွာခင်တုန်းကသာ အခုလို စကားမျိုး ပြောခဲ့ရင် ဒီလူတွေက ငါ့ကို သေချာပေါက် သေချာ နားမလည်ဘဲ သေကြောင်း ကြံစည်နေတာလို့ ပြောပြီး သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ကြမှာ သေချာတယ်" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်၏။
"မြွေကလေး... ကိစ္စတွေ ပြတ်သွားပြီဆိုတော့ သွားကြစို့" လုံချန်းက ပြောလိုက်သဖြင့် မြွေဘုရင်သည် သူတော်စင်ဘုရင် ဂူဗိမာန်ရှိရာ လမ်းကြောင်းဆီသို့ ဦးတည်၍ ဆက်လက်ရွေ့လျား ခရီးနှင်သွားခဲ့လေတော့သည်။