← Chapters

အခန်း ၁၁၁၅

Vol. 106 Ch. 1115

အခန်း ၁၁၁၅

Vol. 106 Ch. 1115

အခန်း ၁၁၁၅ ဝိညာဉ်နက်ဂိုဏ်းတွင် ကိုယ်ရောင်ပြ ကြွားဝါခြင်း

"ဘာကို လိမ်တာလဲ" ကျိချင်းက မေးလိုက်၏။ "သူ့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်အောင် ဘယ်လို အလိမ်အညာမျိုးက ပြင်းထန်နေလို့လဲ" မင်ယုကလည်း ထပ်ဆင့်မေးမြန်းလာသည်။

​"ငါ နတ်ကောင်းကင်ဘုံဂိုဏ်း ထဲကနေ ထွက်လာပြီးနောက်မှာ ကြီးမားတဲ့ ဂိုဏ်းကြီးတွေရဲ့ အကြီးအကဲတွေကို သတ်ခဲ့တယ်လို့ နင်တို့ကို ပြောဖူးတယ်မလား" လုံချန်းက မေးလိုက်၏။

​"ဟုတ်တယ်လေ" ရွှင်းက ပြန်ဖြေသည်။

​"အဲဒီ မီယောင်က ဝိညာဉ်နက်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေတာတောင်မှ ငါတို့ကို ပစ်ပယ်ပြီး ကယ်မထုတ်ခဲ့ဘူး။ သူက ရန်သူတွေ အများကြီးနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ငါ့ကို ကူညီရင် သူ့အတွက် မကောင်းဘူးလို့ ယူဆပြီး ငါ့မှာ အပြစ်ရှိပါတယ်ဆိုပြီး တခြားအကြီးအကဲတွေကို ပြောပြီး ထွက်ပြေးသွားခဲ့တာ။ ငါ့ကိုတင်မကဘူး သူက ချူမြောင်ကိုပါ ပစ်ထားခဲ့တာ"

​"ငါ အဲဒီအကြီးအကဲတွေကို သတ်ပြီးတဲ့နောက် သူတို့ရဲ့ အလောင်းတွေကို ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ သိမ်းဆည်းထားပြီး ချူမြောင်နဲ့အတူ ဝိညာဉ်နက်ဂိုဏ်းကို ပြန်လာခဲ့တယ်။ ပြီးတော့ အပြစ်အားလုံးကို မီယောင်အပေါ် ပုံချလိုက်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးနိုင်ဖို့ သူ့ကို အကျဉ်းချ ထားခိုင်းလိုက်တာ"

​"တကယ်လို့ မီယောင် ပြောတာက အမှန်လို့ သက်သေပြနိုင်သွားရင် ငါနဲ့ ချူမြောင်က အကြီးအကဲ တစ်ယောက်ကို မဟုတ်မမှန် စွပ်စွဲပူးပေါင်း ကြံစည်မှုနဲ့ အသတ်ခံရမှာ။ ငါ သူ့ကို ဂိုဏ်းကနေ ထွက်သွားဖို့ ပြောခဲ့ပေမဲ့ ငါ့အတွက်နဲ့ လိမ်ညာပေးထားတာတောင်မှ သူက ဂိုဏ်းကနေ ထွက်ဖို့ ငြင်းဆင်ခဲ့တယ်။ သူ့ရဲ့ ဂိုဏ်းအပေါ် ထားတဲ့ သံယောဇဉ်က တော်တော်လေး ကြီးမားတာ" သူက ဆိုသည်။

​"ဪ... ဒါဆို အခုအချိန်ဆို သူ သေလောက်ရောပေါ့။ အမှန်တရားက ပေါ်သွားလောက်ပြီလေ" ကျိချင်းက ထောက်ပြလိုက်၏။

​"မသေနိုင်ပါဘူး။ ငါ အဲလိုမထင်ဘူး။ ဘာလို့လဲဆိုတော့ မီယောင်က သေသွားခဲ့ပြီမလား" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​"အဲဒီအကြီးအကဲက သေသွားပြီ ဟုတ်လား။ နင် ဆိုလိုတာက..."

​"ဟုတ်တယ်။ ငါ ဒီတိုက်ကြီးကနေ မထွက်ခွာခင်တုန်းက ငါ့ကို အကျဉ်းချခဲ့တဲ့ တခြားအကြီးအကဲတစ်ယောက်နဲ့အတူ သူ့ကိုပါ သတ်ပစ်ခဲ့တာ" လုံချန်းက ပြန်လည်ဖြေကြားခဲ့၏။

​"ဒီလောက် အချိန်အတောအတွင်းမှာ ဂိုဏ်းက ဘယ်လောက်တောင် တိုးတက်လာပြီလဲ ငါ သိချင်မိသား။ ချူမြောင်လည်း အခုဆို တော်တော်လေး သန်မာနေလောက်ပြီ။ သူ အနည်းဆုံးတော့ မြေကမ္ဘာ နယ်ပယ် အထွတ်အထိပ်ကို ရောက်နေလောက်ပြီ" သူက ထပ်လောင်း ပြောဆိုလိုက်သည်။

​"ဟားဟားဟား... နင်က ရန်သူတွေအကြောင်း ပြောရင် ကောင်းကင်ဘုံ နယ်ပယ် ကျွမ်းကျင်သူတွေကိုတောင် အားနည်းတယ်လို့ ပြောပြီးတော့ သူငယ်ချင်းတွေအကြောင်း ပြောရင်ကျတော့ မြေကမ္ဘာ နယ်ပယ်ကိုပဲ ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခုလို ပြောနေတော့တာပဲ" လုံချန်း၏ စကားကို ကြားရသဖြင့် ကျိချင်းက အားရပါးရ ရယ်မောလိုက်တော့သည်။

​"ဒါပေါ့... အဆင့်တွေ အမြန်ဆုံး တက်လှမ်းနိုင်ဖို့အတွက် ချီစွမ်းအင် ခေါင်းပါးတဲ့ ဒီတိုက်ကြီးမှာဆိုရင် ဒါက အောင်မြင်မှုတစ်ခုပဲလေ။ ဒါတင်မကသေးဘူး သူက တော်တော်လေး ငယ်သေးတာကိုး" လုံချန်းက ပြန်လည်ချေပလိုက်၏။

​"ဒါနဲ့... နင်တို့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကို သိချင်လား" သူက လှမ်းမေးလိုက်သည်။

​"သိချင်တာပေါ့။ ပြောပြပါဦး။ အဲဒီစိတ်ဝင်စားစရာ အချက်က နင့်မှာ နောက်ထပ် ဇနီးတွေ ရှိနေသေးတယ်ဆိုတဲ့ အကြောင်းမျိုးတော့ မဖြစ်ပါစေနဲ့နော်" ကျိချင်းက နောက်ပြောင်လိုက်၏။

​"အဲဒါ မဟုတ်ပါဘူး။ မြွေကလေး... မင်းလည်း ဒါကို သေချာနားထောင်ထားဦး၊ ဘာလို့လဲဆိုတော့ ဒါက မင်းနဲ့လည်း သက်ဆိုင်နေလို့ပဲ" လုံချန်းက ဆိုသည်။

​"ဒီဘုရင်ကြီးနဲ့ သက်ဆိုင်နေတယ် ဟုတ်လား။ ပြောစမ်းပါဦး" မြွေဘုရင်က ပြန်လည် ဖြေကြားလိုက်၏။

​"သူက ငါ မင်းနဲ့ ဆုံတွေ့ခွင့်ရအောင် အဓိက အကြောင်းဖန်ပေးခဲ့တဲ့ လူပဲ" လုံချန်းက မြွေဘုရင်ကို လှမ်းပြောလိုက်သည်။ "တကယ်လို့ သူသာ ရှိမနေခဲ့ရင် ငါ မင်းနဲ့ ဘယ်တော့မှ ဆုံတွေ့ဖြစ်မှာ မဟုတ်တော့ဘူး။ မင်းမရှိဘဲနဲ့ ငါ့ရဲ့ ဘဝနဲ့ ဒီလိုအောင်မြင်မှုတွေကို စိတ်ကူးတောင် မယဉ်နိုင်တဲ့အတွက် ငါ့ရဲ့ အနာဂတ်တစ်ခုလုံး ပြောင်းလဲသွားခဲ့မှာ သေချာတယ်။ မင်းနဲ့ ငါ့ဘဝရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လူတိုင်းက ငါ့အတွက် အထူးသီးသန့်တွေချည်းပဲ" လုံချန်းက ဆို၏။

​"အဲဒီတုန်းက အဖမ်းခံထားရပြီး ဝှက်ထားခြင်းခံရတဲ့ မုဆိုးကြယ်ကို ငါ လိုက်ရှာနေတာ။ အဲဒီမှာ သူက ဂိုဏ်းတွေက ဖမ်းဆီးထားတဲ့ သားရဲတွေကို ထိန်းသိမ်းထားတဲ့ နေရာဆီ ငါ့ကို ခေါ်သွားပေးခဲ့တယ်။ အဲဒီနေရာမှာ မုဆိုးကြယ်ကို ရှာမတွေ့ခဲ့ပေမဲ့ မြွေဘုရင်ဖြစ်တဲ့ မင်းနဲ့ ဆုံတွေ့ခဲ့ရပြီး ကျန်တဲ့အကြောင်းအရာတွေကတော့ အားလုံးသိတဲ့ အတိုင်း သမိုင်းတွင် ကျန်ရစ်ခဲ့တာပေါ့"

​"ဟင်... ဒါဆို သူသာ ရှိမနေခဲ့ရင် မင်း ငါ့ကို တွေ့မှာမဟုတ်ဘူးပေါ့။ ဪ... အဲဒါဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ" မြွေဘုရင်က သက်ပြင်းချရင်း ဆိုလိုက်၏။ "ငါ သူနဲ့ တွေ့တဲ့အခါ သူ့ကို သတ်ပစ်လို့ရမလား"

​"သတ်ရဲသတ်ကြည့်လေ။ အကျိုးဆက်တွေကို မင်း ကြိုက်မယ်လို့ ငါမထင်ဘူး" လုံချန်းက တည်ငြိမ်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။

​"ငါ နောက်နေတာပါ။ စိုးရိမ်မနေပါနဲ့... မင်းရဲ့ အနာဂတ် ဇနီးလောင်းကို ငါ နာကျင်အောင် မလုပ်ပါဘူး" မြွေဘုရင်က ပြောင်စပ်စပ် ပြောလိုက်ရာ လုံချန်းမှာ သူ့ဇနီးနှစ်ဦးထံမှ စူးရှသော အကြည့်များကို ခံလိုက်ရတော့သည်။

​"မင်းက ငါ့ကို ပြဿနာရှာရတာ တကယ်ကို သဘောကျတာပဲ မဟုတ်လား..."

​...

​မြွေဘုရင်သည် တိုက်ကြီးကို ဖြတ်သန်းပျံသန်းခဲ့ရာ မြန်နှုန်း မြင့်မားမှုကြောင့်ပင် မကြာမီ ဝိညာဉ်နက်ဂိုဏ်း ရှိရာသို့ ရောက်ရှိသွားခဲ့တော့သည်။ ဤဂိုဏ်းမှာ လုံချန်း တရားဝင် ဝင်ရောက်ခဲ့ဖူးသော တစ်ခုတည်းသော ဂိုဏ်း ဖြစ်ပေသည်။

​ဧရာမမြွေကြီးသည် ဝိညာဉ်နက်ဂိုဏ်း၏ နယ်နိမိတ်အတွင်းသို့ ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီး ကောင်းကင်ဘုံနယ်ပယ်၏ အထွတ်အထိပ် အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ဂိုဏ်းအတွင်းရှိ လူတိုင်းမှာ ကြောက်ရွံ့လွန်းသဖြင့် တုန်လှုပ်ချောက်ချားသွားကြတော့၏။

​"ကောင်းကင်ဘုံ သားရဲကြီးတစ်ကောင် ငါတို့ကို လာတိုက်ခိုက်နေတာလား"

​"သူ့ရဲ့ အရှိန်အဝါက ဂိုဏ်းချုပ်ထက်တောင် ပိုပြီး သန်မာနေသလိုပဲ။ ငါတို့ ဘာလုပ်ကြမလဲ"

​"ငါတို့ ထွက်ပြေးရမယ်။ အဲဒီသားရဲကြီးသာ တိုက်ခိုက်လာရင် ငါတို့ ဘယ်လိုမှ အသက်ရှင်မှာမဟုတ်ဘူး"

​ထူးဆန်းသော သားရဲကြီးတစ်ကောင် ဝင်ရောက်လာသဖြင့် ဂိုဏ်းအတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတော့သည်။ ထိုသားရဲကြီးမှာ သူတို့တစ်သက် မြင်ဖူးသမျှ အရာအားလုံးထက် ပိုမိုသန်မာနေပုံရသဖြင့် မည်သူမျှ သွားမတိုက်ခိုက်ရဲကြချေ။

​ဝိညာဉ်နက်ဂိုဏ်း၏ ဂိုဏ်းချုပ် ကိုယ်တိုင်ပင်လျှင် သူမ ခြံဝင်းအတွင်းမှ အပြင်သို့ အပြေးအလွှားထွက်လာပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရတော့သည်။ သူမ၏ ကောင်းကင်ဘုံ နယ်ပယ် ပထမအဆင့် အရှိန်အဝါလေးမှာ နဂါးတစ်ကောင်ကဲ့သို့သော မြွေကြီး၏ တောင်တန်းကြီး တစ်လုံးဖွယ် အရှိန်အဝါ ရှေ့မှောက်တွင် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ရ၏။

​မဟာအကြီးအကဲများ သည်လည်း သူတို့၏ အနားယူရာ နေရာများမှ ထွက်လာကြပြီး ကောင်းကင်ပေါ်က ဧရာမမြွေကြီးကို မော့ကြည့်လိုက်ကြသည်။

​"ဒီလို အစွမ်းထက်တဲ့ သားရဲကြီးက ဘာလို့ ဒီကို ရောက်လာတာလဲ။ ဒီလောက် သန်မာတဲ့ သားရဲမျိုးက ဒီတိုက်ကြီးမှာ အနည်းဆုံးတော့ ဒီနေရာတစ်ဝိုက်မှာ မရှိသင့်ဘူးလေ" မဟာအကြီးအကဲ တစ်ဦးက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။

​"ငါလည်း အသေအချာမသိဘူး။ ဒါပေမဲ့ သူက တိုက်ခိုက်မယ့် ပုံစံ မပြသေးဘူး။ သွားပြီး မနှောင့်ယှက်ကြနဲ့။ ငါတို့သာ သူ့ကို ဒေါသထွက်အောင်လုပ်မိရင် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်။ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်ပဲနေကြ။ သူက ဒီအတိုင်း ဖြတ်ပျံသွားတာလည်း ဖြစ်နိုင်တာမို့ ပြန်ထွက်သွားလိမ့်မယ်" ဂိုဏ်းချုပ်က လူတိုင်းကို သတိပေးလိုက်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ရန် တားမြစ်လိုက်၏။

​သူတို့အားလုံးမှာ မြေပြင်ပေါ်တွင်သာ ရှိနေကြပြီး မည်သူမျှ မြွေဘုရင်ကို ဆန့်ကျင်ကာ လေထဲသို့ ပျံတက်ရန်မဝံ့ရဲကြသဖြင့် မြွေဘုရင်၏ ကျောပေါ်တွင် ထိုင်နေကြသော လုံချန်းနှင့် မိန်းကလေးများအား မမြင်တွေ့နိုင်ကြချေ။ မည်သူမျှ အပိုအာရုံစိုက်ခံရမည့် အခြေအနေမျိုးကို မဖန်တီးချင်ကြသောကြောင့် ဖြစ်သည်။

​"ဟားဟားဟား... မင်းတို့လို အားနည်းတဲ့ သေမျိုးတွေ။ ဟုတ်တယ်၊ မင်းတို့ ငါ့ကို အဲဒီလိုပဲ မော့ကြည့်ရမှာ။ ငါက မင်းတို့ရဲ့ နတ်ဘုရားပဲ။ ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းတို့ရဲ့ သဒ္ဓါတရားတွေကို ပူဇော်ကြစမ်း" မြွေဘုရင်က ရုပ်ရှင်ထဲက ဗီလိန်တစ်ယောက်လို အားရပါးရ ရယ်မောရင်း ပြောဆိုလိုက်တော့သည်။

​"နင် အောက်ကို ဆင်းမသွားဘူးလား" ကျိချင်းက လုံချန်းကို မေးလိုက်၏။

​"မဆင်းသေးပါဘူး။ အရင်တုန်းက သူတို့တွေ သူတို့ရဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ ငါ့ကို တော်တော်လေး နှိပ်စက်ခဲ့ကြတာ။ အထူးသဖြင့် သူတို့ရဲ့ ဂိုဏ်းချုပ်ပေါ့။ ငါ သူတို့ကို ကြောက်ရွံ့မှုကို နည်းနည်းလောက် မြည်းစမ်းစေချင်သေးတယ်။ မြွေဘုရင်ကလည်း ပျော်နေတာပဲလေ။ သူ့ဘာသာ ခဏလောက် ကစားပါစေဦး" လုံချန်းက ပြုံးရင်း ပြန်လည်ဖြေကြားလိုက်သည်။

​...

​ချူမြောင်သည်လည်း သူမ ခြံဝင်း အတွင်း၌ ကျင့်ကြံခြင်းတွင် အာရုံနစ်မြုပ်နေစဉ် ထိုဆူညံသံကို ကြားလိုက်ရသဖြင့် မျက်လုံးများအား ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ထရပ်လိုက်၏။ သူမသည် တံခါးဆီသို့ လျှောက်လှမ်းကာ အပြင်သို့ ထွက်လိုက်ပြီးနောက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့သည်။

​အစပိုင်းတွင်မူ သူမသည် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ထိတ်လန့်သွားခဲ့သော်လည်း မကြာမီမှာပင် မြွေဘုရင်ကို မှတ်မိသွားခဲ့၏။

​"ဟင်... အဲဒါ လုံချန်းရဲ့ မြွေ မဟုတ်ဘူးလား။ သူ ပြန်ရောက်လာတာလား။ သူ့ရဲ့မြွေက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာလာရတာလဲ။ ဂိုဏ်းချုပ်ကြီးရဲ့ စွမ်းအားတောင် သူ့ရှေ့မှာ ဘာမှမဟုတ်သလို ဖြစ်နေပြီပဲ" ချူမြောင်က အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး မြွေဘုရင် ရှိရာဘက်သို့ အပြေးအလွှား ဦးတည်သွားခဲ့လေတော့သည်။

​...

​"မင်းတို့လို အားနည်းတဲ့ လူသားတွေ။ ယဇ်ကောငါတွေ ဘယ်မှာလဲ။ မင်းတို့က ဒီနတ်ဘုရားကို ရန်စရဲတယ်ပေါ့ ဟုတ်လား။ ကောင်းကင်ဘုံဧကရာဇ် ကိုယ်တိုင်တောင် ငါ့ရှေ့မှာ အခုလို မလုပ်ရဲဘူး။ မင်းတို့ကို ငါ ငါးမိနစ် အချိန်ပေးမယ်။ မင်းတို့ရဲ့ အဖိုးတန် ပစ္စည်းတွေ အားလုံးကို ဒီနေရာကို ယူလာပြီး ငါ့ကို ပူဇော်ကြစမ်း" မြွေဘုရင်က အော်ဟစ်ကြေညာလိုက်လေတော့သည်။

All Chapters